လွယ်ကူထိရောက်သော ဣစ္ဆာသရ တစ်ပွဲတိုးအဆောင်
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=1513317188782619&id=893408380773506
---------------------------
တစ်နေ့ မှတ်မှတ်ရရဆိုလျှင် သရဏဂုံ ၃၀ တစ်နေ့ ပုတီး၃ပတ် အောင်သောနေ့ပေါ့၊၊
ရွှေတိဂုံဘုရားမှာ အဓိဌာန်ဝင်ပြိး ပြန်အဆင်း ကားလမ်းကူးတဲ့နေရာမှာ အဖိုးအိုတစ်ယောက် ကားလမ်းကူးဖို့စောင့်နေတယ်ပေါ့၊၊မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းပဲလေ ကားလမ်းကူးဖို့မျဉ်းကျားကကူးလည်း ကားကိုဦးစားပေးရသကိုး၊၊ :-D :-D
ဆိုတော့ အဖိုးကကားလမ်းမကူးရဲဖြစ်နေတာနဲ့
``အဖိုးကားလမ်းကူးမလို့လားဗျ ကားလမ်းကူးမယ်ဆို ကျွန်တော်ကူပြီးကူးပေးပါ့မယ်``
``aအေးကွယ်ကျေးဇူးပါ အဖိုးက ကားလမ်းမကူးရဲလို့ အတော်ပဲဖြစ်သွားတာပေါ့``
``aကျေးဇူးပဲငါ့မြေးရေ မဟုတ်ရင် ဒီနေ့ကားလမ်းကူးရတော့မှာမဟုတ်ဖူး``
``ဟုတ် ရပါတယ်ခင်ဗျ ဒါနဲ့အဖိုးတစ်ခုခုသုံးဆောင်ပါ့လားခင်ဗျ ကျွန်တော်အဓိဌာန် အောင်မြင်လို့ ဒါနပြုချင်လို့ပါ``
``aအေးကွယ် ဒါနပြုချင်တယ်ဆိုတော့လည်း ဒါနမြောက်သွားအောင် စားပေးရမှာပေါ့``
``ဒါနဲ့ ငါ့မြေးက ဘာအဓိဌာန်ဝင်တာလည်းကွဲ့``
``သရဏဂုံ ၃၀ အဓိဌာန်ပါခင်ဗျ``
``သာဓု သာဓု သာဓုပါ သရဏဂုံ အဓိဌာန်ဆိုတော့ ငါ့မြေးက နမောဏာမ အဓိဌာန်အောင်ပြီးပြီပေါ့``
``ဗျာ ကျွန်တော့အဲ့အဓိဌာန်မကြားဖူးသေးပါဘူးခင်ဗျ အပန်းမကြီးရင် ပြောပြပေးပါခင်ဗျ``
``အင်းပညာလိုလားတဲ့ကလေးဆိုတော့ ပြောပြရမှာပေါ့ အဖိုးတို့ဘုရားရှိခိုးရင် သြကာသကန်တော့ချိုးပြီးတာနဲ့ နမောတဿ ဆိုတယ်မလား ၊၊ပြီးမှသရဏဂုံလာတယ်လေ၊၊နောက်ပြီး ဘယ်ဘုရားစာအုပ် ပရိတ် ပဌာန်း ဘာသာရေးနဲ့ကပ်သက်တဲ့အခန်းအနားတွေကိုပဲကြည့်ကြည့် နမောတဿ မဏာမဘုရားရှ်ခိုးနဲ့ စဖွင့်လေ့ရှိတယ်ကွဲ့ ထပ်ရှင်းပြရင် အများကြီးပေါ့ကွယ် ၊၊ လိုရင်ပဲပြောလိုက်တော့မယ်၊၊ သရဏဂုံမလာခင် နမောတဿလာသလိုပဲ သရဏဂုံအဓိဌာန်မဝင်ခင် နမောပဏာမအဓိဌာန် ဝင်၇တယ်ကွဲ့၊၊ ဘယ်အဓိဌာန်ပဲ ဝင်ဝင် နမောပဏာမအဓိဌာန်အရင်ဝင်ပြီးမှ ကျန်တာဆက်ဝင်ရင်ပိုပြီးအကျိုးထူးတယ်ငါ့မြေး ဝင်ကြည့်ပေါ့``
ဟုတ်ကဲ့ပါခင်ဗျ
``ကြုံတုန်းငါ့မြေးကို လိုရာသုံးလို့ ရစေမယ့် ဣစ္ဆာသရ တစ်ပွဲတိုးအဆောင် ပြုလုပ်နည်းလေး ဒါနထပ်ပြုပါ့မယ်ကွယ်၊၊သေချာလိုက်မှတ်ပါ၊၊
မင်္ဂလသုတ်တော်ထဲက ပရိတ်အမွန်းနှစ်ပိုဒ်ကိုဖယ်ပြီး ကျန်တဲ့ အပိုဒ်တွေထဲက ဧ မပါတဲ့အပိုဒ်နဲ့ သပြေ၃ခက်ကို ၃၈ခေါက်မန်း တစ်ခက်ကိုဘုရားလှူ တစ်ခက်ကို နတ်ကိုဒါနပြု တစ်ခက်ကို ကိုယ်မှာဆောင် ဥာဏ်ရှိသလိုသုံးပေတော့၊၊ဒါအဖိုးတို့ ဘိုးဘွားစဉ်ဆက်သုံးခဲ့ကြတဲ့ပညာပဲ၊၊ ကဲစကားလည်းပြောလို့ကောင်းတယ် အချိန်လည်းအတော်လင့်ပြီမို့ လိုရာခီ့းဆက်ကြတာပေါ့၊၊အခုလိုဒါနပြုတဲ့အတွက် ငါ့မြေးလည်း ဘုန်းကြီးလို့အသက်ရှည် အနာမျိုး ၉၆ပါးကင်းသွားပြီး aပြောတိုင်းအောင်လုပ်တိုင်းဖြစ် သာသနာ့အကျိုးလောကကောင်းကျိုး ၇ရက်ဖွား ၈နေ့သားသမီးအကျိုးကို ရွက်ဆောင်နိုင်ပါစေကွယ်``
``ဟုတ်ပေးတဲ့ဆုနှင့် တစ်လုံးတစ်ဝပြည့်ပါစေခင်ဗျာ``
အပေါ်ကအဖိုးပြောခဲ့တဲ့ပညာကို ရှာဖွေဖော်ထုပ်ပြီး သုံးကြည့်တာ ကိုယ်တိုင်လည်းအဆင်ပြေသလို နီးစပ်သူများကို စမ်းသုံးကြည့်ခိုင်းတာလည်းအဆင်ပြေတာတွေ့ရတယ်ဗျာ၊၊အခုတော့ အမှတ်ရစရာနေ့တစ်နေ့ဖြစ်တာနဲ့ အညီ တင်ပြပေးလိုက်ပါတယ်၊၊
ငွေကြေးကိစ္စ အရောင်းအဝယ်ကိစ္စ စကားပြောဆိုရတာမျိုး အကြွေးတောင်း ငွေကြေးအကူအညီတောင်းကိစ္စမျိုး အင်တာဗျူးဖြေတာ အလုပ်ကိစ္စစကားပြောဆိုတာ အများကချစ်ခင်စေချင်တာ အလုပ်ထဲမှာအဆင်ပြေပြေလုပ်ကိုင်ရလိုတာ အမှု့အခင်းဖြစ်လို့ တရားသဘောင်ရင်ဆိုင်ရတာမျိုးတွေ စသဖြင့် ဘ်ာလိုကိစ္စမျိုးမဆို ဆောင်လို့ရပါတယ်၊၊
မင်္ဂလသုတ်ထဲက ဧ မပါတဲ့အပိုဒ်က
ဗဟူဒေဝါ မနုဿာစ
မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ
ဗြူဟိ မင်္ဂလမုတ္တမံ၊၊
အဲ့တာနဲ့ သပြေ၃ခက်ကို ၃၈ခေါက်မန်း ကိုယ်အဆင်ပြေချင်တဲ့ကိစ္စကို ဆုတောင်းပြီး တစ်ခက်ကို ဘုရားမှာလှူပါ၊၊တစ်ခက်ကို သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ(သို့)ရိုးရာနတ် ကို ဒါနပြုပါ၊၊ တစ်ခက်ကို ဆောင်ထားပြီး သွားလာလုပ်ကိုင်ပါ၊၊
တစ်ပွဲဆောင်ဖြစ်တာကြောင့် တရက်ပြိးလျှင် အသစ်ထက်လုပ်ပါ၊၊
လိုရာဆန္ဒ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ကြပါစေ၊၊
Zayar Oo(ဆရာ လင်းအေးချမ်း)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထွန်းအစီအရင်များ (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင်းစမပညာများ (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment