ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထြန္းအစီအရင္မ်ား (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင္းစမပညာမ်ား (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Friday, April 24, 2020
Thursday, April 16, 2020
စီးပွားရေး ကျန်းမားရေး ပညာရေး ဘုန်းကံပိတ်ဆို့မှုများကိုဖယ်ရှားလင်းပေးနိုင်သော အပွင့်ဓါတ်ဂါထာတော်
သင်သည်ဘုန်းကံပိတ်ဆို့မှုများကြုံတွေ့နေသော်
အောက်ပါ အပွင့်ဓါတ်ဂါထာတော်ဖြင့်သက်ဆိုင်ရာမိမိတို့၏ ဂြိုလ်တိုင်များ၌ ေအောက်ပါဂါထာတော်ဖြင့်ပုတီးတစ်ပတ်စိပ်ကုသိုလ်ပြု့လုပ်၍သင်၏ဘုန်းကံကိုသင်ကိုယ်တိုင်မြှင်တင်လိုက်ပါ။
ဘုန်းကံပွင့်ဂါထာတော်
၁။ စက္ခုံဥဒပါဒိ = စက္ခုံ နိရောဓသစ္စာကိုမြင်ကာသိတတ်သော ပညာမျက်စိသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၂။ ဥာဏံဥဒပါဒိ = ဥာဏံ နိရောဓ သစ္စာကိုသိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်လာလေပြီ
၃။ ပညာဥဒပါဒိ = အပြားအားဖြင့်သိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားဖြစ်ပေါ်လာလေပြီ
၄။ ဝိဇ္ဇာဥဒပါဒိ = ထိုးထွင်း၍သိမြင်ခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၅။ အာလောကောဥဒပါဒိ = အမှောင်ကိုခွင်း အရောင်အလင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားရှိလေပြီ
ပုတီးစိပ်သောအခါ
စက္ခုံဥဒပါဒိ
ဥာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ
ဟူ၍ပဲစိပ်ပါ အနက္ကိုလိုက္ဆိုစရာမလိုပါ
တနင်္ဂနွေသားသမီးတို့သည်
ကြာသပတေးထောင့်ဂြိုလ်တိုင်တွင်စိပ်ပါ
တနင်္လာသားသမီးတို့သည်
ရာဟုထောင့်ဂြိုလ်တိုင်တွင်စိပ်ပါစီးပွားရေး ကျန်းမားရေး ပညာရေး ဘုန်းကံပိတ်ဆို့မှုများကိုဖယ်ရှားလင်းပေးနိုင်သော အပွင့်ဓါတ်ဂါထာတော်
အင်္ဂါသားသမီးတို့သည်
သောကြာဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဒဟူးသားသမီး မနက်မွေးသူများသည်
တနင်္ဂနွေဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဓဟူး ညမွေးသူများသည်
ဗုဒ္ဓဟူးဂြိုလ်တိုင်တွင်စိပ်ပါ
ကြာသပတေးသားသမီးများသည်
အင်္ဂါဂြိုလ်တိုင်တွင်စိပ်ပါ
သောကြာသားသမီးများသည်
စနေဂြိုလ်တိုင်တွင်စိပ်ပါ
စနေသားသမီးများသည်
တနင်္လာဂြိုလ်တိုင်တွင်စိပ်ပေးပါ
မိမိတို့၏ပိတ်ဆို့နေသောဘုန်းကံဟူသမျှပြန်ပွင့်လာမည်ဖြစ်ပါကြောင်း
ဖြူစင်သောမေတ္တာဖြင့်
ဆရာသော်တာအောင်
Ph 09798182381
Viber + 959798182381
မူရင်းလင့်။ ။
မူလေရးသားသူကို crd ပေးပါတယ်
Friday, April 10, 2020
ပထ၀ီဇယ မန္တန်ဂါထာတော်~~~
{ပထဝီဇယမန္တန် ၂ပုဒ်}
~~~ပထ၀ီဇယ မန္တန်ဂါထာတော်~~~
၁။ ပထ၀ီဇယသဗ္ဗံ၊ အနေက အန္တရာယိကံ။
ဇယံ ပစ္စေကဗုဒ္ဓါ စ၊ ဇယံ ပရိ မဟေသယော။
၂။ ဇယံ ဟရော ဟရိဒေဝေါ၊ ဇယံ ဗြဟ္မာဓတရဌော။
ဇယံ နာဂေါ စ ၀ိရူဠော၊ ၀ိရူပက္ခေယစ စန္ဒိမာ။
၃။ ၀ိဣန္ဒော ဝေနတေယျော၊ ကုဝေရော ၀ရုဏောပိ စ။
အဂ္ဂိ ဝါရဏော ပဇ္ဇုနေ္နာ၊ ကုမာရော စတုပါလေကာ။
၄။ အဋ္ဌာရသ မဟာဒေဝါ၊ သုခိတာ စ ပသိဒ္ဓိယော။
အသီတိ မဟာသာ၀ကာ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။
၅။ ဇေယာ ဓမေ္မာ စ သံဃော စ၊ ဒသဗေလာ စ ဇေယျကော။
ဧေတန သစ္စ၀ဇေ္ဇန၊ ဇယာ သုခါ ဘ၀န္တု မေ။
၆။ နရာ ဒေဝါ စ ဗြဟ္မာနော၊ ယက္ခာ နာဂါ စ ဂရုဠွာ။
တေပိ ဒိသြာ ပိယာ မယွံ၊ ပုတ္တံ မေမ၀ သိနေဟာ။
၇။ ဗုဒ္ဓါ ပစေ္စကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာ၀ကာ။
သဗေ္ဗ ကရောန္တု မေ မေတ္တံ၊ သဗေ္ဗ တိဋ္ဌ န္တု မတၳကေ။
၈။ တေသံ မေတ္တာနုဘာေ၀န ၊ သဗေ္ဗ ရောဂါ သုသီတလာ။
သဗေ္ဗ ဘယာ ၀ိနဿန္တု၊ သဗေ္ဗ နဿန္တု ပဒ္ဒဝါ။
၉။ ဣမသ္မိ ံ စက္ကဝါဠေ စ၊ ဗဟူ အနန(္တပါ)ဏိနော။
အနန္တစက္ကဝါ ဠေ စ၊ ဗဟူအနန္တပါဏိနော။
၁၀။ ဣေမ သတ္တာ အေ၀ရာ စ၊ အညမညံ ပိယာ ဟောန္တု။
ဣေမ သတ္တာ အေ၀ရာ စ၊ အညမညံ သုခါ ဟောန္တု။
၁၁။ နေရယိကာ တိရစၧာနာ၊ ပေတာ အသုရကာ ယမာ။
ဣေမ သဗေ္ဗ ယထာ သတ္တာ၊ ဒုက္ခာ မုစ္စန ္တု တတ္တကာ။
၁၂။ ဒသေကာဋိ ဒကဇာစ၊ ထလဇာ န၀ကောဋိယော။
သံသေဒဇောပပါ တိကာ၊ ဒီဃာယုကာ ဘ၀န ္တု တေ။
၁၃။ ဥဒ္ဓံ ယာ၀ ဘ၀ဂ္ဂါ စ၊ အေဓာ ယာ၀ အ၀ီစိတော။
သမန ္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ပထ၀ီစရာ။
၁၄။ အဗျာပဇ္ဇာ နိေ၀ရာ စ၊ နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။
သဗေ္ဗ သတ္တာ အေ၀ရာ စ၊ သဟ သဗေ္ဗဟိ ဥာတိဘိ။
~~~~~~~~~~~~~~~~~~~~~~~
ပထဝီဇယ မန္တန်တော်ကြီး ( ခ )
ကြံသမျှ ဆန္ဒများကို ပြည့်ဝစေနိုင်သော မဟာအတုလ မန္တန်တော်ကြီး
======================
အလွန်အကျိုးပေးသန်ပြီးတန်ခိုးထန်သောကြောင့်
မကောင်းသည့်ဆန္ဒအတွက်လုံးဝမသုံးသင့်ပါ။
၁။ ဇ ယော ဇ ယော မဟာဇ ယော
သဗ္ဗံဇယော ဇေယာ။
သဗ္ဗညု သမ္မသမ္ဗုဒေ္ဓါ
အနန္တဂုဏ ဓာရိနော။
၂။ ဇယာ ပစေ္စက ဗုဒ္ဓါ
ပစေ္စက ဗောဓိမုတ္တမာ။
ဇယာ သဗေ္ဗ အရဟန္တာ
ဝီတရာဂါ အနာသဝါ။
၃။ ဇယာ အရူပ ဗြဟ္မာနော
ရူပဗြဟ္မာစ သောဠသ။
ဆကာမာဝစရာ ဒေဝါ
သကေ္ကာ မာဃော ပုရိန္ဒဒေါ။
၄။ ဒွတိ္တံသ ဒေဝ ရာဇာနော
တာဝတိံသေ သုပါကဋာ။
သုယာမော သန္တုဿိတောစ
ဒေဝသုတောစ မာတလိ။
ဝါမေကာ ဣန္ဒကောစေဝ။
ဇဝေနာ ဇဝနသေဘာ။
၅။ တေရေဋ္ဌာ ဝိရုဠေကာ
ဝိရုပကေ္ခာတိ နာမေကာ
ဝေဿဝဏေ္ဏာ မဟာရာဇာ
ပုဏ္ဏကော အာဠာဝေကာပိစ။
ပထဝီ အာပေါ တေဇော
ဝါယောပိစ ပဇ္ဇုနေ္နာ။
၆။ တထာ ဝေပစိတိ္တစ
ရာဟုစ ပရိမိဿရော။
သတ္တဗ ်ဘန္တရာ မဟာဒေဝါ
သိနေရုပဗ္ဗတ နိဿိတာ။
၇။ ဧေတစေညစ ရာဇာနော
သိနေရုပဗ္ဗတ သမန္တ တော
မဟိဒိ္ဓကာ သဗ္ဗဒေဝါ
ဣန္ဒာဒေဝါ သဗြဟ္မကာ။
၈။ သဗ္ဗသတ္တာနံ သဗေ္ဗသံ
သဗ္ဗညု ဗုဒ္ဓါနံ အရဟန္တာနံ
မဟာဒေဝါနံ သဗေ္ဗသံ
ဗြဟ္မာနံ မဟာဗြဟ္မာနံ။
၉။ အာနုဘာဝေန ဇေယာ ဇေယာ
မမ ဇေယာ ပထဝီ
ဇေယာ ဇေယာ ပထဝိမှိ
စရာ ယေတေစ အပဒါ။
၁၀။ ဒွိပဒါ စတုပ္ပဒါစ
ဗဟုပ္ပဒါပိ သဗေ္ဗ သင်္ကမန္တု။
၁၁။ ဧဝံ အစိန္တိ ယာ ဗုဒ္ဓါ
ဗုဒ္ဓဂုဏာ အစိန္တိယာ
အစိန္တိယေ ပဿန္နာနံ
ဝိပါကော ဟောတု အစိန္တိယော။
၁၂။ ဧဝံ အစိန္တိ ယာ ဓမ္မာ
ဓမ္မဂုဏာ အစိန္တိယာ
အစိန္တိယေ ပဿန္နာနံ
ဝိပါကော ဟောတု အစိနိ္တယော။
၁၃။ ဧဝံ အစိန္တိ ယာ သံဃာ
သံဃဂုဏာ အစိနိ္တယာ
အစိနိ္တ ယေ ပဿန္နာနံ
ဝိပါကော ဟောတု အစိနိ္တယော။
၁၄။ အစိနိ္တ ယ ဂုဏသမ္ပန္နာ ဂတာ
တိဏ္ဏံ ရတနာနံ အာနုဘာဝေန
မမ သဗေ္ဗရောဂါ ဝိနဿန္တု။
၁၅။ သဗ္ဗ ဇနာနံ ပိယံ
စိတ္တံ မယံွ ဘဝတု
သဗ္ဗမင်္ဂလာ သိဒိ္ဓ ဘဝတု။
၁၆။ ဣစိၧတံ ပတိၳတံ မယံွ
ခိပ္ပမေဝ သမိဇ္ဈတု
သဗေ္ဗ ပူရေန္တု သင်္ကပ္ပါ
စနေ္ဒာ ပန္နရသော ယထာ။
၁၇။ ဣစိၧတံ ပတိၳတံ မယံွ
ခိပ္ပမေဝ သမိဇ္ဈတု
သဗေ္ဗ ပူရေန္တု သင်္ကပ္ပါ
မဏိဇောတိရသော ယထာ။
၁၈။ ဇ ယော ဇ ယော မဟာဇ ယော
ဇ ယော သဗ္ဗဇ ယော ဇ ယော
မဟာ ပထဝီဇ ယော ဇ ယော
သိဒိ္ဓသွာ ဟုံ - ဟုံ
မဟာ သိဒိ္ဓသွာ ဟုံ - ဟုံ။ ။
( မှတ်ချက်။ ။ ဂါထာ အမှတ် ( ၁ ) ၏ အစနှင့် ( ၁၈ ) ၏
အစ တို့တွင် မူရင်း၌ သြောင်း ( အောင်း ) ဟူသောအမှတ်အသားများကို တွေ့ရှိပါသည်။ )
တန်ခိုးလျှံသော မဟာပထဝီဇယ မန္တန်တော်ကြီးများ
-----------*-------------------------------
အထက်ပါ ပထဝီဇယ မန္တန် နှစ်ပုဒ်စလုံးသည် တန်ခိုးထက်မြက်သော ဓမ္မစက်ဂါထာတော်များ ဖြစ်ပါသည်။
ပထမဦးဆုံးသောပထဝီဇယမန္တန်သည် ( အငယ္သာ ) ဖြစ်ပါသည်။
ထိုမန္တန်ငယ်သည် ရှေ့ခေတ်ကပုံနှိပ်မူအမျိုးမျိုးဖြင့် မူကွဲများစွာရှိနေသော်လည်း
စစ်ပြီးခေတ်နောက်ပိုင်းတွင် သန့်စင်ပြီးသော စာမူတစ်ခုကိုသာတွေ့ရှိရပါသည်။
သူတော်စင်အများအပြားလည်း နှုတ်ငုံအရများလာကြပါသည်။
ဤပထဝီဇယ မန္တန်တော်ကြီးမှာ ယနေ့အချိန်ထိ ပုံနှိပ်မူအဖြစ်မတွေ့ရသေးပါ။
ပေနှင့် ပုရပိုက်များ၌သာတွေ့ရှိနေရပါသည်။ထို့ကြောင့် ဤပထဝီဇယ မန္တန်တော်ကြီးအား
သူတော်စင်များရွတ်ဖတ်သရဇ္ဈာယ်နိုင်ရန် စေတနာမွန်ဖြင့် မူကွဲများကိုညိုနှိုင်းတင်ပြလိုက်ရပါသည်။
ပထမ ပထဝီဇယ မန္တန်မှာ မေတ္တာနှင့် သစ္စာကို အဓိကအရင်းခံထားသလို
ဒုတိယ ပထဝီဇယ မန္တန်တော်ကြီးမှာ ရတနာသုံးပါး၏ ဟိတ်နှင့် နတ်ဗြဟ္မာအပေါင်းတို့၏
တန်ခိုးတေဇော်အာနုဘော်တို့ကို အားယူထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
ဤပထဝီဇယ မန္တန်တော် နှစ်ပုဒ်စလုံးသည် ရှေးသူ
တော်စင်သူတော်မြတ်အပေါင်းတို့ အလေးအမြတ်ထားပြီး နေ့စဉ်ဝတ်ထားကာရွတ်ပွားခဲ့သော
မန္တန်တော်ကြီးများဖြစ်ကြပါသည်။ ရှေ့သူတော်စင်ကြီးများ အလေးအမြတ်ထားသလောက်လည်
း ကြီးမားသောတန်ခိုးတို့ဖြင့် ပြည့်စုံစေပါသည်။ အဘယ်ကြောင့်ဆိုသော် ရတနာသုံးပါးတို့နှင့်တကွ
သစ္စာ မေတ္တာသည် ကြီးမားသောတန်ခိုးဣဒိ္ဓတို့ဖြင့် ပြည့်စုံသောကြောင့် ဖြစ်သည်။
ဤသို့အစဉ်အလာကြီးမားသော မန္တန်တော်ကြီးများကိုအဓိဌာန်ဝင်သော သူတော်စင်တိုင်းနေ့စဉ်မပြတ် ရွတ်ပွားရန်သင့်လှပါသည်။ တိုက်တွန်းလိုသည်မှာ အဓိဌာန်ဝင်နေစဉ် ဤမန္တန်တော်ကြီးများကိုလည်း အဓိဌာန်ပြု၍ နေ့စဉ်ဝတ်ထားပြီးနှစ်စလုံးဖြစ်စေ မိမိကြိုက်နှစ်သက်သော တစ်ပုဒ်ကိုဖြစ်စေ မှန်မှန်ရွတ်ခြင်းဖြင့် အဓိဌာန်ကိုပိုမိုလျင်မြန်စွာ ပြီးမြောက်စေနိုင်ကြောင်း ရှေ့ကသူတော်စင်ကြီးများ အမှာရှိခဲ့ပါသည်။
ဤမန္တန်တော်ကြီးများကိုမရွတ်မီ အနနေ္တာအနန္တ ငါးပါးကိုကန်တော့ခြင်း ငါးပါးသီလ ခံယူခြင်းများကို ပြုလုပ်ပြီးနောက်
