မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1262591040521903&substory_index=0&id=893408380773506
အောင်စင်္ကြာ (သို့) မဟာတေဇ ဂါထာတော်
____________________________________
မန္တလေး ရန်ကင်းတောင်ရောက်ခဲ့စဉ်က ရှိခဲ့တဲ့နည်းလေးပါ။ ရန်ကင်းတောင်ကို တစါယောက်ထဲ ယောင်တာင်တောင်နဲ့ ဟိုမေးဒီမေးရောက်သွားနယ်ပေါ့ဗျာ။အဲ့ဒီမှာ အဘတစ်ယောက်နဲ့ရင်းနီးပြီး ရခဲ့တဲ့ဂါထာ နဲ့အသုံးလေးပါ။
"ကြုံတုန်းလေး သားကို အဘရဲ့ ဘိုးဘွားတွေလက်တင့်ကမ်းရွတ်ဆိုလာကြတဲ့ဂါထာ အစီအမံက်ုဒါနပြုလိုက်မယ်သား တစ်ချိန်ချိန်တော့အသုံးဝင်မှာပေါ"
ဟုတ်ကဲ့ပါ အဘ
"ဒီဂါထာက ဘာတွေကောင်းလည်းဆိုတော့ ဘုန်းတန်ခိုးတိုးတက်စေတယ် မြင့်မြတ်တဲ့ အိုးအိမ် ရာထူး ကား စတဲ့ လောကီအသုံးအဆောင်တွေရှိစေတက်တယ်။ လာဘ်လာဘထူးတွေရှိစေတက်တယ်။
နောက်ပြီး တနယ်တစ်ကျေးမှာစီးပွားရှာနေတဲ့သူတွေ အတွက် အန္တရယ်ကင်း လုပ်ကိုင်သမျှအဆင်ပြေစေတယ်။"
"ဟုတ်အဘ ဒါဆို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေပါရွတ်လို့ရတာပေါ"
"ဟုတ်တ်ာပေါ့ အဘကတော့ အဘဆီလာတဲ့သူတွေ နိုင်ငံခြားမှာ အဆင်မပြေဖြစ်တဲ့သူတွေကို အင်းဖယောင်းတိုင်စီရင်ပေးပြီး ဒီကနေထွန်းခိုင်း ဟိုမှာရောက်နေတဲ့သူကလည်း ဂါထာကို အခုပြောမယ့်နည်းတွေအတိုင်းတိတိကျကျရွတ်ဆိုပေး ဒါဆို တစ်လ အတွင်းအတင်ပြသွားကြတယ် ကံပေါ်မူတည်တာပေါ့ တစ်ချို့ဆို ၁၅ရက် တစ်ချို့ဆို ၁၀ရက်ပဲကြာတက်တယ်"
ဟုတ်အဘ
"ကဲဂါထာရွတ်ပုံရွတ်နည်းလေးပြောပြမယ် ဂါထာကို ရွတ်တော့မယ်ဆို အရင်ဆုံး နမောတဿ ပဏာမ ဘုရားရှစ်ခိုး ၃ခေါက်ရွတ်ဆိုရမယ် ပြီးရင်သရဏုံ ၃ပါး ၃ခေါက်ရွတ်ပြီး
ဂါထာကို မိမိသက်စေ့ထက်တစ်ခေါက်ပိုရွတ်ရမယ် ရက်မပြတ်ရွတ်ရမယ် အကောင်းဆုံးကတော့ အဓိဌာန်ရက်ရေတစ်ခုသတ်မှတ်ပြီး မနက် နေ့လယ် ည တစ်နေ့ ၃ကြိမ်ရွတ်ရမယ်
မနက်စောစော အိပ်ယာထပြီးသောက်မယ့်ရေကိုလည်း ဂါထာ၉ခေါက် ရွတ်ပြီးမှသောက်ရမယ်သား
ရက်ပျက်လို့မရဘူး ရက်ပျက်ရင် အစကပြန်စရမယ်"
ဟုတ်အဘ
"ရွတ်ရမယ့် ဂါထာကို သေချာရေးထားသား
စာလုံးမှားတာနဲ့ အဓိပ္ပါယ်ပါလွဲသွားတက်တယ်
အောင်စင်္ကြာ မဟာတေဇဂါထာတော်
______________________________
မဟာဒယံ မဟာပညံ
မဟာတေဇံ မဟာဝိရံ
ဂုဏာလယံ ကတပုညံ
ဓမ္မရာဇံ န _မေ ဇိနံ "
အဲ့တာလေးပဲသား ဂါထာတိုပေမဲ့စွမ်းတယ် နမေ နေရာက်ု ခွဲပြီးရွတ်ပေးရမယ်သာ်း"
ဟုတ်ကဲ့အဘ အနက်အဓိပ္ပါယ်ကကောအဘ
"အင်းအနက်က
ကြီးမြတ်သာသနားကြင်နာငြ်းနှင့်ပြည့်စုံတော်မူသော။
ကြီးမြတ်သော ပညာနှင့်လည်းပြည့်စုံတော်မူထသော။
ကြီးမြတ်တော် ဘုနါးတန်းခိုးနှင့်လည်းပြည့်စုံတော်မူထသော။
ကြီးမြတ်သော လုံးလလည်းရှိသော်မူထသော။
ဂုဏ်ကေိးဇူးအပေါင်းတို့ စုဝေးတည်ရာလည်းဖြစ်စတော်မူထသော။
ပြုအပ်ပြီးသော ဘုန်းသမ္ဘာ ပါရမီလည်းရှိထသော။
မာန်၅ပါးကိုလည်း အောင်မြင်တော်မူထသော။
တရားမင်းမြတ်စွာဘုရားကို
ရိုသေမြတ်နိုး လက်စုံမိုး၍ရှိခိုးပါ၏
အဲ့သလိုသား
ဘယ်လောက် ကြည်နူးစရာ အားထားစရာကောင်းလိုက်သလည်း ဒီဂါထာက လောကီတင်မဟုတ်ဖူး လောကုတ္တရာအတွက်ပါအကျိုးရှိစေတယ်သား"
ဟုတ်တယ်နော်အဘ
"သားဘာမေးစရာရှိသေးလည်း"
"ဟို အင်းဖယောင်းတိုင်အကြောင်းပါအဘ"
"အင်းဖယောင်းတိုင်းမှာ နှစ်မျိုးသုံးလို့ရတယ်သား အင်းဖယောင်းတိုင်း ဂါထာဖယောင်းတိုင်ဆိုပြီးတော့ပေါ့
အင်းဖယောင်းတိုင်အတွက် အင်းက ၃၃ကွက်သား
သူကတခြားအင်းပုံစံနဲ့မတူဘူး ဒီလိုဆွဲရတယ်သား(အောက်က ပုံမှာအင်းံပြထားပေးပါတယ်)
နက္ခတ် အချိန်အခါရွေးပြီး ဆောင်ရွက်လို့ရပါတယ်သား။"
ဂါထာဖယောင်းတိုင်ကတော့ ဖယောင်းတိုင်မှာဂါထာရေးပြီးစီရင်ရတယ်သား
(ဖယောင်းတိုင်ဂါထာလုပ်နည်းကို နောက်မှဖော်ပြပေးပါမယ်ခင်ဗျာ အဆင့်များသလို ရေးရန်အခက်အခဲရှိနေလို့ပါ)
"စကားလည်းပြောလို့ကောင်းတယ် အဘလည်းအဓိဌာန်ဝင်စရာရှိသေးလို့ နောက်များမှကံမကုန်ရင် ထပိတွေ့ ကြသေးတာပေါ့"
ဟုတ်ကဲ့ပါ အဘ အခုလိုပြောပြရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
သို့နှင့် အဘအားကန်တော့ပြီး ရန်ကင်းတောင်ပေါ်မှပြန်ဆင်းခဲ့ပါတော့သည်။ တကယ်လက်တွေ့သုံးကြည့်သောအခါတွင်လည်းထူးခြားစွာအကျိုးပေးပါသည်။
zayar oo (ဆရာလင်းအေးချမ်း)လေ့လာစုဆောင်းမှတ်သား ဖြန့်ဝေကူညီ နေသူ။
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထွန်းအစီအရင်များ (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင်းစမပညာများ (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
No comments:
Post a Comment