ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, May 4, 2018

စိတ်တည်ငြိမ်ပီးစူးစိုက်မူ့အားကောင်းလာအောင်ပုတီးစိတ်ကြမယ်.........


ကျွန်တော်တို့အားလုံးပုတီးစိတ်ဖူးကြပါတယ်။အဲ့လိုပုတီးစိတ်တဲ့အခါမိမိအဓိဌာန်တင်ထားသောအပတ်ရည်ပြည့်သည့်တိုင်အောင်သိုတည်းမဟုတ် အနဲဆုံး ပုတီးလေး၉ပတ်ပြည့်သည့်တိုင်အောင်စိတ်ကိုတပါးသို့မပြေးစေပဲ မိမိအာရုံပြုရာ ဂုဏ်တော်။ဂါထာတော်။ပရိတ်ပဌာန်း စသည်မွာပဲ စူးစိုက်ထားနီုင်တဲ့ သမာဓိမျိုး ရှိကြပြီလား?
ကျွန်တော်တို့လို အနုစား ပုထုဇဉ်များအတွက် ဆယ်မိနစ်၁၅မိနစ်လောက်သမာဓိစူးစိုက်နိုင်ဘို့အရမ်းကိုခက်ပါတယ်။ဒါကြောင့်လည်း ပုတီးဖြင့်ပေါက်မြောက်အောင်မြင်သောပုဂ္ဂိုလ်ရှားပါးလှပါတယ်။ကောင်းပီအဲ့တော့ ပုတီးစိတ်တယ်ဆိုတာ အခြေခံအားဖြင့်ယေဘုံယ အားဖြင့်သမထ အလုပ်ပေါ့။သမထ စစ်စစ်ဆိုတာက တကယ်တော့ ကာယကံ၀စီကံမပါတဲ့ မနောကံသက်သက်ပြုရပွားများရတဲ့အလုပ်ပါ။
ပုတီးစိတ်တယ်ဆိုရင်တော့ ကာယကံ ၀စီကံ မနောကံ ၃ပါးလုံးပါ၀င်နေတဲ့အတွက် သမထ စစ်စစ်ကြီးမဟုတ်ပေမဲ့ နည်းလမ်းမှန်ရင်တော့ ဥဂ္ဂနမိတ် အဆင့်နဲ့ ပဋိဘာဂ အဆင့်နားလောက်တော့ရောက်နိုင်ပါတယ်။
အဲ့လောက်ရောက်ရင် ပုတီးလမ်းမွာ ၆၀ ရာနူန်းလောက်ခရီးပေါက်ပါပီ။
ဂါထာမန္တန်တွေလည်းစွမ်းလာပါပီ။အင်းစမတွေလည်းစွမ်းစပြုလာပါပီး
ဘာကြောင့်လဲဆိုတော့ စိတ်ရဲ့စူးစိုက်အားကောင်းသွားပီဖြစ်လို့ စိတ်တန်ခိုး စတင်ထွက်ပေါ်လာတာပါပဲ။စိတ်စူးစိုက်အားသမာဓိမရှိလို့ကတော့ ရွတ်နေရင်း အမြုတ်သာပါးစပ်ကထွက်သွားမယ် မန္တာန်ကတော့ စွမ်းဖို့မလွယ်ပါ။တခုတော့ရှိပါတယ်။ဂုဏ်တော်တွေပွားနေရင်တော့ ကုသိုလ်ကံတွေမြင့်မားလာမွာပါပဲ။သမာဓိအားပါကောင်းလာရင်တော့ ကုသိုလ်ပိုရမယ်။ပိုစွမ်းလာမယ်။
aလောဘ ကိုဦးတည်တယ်ပြောချင်လည်းပြောပါ။လောကီပုတီးလမ်းမှာပုတီးစိတ်နေသူတွေဟာကုသိုလ်ကြီးသက်သက်ရဖို့အတွက်ပုတီးစိတ်နေတာမဟုတ်ဘူးဆိုတာကတော့အသေအချာပါပဲ။
၁။ကုသိုလ်ရဖို့
၂။ကံဇာတာပွင့်ပီးအလုပ်အကိုင်စီးပွားပွင့်လန်းလာဖို့
၃။မမြင်ရသော ဘိုးတော်မယ်တော်သိုက်ဘာညာတွေဆီကနေအကူအညီရဖို့
၄။သမာဓိတွေတက်လာပီး မိမိလိုက်စားရာ ပညာတွေ စွမ်းလာဖို့
ဒီလိုအချက်တွေကိုလိုချင်ဖြစ်ချင်လို့ဆိုတာ မငြင်းနိုင်ပါဘူး။
အခုတင်ပြချင်တာကတော့ အဲ့ဒါတွေဖြစ်ဖို့ ပုတီးကိုစိတ်စူးစိုက်အားကောင်းကောင်းသမာဓိကောင်းကောင်းနဲ့ စိတ်နိုင်အောင်လက်တွေတကယ်လုပ်နေဆဲ လမ်းအမှန်ကိုပြပေးချင်တာပါ။
အချိန်ဘယ်လောက်ကြာမလဲ ကျွန်တော်တို့လို့ပါရမီနုသူတွေအတွက်တလ။ပါရမီရင့်ပီးသားသူတွေ တရက်၊တပတ်ပဲကြာမှာပါ။
စိတ်စူးစိုက်အားတွေသမာဓိအလင်းတွေတက်လာမယ်။အလုပ်တွေအောင်မြင်လာမယ်။ကဲအဲ့တော့ ပုတီးဘယ်လိုစိတ်ကြမလဲ။
သမထ ၀ိပသနာတွေအားထုပ်တော့မယ်ဆိုရင် ပရိကံပြုတဲ့အလုပ်ပါလာပါပီး။ဒီကိစ္စကတော့အားလုံးသိပီးသားဖြစ်လို့ ဘာမွမပြောလိုတော့ပါဘူး။ပုတီးကိစ္စသက်သက်ကိုပဲပြောရအောင်။
ပရိကံတွေပြုပီးပီဆိုတာနဲ့ လွတ်လွတ်လပ်လပ်သက်သက်သာသာ
ကြိုက်တဲ့အရိယာပုတ်နဲ့ iနေပါ။ထိုင်ပါ။ရပါတယ်။ကျွန်တော်ကတော့ ရိုူရိုးပဲထိုင်ပါတယ်။ပုတီးကိုလက်တဘက်နဲ့ပဲကိုင်ကိုင်၂ဘက်နဲ့ပဲကိုင်ကိုင်ကြိုက်သလိုကိုင်ထားပါ။
၂။စိတ်အာရုံတွေအားလုံးလျှော့ချလိုက်ပါ
၃။စိတ်လေးကို အသက်ရူနေတဲ့နှာသီးဖျားလေးမှာပဲထားထား
ပုတီးကိုင်ထားတဲ့လက်မွာပဲထားထား အဆင်ပြေပါတယ်။
ကျွန်တော်ကတော့ တခါတလေနှာသီးဖျား။တခါတလေ ပုတီးကိုင်တဲ့လက်လေးမှာထားပါတယ်။
၄။ပီးပီဆိုတာနဲ့ ဘာဂုဏ်တော်ဘာဂါထာမှမရွတ်ပဲ ပုတီးတလုံးချ ရင်၁ iနောက်တလုံး ၂ စသည်အားဖြင့် iနှေးလည်ူမနှေး မြန်လည်းမမြန် မှန်မှန်လေးလေးနက်နက်လေး စိတ်ထဲကနေ အသံလေးထွက်ပီး စိတ်ကဆိုနေတာကို အာရုံလေးပြုပီး၁၀၈ ပြည့်တဲ့အထိ စိတ်သွားကြည့်ပါ။မိမိစိတ်ကလေးဘယ်မွမပြေးတော့တာကိုတွေ့ရပါလိမ့်မယ်။ခုချက်ချင်းလုပ်ခုချက်ချင်းတည်ငြိမ်သွားပါလိမ့်မယ်။
၅။ဘယ်လောက်စိတ်ရမလဲဆိုတော့ ပုတီးလုံးလေး ပါတ်စိတ်ကလေးတည်နေမျှစိတ်ပါ။အကြာကြီးမစိ်တ်ပါနဲ့ နားလိုက် စိပ်လိုက်ကျင့်ကြည့်ပါ။ပုတီးနဲ့လက်အပေါ် အာရုံပြု ထားရင်လဲ တဖြေးဖြေးနဲ့ စိတ်ထဲမွာ ပုတီလုံးနဲ့ လက်ကို အာရုံထဲရေးရေးလေးပေါ်လာပါလိမ့်မယ်။
၆။အဲ့ကနေ ပုတီးလုံးနဲ့ လက်ကို မျက်စိဖွင့်ကြည့်သလိုမြင်လာပီဆိုရင်တော့ သင် ပုတီးလမ်းမွာ ခရီးပေါက်ပါပီ။
ပုတီးသမာဓိတည်သွားပါပီ။နှစ်သက်ရာ ဂုဏ်တော်ဂါထာဘာညာ စိတ်ပါတော့ စွမ်းပါပီ။အလိုရှိရာ ခဏလေး အာင်မြင်ပါပီ။
ကျွန်တော်ကတော့ သရဏဂုံနဲ့ ၂၄ ပစ္စည်းကိုစိတ်ပါတယ်။
စိတ်ဖြစ်လိုရာ ကာင်းတဲ့ကိစ္စမှန်သမ်ွ အကုန်အောင်မြင်ပါတယ်။
အင်း ရးလည်း စွမ်းပါတယ်။ဂါထာရွတ်လည်းစွမ်းပါတယ်။ဗေဒင်ဟောလည်းမှန်ပါတယ်။သင်လည်းစွမ်းလာပါလိမ့်မယ်။စကျင့်လိုက်တာနဲ့ကို ချက်ချင်းအေးငြိမ်းတဲ့စိတ်ကလေး အရသာကို ချက်ချင်း ခံစားရပါတယ်။မယုံလျှင် ပုတီးတပတ်လောက်စိတ်ပီးစမ်းသပ်ကြည့်ပါ ။
အချိန်ရလျှင် ပဌာန်း၂၄ ပစ္စည်း နဲ့ ပုတီးနဲ့ လက်နဲ့ ထိ ထိ iနေတာကို၀ိပသနာ အမြင်လေးတင်ပြပေးပါ့မယ်။
မတ္တာဖြင့်

မူရင်းလင့်။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=1888988171393613

No comments: