ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထြန္းအစီအရင္မ်ား (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင္းစမပညာမ်ား (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Tuesday, May 26, 2020
တနင်္ဂနွေသားသမီးများအတွက်
တနင်္ဂနွေသားသမီးများအတွက် မေတ္တာPost "
************************************************
တနင်္ဂနွေသားသမီးတွေရဲ့ အင်္ဂဝိဇ္ဇာတိုင်မှာ
၅ နဝင်း။ ပညာ။
၂ အညွှန့်။ ငွေ။အကြွား။
၆ စုတ်။ ခရီး။စကား။
- ၁. - မူလ။ အိုးအိမ်။အိမ်ထောင်။အုပ်စု။
၄ နာ။ လူ။ အဖွဲ့အစည်း။
၀ ခိုက်။ ထင်ပေါ်။လောဘ။
၃ ပျက်။ စိတ်။လှုပ်ရှား။
တနင်္ဂနွေသားသမီးတွေရဲ့ နဝင်းမှာ ကြာသပတေးရှိတယ်။ တနင်္ဂနွေသားသမီးတွေ ပညာတကယ်တတ်ရင် အဲ့ဒီပညာနဲ့ လုပ်စားလို့ရတယ်။ တကယ်တတ်ပြီဆိုရင်လည်း ကျယ်ပြန့်စွာ တတ်လေ့ရှိတယ်။
ဒါက တကယ်တတ်တဲ့သူကိုပြောတာ။
ပညာပြည့်ဝစွာ မတတ်တဲ့ တနင်္ဂနွေသားတွေကျတော့ ပညာလိမ္သူ ဖြစ်မှန်းမသိ ဖြစ်တတ်တယ်။ တကယ်အားကိုးရသောပညာ မဟုတ်လည်း အဲ့ဒီတနင်္ဂနွေသားက မိမိပညာမွ မိမိအမှန် ဇွတ်အတင်းငြင်းလေ့ရှိတယ်။
သူတို့ ပညာတကယ်တယ်တယ် မတတ်ဘူးဆိုတာကျတော့ ကြည့်ရတာလွယ်တယ်။
အဲ့ဒီတနင်္ဂနွေသားသမီး ဝတ်စားပုံကိုကြည့်လိုက်။
သာမန်ထက်ပိုပြီး ထင်ပေါ်နေတဲ့ပုံပေါက်တာမျိုး၊ မိမိနဲ့ မတန်မရာတွေ ဝတ်စားနေပြီး ဟိတ်ဟန်နဲ့ လုပ်နေပြီ ၊ စကားတွေဖောင်ဖွဲ့ ပြောနေပြီဆိုရင် အဲ့ဒီတနင်္ဂနွေနေ့သားသမီး မူမမှန်တော့ဘူး။
မွန္တာနဲနဲ လိမ္တာမ်ားမ်ား ဖြစ်နေပြီ။
ဒါပေမဲ့နော် အဲ့ဒီတနင်္ဂနွေနေ့သားသမီးကို ခင်ဗျားလိုနေပါတယ် သွားပြောကြည့် တရှူးရှူးနဲ့ ပြန်ခွပ်လိမ့်မယ်။
သူတို့ထင်ပေါ်ချင်တာ သူတို့လောဘကနေ သူတို့စိတ်အမှောင်ကို ပြန်ဖုံးနေတာ သူတို့မသိဘူး။
တနင်္ဂနွေသားသမီးတွေ အတော်များများ ပညာနဲ့မကင်းတာများတယ်။ တကယ်တတ်သလားမေး တတ်တယ်ပဲပြောတာနော်။ ဘယ်တော့မှ အည့ံမခံဘူး။
တကယ့်ကို တတ်မြောက်တဲ့ တနင်္ဂနွေသားတွေကျတော့ မိမိကိုယ္ကို အမြဲနိုမ့်ချနေလေ့ရှိတယ်။
ပညာတော့ သွားမစမ်းလေနဲ့ ပညာကုန်ထုတ်ဆော်တတ်တာ တနင်္ဂနွေသားသမီးတွေအများစုပဲဖြစ်တယ်။
စိတ်ထက်တာမှန်ပေမယ့်၊ ပညာနဲ့နွှယ်သော စိတ္ထားကို ထားတတ်ဖို့ကျ သိပ်ကိုခက်ပါတယ်။
နောက်---> တနင်္ဂနွေသားသမီးတွေရဲ့ အညွှန့်မှာ တနင်္လာရှိတယ်။
တနင်္ဂနွေသားသမီးတွေ ပညာနဲ့လုပ်ကိုင်စားလေ ငွေအဆမတန် ရရှိတတ်တယ်။ ငွေကို ရှာဖူးတဲ့အလေ့အကျင့်ရှိရင် သေချာငွေရှာတတ်တယ်။ ရလည်းရတယ်။
ဒါပေမဲ့ ရလာတဲ့ငွေတွေဟာ မမြဲတာများတယ်။
ဘာဖြစ်လို့လဲဆိုတော့ တနင်္ဂနွေသားသမီးတွေဟာ ငကြွားတွေ အများစုဖြစ်နေလို့ပဲ။
တနင်္ဂနွေနေ့သားသမီးတွေ အလုပ်အကိုင် တိတိပပရှိမယ် ၊ အလုပ်လည်းကြိုးစားမယ်။ အကြွားလည်းနဲမယ်။ ကပ်စီးနဲပြီဆိုရင် သေချာပေါက် သူဌေးဖြစ်ဖို့လမ်းပါပဲ။
ကပ်စီးနဲပြီး ကြွားနေသေးရင် ငွေတွေ ထွက်နေဦးမှာ မလြဲပါဘူး။ သတိထားပါ။
နောက် ---> တနင်္ဂနွေသားသမီးတွေရဲ့ စုတ်နေရာမှာ သောကြာရှိတယ်။
တနင်္ဂနွေသားသမီးတွေ စကားပြောအလွန်ကောင်းပြီဆို သတိထား အိမ်ထောင်ရေးရှုပ်တတ်တယ်။ တီတီတာတာ ပလီပလာပြောတတ်တဲ့ တနင်္ဂနွေနေ့သားသမီးဆို အိမ်ထောင်ရေးကိစ္စ အထူးသတိထားပါ။
အကယ်၍ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ တနင်္ဂနွေသားသမီးဆို အမ်ားစု သေချာပေါက် လူမှန်ပဲ။
" အင့်အင့် အင်နဲ့ " စကားပဲထစ်နေတာလိုလို အသံအိုင့်အိုင့်သွားပြီး ခပ်ခွာခွာပြောတတ်တဲ့သူဆို သတိထား ၊ လက္က် အားကြီးမြန်တာ။ အဲ့ဒါမျိုးက နောက်ကို ခြေတစ်လှမ်းဆုတ် အားယူတဲ့သဘောနော်။ ပြီးရင် ခုန်အုပ်တော့မှာ။
စကားပြောတာတွေမှာ ပညာရပ်တွေပါလာရင် တနင်္ဂနွေသားသမီးက သူတို့ပဲ သိတယ်၊ သူတို့ပဲတတ်တယ်ထင်နေပြီး သူတို့ချည်းပဲ ထိုင်ပြောနေတတ်တာ။
တဖက်သားပြောတာ တလေးတစားနားထောင်ပေးတတ်တဲ့အကျင့် မရှိတာများတယ်။ သူတို့ပြောချင်ရာပြောပြီး ပညာက် လျှိုသေးတာ။
အဲ့ဒီတော့ ပညာဆိုတဲ့သဘောက ပွားစီးတဲ့သဘောရှိတာလေ။
အဲ့ဒီမှာ အဲ့ဒီတနင်္ဂနွေနေ့သားသမီးတွေ အဆင့်မြင့်ပညာတွေ ထပ်မရတော့ဘူး။ ဒါပေမဲ့ ထပ်မရလည်း မပူပါဘူး ငါ့မွာ ဘာပညာရွိတာပဲ ပြန်ငြင်းသေးတာ။
ဒီတော့ တချို့သောပညာရပ်တွေရဲ့ နူးည့ံမှု သိမ်မွေ့မှု ၊ အဆင့်မြင့်မှုတွေ မရရှိတတ်တော့တာ သူတို့မသိကြတော့ဘူး။
နောက် ---> တနင်္ဂနွေသားသမီးတွေရဲ့ မူလမွာ အိုးအိမ်၊အိမ်ထောင်၊အုပ်စု။
