ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Sunday, January 14, 2018

ပိုက်ဆံတွေ သူ့ဖာသူလာစေ****

ပိုက်ဆံတွေ သူ့ဖာသူလာစေ*******

မူရင်းလင့်။  ။ https://m.facebook.com/story.php?story_fbid=154033958562844&id=100018687226903
ဒီယတြာလေးနဲ့ အကြွေးမြန်မြန်ပြန်ရအောင်လည်းလုပ်လို့ရသလို၊ဝင်ငွေတိုးပွားအောင်းလည်းလုပ်လို့ရပါတယ်။
ဝင်ငွေလည်းသိသိသာသာတိုးပွားလာတာကို တွေ့ရပါတယ်။
လုပ်ရမယ့်နည်းလေးက လွယ်ပါတယ်။ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ်။ဘေးဥပါဒ်တစ်စုံတစ်ရာမရှိပါဘူး။ယုံယုံကြည်ကြည်လုပ်နိုင်ရင် ပိုအစွမ်းထက်တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက် ၇ နာရီမှ ၇နာရီခွဲအတွင်း မိမိအိမ်ဘုရား(သို့)ဆိုင်ဘုရားရှေ့မှာ ပိုက်ဆံအရွက်ကြီးတစ်ရွက်(ဥပမာ-5000တန်-10000တန်)ကို ကြေးလင်ဗန်းပေါ်မှာဖြန့်၍တင်ပါ။ပိုက်ဆံအပေါ်မှာ ကိုကာကိုလာပုလင်းတစ်လုံးကို အဖုံးဖွင့်၍ ပိုက်တပ်ပြီး တင်ပါ။ပုလင်းရဲ့ဘေးမှာ(ပိုက်ဆံပေါ်မှာဘဲ) သံလိုက်တုံးတစ်ခုကို တင်ပါ။ အဲဒီဘေးမှာ ဖာလာစေ့ ၉ စေ့ကိုတင်ပါ။ ပြီးလျှင်ဘုရားကိုလှူ ပါ။
လှူ ပြီးလျှင်ဆုတောင်းပါ။
"ပိုက်ဆံတွေ အများကြီး သူ့ဖာသူဝင်လာပါစေ!မမျှော်လင့်ဘဲ အများကြီးရပါစေ"
ဟုဆုတောင်းပါ။
အကြွေးရလိုသူများကတော့
"ရရန်ရှိသောအကြွေးများကို ပေးရန်ရှိသူများက အမြန်ဆုံး သူ့တို့ဖာသာ သူတို့ မြန်မြန်ပြန်လာပေးကြပါစေ"
ဟုဆုတောင်းပါ။
မယုံကြည်လျှင်မလုပ်ကြပါနဲ့ ယုံယုံကြည်ကြည်လုပ်မယ့်သူတွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် Comment တွေ ကျေးဇူးပြု ပြီး မရေးကြပါနဲ့။
ဒီနေ့တင်ပြီး နောက်နေ့မနက်စွန့်ပါ
စွန့်ရမှာက ကိုကာကိုလာ တစ်မျိုးထဲပါ
ကျန်တာတွေက သိမ်းထားပြီး နောက်အပါတ်ဆက်လုပ်ပါ

Crd // မူရင်းဆရာအား ပူဇော်ကန်တော့ပါ ၏

No comments: