ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, September 7, 2018

လွယ်ကူစွမ်းထက်အမှန်တကယ်အောင်မြင်စေသောယတြာ



မိတ်ကိုဓါတ်အုပ်အားကြီးဟုတ်လွယ်ကူအစွမ်းထက်လုပ်မခက်

အလုပ်အကိုင်အိုးအိမ်အတွက်
အဆင်မပြေဖြစ်နေလျှင်

 တနင်္ဂနွေနေ့ နံက် ၇ နာရီ ၃၀ မိနစ်မှ ၉နာရီအတွင်း ပိတောက်ညွန့် ၂၉ ညွန့်ကို တနင်္ဂနွေဒေါင့်အရပ်မှနေပြီးလိုရာဆုတောင်းလှူပါ

ငွေဝင်နည်းခြင်း၊ အကြွေးများရရန်ကြန့်ကြာနေခြင်း
ဖြစ်နေလျှင်
 တနလာၤနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း လက်ပန်ရွက် ၉ ရွက် ကို
တနလာၤဒေါင့်အရပ်မှလှူပြီးဆုတောင်းပါ

ဈေးဆိုင်များအရောင်းဝယ်ပါးနေခြင်း၊
စက်ပစ္စည်းကြောင့်အခက်အခဲဖြစ်နေခြင်းကြုံနေလျှင်

အင်္ဂါနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း သရက်သီးစိပ် ၁၀ စိပ်ကို
အရှေ့တောင်ဒေါင့်အရပ်မှလိုရာဆု
တောင်းလှူပါ

ရွှေကိစ္စ၊သားသမီးသောက၊ လျှပ်စစ်ပစ္စည်း၊ လ်ဘက်ရည်ဆိုင်များ အဆင်ပြေအောင်မြင်စေလိုလျှင်

 ဗုဒ္ဓဟူးနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း ကသစ်ညွန့် ၈ ညွန့်ကို
တောင်အရပ်မှနေ၍လိုရာဆုတောင်းလှူပါ

မြေကိစ္စ၊မိန်းမကိစ္စ ၊
အမွေပြ ဿနာများကြုံတွေ့နေလျှင်

 ကြာသပတေးနေ့နံက် ၇ နာရီ ၃၀မိနစ်မှ ၉ နာရီအတွင်း ဇောင်ဂျမ်းညွန့် ၅ ညွန့်ကို အနောက်ရပ်မှနေ၍လိုရာဆုတောင်းလှူပါ

ခရီးသွာရန်ကြံ့ကြာနေသူများ

 သောကြာနေ့နံက် ၇ နာရီ ၃၀မိနစ်မှ ၉နာရီအတွင်း စောင်းလျှားညွန့် ၇ ညွန့် ကို မြောက်မျက်နှာအရပ်ကနေ လိုရာဆုတောင်းလှူပါ

ဝန်ထမ်းများရာထူးအတက်နှေးခြင်း၊
နိုင်ငံခြားခရီးသွားရန်အဆင်မပြေဖြစ်
နေသူများ၊ အစိုးရဝန်ထမ်းအလုပ်လျှောက်ထားလိုသူများအဆင်ပြေအောင်မြင်စေရန်

 စနေနေ့ နံက်၇ နာရီ ၃၀မိနစ်မှ၉ နာရီအတွင်း ဝံအူသားကိုမိမိမွေနံရေးပြီး အနောက်တောင်ဒေါင့်အရပ်မှလိုရာဆုတောင်းလှူပါ
စေတီဘုရားတစ်ဆူဆူမှာသွားလုပ်ရပါမယ်

မိတ်ဆွေများရွှင်လန်းချမ်းမြေ့အခက်အခဲမှန်သမျှကင်းပကြပါစေ။

 နက္ခတ္တဗဒဝိဇ္ဇာ ဆရာကျော်မျိုးလွင်

 09420936117
 09973411831


မူလေရးသားသူကို crd ပေးပါတယ်

 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=457745091315772&id=100012408546127

No comments: