စိတ်တစ်ခု၏ တည်ဆောက်ကျင့်ကြံမှုတွင် အေးဆေးတည်ငြိမ်သော အပိုင်းကိုအဓိကထားသည်မဟုတ်ပါလော လူတွင် မွေးဖွားထဲက စိတ်အစွမ်းသတ္တိသည် အနည်းနှင့်အများပါလာတက်ကြ၏ လောဘဒေါသတွေကြောင့် ငုပ်လျှိုးနေကြ၏ စိတ်သည် တစ်စုံတစ်ခုပေါ်တွင် စူးစိုက်ဖန်များ တည်ငြိမ်လာသော် မိမိစိတ်သည် အစွမ်းထက်လာ၏- ထို့ကြောင့် သမထ ဘာဝနာ ပုတီးစိပ်ခြင်း ဂါထာမန္တန်ရွတ်ပွားခြင်း ကသိုဏ်းဝန်း ကြည့်ခြင်းများဖြင့် စိတ်ကိုထက်သထက်ထက် စွမ်းသထက် စွမ်းလာအောင်ပြုလုပ်ကြ၏— အစွမ်းသတ္တိတန်ခိုးဆိုသည်မှာ မိမိခန္ဓာကို အရင်းပြု၍ လုံ့လဇွဲတို့ဖြင့် ကျင့်ကြံပါမျှရနိုင်ပေ၏–ဘယ်တန်ခိုးရှင် ဘယ်ဖန်ဆင်းရှင်ကမှ မိမိအားတန်ခိုးစွမ်းအ့ားမပေးချေ။ မိမိတို့ဘာသာပြုလုပ်ရ၏ အစွမ်းသတ္တိတန်ခိုးသည် လေ့ကျင့်သူအတွက် ကျောခြင်းကပ်လျှက်တွင်ရှိပါ၏— ထို့ကြောင့် ကျွန်ုပ်တင်ပြပြီးသော (မှော်ဖယောင်းတိုင်ကြည့်နည်း)-ကျင့်စဉ်တွင် မီးတောက် တစ်ခုအား မနီးလွန်းမဝေးလွန်းတွင် ထား၍ မျက်တောင်မခတ်ပဲ စိတ်ဖြင့်စူးစိုက်ကျင့်ရ၏– ပထမတွင် မျက်ရည်ပူများကျဆင်း၍ စိတ်ကျည်းကျပ်သောအခက်အခဲ နှင့်ကြုံတွေ့ရ၏ သို့သော် နေ့စဉ်မပျက် သက်မှတ်ရက် အတိုင်းကျင့်ကြံလာသော် ထိုမီးတောက်နှင့် မိမိစိတ်မိမိမျက်လုံး ရင်းနှီးလာပြီး နောက်ပိုင်းကြည့်ဖို့ထိုင်လိုက်သည့် တပြိုင်နက် တသားထဲဖြစ်၍ စိတ်ငြိမ်သက်လာမည်။ မျက်လုံးမှိတ်လိုက်လျှင် မီးတောက်လေးပေါ်လာမည်။ မီးတောက်လေးကို စိတ်အာရုံနဲ့ ကြာမြင့်စွာထိန်းသိမ်းရမည်။ မီးတောက်လေးပျောက်သွားသော် မူရင်းမီးတောက်ကို ပြန်မှတ်မိအောင် ပြန်အာရုံစိုက်ကြည့်ရမည်ဖြစ်၏– မိမိဘယ်ပဲရောက်ရောက် ထိုမီးတောက်လေး စိတ်ထဲစွဲမြင်နေလျှင် ဖယောင်းတိုင် မလိုတော့ အိပ်လျှက်ဖြစ်စေ ထိုမီးတောက်လေးကို ပုံဖော်အာရုံပြု စိတ်ကိုငြိမ်သက်စွာထားနိုင်လာ၏–ထိုနမိတ်တွေထင်မြင်လာပြီဆိုလျှင် မိမိစိတ်အစွမ်းထက်စပြုလာ၏—အမြင်အကြားကောင်းလာ၏ လိုအင်ဆန္ဒပြည့်စုံလာစေ၏ —- (ရေကသိုဏ်းရှုခြင်း)——-ရေဖန်ခွက် အသစ်တစ်လုံးတွင် ကြည်လင်သောရေကိုထည့်၍ ရေဖန်ခွက်ထဲ အရိပ်မကျနိုင်သော နေရာတွင် ထား၍ မိမိလဲ သက်တောင့်သက်သာ အနေထားတွင် နေပြီး ကြည်လင်သော ရေမျက်နှာပြင်ကို မိမိမျက်လုံးဖြင့် မျက်တောင်မခတ်ပဲစိုက်ကြည့်နေရမည်။ မျက်ရည်ကျသော် ခဏမှိတ်၍ ပြန်ကြည့်ရမည်။ ထိုသို့ကြည့်ဖန်များသော် ရေသည် နို့နှစ်ရောင်ဖြစ်သလိုလို မီးခိုးတွေဖြစ်လာသလိုတွေ့ရမည်။ ထိုသို့ဖြစ်လာသော် ဆက်လျှက်ကြည့်ပြီး ပြန်လည်ကြည်လင်လာမည်။ ရေလဲကြည်သလို မိမိစိတ်လဲကြည်လင်သန့်ရှင်းနေမည်။ မိမိသိလိုသော သူတစ်ဦးကို ရေမျက်နှာပြင်ပေါ်မှာ စိတ်အာရုံထားပြီးကြည့်လိုက်ပါက ထိုသူအား ဘာလုပ်နေသည် ဘယ်သွားနေသည်ကိုဖြင့် ငွေရောင်ပိတ်ကားပေါ်မှာ ရုပ်ရှင်ကြည့်ရသလိုပေါ်လိမ့်မည်။ ထိုသို့ကြည့်နေချိန်များတွင် မိမိ၏ စိတ်ကတောင်းတလိုက်သော မည်သည့်အရာမဆို ပြည့်စုံလာတက်၏—အဘယ်ကြောင့်ဆိုသော် မိမိစိတ်က ကြည်လင်၍ တန်ခိုးရှိလာပြီကိုး။ (အဝန်းအဝိုင်းအားကြည့်ခြင်း)—လ္ဘက်ရည် ပန်းကန် အမဲ စက်ဝိုင်းတစ်ခုအားပြုလုပ်၍ အလယ်ဗဟိုတွင် ကွမ်းသီးလုံးအရွယ် အဖြူရောင် စက်ဝိုင်းထပ်ရေးဆွဲ၍ မိမိသက်တောင့်သက်သာ ထိုင်ကြည့်နိုင်သော နေရာတွင် ဖြစ်စေ ခြင်ထောင် အမိုးတွင်ဖြစ်စေ အိပ်လျှက်ဖြစ်စေ ထိုင်လျှက်ဖြစ်စေ ကြည့်နိုင်၏— မိမိစိတ်အာရုံသည် အလယ်အမှတ် အဖြူရောင် အဝိုင်းတွင် ရှိနေရမည်ဖြစ်ပြီး ငါးမိနစ်ကြာ မျက်တောင်မခတ်ပဲ စိုက်ကြည့်လိုက် မျက်လုံးကိုမှိတ်၍ ၄င်းအဖြူရောင် အစက်ကို စိတ်အာရုံနှင့် စူးစိုက်ထိန်းလိုက် အကြိမ်ကြိမ်အာရုံပြုနေရမည်ဖြစ်၏—- ကျင့်ဖန်များသော် မိမိလိုအင်ဆန္ဒရှိပါက ထိုအဖြူရောင် အဝန်းဝိုင်းကို အာရုံနမိတ်ယူ၍ လိုအင်ဆန္ဒအပေါ် ပို့လွှတ်ပေး၍ ပြည့်စုံစေ၏ -အမြင်ဓါတ်များရစေ၏———-အထူးသတိပြုရန်မှာ မိမိသည် သမထ လမ်းကြောင်းတစ်ခုပေါ် နင်းနေပြီဆိုပါက မိမိတို့မည်သည့်ကျင့်စဉ်ကျင့်ကျင့် သမထ၏ သိမ်မွေ့သောဖျားယောင်းသွေးဆောင်မှုကိုခံရမြဲဖြစ်၏ ထိုသို့မခံနိုင်သော် ကြောင်တောင်တောင်ဖြစ်သွားတက်၏—မိမိတွင် စိတ်စွမ်အားရပါသော်လည်း ဘယ်လိုအသုံးပြုရမည်ကို မကိုင်တွယ်တက်ခြင်းကြုံရတက်၏—မည်သည့်ဟာပဲ ကျင့်ကျင့် လောဘမကြီးရ ဖြေးဖြေးမှန်မှန်ကျင့်ရမည်ဖြစ်၏ အရမ်းဖြစ်ချင်စိတ်များသော် အမှားပါတက်၍ မိမိအတွက် ဆိုးကျိုးများသာဖြစ်စေ၏— ကဲမှန်ပါ၏ လောဘမကြီးပဲကျင့်မည်။ ဟုတ်ပါ၏ ဤသို့ကျင့်သော်လည်း လမ်းတဝက်ရောက်သော် ဖျားယောင်းသွေးဆောင်မှုဒဏ်ခံရဦးမည်။ ဆက်၍လုပ်ချင်စိတ်မရှိအောင် နောက်ထူးဆန်းဖွယ်ရာ အမြင်ထူးတွေ အတုအယောင် တကယ့်အတုတရားတွေလာပေဦးမည်။ လောကီဆိုလျှင်လဲ မိမိကျင့်စဉ်တိုးတက်အောင် မှန်ကန်သောလမ်းကြောင်းပေါ်ရောက်အောင် လမ်းပြတည့်မတ်ပေးနိုင်သော ဆရာတစ်ဦးလိုအပ်၏—-လောကုတ္တရာဆိုလျှင်လဲ တရားလမ်းကြောင်းမှန်မှန်ကန်ကန် လမ်းကြောင်းမှန်အောင် ဆရာတစ်ဦးလိုအပ်ပေ၏——-ထိုသို့ဆရာများရွေးချယ်ရာတွင် စာတွေ့မဟုတ် လက်တွေ့ကိုယ်တိုင်ကျင့်ကြံခဲ့သောကျင့်ကြံဖူးသော ဆရာဖြစ်မှသာ မိမိတို့အတွက် မှန်ကန်သော ကျင့်စဉ်အတွေ့အကြုံကို အပြန်အလှန်မေးမြန်း၍ လိုရာမနောပေါက်မည်ဖြစ်လေသည်။ ဤ ကျင့်စဉ် လမ်းကြောင်း၏ ပရိယာယ်မာယာအတုအယောင် များကိုကျော်လွှားနိုင်မည်ဖြစ်၏—- မည်သည့် သထမကျင့်စဉ်ကျင့်ကျင့် မိမိစိတ်တန်ခိုးထက်မြက်မည်ဖြစ်ပြီးလိုအင်ဆန္ဒပြည့်စုံစေ၏ ကျင့်စဉ်အမြင့်ဆုံးပိုင်းရောက်လာသော် လမ်းကြောင်းပြောင်းပြီး သိဒ္ဓိပိုင်းဆိုင်ရာ ခွဲထွက်သွားမည်ဖြစ်၏— မိမိတို့ယခု ရောက်ဆဲ အသက်အပိုင်းအခြားကို မိမိတို့ကောင်းစွာသိပါ၏ မည်သည့်အတွက်ကြောင့် တစ်စုံတစ်ရာကို လုံ့လထုတ် မကျင့်သေးပါသနည်း- အချိန်မရလို့ အချိန်မရလို့ဆိုလျှင် ဘယ်တော့မှ မိမိအတွက် အားချိန်မရှိတော့ချေ။ ဂမ္ဘီရမျက်လုံးမျိုး စိတ်အကြံမျိုး အမှားအမှန်ခွဲခြားတက်သော ဥာဏ်စဉ်များ ကျင့်စဉ်ထဲတွင် မိမိတို့ရရှိနိုင်၏— တစ်ခုအကြံပြုရသော် မိမိသည် ဂမ္ဘီရလောကီပညာ ဝါသနာ ပိုးလေးရှိပါက မိမိနှစ်သက်ရာလဲလုပ် သမထကျင့်စဉ်လေးပါ တွဲလုပ်ပေးသင့်၏ အဘယ်ကြောင့်ဆိုသော် လောကီပညာများ၏ သိမ်မွေ့သော မာယာများကို အမှန်အမှား ခွဲခြားနိုင်ပြီး အချိန်တိုတိုနှင့် လိုအပ်တာအောင်မြင်နိုင်ပါ၏—- ဓါတ်တစ်ခုသေအောင် မလုပ်ခင် မိမိစိတ်အရင် သေအောင်သတ်ပါ အင်းစမ တစ်ခုသေအောင် မကစားခင် မိမိစိတ်သေအောင် အရင်လုပ်ပါ။ မန္တန်တစ်ခု သေအောင် မရွတ်ခင် မိမိစိတ်သေအောင် အရင်လုပ်ပါ။ (သေ=ငြိမ်သက်ခြင်း+အစွမ်းတန်ခိုးရှိလာခြင်း) စိတ်တစ်ခု အစွမ်းထက် ငြိမ်သက်လာလျှင် မကြားဘူးတာမမြင်ဘူးတာ မရဘူးတာ မတွေ့ဖူးတာ အလုံးစုံမြင်ရတွေ့ရမည်ဖြစ်၏— ထို့ကြောင့် လက်တွေ့ကျင့်ကြံနေသော သူများရှိပါက မိမိတို့ ကျင့်စဉ်လမ်းကြောင်းဖြင့် သက်ဆိုင်သော အမေးများ တွေ့ကြုံခံစားရပုံများ မည်သို့ဆက်လက် ကျင့်ဆောင်ရမည်ကို ဤ Post မန်းတွင် မေးမြန်းနိုင်၏ ပညာဒါနအဖြစ် ဖြေကြားပေးပါမည်။ ယခင်အချိန်တွေကဆိုလျှင် စာအုပ်သာဖတ်ရပြီး နားမလည်တာ ဘယ်သူမေးရမှန်းမသိဖြစ်နေ၏ ယခုမတူတော့ လူမှုကွန်ယက် ပေါ်လာပြီး နားမလည်ပါက တခါထဲ မေးမြန်းနိုင်၏ —- လောကီစည်းမျည်းတစ်ခုတွင် လောကီအထာ လောကုတ္တရာ အထာဆိုတာရှိ၏ မိမိတို့ကျင့်ကြံလိုက်စားနေသော အရာမှန်သမျှကို တန်ဖိုးထား၍ ငါတော့ဘယ်အဆင့်ရောက်ပြီ ဘယ်လိုတွေမြင်တွေ့ရပြီ ဆိုပြီး အလေ့ကျစကားတစ်ခုလို မပြောဆိုရပေ။အပြုသဘောဆောင် ဆွေးနွေးတာကို တော့မဆိုလိုပေ။ မိမိအားပတ်ဝန်းကျင်က လူနလပိန်းတုန်းလူဆိုးလူမိုက်ဟု ထင်မြင်ပါစေ အချိန်တန် လူခြေတိတ်လျှင် မိမိအကျင့်အကြံ စရဏကို လူမသိသူမသိ လုပ်ဆောင်ရ၏ လူရွှင်တော်သည် ဇတ်ခုံပေါ်တွင် အများရှေ့ပျက်လုံးများပျက်၏ ဇတ်ပွဲပြီးသော် သူ၏ အကျင့်အကြံ ခပ်တည်တည်ပင်ဖြစ်၏ — အရက်သမားဖဲသမားနှင့် မလွဲမရှောင်သာတွေ့က ပတ်ိသတ်ရာပတ်သတ်ကြောင်းသာပြောဆိုပေါင်းသင်းရာ၏ မိမိအကျင့်အကြံ မိမိစရဏ မိမိသာသိဖို့လို၏ တခြားသူအထင်ကြီးလေးစားအောင် လုပ်ရသောအရာမဟုတ်ချေ။ တန်ဖိုးရှိသော အရာကို ထုတ်ဖော်မပြသရချေ။ ယခုခေတ် မိမိတွင် အစွမ်းရှိလာသော် နှုတ်လုံအောင်နေ ဟန်ဆောင်ရင်ဆောင် မဆောင်နိုင်ရင် လူတွေနဲ့ဝေးရာသွား ဒီလိုမှမဟုတ်ရင် မိမိဘဝ ကံဆိုးမိုးမှောင် ကျပြီသာမှတ်။ ထို့ကြောင့် ရင်ထဲပြောချင်ရေးချင်တာများသော်လည်း နိဂုံးချူပ်လိုက်ပါပြီ—– စာဖတ်သူများ အားလုံး ကျင့်ဆဲ ကျင့်လတ္တံ့ ပုဂ္ဂိုလ်များအားလုံး ဘဝနောက်ဆုံးချိန်မတိုင်ခင် ရည်ရွယ်ချက် ကိုယ်စီရှိ၍ လောကီသမထ ကျင့်စဉ်စခန်းမှ အလေ့အကျင့်တစ်ခုရပြီး လောကုတ္တရာ မြတ်သောအမတနိဗ္ဗန်စခန်းသို့ တက်လှမ်းနိုင်ကြပါစေ——– မိမိတို့ကျင့်စဉ်များသည်လည်း အချည်းအနှီး မဖြစ်—- မိမိသည် စိတ်စွမ်းအားပါဝါရှိလာပါက မိမိတို့ ပြောသောစကား လုပ်သောအလုပ်သည် အရာထင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်အား လွှမ်းမိုးနိုင်မည်ဖြစ်လေ၏———-နဝင်းမောင်(ဂမ္ဘီရလောကီပညာ)