# နမောတဿ # ကို သုံးခေါက်ပူဇော်၍ ဤမန္တန်တော်ကြီးများအား မနှေးမမြန် ပီပီသသ ရွတ်ဖတ်သဇ္ဈာယ်ကြရမည်ဟု
ဆိုထားပါသည်။ ဤသို့အဓိဌာန်အတိုင်း ရွတ်ဖတ်ပြီးနောက် အမျှများပေးဝေခြင်းကို ပြုလုပ်ကြရပါသည်။
ဤမန္တန်တော် နှစ်ပုဒ်သည် သူမြတ်ကျင့်စဉ်ကို ကျင့်
ကြံအားထုတ်နေသော သူတော်စင်များအတွက် လေးနက်ခိုင်ခ့ံသောလက်နက်ကြီးများဖြစ်ပါသည်။
ဤသို့ထူးမြတ်သည့် လက်နက်ကြီးများကို နှုတ်တိုက်ဆောင်၍ အဓိဌာန် ပါရမီစခန်းသို့တက်လှမ်းနိုင်ကြပါစေကုန်သတည်း။
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
#Credit
မူရင်းလင့်။ ။https://m.facebook.com/groups/726719010793819?view=permalink&id=1636532476479130
မူလေရးသားသူကို crd ပေးပါတယ်
သုဂေတာ ၅ချက်စေတီ
ကျော်အောင်စံထားဆရာတော်ကြီး
ကိုယ်တိုင် အိပ်မက်မှပေးလာသော
သုဂေတာ ငါးချက်စေတီ ပုတီးစိပ်နည်း
.
သုဂတောစေတီတစ်ဆူကို ပုတီးပတ်ရေ ၄၅-ပတ်စိပ်ရမည် ။
၄၅ ပတ် ရက်အကန့်အသက်မရှိ စိပ်နိုင်ပါသည် ။
၄၅ ပတ်ပြည့်သောနေ့ စေတီ ၁ ဆူ သတ်မှတ်ပါလေ ။
ဂါထာတစ်ခေါက်ရွတ် ပုတီး ၁ လုံးခ်
တစ်ပတ်ပြည့်ရင် ခဏနား အဲလိုနဲ့
ရက်ကန့်သတ်မရှိစိပ်ပါလေ ။
၄၅ ပတ် ပြည့်ရင် ၁ ဆူ သတ်မှတ်ပါလေ ။
ဘဝမွာ ဘာမွ မပူနဲ့
ကျတော်လက်တွေ့မို့ အာမခံတယ်
စီးပွားကျနေတဲ့သူ ၄၅ ဆူမပြည့်ခင် ပြန်စီးပွားတက်သွားတာတို့
လာဘ်တိတ်နေတဲ့သူ ၃ ဆူမြောက်မှာ အထူးလာဘ်၀င်လာတာတို့
အလှူလှူဖို့ရည်ရွတ်ထားတဲ့သူ ၄၅ ဆူ မပြည့်ခင် လွူရတာ
အဲတာတွေက လက်တွေ့ပါ...
ကျတော်ကြာပြီး စမ်းနေတာ
မယုံကွညျလို့မပာုတျပငျမဲ့ သေချာစမ်းကြည့်နေတာပါ ။
တကယ်သောချာတော့မှ post တင်ရခြင်းသာ
ကြှနျုပျအမလေညျး ဒါပဲစိပ်နေပါတယ် ။
ကျွန်ပ် ပါရမီဖြည့်ဖက်လည်း ဒါပဲစိပ်နေပါတယ် ။
.
တစ်နေ့မှာ (၂၄) နာရီရွိတာ လူတိုင်းလူတိုင်း သိကြတာပါပဲ ။
အဲဒီ (၂၄) နာရီထဲကမွ မိမိအတွက် ယခုဘ၀မှာရော
နောင်သံသရာမှာပါ အကျိုးရှိစေ့မယ်
ဘာသာရေး ( ဘုရား တရား ) အတွက်
အချိန်ဘယ်လောက်ပေးကြမလဲအချိန်-
ဘယ်လောက်ပေးသင့်လဲ ကိုယ့်ကိုယ်ကိုယ်သေသေချာချာ
ပြန်မေးပါ ။ဆင်ခြင်ပါ ။ စဉ်းစားကြပါ ။
ပေးနိုင်လေ အကျိုးရှိလေပါပဲ ။
...
ကြိုးစားအားထုတ်မှုတိုင်းမှာ သက်ရောက်မူ တစ္ခုက
အသင့်စောင့်ကြိုးနေမှာပါ ။
အပ်စပ်သူ ၊ အကြောင်းဆက်ရှိသူ ၊ ပါရမီအဆင်ရှိသူအချို့အတွက်
စက်နိူးပေးသည့်အနေဖြင့် တင်ပြခြင်းသာဖြစ်သည် ။
ပါရမီရှင်တို့ ကြိုးစားနိုင်ကြပါစေကုန်သော် ။
....
ဆယ်ယောက် တစ်ယောက် ဝါသနာရှင်တို့ အားထုတ်နိုင်ပါစေ။
.....တစ်ချို့သော မိတ်ဆွေများမှ သုဂတောငါးချက်စေတီ ပုတီးစိပ်နည်းအဓိဌာန်အတွက် မည်သို့အဓိဌာန်ပြုရမည်၊ မည်သို့ သစ္စာဆိုရမည်ကို မေးမြန်းထားသောကြောင့် အခြေခံ အဓိဌာန်တင်ပုံနှင့် အခြေခံ သစ္စာပြုပုံကို မျှဝေပေးလိုက်ပါသည်။
သုဂတောအဓိဌာန်တစ်ခုတည်းအတွက်မဟုတ်ဘဲ မည်သည့်အဓိဌာန်တင်ရာတွင်မဆို မိမိဉာဏ်ရှိသလို အစားထိုး၍ အသုံးပြုနိုင်ပါသည်။
"အဓိဌာန်မစတင်မီ ပရိကံပြုပုံအဆင့်ဆင့်"
၁။ သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးခြင်း ပြုရပါမည်။
၂။ သီလဆောက်တည်ရပါမည်။
၃။ မိမိန္ဓာကိုယ်ကို ဘုရားရှင်အားလှုဒါန်းရပါမည်။
၄။ မိမိပြုခဲ့မိသော အပြစ်များအတွက် ဝန်ချတောင်းပန်ခြင်း၊ သူတစ်ပါးက မိမိအပေါ် ပြစ်မှားခဲ့သည်များကိုလည်း ခွင့်လွှတ်သည်းခံခြင်း
၅။ မေတ္တာပို့မေတ္တာခံ၍ အဓိဌာန်တင်ပါ။
၆။ မေတ္တာသုတ် သို့ မေတ္တာသုတ်လာ မေတ္တာပွားပါ။
၇။ မိမိ အဓိဌာန္ပုတီး စတင်ပါ။
၈။ ပြီးပါက ပဌာန်းပဉှာဝါရ ရွတ်ဖတ်ပူဇော်ပါ။ ရွတ်ဖတ်ဖို့ အခက်အခဲရှိပါက မဟာသမယသုတ် ဖြင့် ပူဇော်ပါ။
၉။ မိမိ၏ ကောင်းမှုကုသိုလ်အား သစ္စာဆိုပါ။
၁၀။ အမျှဝေပါ
"အဓိဌာန်ပြုပုံ"
သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ၊ အဘဘိုးသိကြားမင်းကြီး၊ သာသနာစောင့်နတ်မင်းကြီး လေးပါး၊ ကျော်အောင်စံထား ဆရာတော်ဘုရားကြီးနှင့် တကြ သုဂတောငါးချက်ဂုဏ်တော်ဖြင့် သိဒ္ဓိလမ်းပေါက်ရောက်သွားသော ပုဂ္ဂိုလ်တို့အား၎င်း၊ သုဂတောငါးချက် ဂါထာကို စောင့်ရှောက်နေကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အား၎င်း ဤေနရာဌာနသို့ ကြွရောက်ပါရန် ပင့်ဖိတ်ပါ၏။ ကြှနျုပျသညျ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရှေ့မှောက်၌ ယနေ့ယခု အချိန်အခါမှစ၍ (သုဂတောငါးချက်စေတီ အဓိဌာန် တစ်ဆူလျှင်ပုတီးပတ်ရေ ၄၅-ပတ် ) ကို တစ်ရက်လျှင် ပုတီး ၅-ပတ်ဖြင့် ၉-ရက် တိုင်တိုင် ပူဇော်ပါမည်ဟု ကြွရောက်လာကြကုနသော ပုဂ္ဂိုလ်အပေါင်းတို့အား အသိသက်သေထား၍ သစ္စာအဓိဌာန် ပြုပါသည်။ ထိုပုဂ္ဂိုလ်အပေါင်းတို့၏
