ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Sunday, March 15, 2020

အောင်းခြင်းမင်္ဂလာ အောင်ကြောင်းဖြာဖို့


~~~လူဒိုင်း လူဒိုင်းအောင်မြင်ချင်တယ် လာဘ်လာဘတွေပေါချင်ကြတယ် ဂါတာတွေရွတ် အဓိဋ္ဌာန်တွေစုံပြီ
အဆင်မပြေဖြစ်နေသေးလား ? မဟာတံခွန်pageထဲကနာမည်အရဆုံးအဓိဋ္ဌာန်တခုနဲ့လူတိုင်းသိပြီးသား ဂါတာ၂ခုကို စနစ္တက် ပေါင်းစပ်ပြီး ပူဇော်ကြည့်ပါ
ပိတ်နေသောငွေလာဘ်များ ပွင့်စေသော်~~~ ကျနေသောစိတ်ဓါတ်များမြင့်စေသော်~~~ အောင်ခြင်းမင်္ဂလာအောင်ကြောင်းဖြာကြပါစေသော်~~~
(အောင်ခြင်းမင်္ဂလာအောင်ကြောင်းဖြာဖို့
~~ဇယစကေ္ကာ ၁၀၈ခေါက်ရွတ်ကြပါစို့*
~~ဇယစကေ္ကာ ဇယနေ္တာယော၊
~~ဇယိတဗေ္ဗ ဇယာသေန။
~~ဇယာပေသိ ဇေယသီနံ၊
~~ဇယံဒေတု၊ ဇယုတ္တရော~~ )
(*လာဘ်လာဘများပေါကြွယ်ဝဖို့ နမော၄ချက်စီးပွားတက်၈၄ခေါက်ရွတ်ကြစ်ို့*
~~ နေမာ တဿ ဘဂေဝေတာ ~~
~~ နမောတဿ အရဟေတာ ~~
~~ နမောတဿ သမ္မာသမ္ဗုဒ္ဓဿ ~~
~နမောတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗု ဒ္ဓဿ~ ~)
*မှတ်ချက် *#တထိုင်တည်းရွတ်ဖို့မလိုပါ မိမိတို့အဆင်ပြေသလိုရွတ်ပါ
အဓိက ကရွတ်ဖြစ်ဖို့လိုပါတယ်#
#ပဋ္ဌာန်းဆီမီး ပဋ္ဌာန်းပုတီး#
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည်ဘုရားဖြစ်
သည်နှင့်တပြိုင်နက်တုဘက်ကင်း၊
ပြိုင်ဘက်ကင်း၊ဥဏ်တော်ရှင်၊တန်ခိုးတော်
ရှင်အထွတ်အထိပ်သ်ို့ရှောက်ခ့ဲသည်ကား
မှန်၏သို့ရာတွင်ပဌာန်းဒေသနာတော်ကို
သုံးသပ်သောမူသောအခါမှသာဥဏ်တော်
အနန္တ၊တန်ခိုးတော်အနန္တသတိ္တများပေါ်
ထွက်လာခ့ဲသည်။
*နေအိမ်တွေမှာပဋ္ဌာန်းမရွတ်ကောင်း
ဆိုတ့ဲအယူမှားကိုဒီစာက်ိုဖတ်မိသည့်
အချိန်မှစ၍ စွန့်လွှတ်လိုက်ပါ*
မြတ်ဗုဒ္ဓရှင်တော်ဘုရားရှင်ကိုယ်တိုင်
လမ်းညွှန်ပြသခ့ဲသောလမ်းကိုလွယ်ကူ
စွာလျှောက်လှမ်းန်ိင်ပါတယ်
၁။ မေတ္တာသုတ်တခေါက်
၂။၂၄ပစ္စည်းပစ္စယုဒေ္ဒ ပဋ္ဌာန်းအကျဉ်းပါ
ပစ္စယနိဒေ္ဒသ္ဒတခေါက် (၁၅မိနစ်စာမကျဉ်းမကျယ်ပါ)ပဋ္ဌာန်းစာအုပ််လေး
တွေမှာပါတ့ဲအတိုင်းပါပဲ
၃။ ဖယောင်းတိုင်မှာ၂၄ပစ္စည်းက်ို
    တနေ့ကို၃တိုင်နူန်းနှင့်၈ ရက်ပူဇော်အဓိဋ္ဌာန်
ဝင်ပါ ၊ ဖယောင်းတိုင် တတိုင်မှာပဋ္ဌာန်းပစ္စည်း
တခုစီရေးပါ ။
၁ ရက် (ဟေတုပစ္စယော အာရမ္မပစ္စယော အဓိပတိပစ္စယော)
၂ ရက် (အနန္တရပစ္စယော သမနန္တရပစ္စယော ဥပနိဿပစ္စယော)
၃ရက် (အညမညပစ္စယော နိဿယပစ္စယော ဥပနိဿယပစ္စယော)
၄ရက် (ပုရေဇာတပစ္စယော ပစာၦဇာတပစ္စယော အာသေဝနပစ္စယော)
၅ရက် (ကမ္မပစ္စယော ဝိပါကပစ္စယော အာဟာရပစ္စယော )
၆ရက် (ဣနြေ္ဒိယပစ္စယော ဈာနပစ္စယော မဂ္ဂပစ္စယော)
၇ ရက်(သမ္ပယုတ္တပစ္စယော ဝိပ္ပယုတ္တပစ္စယော အတိ္တပစ္စယော)
၈ရက်(နတ္တိပစ္စယော ဝိဂတပစ္စယော အဝိဂတပစ္စယောတိ)
ကြို မရေးပါနှင့်တနေ့တခါရေးပါ
ဖယောင်းတိုင်တွေရူပ်သွားမှာစိုးလို့ပါ
ဖယောင်းတိုင်ပေါ်မှာစာပေါ်ဘို့ကို
အမွေးတိုင်တုတ်န့ဲရေးရေး
သွားကြားထိုးတံန့ဲရေးရေး
အဓိက က ထင်ဘို့န့ဲသုံးသောအရာကသန့်ဘို့ပါ။
(ပုတီးစိပ်ရမလား ?မေးတ့ဲအတွက်
စိပ်ပါ ကောင်းပါတယ် အတိုင်းထက်အလွန်တံခွန်ကုက္ကားပေါ့
ဟေတုပစ္စယော ပုတီးတလုံးချပါ
ဟေတုပစ္စယော ၁ ပတ်
အာရမ္မပစ္စယော ၁ပတ်
အဓိပတိပစ္စယေ ၁ပတ် )
(အဓိဋ္ဌာန်ဝင်ဘို့အစအဆုံးပြန်ပြောပြပါ့မယ်
၁။ ။အဓိဋ္ဌာန်၈ရက်ဝင်ပါ
၂။ ။အချိန် နာရီမလိုပါ
၃။ ။ပဋ္ဌာန်းဆီးမီး၃တိုင်ပူဇော်ပါ ၅ပါးသီလယူပါ
၄။ ။မေတ္တာသုတ်ရွတ်ပါ
၅။ ။ပဋ္ဌာန်းအကျဉ်းတခေါက်
      အကျယ် တခေါက်
၆။ ။ပဋ္ဌာန်းပုတီးစိပ်ပါ
၇။ ။မေတ္တာပို့ပါ မိမိပြုခ့ဲသောကုသိုလ်
အမျှပေးဝေပါ ။)

***********************************
*အောင်မြင်မူတွေကလက်တကမ်းမှာ လှမ်းယူဘို့ကမိမိတာဝန်ပါ
ကူ ဘို့ တွေ့ဆုံဖို့ရေစက်တွေပါခ့ဲရင် တွေ့ဆုံကြပါစို့*
*ဖြူစင်မူနှင့်အတူသင်လာခ့ဲပါ ဖြူစင်သန့်စင်သောနဝင်းပညာရပ်နှင့်
ဆရာကူညီပါရေစ*
အောင်မြင်ချမ်းမြေ့သောဘဝလေးတွေပိုင်ဆိုင်ကြပါစေ ~~~
ဆရာတောင်တွင်းကြီးမဟာတံခွန်
အကြာအမြင်ပါရမီရှင်ဆေးကုသမှုပါရမီရှင်
ရုံးတိုင်မြှောင်ကျေးရွာ ( နဂါးကုန်းတော်)l
မြိုသစ့်မြို့နယ်lမကွေးတ်ုင်းဒေသကြီး
ဖုန်း-095069764 /09265644748
09260413845
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=2286716098278978&id=100008218290834

 မူလေရးသားသူကို crd ပေးပါတယ်

Thursday, March 12, 2020

ပဋ္ဌာန်း ၂၄ ရက် အဓိဋ္ဌာန်


၂၄ ရက် အဓိဋ္ဌာန် ဝင်ရောက်ရန် ဖြစ်ပါသည်။
မိမိ အားသည့် အချိန် ကို ရွေးချယ်ရပါမည်။
အချိန်မှန် ရပါမည်။
မိမိ အကျပ်တည်း အခက်ခဲများအား
ဓိဋ္ဌာန်၍ ရက်ပျက်မရှိ ဝင်ရောက်ရပါမည်။
ရက်ပျက်ပါက အစမွ ပြန်စရပါမည်။
အကျိူးထူး ပုံမ်ားအား
အထူးတလည် ရေးမပြလိုတော့ပါ
ကိုယ်တိုင် ဝင်ရောက် ကြည့်ရန်သာ
တိုက်တွန်းလိုပါသည်။
မည်မျှ ခက်ခဲသော ဒုက္ခ ကိုတွေ့ကြုံနေရပါစေ
အဓိဋ္ဌာန် (၃) ပတ်မြောက် လျှင် သိသာစြာ
အကျိူးထူးများ ခံစားရစေနိုင်ပါသည်။
မိမိ ကျင့်ကြံအားထုပ်ခဲ့သော
ဒါန သီလ ဘာဝနာအလျောက်
အကျိူးပေးမည်ကိုကား မမေ့ပါနှင့်။
(၃) ခေါက် (၉) ခေါက်သော်၎င်း
ရွတ်ဖတ်ရပါမည်။
၂၄ရက်ပြည့်ပြီးလျှင် တပတ္နား ၍
နောက်ကိုယ့်မွေးနေ့ မှစ၍အဓိဋ္ဌာန်ပြန်စရပါမယ်။

ဟေတုပစ္စယော အရဟံ ဗုဒေ္ဓါ
ဟေတုပစ္စယော အရဟံ ဓမေ္မာ
ဟောတုပစ္စယော အရဟံ သံဃော

အာရမ္မဏပစ္စယော သမ္မာသမ္ဗုဒေ္ဓါ ဗုဒေ္ဓါ
အာရမ္မဏပစ္စယော သမ္မာသမ္ဗုဒေ္ဓါ ဓမေ္မာ
အာရမ္မဏပစ္စယော သမ္မာသမ္ဗုဒေ္ဓါ သံဃော

အဓိပတိပစ္စယော ဝိဇ္ဇာစရဏသမ္ပနေ္နာ ဗုဒေ္ဓါ
အဓိပတိပစ္စယော ဝိဇ္ဇာစရဏသမ္ပနေ္နာ ဓမေ္မာ
အဓိပတိပစ္စယော ဝိဇ္ဇာစရဏသမ္ပနေ္နာ သံဃော

အနန္တရပစ္စယော သုဂေတာ ဗုဒေ္ဓါ
အနန္တရပစ္စယော သုဂေတာ ဓမေ္မာ
အနန္တရပစ္စယော သုဂေတာ သံဃော

သမနန္တရပစ္စယော လောကဝိဒူ ဗုဒေ္ဓါ
သမနန္တရပစ္စယော လောကဝိဒူ ဓမေ္မာ
သမနန္တရပစ္စယော လောကဝိဒူ သံဃော

သဟဇာတပစ္စယော
အနုတ္တရော ပုရိသဓမ္မသာရထိ ဗုဒေ္ဓါ
သဟဇာတပစ္စယော
အနုတ္တရော ပုရိသဓမ္မသာရထိ ဓမေ္မာ
သဟဇာတပစ္စယော  
အနုတ္တရော ပုရိသဓမ္မသာရထိ သံဃော

အညမညပစ္စယော
သတ္တာဒေဝမနုဿ ာနံ ဗုဒေ္ဓါ
အညမညပစ္စယော
သတ္တာဒေဝမနုဿ ာနံ ဓမေ္မာ
အညမညပစ္စယော  
သတ္တာဒေဝမနုဿ ာနံ သံဃော

နိဿ ယပစ္စယော ဗုဒေ္ဓါ ဗုဒေ္ဓါ
နိဿ ယပစ္စယော ဗုဒေ္ဓါ ဓမေ္မာ
နိဿ ယပစ္စယော ဗုဒေ္ဓါ သံဃော

ဥပနိဿ ယပစ္စယော ဘဂဝါ ဗုဒေ္ဓါ
ဥပနိဿ ယပစ္စယော ဘဂဝါ ဓမေ္မာ
ဥပနိဿ ယပစ္စယော ဘဂဝါ သံဃော

ပုရေဇာတပစ္စယော
သွာက္ခာတော ဘဂဝေတာ ဓမေ္မာ ဗုဒေ္ဓါ
ပုရေဇာတပစ္စယော
သွာက္ခာတော ဘဂဝေတာ ဓမေ္မာ ဓမေ္မာ
ပုရေဇာတပစ္စယော  
သွာက္ခတော ဘဂဝေတာ ဓမေ္မာ သံဃော

ပစၧာဇာတပစ္စယော သန္ဒိဋ္ဌိကော ဗုဒေ္ဓါ
ပစၧာဇာတပစ္စယော သန္ဒိဋ္ဌိကော ဓမေ္မာ
ပစၧာဇာတပစ္စယော သန္ဒိဋ္ဌိကော သံဃော

အာသေဝနပစ္စယော အကာလိကော ဗုဒေ္ဓါ
အာသေဝနပစ္စယော အာကာလိကော ဓမေ္မာ
အာသေဝနပစ္စယော အာကာလိကော သံဃော

ကမ္မပစ္စယော ဧဟိပဿ ိကော ဗုဒေ္ဓါ
ကမ္မပစ္စယော ဧဟိပဿ ိကော ဓမေ္မာ
ကမ္မပစ္စယော ဧဟိပဿ ိကော သံဃော

ဝိပါကပစ္စယော သြပနေယျိကော ဗုဒေ္ဓါ
ဝိပါကပစ္စယော သြပနေယျိကော ဓမေ္မာ
ဝိပါကပစ္စယော သြပနေယျိကော သံဃော

အာဟာရပစ္စယော
ပစ္စတ္တံ ဝေဒိတဗေ္ဗာ ဝိညူဟိ ဗုဒေ္ဓါ
အာဟာရပစ္စယော
ပစ္စတ္တံ ဝေဒိတဗေ္ဗာ ဝိညူဟိ ဓမေ္မာ
အာဟာရပစ္စယော
ပစ္စတ္တံ ဝေဒိတဗေ္ဗာ ဝိညူဟိ သံဃော

ဣန္ဒြိယပစ္စယော သုပ္ပိဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော ဗုဒေ္ဓါ
ဣန္ဒြိယပစ္စယော သုပ္ပိဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော ဓမေ္မာ
ဣန္ဒြိယပစ္စယော သုပ္ပိဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော သံဃော

ဈာနပစ္စယော ဥဇုပ္ပဋိပနေ္နာ
 ဘဂဝေတာ သာဝကသံဃော ဗုဒေ္ဓါ
ဈာနပစ္စယော ဥဇုပ္ပဋိပနေ္နာ  
ဘဂဝေတာ သာဝကသံဃော ဓမေ္မာ
ဈာနပစ္စယော ဥဇုပ္ပဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော သံဃော

မဂ္ဂပစ္စယော ဉာယပ္ပဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော ဗုဒေ္ဓါ
မဂ္ဂပစ္စယော ဉာယပ္ပဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော ဓမေ္မာ
မဂ္ဂပစ္စယော ဉာယပ္ပဋိပနေ္နာ
ဘဂဝေတာ သာဝကသံဃော သံဃော

သမ္ပယုတ္တပစ္စယော သာမိစိပဋိပနေ္နာ
ဘဂဝေတာ သာဝက သံဃော ဗုဒေ္ဓါ
သမ္ပယုတ္တပစ္စယော သာမိစိပဋိပနေ္နာ
ဘဂဝေတာသာဝက သံဃော ဓမေ္မာ
သမ္ပယုတ္တပစ္စယော သာမိစိပဋိပနေ္နာ
ဘဂဝေတာသာဝက သံဃော သံဃော

ဝိပ္ပယုတ္တပစ္စယော အာဟုနေယျော ဗုဒေ္ဓါ
ဝိပ္ပယုတ္တပစ္စယော အာဟုနေယျော ဓမေ္မာ
ဝိပ္ပယုတ္တပစ္စယျော အာဟုနေယျော သံဃော

အတ္တိပစ္စယော ပါဟုနေယျော ဗုဒေ္ဓါ
အတ္တိပစ္စယော ပါဟုနေယျော ဓမေ္မာ
အတ္တိပစ္စယော ပါဟုနေယျော သံဃော

နတ္တိပစ္စယော ဒက္ခိနေယျော ဗုဒေ္ဓါ
နတ္တ်ပစ္စယော ဒက္ခိနေယျော ဓမေ္မာ
နတ္တိပစ္စယော ဒက္ခိနေယျော သံဃော

ဝိဂတပစ္စယော အဉ္စလီကရဏီယျော ဗုဒေ္ဓါ
ဝိဂတပစ္စယော အဉ္စလီကရဏီယျော ဓမေ္မာ
ဝိဂတပစ္စယော အဉ္စလီကရဏီယျော သံဃော

အဝိဂတပစ္စယော အနုတ္တရံ ပုညကေ္ခတ္တံ ဗုဒေ္ဓါ
အဝိဂတပစ္စယော အနုတ္တရံ ပုညကေ္ခတ္တံ ဓမေ္မာ
အဝိဂတပစ္စယော အနုတ္တရံ ပုညကေ္ခတ္တံ သံဃော

ပဋ္ဌာန်းပုဒ်စာ ပေါင်း
သုံးသောင်းရှစ်ထောင်ိရှစ်ရာခုနှစ်ဆယ့်ခုနှစ်ကုဋေ
ရှစ်သန်းခုနှစ်သိန်း တစ်သောင်း သုံးထောင်သုံးရာ
လေးဆယ့်လေး ရှိပါသည်။
ဘုရားတပည့်တော်/မ ၏ ဤ သစ္စာစကား ကို
သာသနာတော်စောင့်နတ်မင်းကြီး
လောကစောင့်နတ်မင်းကြီးလေးပါး တို့နှင့်တကွ
လေးကျွန်းမြင်မိုရ် ဗဟိုကြက္ထိ ရှိရှိသမျှ
နတ်ဗြဟ္မာ အပေါင်းတို့သည် ဤသစ္စာစကား ကို
ကြားနာကြပါစေကုန်သတည်း
ဘုရားတပည့်တော် / မသည်ဤဟုတ်မှန်သော
သစ္စာစကားကိုဆိုရခြင်းကြောင့်
အလုံးစုံသော ကောင်းမြတ်ချမ်းသာများရရှိ၍
ယခု့ရင်ဆိုင်ကြုံတွေ့နေရသောအခက်ခဲဒုက္ခတို့မှ
လွတ်မြောက်ရပါလို၏ ။
Win maw Aung




မူရင်းလင့်။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=2373692806256478
 မူလေရးသားသူကို crd ပေးပါတယ်

Friday, March 6, 2020

@တစ်ကယ်သုံးနိုင် စာ ယ တိုင် .




        

တိုတိုပဲ ပြောကြစို့ဗျာ..
တစ်ခါက ကျွန်တော်နဲ့ သူေဋ္ဌးတစ်ယောက်နဲ့
စကားများကြတော့ ထိုးကြကြိတ်ကြတွေဖြစ်ပြီး
ရုံးရောက်ဂတ်ရောက် အဆင့်ထိဖြစ်ကုန်ရောဗျာ..

ကျွန်တော်ကလည်း ကျွန်တော့ကို ကြိုက်သ
လောက် ဆဲစမ်း ဆိုစမ်း အပုတ်ချစမ်းဗျာထည့်ကို
မတွက်တဲ့ကောင်ဗျ..

ဒါပေမယ့် ကျွန်တော့် ပညာနဲ့ ကျွန်တော့်အဘကို
စော်ကားပုတ်ခတ်တာတွေလုပ်လာတော့
ဝုန်းဝုန်းဒိုင်းဒိုင်းတွေ ဖြစ်ကုန်ကြတာပေါ့ဗျာ..

ခက်နေတာက ကျွန်တော်က တစ်ယောက်တည်း
တစ်ကောင်ကြွက် နေတဲ့သူ..သူက.တစ္နယ္လုံး
သိတဲ့ မျက်နှာကြီး ဥပဒေကိုခါးပိုက်ထဲထည့်ထား
တဲ့လူ..

ပိုဆိုးတာက အုပ်စုဥက္ကဋ္ဌကအစ ကျွန်တော့်
ဘက် မှန်ကန်မှန်းသိလျှက် မြင်လျှက်ကြီးနဲ့
သူေဋ္ဌးဘက်က.လိုက်ပြီးဖြေရှင်းပေးနေတော့
ကျွန်တော့်မှာ.ကယ္သူမဲ့ အခြေအနေ...
သူတို့ကတော့ မင်းဘာတတ်နိုင်သေးလဲ
ဆိုတဲ့ စကားနာလေးတွေနဲ့ အေဝးက.
ပစ်ရင်း အောင်နိုင်သူတို့အပြုံးတွေနဲ့ပေါ့..

ကျွန်တော့်မှာ တော်တော်အခံရခက်နေတာ
ပေါ့ဗျာ..
အဲဒီကိစ္စက ကျွန်တော့်ကြောင့် ဘာမဆိုင်
ညာမဆိုင် နဲ့ အဘရဲ့ ပညာကိုပါစော်ကား
ခံရေတာ့ ကျွန်တော်.မခံစားနိုင်တော့ ပဲ ဒီကိစ္စကို
အပြတ်ရှင်းနိုင်အောင်လုပ်မယ်ကွာ
ဆိုပြီး မန္တလေးကို ဆင်းလာခဲ့တယ်ဗျာ..

မန္တလေးမှာနေတဲ့ အဘတပည့် ဆရာမင်းသုခ
ဆိုတာ ကျွန်တော်နဲ့ ရင်းနှီးတယ်လေ..
အဲဒီအချိန်က ဆရာမင်းသုခ က ဒေါက်တာ
ဘွဲ့တောင်မယူရသေးဘူးဗျ..

ဆရာမင်းသုခက ဘာမွ ဟိတ်ကြီးဟန်ကြီး
မထုတ်ပါဘူး အဘနဲ့ပတ်သက်နေသူမည်သူမဆို
လာလို့ရတယ်လို့တောင် စာရေးပြီးကပ်ထားတဲ့
ဲ့ဆရာဗ်..

အဲဒါနဲ့ ကျွန်တော် ခံစားနေရတဲ့ကိစ္စကို
ဆရာမင်းသုခကိုပြောပြတော့
မင်းကလည်းကွာ တဲ့ မင်း စာယတိုင်
ဆိုတာကြားဘူးလားတဲ့.ဟုတ် ဆရာ..
ဆရာဖြိုးတို့ တိုးတိုးတိတ်တိတ်
သုံးတယ်လို့ကြားဖူးပါတယ် ဆိုတော့
အေး...ဒါသုံးလိုက္ကြာတဲ့..

ကျွန်တော် ရွာပြန်ရောက်တော့
သတင်းစာတစ်စောင်ရှာပြီး.နာရေးကြော်ငြာပါတဲ့
စာရွက်ကိုယူလိုက်တယ်..
အဲဒီစာရွက်ပေါ်မှာ
ဥုံ စာ ယ. တိုင် လို့ ရေးထားလိုက်တယ်..
မနက်ကဝယ်ထားတဲ့ ကောက်ညှင်းပေါင်းအဖြူ
ကို ထန်းသီးလုံးလောက် သုံးလုံးကိုလည်း
အဆင်သင့်လုပ်ထားတယ်ဗျာ..

ပြီးတာနဲ့ စာယတိုင်စာရွက်ကို စားပွဲတစ်ခုပေါ်
တင်ပြီးမီးနဲ့ရို့ပြာချလိုက်တယ်..
အဲဒီကျဖစ္သြားတဲ့ ပြာတွေကို စောစောကပြော
ခဲ့တဲ့ ကောက်ညှင်းပေါင်းသုံးလုံးမှာ
နဲနဲစီရောနှယ်လိုက်တယ်ဗျာ..

အားလုံးပြီးတာနဲ့ အဲဒီကောက်ညှင်းပေါင်း.
၁.လုံးကိုယူသွာပြီး မြစ်ထဲမှာ ပစ်ချရင်း..
သူ့နာမည်ကိုလည်းပြောရတာပေါ့..
မင်းငါ့ကိုဘယ်တော့မှမစော်ကားနဲ့
ဘယ်လိုယှဉ်ယှဉ် မနိုင်စေရ
 မင်းဘဝအမြစ်ကကျွတ်ပြီးလဲ စေ လို့ပြောလိုက်
ရတယ္ဗ်ာ..
နဂါးစာကြွေးတယ်လို့တော့ကြားဖူးတာပဲ..
မှန်မမှန်တော့မသိဘူးနော်ကြားဖူးတာပြော
ပြတာ..

နောက်တစ်လုံးကိုတော့ နွားစာခွက်
နွားစားကျင်းထဲထည့်ပြီး စောစောကပြောသလို
လုပ်လိုက်ပြောလိုက်ရတာပဲ..

နောက်ဆုံးတစ်လုံးကို.တော့ ခွေးကိုပစ်ကျွေးရင်း
စောစောကလိုပြောလိုက်တာပေါ့ဗျာ..

ဘာတွေဖြစ်ကုန်မှန်းတော့မသိဘူး..
ကျွန်တော့်ဘက်က ကယ်တင်ရှင်တွေ
ကူညီမယ့်သူ.စရိတ်ထုတ်ပေးမယ့်သူ
တရားပြိုင် ဆွဲပေးမယ့်သူတွေပေါ်လာပြီး .
အမှုအပြိုင်ချကြတော့တာပဲ..

အဲဒီအဖစ်အပျက်ကို စာရင်းချုပ်လိုက်တော့
အဲဒီသူေဋ္ဌး သိန်ဆယ်ကြီးကြီးရာဘရိတ်
လောက်ကျွတ်သွားတယ်အမှုတွေ
တစ်မျိုးပြီးတစ်မျိုးလိုက်ရှင်းရတယ်
ရပမိရပ်ဖတွေကိုရောကျွန်တော့်ကိုရော
လာပြီးတောင်းပန်သွားရတယ်..

အဲဒီအမှုကလည်း ကျွန်တော်နိုင်လိုက်
တယ္ဗ်ာ...

အဲဒါကြောင့် ကိုယ့်ဘက်ကလည်းမှန်မယ်..
ကိုယ့်ထက်အင်အားကြီးတဲ့ အကောင်ကြီးကြီး
အမှီးရှည်ရှည်တွေနဲ့လည်း.ယှဉ်ရတော့မယ်ဆိုရင်
ဒီနည်းလေးကို ပြောပြပေးလိုက်ကြပါ
လုပ်ကြည့်ကြစမ်းပါ.အဲဒါ.ကျွန်တော်တို့အဘ
မင်းသိင်္ခရဲ့ဂမ်ဘီရ နည်းအစစ်ပါလို့ ကျွန်တော
့်မိတ်ဆွေတွေ အပေါင်းအသင်းတွေ
သင်တန်းသူသင်တန်းသားတွေကို ပြောလိုက်ပါရစေဗျာ...

လူအချင်းချင်း နှိပ်စက်ခြင်းကင်းရှင်းကြပါစေ..
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ...

မန္တလေးမြို့မှ အဘ တပည့် ဆရာကြီး
ဒေါက်တာ.မင်းသုခ အားအထူးကျေးဇူးတင်
လျှက်...

အဘဆရာကြီးဗေဒဝိဇ္ဇာ.ဒေါက်တာ မင်းသိင်္ခ၏
တပည့်တစ်ဦး ဆရာ နိုင်အောင်လှိုင်...
     09,781871459,,09,258877573.


မူရင်းလင့်။ ။ https://m.facebook.com/groups/529128884119580?view=permalink&id=861990287500103

 မူလေရးသားသူကို crd ပေးပါတယ်