နောက်တစ်နည်း
ဗုဒ္ဓဘုရားရှင်က စိတေ္တန နိယေတာ လောကော စိတ်တန်ခိုးရှိသူသည် လောကသုံးပါးကိုအကောင်းအဆိုးဖန်တီးနိုင်စွမ်းရှိတယ်လို့ဆုံးမသွန်သင်လမ်းညွန်ဟောပြခဲ့ပါတယ် စိတ်တန်ခိုးကျင့်စဉ်အမျိုးမျိုးရှိတဲအထဲကအခုဓါတ်ဖန်လုံးနှင့်စိတ်တန်ခိုးလေ့ကျင်ပုံကိုပြောပြချင်ပါတယ်။ ဓါတ်ဖန်လုံးနှင့်စတင်လေ့ကျင့်မယ်ဆိုရင်တော့ အစပထမှာမိမိနှင့်ကိုက်ညီသောဓါတ်ဖန်လုံးကိုယူရပါမယ်။ ဓါတ်ဖန်လုံးအရွယ်အစားအမျိုးမျိုးရှိပါတယ် အကောင်းဆုံးမှာရုံးတွင်းအားကစားတစ်မျိုးဖြစ်သောလက်ပစ်ဘောအရွယ်သည်အသင့်တော်ဆုံးအရွယ်ဖြစ်ပါသည်။
# လေ့ကျင့်ပုံလေ့ကျင့်နည်း #
ဓါတ်ဖန်လုံးစတင်လေ့ကျင့်လိုသောသူသည် စတင်လေ့ကျင့်မည့်နေ့တွင်တစ်ကိုယ်လုံးသန့်ရှင်းစင်ကြယ်စေရပါမည်။ ထို့နောက်သပ်ရပ်သောဘုရားခန်းရှိလျှင်ပိုကောင်းပါတယ် နံနက်စောစောအရုဏ်တက်ချိန်နှင့်ညဥ့်နက်ပိုင်းတို့တွင်လေ့ကျင့်နိုင်ပါတယ်။ မိမိ၏နေရာသည် ကားသံ လူသံ ဆူညံသံလုံးဝကင်စင်သောနေရာဖြစ်လျှင်မည်သည့်အချိန်တွင်မဆိုလေ့ကျင့်နိုင်ပါသည်။ ညဥ့်နက်ပိုင်းတွင်လေ့ကျင့်လိုသော် ၅ တိုင်အားလျှပ်စစ်မီးသီးအဖြူရောင်ကိုသုံးပါ သို့မဟုတ် ဖယောင်းတိုင်အလတ်စားတစ်တိုင်နှင့်လည်းရပါတယ်။ မီးသီးဖြစ်စေ ဖယောင်းတိုင်ဖြစ်စေ မိမိထိုင်သောနေရာ၏ နောက်ဘက်တွင်ထားပါ။ ဓါတ်ဖန်လုံးကိုမိမိထိုင်သောနေရာ၏ လက်တစ်ကမ်းအကွာတွင်မိမိမျက်လုံးနှင့်တစ်ပြေးတည်းထားပါ။ သို့မှသာမျက်လုံးနှင့်ဖန်လုံးအဆင်ပြေပြေနှင့်ရေရှည်တွင်ကြည့်ရှု့နိုင်ပါသည်။ ထို့နောက်ဘုရားခန်းတွင်အနနေ္တာအနန္တငါးပါးကိုရှိခိုးသောအားဖြင့်ဖယောင်းတိုင် ၅ တိုင် အမွှေးတိုင် ၅ တိုင်ထွန်းပေးပါ။ ထိုင်သည့်အချိန်တွင်ခါးကိုမတ်မတ်ထားပြီးလက်နှစ်ဖက်ကိုသင့်လျှော်သလိုအဆင်ပြေသလိုထားပါ။ ထို့နောက်ဖန်လုံးကိုမျက်စိလုံးဝမပိတ်ဘဲတောက်လျှောက်ကြည့်နိုင်သလောက်စိုက်ကြည့်ပေးပါ အစပထမတွင် ကြာကြာစိုက်ကြည့်သည့်အတွက်ကြောင့် မျက်လုံးကျိန်းလာမည်။ စပ်လာမည်။ မျက်ရည်ပူများယိုဆသ်းလာမည်။ စိတ်မပျက်ပါနှင့်ဆက်ပြီးလေ့ကျင့်ပါ ဒီနေရာမှာတစ်ဦးနှင့်တစ်ဦးအကျင့်အကြံပါရမီဓါတ်ခံမတူညီသည့်အတွက်ကြောင့်မည်သည့်ကာလတွင်ကျင့်ကြံအောင်မည်ကိုတော့တပ်အပ်သေချာမပြောနိုင် သို့သော် ၁ ပတ် ၂ ပတ်စသည်ဖြင့်ဆက်တိုက်လေ့ကျင့်သွားသော်ဓါတ်ခံရှိသူများသည်ပါရမီအလျှောက်ထူးခြားမှုရှိတတ်ပါသည်။ အချို့လည်း ၁ လနှင့်အဆင်ပြေသလိုအချို့လည်း ၆ လဖြစ်စေ ၁ နှစ်ဖြစ်စေ ကြာစေတတ်ပါတယ် အဓိကမွာ ယုံကြည်မှု ဇြဲ လုံးလပြည့်စုံဖို့သာအဓိကဖြစ်ပါသည်။ ဤသို့ကြိမ်ဖန်များစွာကျင့်ကြံသွားသော် ဓါတ်ဖန်လုံးသည်အစပထမတွင်အဖြူရောင်သက်သက် ကြည်ကြည်လင်လင်ရှိသော်လည်း ၄င်းအဖြူရောင်သည်ပို၍ရင့်သွားသလိုပို၍ကြည်လင်သွားသလိုခံစားရမည်။ ထို့နောက်ဖန်လုံးကိုဆက်ပြီးကြည်ါရှု့သွားသော်၄င်းဓါတ်ဖန်လုံးသည်အရောင်သဏ္႑န်ပြောင်းလဲသွားတတ်ပါသည်။ ကြည့်ရှု့သူ၏ သမာဓိအရအရောင်ပြောင်းလဲမှုသည်လည်းတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ကြပါ။ ဤအဆင့်ထိကျင့်ကြံပြီးပါကစိတ်သမာဓိလည်းအတော်အသင့်ကောင်းလာတတ်ပြီးဖြစ်ပျက်လာမည့်ကိစ္စကိုအာရုံထဲတွင်ရုတ်တရက်ရောက်ရှိလာတတ်ပါတယ် ဥပမာဆိုရသော် မိတ်ဆွေတစ်ဦးနှင့်တွေ့သောအခါ၄င်း၏ရှေ့ဖြစ်များကိုလှစ်ဟလိုက်သလို၄င်းမိတ်ဆွေ၏အနာဂတ်ကိုအာရုံထဲတွင်ပေါ်လာတတ်သည် သို့ ၄င်း၏အကြံအစည်သည်ဖြစ်ပျက်လာမည်သို့မဟုတ်အဆင်မပြေဖြစ်မည်ကိုကြိုတင်သ်နိုင်သလို ကျန်းမာရေးကိစ္စ အိမ်ထောင်ရေးကိစ္စ စီးပွားရေးကိစ္စများကိုလည်းအကြောင်းဆက်လာလျှင်ပြောပြနိုင်ပါသည်။
ဆန္ဒဝတော ကိံနာမ ကမ္မံန သိဇ္ဈတိ ပြင်းပသောဆန္ဒရှိသူအားအဘယ်မည်သောအမှုကိစ္စဟူသမျှသည်ဆားစီး၍ရအ့ံပါနည်းဟူ၍ဘုရားရှင်ဆုံးမလမ်းညွန်ဟောပြတော်မူခဲ့ပါသည်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ဆရာသော်တာအောင်
Ph 09798182381
09445972506
Viber + 959798182381
+ 959445972506
်
မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။