မေတ္တာဓာတ်ကိုလည်း ကောင်းမွန်ရိုသေစွာ ခံယူပါ၏။ ကြှနျုပျမှလညျး ပြုလုပ်ဆဲပြုလုပ်ခဲ့သော ကောင်းမှု့အဖို့ဘာဂတို့ကို မေတ္တာပို့ အမျှပေးဝေပါ၏။ အကြှနျုပျအားလညျး အဓိဌာန်ကာလအတွင်း မကောင်းသောအနှောင့်အယှက် အဖျက်အဆီးနှင် ဘေးအန္တရာယ်အပေါင်းတို့မှ ကာကွယ်စောင့်ရှောက်ကြပါစေကုန်သတည်း။
ထိုသို့သစ္စာအဓိဌာန်ပြုပြီးပါက မိမိသင့်
လျော်သော ဣရိယာပုတ်ဖြင့် မေတ္တာသုတ်တော်ကို မနှေးလွန်း မမြန်လွန်း မတိုးလွန်း မကျယ်လွန်းပဲ ပီပီသသဖြင့် အဖြတ်အတောက်မှန်ကန်စွာ ရွတ်ဖတ်သရဇ္ဈာယ်ပါ။ မေတ္တာသုတ်ရွတ်ဖတ်ဖို့ အခက်အခဲရှိပါက မေတ္တာသုတ်လာ မေတ္တာပွားနည်း ၁၁ နည်းဖြင့်လည်း မေတ္တာပို့နိုင်ပါသည်။
ပြီးလျှင် မိမိအဓိဌာန်ဖြစ်သော သုဂတောငါးချက် ပုတီးစိပ်နည်းကို စတင်ပါ။ ပုတီးစိတ်ပြီးပါက ပဌာန်းပဉှာဝါရ ဖြင့်ရွတ်ဖတ်ပူဇော်ပါ။ သို့မဟုတ် မဟာသမယသုတ် ရွတ်ဖတ်၍လည်း ရပါသည်။
"သစ္စာဖြင့်ချုပ်ပုံ"
နေ့စဉ်အဓိဌာန်ပြီးတိုင်း "မိမိသည် သုဂတောငါးချက်ဂါထာကို ပုတီးပတ်ရေ ၄၅ ပတ်ဖြင့် ( စေတီတစ်ဆူ) တည်ပါမည်ဟု သစ္စာအဓိဌာန်ပြုထားသည့်အတိုင်း ယနေ့ အဓိဌာန် ပုတီး ၅ ပတ်ပူဇော်၍ ပြီးပါပြီ၊ ဤစကားသည် မှန်ကန်ပါ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သုဂတောငါးချက်၏ တန်ခိုးအာဏာများသည် ကြှနျုပျ၏ ခန္ဓာ၌ တည်ပါစေသတည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် (မိမိလိုချင်သောဆု) ပြည့်ဝပါစေသတည်း။
ထို့နောက် မေတ္တာပို့ အမျှပေးဝေ၍ ပင့်ဖိတ်ခံ ပုဂ္ဂိုလ်တို့အား ပြန်လည်ပို့ဆောင်ရပါမည်။
" ပို့ဆောင်ပုံမှာ"
ကြှနျုပျယနေ့ပွုသမြှကောငျးမှုအဖို့အစုဘာဂတို့ကို သာဓု အနုမောဒနာ ခေါ်ဆိုပြီးသကာလ မိမိတို့၏ ဆိုင်ရာ ဘုံဗိမ္မာနန်းသို့ ပြန်လည်ကြွမြန်းနိုင်ကြပါစေသတည်း။
မူရင်းပို့စ်ရေးသားသူ
ထပ်ဆင့်၍ ဓမ္မဒါနပြုသူ Maw Win Ko
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=650921932131692&id=100016416738413
မူလေရးသားသူကို crd ပေးပါတယ်
Subscribe to:
Posts (Atom)