ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Saturday, February 17, 2018

ငွေရေးကြေးရေး အစီအရင် (၁၀)နည်း



(၁) ဆပ်ပြာမွှေးပေါ် စံပယ်ပန်းတင်၍ " ငွေများများဝင်ပါစေ ၊ အမြန်ဆုံးဝင်ပါစေ" ဟု ဆုတောင်းပါ။

ငွေကြေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမည့် အချိန်ကတော့

(၁) တနင်္ဂနွေနေ့ နံနက် (၁၀)နာရီ (၄၉)မိနစ် မှ နေ့လည် (၁)နာရီ (၁၂)မိနစ်
(၂) တနင်္လာနေ့ နေ့လည် (၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်
(၃) အဂါင်္နေ့ ညနေ (၃)နာရီ (၃၇)မိနစ် မှ ညနေ (၆)နာရီ
(၄) ဗုဒ္ဓဟူးနေ့ နံနက်(၆)နာရီ မှ နံနက် (၈)နာရီ (၂၄)မိနစ်
(၅) ကြာသပတေးနေ့ နံနက် (၈)နာရီ (၂၅)မိနစ် မှ (၁၀)နာရီ (၄၈)မိနစ်
(၆) သောကြာနေ့ နံနက်(၁၀)နာရီ (၄၉)မိနစ် မှ (၁)နာရီ (၁၂)မိနစ်
(၇) စနေနေ့ နေ့လည်(၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်

(၂) မကိုဋ်ပါတဲ့ ဘုရားကို စံပယ်ပန်း စလွယ်သိုင်း၍ လှူပြီး ဆုတောင်းပါ။

(၃) ကုလားမ ခြင်းဆွဲ နို့ဆီဘူးအပေါ်တွင် မီးထွန်းဆုတောင်းပါ။ (ဖယောင်းတိုင်အစီမ်း)

(၄) ပန်းကန်တစ်ချပ်ပေါ်တွင် ဇီးယို (၆)ပုံ ၊ (၁)ပုံလျှင် သပြေတစ်ညွှန့်စီတင်ပြီး ဘုရားထံတွင် ဆုပန်ပါ။

(၅) သီလရှင်ကို ဆန်(၃)ပြည် လှူပြီး ဆုတောင်းပါ။

(၆) နိုင်ငံခြား အရက်ပုလင်းအစီမ်းရောင်အလွတ် (အရက်အနည်းငယ်ပါရင် ပိုကောင်းသည်) ပုလင်းထဲတွင် ကျောက်စရစ်ခဲ (၉)ခဲ ထည့်၍ နှင်းဆီ အနီရဲရဲ တစ်ပွင့် အမြဲ ထိုးထားပါ။

(၇) အုန်းသီးစိမ်းတစ်လုံးကို မျက်နှာဝဖွင့် အုန်းရည်တွေ သွန်ပြီး ကြံရည်ထည့် ၊ သပြေ(၁၅) ညွန့် ထည့်ပါ။ အုန်းသီးအောက်တွင် အင်္ကျီတစ်ထည်ထည့် ဘုရားတွင် လှူ၍ ဆုတောင်းပါ။ လာဘ်လာဘ ပွင့်လန်းသည်။

(၈) အနီရောင်ပူဖောင်း ၊ အ၀ါရောင်ပူဖောင်း ၊ အစီမ်းရောင်ပူဖောင်း တို့ကို ဖယောင်းတိုင်အခြေမှာ ကြိုးနဲ့စုချည် ။ ဖယောင်းတိုင်အဖျားဘက်ကနေ ကြိုးတစ်ချောင်းနဲ့ချည်ပြီး အိမ် (သို့) ဆိုင်အ၀င်ဝမှာ ချိတ်ဆွဲထားပါ။ လာဘ်ရွှင်ပြီး အိမ်သားများ ကျန်းမာစေသည်။

(၉) တနင်္လာနေ့ နံနက် (၉း၄၅) မှာ မြေအိုးကို ထုံးသုတ် ။ ကန်စွန်းညွန့် (၉)ညွန့်ုထိုး ။ အမြင့်မှာ တင်ထားပါ။ တစ်ပတ်တစ်ခါ လဲပေးပါ။ (၉)ပတ်အတွင်း ငွေဝင်မယ်.။

(၁၀) ငွေအရေးတကြီးလိုအပ်လာပါက နှမ်းများများပါသော ဘိန်းမုန့်ကို သေးပေါက်ချပြီး (ယောကျာင်္းများ) ၊ ရှာလကာရည်ဖြင့် လောင်းပြီး ငွေအလျင်အမြန်လိုအပ်နေကြောင်း ပြောပါ။ ထို့နောက် ငွေရနိုင်မဲ့နေရာများတွင် ငွေထပ်ရှာပါ။ နက်ဖြန်ငွေအသည်းအသန်လိုအပ်နေသူများ ဒီနေ့ ငွေရပေါက်မရှိသည့်အခြေအနေမျိုးတွင် လုပ်သင့်သည်။

အကြွေနဲ့ပတ်သတ်သမျှ




လျှို့ဝှက်တံခါးကို ဖွင့်တဲ့သော့

လျှို့ဝှက်တံခါးကို ဖွင့်တဲ့သော့



သည်ဆောင်းပါး  ဟာ အင်မတန် တန်ဖိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ သည်လိုညွှန်းဆိုတာမျိုးကို ကျွန်တော် တော်တန်ရုံနဲ့ ညွှန်းဆိုလေ့ မရှိခဲ့ပါ။

သို့သော် သည်ဆောင်းပါး မှာတော့ အထက်ပါအတိုင်း ညွှန်းဆိုရပါလိမ့်မယ်။



(က)

လူတိုင်းလူတိုင်း မှာ  ဘ၀ပြဿနာ များစွာ ရှိတတ်ကြပါတယ်။ ခေါင်းခဲရတဲ့ ဘ၀အစိတ်အပိုင်းတွေ ရှိတတ်သလို၊ ဖြေရှင်းဖို့ လမ်းစ ရှာမတွေ့တဲ့ အထိလည်း …တစ်ခါတစ်ရံ ဦးနှောက်စားရတတ်ပါတယ်။
အဲဒီ့လိုပါပဲ …ပညာရပ်နယ်ပယ်အသီးသီးမှာ လေ့လာအားထုတ်နေကြတဲ့ ပညာရှင်အမျိုးမျိုး မှာလည်း …..ဆိုင်ရာ ပညာနယ်ပယ်အလိုက် …စူးစမ်းရှာဖွေ အဖြေထုတ်ရခက်ခဲတဲ့ အစိတ်အပိုင်းတွေ ရှိနေတတ်ကြပါတယ်။

ယခုဆောင်းပါး ဟာ အဆိုပါကဲ့သို့သော ပညာရပ်ဝန်းနယ်ပယ်အသီးသီး က  ပညာရှင်တိုင်းအတွက် အလွန်အင်မတန်မှ အကျိုးပြုနိုင်စွမ်း ရှိတဲ့အတွက် ….အထက်ပါအတိုင်း ညွှန်းဆိုလိုက်ရခြင်း ဖြစ်ပါတယ်။

(ခ)

စာရေးသူကိုယ်တိုင်  …နှစ်ပေါင်း များစွာ  ….မိမိလေ့လာလိုက်စားရာ ပညာရပ်နယ်ပယ်မှာ အဖြေမှန်နဲ့ ဝေးပြီး  ခေါင်းစားခဲ့ရဖူးပါတယ်။ ခုထိလည်း လေ့လာဖို့ အမြောက်အများ ကျန်နေသေးတာ အမှန်ပါဘဲ။ လေ့လာရင်း လေ့လာရင်း ….ဆယ်စုနှစ် နှစ်စုစာလောက် အရောက်မှာတော့……………….  ပညာရပ်တွေကို လေ့လာလိုက်စားရာမှာဖြစ်စေ… ၊ အင်မတန် ရှုပ်ထွေးတဲ့ ဘ၀ပုစ္ဆာများကို အဖြေထုတ်ဖို့ ကြိုးစားရာမှာ ဖြစ်စေ…ကောင်းကင်ဂြိုဟ်တွေရဲ့ အင်အားကို အသုံးပြုပြီး  အဖြေရှာနိုင်စွမ်း ရှိလာခဲ့ပါတယ်။
စာရေးသူ အနေနဲ့ကတော့ ပညာရပ်တွေကို လေ့လာလိုက်စားရာမှာ အများဆုံး အသုံးပြုဖြစ်ခဲ့ပါတယ်။
စာရေးသူနည်းတူ … စာရေးသူရဲ့ သင်တန်းသားများ ၊ သင်တန်းသား မဟုတ်သူများ  အားလုံးအတွက် ..အထက်ပါ နည်းစနစ်ကို သေချာဖတ်ရှုလေ့လာနိုင်အောင် …..iရေးသားပြုစု ဖော်ပြပေးလိုက်  ပါတယ်။

(ဂ)

အဖြေရှာခြင်း ပြုရာတွင် လိုအပ်သော အခြေခံအချက်များ
(၁) အဖြေရှာရမည့် နေရာ
(၂) အဖြေရှာရမည့်  အချိန်
(၃)အဖြေရှာရာတွင် အသုံးပြုရမည့် ပစ္စည်းများ

(၁) အဖြေရှာရမည့် နေရာ ….
သင်နေသော နေရာ၏  အရှေ့တောင်ဘက် ယွန်းယွန်းထောင့်တစ်နေရာ ကို အသုံးပြုပါ။
ထိုနေရာတွင် အနီရောင်များ  များနိုင်သလောက် များနေလျှင် ပိုမို ကောင်းမွန်ညီညွတ်၏။

(၂) အဖြေရှာရမည့် အချိန်

သောကြာနေ့သည် အကောင်းဆုံးဖြစ်သည်။ သို့သော် အခြေအနေအရ အခြားနေ့ရက်များတွင်လည်း ဆိုင်ရာ အချိန်နာရီပိုင်းများတွင် အဖြေရှာနိုင်သည်။ ယင်းသို့အဖြေရှာရန် အတွက် အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ ရပ် ကို အသုံးပြုမည်ဖြစ်သည်။ သောကြာအခါ တိုင်းသည်  အဖြေမှန်ကို ဖော်ထုတ်ရန် အသင့်လျော်ဆုံး ဖြစ်ကြောင်း စွဲမြဲစွာ သိရှိထားရမည်။ အင်္ဂ၀ိဇ္ဇာ မလေ့လာခဲ့ဖူးသေးသူများအတွက် ဆိုင်ရာနေ့ရက်များ အလိုက် သောကြာအခါ ဖြစ်တည်သော အချိန်နာရီပိုင်းများကို အောက်တွင် ဖော်ပြပေးထားသည်။ ယင်းတို့ကို လေ့လာမှတ်သားပါ။
တနင်္ဂနွေနေ့    ….   ၀၀း၀၀ မိနစ်(တနင်္ဂနွေနေ့သို့ စတင်ကူးချိန်)  မှ နံနက် ၁း၃၀ မိနစ်ကြား
                           နံနက် ၇း၃၀ မိနစ်    မှ …. နံနက် ၉း၀၀ ကြား
                             ည ၇း၃၀ မိနစ်   မှ ….. ည ၉း၀၀ ကြား
တနင်္လာနေ့    ….     နေ့ခင်း  ၁း၃၀ မိနစ်  မှ … နေ့ခင်း ၃း၀၀ ကြား
အင်္ဂါနေ့        ….      နံနက်  ၁း၃၀ မိနစ်  မှ  ..နံနက် ၃း၀၀ ကြား
                           နံနက်  ၉း၀၀   မှ  နံနက် ၁၀း၃၀ မိနစ် ကြား
                          ည   ၉း၀၀   မှ  ည ၁၀း၃၀ မိနစ် ကြား
ဗုဒ္ဓဟူးနေ့    ….      ညနေ ၃း၀၀   မှ ညနေ ၄း၃၀ မိနစ်ကြား
ကြာသာပတေးနေ့ ….     နံနက် ၃း၀၀  မှ  နံနက် ၄း၃၀ မိနစ် ကြား
                                နံနက် ၁၀း၃၀ မိနစ် မှ .. မွန်းတည့် ၁၂း၀၀ ကြား
                                ည    ၁၀း၃၀ မိနစ်  မှ .. ညဉ့်သန်းခေါင် ၁၂း၀၀ ကြား
သောကြာနေ့                နံနက်  ၆း၀၀   မှ  ၇း၃၀ ကြား
                                 ညနေ ၄း၃၀ မိနစ် မှ ၇း၃၀ မိနစ် ကြား
စနေနေ့                       နံနက် ၄း၃၀ မိနစ်  မှ .. နံနက် ၆း၀၀ ကြား
                                 မွန်းတည့် ၁၂း၀၀   မှ  iနေ့ခင်း ၁း၃၀ မိနစ် ကြား
                                                                         
(၃)  အဖြေရှာရာတွင် အသုံးပြုရမည့် ပစ္စည်းများ      …..

နာရီ ၊ ပြက္ခဒိန် အမျိုးမျိုး ၊ ဓါး ၊ ပေတံ ၊ ကာကူလေတာ ၊ ……စသည်။

ယင်းတို့အားလုံး ကို မဆိုလို ….အဆင်ပြေသော …ပစ္စည်းအချို့ကို မိမိနဘေးတွင် ထားပါ။ ယင်းတို့ကို ထိတွေ့ကိုင်တွယ်နေရင်း မိမိ အဖြေရှာလိုသော အချင်းအရာကို စူးစမ်းရှာဖွေ တွေးတော အဖြေထုတ်ယူပါ။

(ဃ)

ကျွန်တော် …. သော့တစ်ချောင်း  လက်ဆောင် ပေးခဲ့ပြီးပါပြီ။  သိပ်လွယ်လွန်းလို့ ….၊ ဖတ်ကြည့်ပြီး ဘာမှ မထူးဆန်းလို့ ….သံသယ စိတ်တွေဝင်နေမယ့် အစား လက်တွေ့လုပ်ကြည့်လိုက်ပါ။ မိမိဘက်က စိုက်ထုတ်ရမယ့် ….ယုံကြည်မှု ၊ ဇွဲ ၊ အရည်အသွေး စတာတွေကိုတော့  …iပေးဆပ်ဖို့ မမေ့ပါနဲ့။ ဘာမှ အရင်းမစိုက်ဘဲနဲ့တော့ အလကား ဘာမှ သင် မရနိုင်ပါ။

ကွန်ပြူတာပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ သမားတော်ကြီးတွေ၊ သိပ္ပံပညာရှင်တွေ ၊ စသည်ဖြင့် နယ်ပယ်အသီးသီးက ပညာရှင်တွေကို တိုက်တွန်းလိုတာကတော့ ….iမောင်ဖုန်းပြောတဲ့ ဟောဒီ့ နည်းလေးကို လက်တွေ့လုပ်ကြည့်လိုက်ကြစမ်းပါ။ ပြီးတော့မှ ကျေးဇူးတင်ပါ။ ခင်ဗျားတို့ခေါင်းထဲမှာ ဘယ်လိုမှ အဖြေရှာမရတဲ့ ပုစ္ဆာတံခါးတွေ ကို ဖွင့် မယ့် သော့တစ်ချောင်း လို့ပဲ ဆိုပါရစေ။
ပညာသင်နေယူနေဆဲ ကျောင်းသားများ (အထူးသဖြင့် သချာင်္သိပ်ညံ့တယ် ဆိုတဲ့ ကလေးတွေ) အတွက် လည်း ဒီနည်းစနစ်က  အင်မတန် အကျိုးပြုပါလိမ့်မယ်။ လက်တွေ့ကျမှ ယုံတယ် ဆိုသူများ အတွက်လည်း ..iမောင်ဖုန်းက သည်နေရာကနေ မြန်မာ့ရိုးရာဗေဒင်ပညာ ရပ်ကို ဒီနည်းနဲ့ ဖော်ပြပြီး ….iဒေါင်ဒေါင်မြည်ကြောင်း သက်သေပြလိုက်ရပါတယ်။

ဒေါင်…
ဒေါင်…
ဒေါင်…

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီ မောင်ဖုန်း

Friday, February 9, 2018

အကြွေးတောင်း အင်တာဗျူး အဆင်ပြေစေဖို့

အကြွေး  aတောင်း  အင်တာဗျူး  aဖြေ  အဆင်ပြေ  iစေဖို့
လူတိုင်  လူတိုင်း က  အကြွေး ရစရားရှိတာ တွေး  မရဘဲ  အခက်  ခဲ့  ငဖြစ် နေရင်
အလုပ် ရှောက်  အင်တာဗျူး  ပဖြေ အဆင်  အပြေ  iစေ ဖို့ရာ  အချိန် ကုန် ငွေကုန်လည်း သက်သာမယ့်ယတြာ

လို အပ်တဲ့ ပစ္စည်း ကတော့
  သြဇာ ညွန့်  ၁၄ ညွန့်
သြဇာ မရ  ခဲ့ ရင်

အုန်းသီး  ၆ စိပ်
ဆီးသီး    ၈လုံး

လုပ်ရမယ့်  နည်းကတော့


 တနင်္ဂနွေးသားသမီး တဦးဦးစီကရစရာ အကြွေး   သို့မဟုတ် တနင်္ဂနွေးသားသမီးများ အလုပ်လျှောက်
အင်းတာဗျူဖြေး  iတော့မယ် ဆိုရင်
ပျဉ်းမ ပင် သို့မဟုတ် ပျဉ်တော်သိမ်း  ပင် တစ်ပင်  iအောက်မှာ
အထက်ပါ ပစ္စည်းများ   ချပြီး  iမြောက် အရပ်သို့  မျက်နှာမူ ပြီး ဆုတောင်း ပါ။

တနလာင်္သားသမီး တဦးဦးစီက  အကြွေး  ရဖို့  သို့ မဟုတ်  အလုပ်လျောက် အင်တာဗျူးဖြေ အဆင်ပြေ စေ ဖို့
 သီဟို သို့မဟုတ် သီးပင်  ရရာ အပင်အောက်မှာ အထက်မှာ  ပစ္စည်းများ
ထားပြီးတော့
အနောက်  iတောင် အရပ် သို့ မျက်နှာမူ ပြီးဆုတောင်းပါ။

အင်္ဂါသားသမီးများ အတွက်
 အကြွေးရစေဖို့  အင်တာဗျူးဖြေး အလုပ် လျောက် အဆင်ပြေ စေဖို့

ထန်းပင် ထိန်ပင်  iအောက် မှာ အထက် ပါပစ္စည်းများ  ချထား ပါ  အရှေ့မြောက် အရပ်ကို  မျက်နှာမူပြီး ဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး များတွက် အကြွေး   ရ စေ ဖို့   အင်းတာဗျူး အလုပ်လျောက် အဆင်ပြေစေဖို့

အုန်း ပင်  iအောက် မှာအထက်ပါပစ္စည်း ချပီး
အရှေ့  အရပ်ကို မျက်နှာမူပြီးဆုတောင်းပါ။

ကြားသာပတေးသားသမီးများတွက်အကြွေးရစေဖို့ အလုပ် ရှောက်  အင်တာဗျူးပြေစေဖို့
အထက်ပါပစ္စများ
ခရေး ပင် ကံကော်ပင်
တခုခု  iအောက် မှာ ထားပြီး အရှေ့တောင်  အရပ်ကို မျက်နှာမူ ပြီး ဆုတောင်း ပါ

သောကြာ သားသမီး များ အတွက်
အကြွေး ရ  အင်းတာဗျူးဖြေ အဆင်ပြေ စေဖို့ ညောင်ပင်  တပင် ရဲ့ အောက် မှာ အထက် ပါပစ္စများ  ခြထားပြီး
တောင်အရပ် ကို မျက် နှာမူပြီး ဆုတောင်း ပါ။

စနေသားသမီးများတွက်
အကြွေး ရ ရှိ ဖို့  နဲ့ အင်းတာဗျူးဖြေးအလုပ် လျောက် အဆင်  iပြေစေဖို့
ရဲယိုပင် ရွက်လှ ပင်  တခုခု  ရဲ့ အောက် မှာ  အထက်ပါ ပစ္စည်းများ ချပြီး  အနောက် အရပ် သို့ မျက်နှာမူပြီးဆုတောင်း  ပါ။

မှတ် ချက်
ယတြာ ၇ခုလုံး  မှာ
အကြွေးရ စရာ ရှိရင်    ထို့သူ  ရဲ့  iနေ့နံ ကို သုံး
အလုပ်  အင်းတာဗျူး လျောက် ရင် မိမိ နေ့ နံ  ကို  သုံး

မိမိ  အလိုရှိရာ  အသုံး ပြုခဲ့သော  အပင်စောင့် ရုက္ခစိုး  ဘယ် အရာ  မဆို ပေါ့နော်
  ကတိ ကဝတ်ပေး   အကြွေး ရ ရင် ဘာ  လုပ်  iပေး မယ်  ဘာကျွေး မယ် ဆိုး မျိုး  လုပ်  ရင်
 ပိုပြီး  အစွမ်း ထက် ပါသည်။

သေသဝိဇ္ဇာ ဦးမောင်မောင်ကြည်  မူ နဲ့
ညီဇော် ရဲ့ အတွေးပေါင်းစပ်  တင်ပြသည်။။
မူးရင်းလင့်။  ။https://m.facebook.com/groups/1573638246261942?view=permalink&id=1846212689004495

Wednesday, February 7, 2018

သဗ္ဗသိဒ္ဓိ သိဒ္ဓိအောင် သိဒ္ဓိတင်ဆုတောင်းမန္တန်

သဗ္ဗသိဒ္ဓိ သိဒ္ဓိအောင် သိဒ္ဓိတင်ဆုတောင်းမန္တန်
------------------------------------------------------------
 အဆောင်လက်ဖွဲ့များ အင်း အိုင် စမ များ။ရုပ်ထုအဆောင်မ်ား စသည်တို့ကို သိဒ္ဓိတင်ချင်တာပဲဖြစ်ဖြစ်။ ဖယောင်းတိုင်စီရင်နည်းထဲက တစ်မျိုးမျိုးကိုစီရင်ပြီးတဲ့အခါမျိုးမှာ သိဒ္ဓိတင်ချင်တာပဲဖြစ်ဖြစ် ယတြာခြေသောပစ္စည်းမ်ား ကိုသိဒ္ဓိတင်ချင်တာပဲဖြစ်ဖြစ်
အဓိဌာန်ဝင်ရောက်ပြီးသည့်အချိန်မ်ားမွာ ဆုတောင်းလိုတာအဲဖြစ်ဖြစ်
aနောက်ဆုံး ကိုယ့်နာမည် ကိုယ်ခန္ဓာကိုယ်ကိုပါ သိဒ္ဓိတင် လို့ရပါတယ်ခင်ဗ်ာ။

ဒီသိဒ္ဓိတင်ဆုတောင်းမန္တန်နှင့် သိဒ္ဓိတင်မယ်ဆိုရင် အရင်ဆုံး ၅ပါးသီလခံယူထားရပါမယ်။ပြီးရင် သစ္စာတစ်ခုဆိုပြီး ဤမှန်ကန်သောသစ္စာစကားကြောင့်

` တေဇသိဒ္ဓိ ဇေယျသိဒ္ဓိ ဗလသိဒ္ဓိ ဓနသိဒ္ဓိ ဥဒက သိဒ္ဓိ ပထဝီသိဒ္ဓိ အာကာသိဒ္ဓိ အာရောဂျ သိဒ္ဓိ အာယုသိဒ္ဓိ စိန္တာမယသိဒ္ဓိ သိဒ္ဓိဓာတ်ပေါင်း ရံခညောင်း၍ တစ်သောင်းဇ္ဗူဒီပါ မြေမျက်နှာဝယ် ကောင်းကျိုးချမ်းသာ မင်္ဂလာကျက်သရေ တိုးတက်စေအောင် စွမ်းဆောင်နိုင်ပါစေသတည်း။

သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ သိဒ္ဓ်ိအပေါင်း ထောင်သောင်းကြေညာ တေဇာတန်ခိုး တက်ဆရာတက် အောင်ဆရာအောင် သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ သိဒ္ဓိအပေါင်းထောင်သောင်းကြေငြာ တေဇာလင်း၍ aအောင်ခြင်းကြီးအောင်ပါစေသတည်း။

ရဝီစန္ဒြ ဘောမ ဗုဒ္ဓ ဂုရုနှောလျက် သုဒေ္ဓာ aသောရီ တလီရာဟု ရှစ်ခုသောဂြိုဟ် ဝင်လို့ခို အလိုရှိတိုငး်ပြည့်စေသော်ဝ်။

ဉာဏ်ရွိသလို ဘက်စုံအသုံးပြုနိုင်ပါတယ်ခင်ဗ်ာ။

    aဇေယျာဦး

အောင်စင်္ကြာဂါထာနှင့်အင်းအသုံး

မူရင်းလင့်။  ။https://m.facebook.com/story.php?story_fbid=1262591040521903&substory_index=0&id=893408380773506

အောင်စင်္ကြာ (သို့) မဟာတေဇ ဂါထာတော်
____________________________________
မန္တလေး ရန်ကင်းတောင်ရောက်ခဲ့စဉ်က ရှိခဲ့တဲ့နည်းလေးပါ။ ရန်ကင်းတောင်ကို တစါယောက်ထဲ ယောင်တာင်တောင်နဲ့ ဟိုမေးဒီမေးရောက်သွားနယ်ပေါ့ဗျာ။အဲ့ဒီမှာ အဘတစ်ယောက်နဲ့ရင်းနီးပြီး ရခဲ့တဲ့ဂါထာ နဲ့အသုံးလေးပါ။
"ကြုံတုန်းလေး သားကို အဘရဲ့ ဘိုးဘွားတွေလက်တင့်ကမ်းရွတ်ဆိုလာကြတဲ့ဂါထာ အစီအမံက်ုဒါနပြုလိုက်မယ်သား တစ်ချိန်ချိန်တော့အသုံးဝင်မှာပေါ"

ဟုတ်ကဲ့ပါ အဘ

"ဒီဂါထာက ဘာတွေကောင်းလည်းဆိုတော့ ဘုန်းတန်ခိုးတိုးတက်စေတယ် မြင့်မြတ်တဲ့ အိုးအိမ် ရာထူး ကား စတဲ့ လောကီအသုံးအဆောင်တွေရှိစေတက်တယ်။ လာဘ်လာဘထူးတွေရှိစေတက်တယ်။
နောက်ပြီး တနယ်တစ်ကျေးမှာစီးပွားရှာနေတဲ့သူတွေ အတွက် အန္တရယ်ကင်း လုပ်ကိုင်သမျှအဆင်ပြေစေတယ်။"

"ဟုတ်အဘ ဒါဆို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေပါရွတ်လို့ရတာပေါ"

"ဟုတ်တ်ာပေါ့  အဘကတော့ အဘဆီလာတဲ့သူတွေ နိုင်ငံခြားမှာ အဆင်မပြေဖြစ်တဲ့သူတွေကို အင်းဖယောင်းတိုင်စီရင်ပေးပြီး ဒီကနေထွန်းခိုင်း ဟိုမှာရောက်နေတဲ့သူကလည်း ဂါထာကို အခုပြောမယ့်နည်းတွေအတိုင်းတိတိကျကျရွတ်ဆိုပေး ဒါဆို တစ်လ အတွင်းအတင်ပြသွားကြတယ် ကံပေါ်မူတည်တာပေါ့ တစ်ချို့ဆို ၁၅ရက် တစ်ချို့ဆို ၁၀ရက်ပဲကြာတက်တယ်"

ဟုတ်အဘ

"ကဲဂါထာရွတ်ပုံရွတ်နည်းလေးပြောပြမယ် ဂါထာကို ရွတ်တော့မယ်ဆို အရင်ဆုံး နမောတဿ ပဏာမ ဘုရားရှစ်ခိုး ၃ခေါက်ရွတ်ဆိုရမယ် ပြီးရင်သရဏုံ ၃ပါး ၃ခေါက်ရွတ်ပြီး

ဂါထာကို မိမိသက်စေ့ထက်တစ်ခေါက်ပိုရွတ်ရမယ် ရက်မပြတ်ရွတ်ရမယ် အကောင်းဆုံးကတော့ အဓိဌာန်ရက်ရေတစ်ခုသတ်မှတ်ပြီး မနက် နေ့လယ် ည တစ်နေ့ ၃ကြိမ်ရွတ်ရမယ်
မနက်စောစော အိပ်ယာထပြီးသောက်မယ့်ရေကိုလည်း ဂါထာ၉ခေါက် ရွတ်ပြီးမှသောက်ရမယ်သား
ရက်ပျက်လို့မရဘူး ရက်ပျက်ရင် အစကပြန်စရမယ်"
ဟုတ်အဘ

"ရွတ်ရမယ့် ဂါထာကို သေချာရေးထားသား
စာလုံးမှားတာနဲ့ အဓိပ္ပါယ်ပါလွဲသွားတက်တယ်

အောင်စင်္ကြာ မဟာတေဇဂါထာတော်
______________________________
 မဟာဒယံ မဟာပညံ
မဟာတေဇံ မဟာဝိရံ
ဂုဏာလယံ ကတပုညံ

ဓမ္မရာဇံ  န _မေ ဇိနံ   "

အဲ့တာလေးပဲသား ဂါထာတိုပေမဲ့စွမ်းတယ်  နမေ နေရာက်ု ခွဲပြီးရွတ်ပေးရမယ်သာ်း"

ဟုတ်ကဲ့အဘ အနက်အဓိပ္ပါယ်ကကောအဘ

"အင်းအနက်က
 ကြီးမြတ်သာသနားကြင်နာငြ်းနှင့်ပြည့်စုံတော်မူသော။
ကြီးမြတ်သော ပညာနှင့်လည်းပြည့်စုံတော်မူထသော။
ကြီးမြတ်တော် ဘုနါးတန်းခိုးနှင့်လည်းပြည့်စုံတော်မူထသော။
ကြီးမြတ်သော လုံးလလည်းရှိသော်မူထသော။
ဂုဏ်ကေိးဇူးအပေါင်းတို့ စုဝေးတည်ရာလည်းဖြစ်စတော်မူထသော။
ပြုအပ်ပြီးသော ဘုန်းသမ္ဘာ ပါရမီလည်းရှိထသော။
မာန်၅ပါးကိုလည်း အောင်မြင်တော်မူထသော။
တရားမင်းမြတ်စွာဘုရားကို
ရိုသေမြတ်နိုး လက်စုံမိုး၍ရှိခိုးပါ၏
အဲ့သလိုသား
 ဘယ်လောက်  ကြည်နူးစရာ အားထားစရာကောင်းလိုက်သလည်း  ဒီဂါထာက လောကီတင်မဟုတ်ဖူး လောကုတ္တရာအတွက်ပါအကျိုးရှိစေတယ်သား"

ဟုတ်တယ်နော်အဘ

"သားဘာမေးစရာရှိသေးလည်း"
"ဟို အင်းဖယောင်းတိုင်အကြောင်းပါအဘ"
"အင်းဖယောင်းတိုင်းမှာ နှစ်မျိုးသုံးလို့ရတယ်သား အင်းဖယောင်းတိုင်း ဂါထာဖယောင်းတိုင်ဆိုပြီးတော့ပေါ့
အင်းဖယောင်းတိုင်အတွက် အင်းက ၃၃ကွက်သား
သူကတခြားအင်းပုံစံနဲ့မတူဘူး ဒီလိုဆွဲရတယ်သား(အောက်က ပုံမှာအင်းံပြထားပေးပါတယ်)
နက္ခတ် အချိန်အခါရွေးပြီး ဆောင်ရွက်လို့ရပါတယ်သား။"
ဂါထာဖယောင်းတိုင်ကတော့ ဖယောင်းတိုင်မှာဂါထာရေးပြီးစီရင်ရတယ်သား
(ဖယောင်းတိုင်ဂါထာလုပ်နည်းကို နောက်မှဖော်ပြပေးပါမယ်ခင်ဗျာ အဆင့်များသလို ရေးရန်အခက်အခဲရှိနေလို့ပါ)
"စကားလည်းပြောလို့ကောင်းတယ် အဘလည်းအဓိဌာန်ဝင်စရာရှိသေးလို့ နောက်များမှကံမကုန်ရင် ထပိတွေ့ ကြသေးတာပေါ့"
ဟုတ်ကဲ့ပါ အဘ အခုလိုပြောပြရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

သို့နှင့် အဘအားကန်တော့ပြီး ရန်ကင်းတောင်ပေါ်မှပြန်ဆင်းခဲ့ပါတော့သည်။ တကယ်လက်တွေ့သုံးကြည့်သောအခါတွင်လည်းထူးခြားစွာအကျိုးပေးပါသည်။

zayar oo (ဆရာလင်းအေးချမ်း)လေ့လာစုဆောင်းမှတ်သား ဖြန့်ဝေကူညီ နေသူ။

အင်းအမျိုးမျိုး