ချည်သန့်သန့် (အပ်ချည်လုံး)
မည်သည့် အရောင်မဆို အသုံးပြု
နိုင်ပါသည်။ ( သိမ်ဝင်အပ်ချည်ဆို ပိုကောင်းပါသည်)
မွေးကင်းစ ရက် သားအရွယ်မှ ၁၆ နှစ်သားအထိ
လည်ပင်းတွင် ချည်နှောင်ဆွဲထားနိုင်ပါသည်။
လန့်ခြင်း တက်ခြင်း ညဘက် လန့်ငို ခြင်း
လိပ်ပြာငယ်ခြင်း ဖမ်းစားခံရခြင်းတို့မှ ကာကွယ်
ကင်းဝေးစေပါသည်။
ကျောပူ ခေါင်းပူထခြင်း နို့မစို့ခြင်း နို့အန်ခြင်း
ချွေးထွက်များခြင်း အအေးပတ်၍ မကြာခဏ ကိုယ်ပူ
ဖျားခြင်း အပူနာ အကြိတ်များထွက်ခြင်း စသည့် ခလေး
သူငယ်များ ဖြစ်တတ်သည်များးအတွက်
လွယ်ကူထိရောက် အစွမ်းထက်သော အဆောင်ဖြစ်ပါ
သည်။
မိမိတို့ ရင်သွေး သားသမီးများအတွက် ကိုယ်တိုင်လုပ်
လို့ရပါတယ်။
"ပြုလုပ်နည်းမှာ"
အပ်ချည်ကို ကလေးလည်ပင်းနှင့် အနေတော်တိုင်းပြီး
၇ ပင် ၇ ပြန် ခေါက်ရပါမယ် ထို ၇ ပင် ၇ ပြန် ပြန်
ထားသော အပ်ချည် အလယ်တွင် အထုံး ၆ ထုံး ဖြစ်
အောင် ထုံးရပါမယ်
ပြီးလျှင် ကလေးလည်ပင်းမှာ တပ်
ပြီး အပ်ချည်အစ ၂ ဘက်ကို တစ်ထုံး ထုံးပြီး ကလေး
ရဲ့လည်ပင်းမှာ ချီ ပေးလိုက်ရင် အထုံး ၇ ထုံး ဖြစ်သွား
ပြီး ကလေးလည်ပင်းမှာ ၇ ပင် ၇ ထုံး အစွမ်းထက်သော ကလေးများအတွက် အကာအကွယ် အဆောင်
ကောင်းတစ်ခုကို ဆောင်ထားပေးပြီး ဖြစ်နေပါလိမ့်
မယ်။
မြေးလေးတွေ သားသားမီးမီးတွေ တူ တူမလေးတွေ
အတွက် သင်တို့ကိုယ်တိုင် ဆရာတစ်ဆူ အဖြစ်
အစွမ်းထက် အဆောင်ကောင်းလေးကို စီမံ ဆောင်
ရွက်ပေးရင်း ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။
ဆရာအောင်မင်းမင်း
၀၉ ၇၉၉၉ ၅၅၇ ၅၈ မင်္ဂလာဒုံ
(ကံကောင်းသူတို့ဆုံစည်းရာ)