တနင်္ဂနွေနေ့သားသမီးအများစု အိမ်ကပ်နေပြီဆို မူလအားကောင်းတယ်။ အနေအထိုင်အပြောအဆို မှန်ကန်တာများတယ်။ မူလအား အလွန်ကောင်းလာရင် သေချာတယ် အိုးပိုင်အိမ်ပိုင် သေချာပေါက်ရရှိတော့မှာ မလြဲဘူး။
ဒီနေရာမှာ ဖြတ်ပြောချင်တာက တနင်္ဂနွေရဲ့ဆပွတ်က သောကြာဖြစ်နေတယ်။
တနင်္ဂနွေသားသမီးတွေ မှန်ကန်သောခရီး၊ မှန်ကန်သောစကား ၊ မွန္ကန္သာသီလ ပြည့်စုံနေမှသာ ဘဝမွာ အဆင်ပြေပါလိမ့်မယ်။
နောက်---> တနင်္ဂနွေသားသမီးတွေရဲ့ နာနေရာမှာ ဗုဒ္ဓဟူးရှိတယ်။
တနင်္ဂနွေနေ့သားသမီးအများစု လူနာတယ်။
ဆိုလိုတာက အပေါင်းအသင်း နာတယ်ခေါ်တယ်။
အပေါင်းအသင်းကို အနာခံပေါင်းတတ်တာ။
သူ့ကိုလာပေါင်းတဲ့သူတွေအများစုကလည်း မြှောက်ပင့်ပေါင်းတာများတတ်တယ်။
အဲ့လိုမြှောက်ပင့်ပေါင်း အကုန်ချပေးတတ်တာ။
ဘယ်လောက်ကုန်ကုန်ဆိုတာမျိုးတွေအထိ ရှိတတ်တယ်။
နောက် တနင်္ဂနွေနေ့သားသမီးတွေရဲ့ ခိုက်နေရာမှာ စနေရှိတယ်။
တနင်္ဂနွေသားသမီးအများစု နေရာတကာ ထင်ပေါ်ချင်တာများတယ်။ ဒါ့ကြောင့် သူများထက်ထင်ပေါ်ချင်လေ ခြောင်ထိုးခံရလေ ဖြစ်တတ်တယ်။
တနင်္ဂနွေသားသမီး လူကြီးဖြစ်တာ နဲတတ်တယ်။
သူကိုယ်တိုင်ကကို ခိုက်အားကြီးနေတာလေ။
နေရာတကာ ဆရာလုပ်ချင်တတ်တာလည်း တနင်္ဂနွေနေ့သားသမီးတွေရဲ့ ခိုက္သေဘာပဲ။
ငွေများများရှိလာလို့ကတော့ အကုန်ပတ်ကြွားနေတာနဲ့ တေနကုန္တာ။
နောက် အတွေးအခေါ် ဒဿန သူများနဲ့ဆန့်ကျင်ဘက် မရ ရအောင်ပြောတတ်တယ်။
မှန်မှန်မှားမှာ မိမိထင်တာ မိမိလျှောက်ပြောတတ်တယ်။
မိမိဘယ်လိုစိတ်ထားကောင်းတာ မိမိဘယ်လိုစေတနာထားတာ အကုန်ပြောပြီဆို သူ့ခိုက်ကိုလှမ်းကြည့်နော်။
သာမန်ထက် ထင်ပေါ်အောင် ဝတ်စားထားပြီဆို သူပြောသမျှ ဇောက်ထိုးချည်းပဲမှတ်ပါ။
နောက် ---> ပျက်နေရာမှာ အင်္ဂါရှိတယ်။
တနင်္ဂနွေနေ့သားသမီးတွေအများစု စိတ်မငြိမ်ဘူး။
အမြဲလှုပ်ရှားပြောင်းလဲနေတတ်တယ်။
လူကသာ ငြိမ်နေမယ်။ စိတ္က မျငိမ္ဘူး။
သည်းမခံနိုင်စရာ တစ်ခုတွေ့တာနဲ့ ချက်ခြင်းမျက်နှာပျက်ပြီ။
စိတ်ကောက်ပြီ။
ကြာကြာစိတ်ဆိုးသလားမေးကြည့် မဆိုးဘူး။
ပြေတာမြန်တယ်။
ဒါ့ကြောင့် တနင်္ဂနွေသားသမီးတွေ စိတ်လှုပ်ရှား၊ ငကြွားပုံစံ မဖြစ်ပါစေနဲ့။
မြှောင့်ပင့်ပေးသူတွေ အပေါင်းအသင်းတွေ အထူးသတိထားပါ။
လိုအပ်တာထက်ပိုသော လောဘမထားဖို့ လိုပါ့မယ်။
မိမိပညာမတတ္တာ ဒဲ့ပြောပါ ။ မရှက်ပါနဲ့။
ပညာရွာ ပမာသူဖုန်းစားကဲ့သို့ ကျင့်သုံးပါ။
ထင်ပေါ်စွာ ဝတ်စားခြင်းများ ရှောင်ပါ။
ပညာတကယ်တတ်အောင် အထူးကြိုးစားပါ။
အားလုံးသော တနင်္ဂနွေနေ့သားသမီးတွေ မူလအားကောင်းလို့ အိုးအိမ္သာယာ မင်္ဂလာရှိကြပါစေ။
မေတ္တာဖြင့်
ဆရာမိုင်း။
..တနင်္ဂနွေသားသမီးများ၏ ကောင်းသောနှစ်များမှာ..
............/
--မည်သည့်နှစ်တွင်မဆို မွေးဖွားသော တနင်္ဂနွေသားသမီးများအနေဖြင့် မိမိသက်ရောက်အရ (ကောင်းသည့်)နှစ်(ဆိုးသည့်)နှစ်များကို(ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)ပညာ(လောကဓံ) မူအရ အရတင်ပြပေးလိုက်ပါသည်။
(၇၊၈၊၉၊၁၀၊)-(၁၅၊၁၆၊၁၇၊၁၈၊)-(၂၃၊၂၄၊၂၅၊၂၆၊)-(၃၁၊၃၂၊၃၃၊၃၄၊)-( ၃၉၊ ၄၀၊ ၄၁၊ ၄၂၊)-( ၄၇၊ ၄၈၊ ၄၉၊ ၅၀၊)-( ၅၅၊ ၅၆၊ ၅၇၊ ၅၈)၊-( ၆၃၊ ၆၄၊ ၆၅၊ ၆၆၊) နှစ်များသည် အကောင်းပိုင်းသို့ ရောက်နေသော နှစ်များဖြစ်သည်။
.....တနင်္ဂနွေသားသမီးများ ဆိုးသောနှစ်များမှ လွတ်ကင်း၍ ကောင်းစပြုသော နှစ်များသို့ စတင်ဝင်ရောက်ကာ အပျော်အပါးနည်းမျိုးစုံ ရှုတ်ထွေးသောနှစ်များ
(၇၊ ၈၊)-( ၁၅၊ ၁၆၊ )-(၂၃၊ ၂၄၊ )-(၃၁၊ ၃၂၊)-( ၃၉၊ ၄၀)-(၊ ၄၇၊ ၄၈၊ )-(၅၅၊ ၅၆၊)-( ၆၃၊ ၆၄၊ )-(၇၁၊ ၇၂၊ )-(၇၉၊၈၀။)--အထက်ဖော်ပြပါနှစ်များသည် ကောင်းသောနှစ်များသို့ စတင်ဝင်ရောက်လာသော နှစ်များ ဖြစ်နေသဖြင့် ဘဝတိုးတက်လမ်း အောင်မြင်မှုများနှင့် ကိုယ်ကျင့်တရားများကို ပျက်စီးအောင် ဖျက်စီးသော နှစ်များဖြစ်သောကြောင့် အသောက်အစား၊ လောင်းကစား၊ အပျော်အပါးနည်းမျိုးစုံနှင့် တိတ်တိတ်ပုန်းအိမ်ထောင်ရေး အရှုတ်များ ရှုပ်ထွေးမှုများဖြစ်ကြသော နှစ်ဖြစ်သည်။ ဆေးခပ်ခြင်း၊ စုန်းတိုက်၊ နတ်တိုက်၊ ပြုစားခြင်းမဟုတ်၊ ထိုသည့်နှစ်များသို့ ရောက်တိုင်း ကိုယ့်စိတ်ကိုယ် မနိုင်ကြသော လူများအတွက် အထူးသတိပြုကြရမည်။ တနည်းအားဖြင့် မိမိ၏ကိုယ်ကျင့်သီလ ကိုယ်ကျင့်တရားများ မထိန်းသိမ်းနိုင်ကြသဖြင့် ဘဝတိုးတက်လမ်းကို ပျက်စီးအောင် ဖျက်စီးသော နှစ်များဖြစ်နေပေသည်။
............(((..တနင်္ဂနွေသားသမီးများ၏ အကောင်းဆုံးနှစ်များ..)))
(၉၊ ၁၀၊)-( ၁၇၊၁၈၊ )-(၂၅၊ ၂၆၊ )-(၃၃၊ ၃၄၊ )-(၄၁၊ ၄၂၊ )-(၄၉၊ ၅၀၊ )-(၅၇၊ ၅၈၊ )-(၆၅၊ ၆၆၊ )-(၇၃၊၇၄၊ )-(၈၁၊ ၈၂။ )အထက်ဖော်ပြပါ နှစ်များသည် အကောင်းဆုံးနှစ်များဖြစ်နေသောကြောင့် ထိုသည့်နှစ်များသို့ ရောက်ရှိ လာကြလျှင် မိမိကိုယ္မိမိ တော်သည်တတ်သည် ဟုတ်သည်၊ မှန်သည်ဟု အထင်ကြီးနေကြပြီး ဘဝင်မြင့်မာနများဖြင့် နေထိုင်တတ်ကြသည်။ မတွေ့ဘူး၊ မကြုံဘူး၊ မဆုံဘူးသေးသော ကောင်းကျိုး ဖြစ်ရပ်များနှင့် တိုက်ဆိုင်နေသောကြောင့် အချို့သောသူများ ဆိုလျှင် မိမိစိတ္က ထင်မှတ်သည့် အတိုင်းဖြစ်ပေါ်လာတတ်သဖြင့် ဘိုးတော်မယ်တော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ မစ စောင့်ရှောက်သည် ဟု ထင်တတ်ကြသည့်အပြင် မိမိကိုယ္ကို မိမိအထင်ကြီးပြီး အကြားအမြင်များပါ ရနေကြသည် ဟူ၍ ထင်မှတ်မှားနေကြပေသည်။.
..........(((..တနင်္ဂနွေသားသမီးများ၏ ဆိုးသောနှစ်များ..)))
၃လ၊ ၄လ၊၅လ၊၆လ၊ အရွယ်များနှင့် (၃၊ ၄၊ ၅၊ ၆၊ )-(၁၁၊ ၁၂၊ ၁၃၊ ၁၄၊)-( ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ )-(၂၇၊ ၂၈၊ ၂၉၊ ၃၀၊)-( ၃၅၊ ၃၆၊ ၃၇၊ ၃၈၊)-( ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ )-(၅၁၊ ၅၂၊ ၅၃၊ ၅၄၊)-( ၅၉၊ ၆၀၊ ၆၁၊ ၆၂ )နှစ်များသည် အဆိုးပိုင်းသို့ရောက်နေသော နှစ်များဖြစ်သည်။
.(((...တနင်္ဂနွေသားသမီးများ၏ ဥပါဒ်ဘေးဆိုးများနှင့်
တိုက်ဆိုင်နေသော အဆိုးဆုံးနှစ်များမှာ...)))
(((-၅၊ ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၈၊ ၈၆။)))
အထက်ဖေါ်ပြပါ နှစ်များသည် ဥပါဒ်ဘေးဆိုများနှင့် တိုက်ဆိုင်နေသော နှစ်များဖြစ်သောကြောင့် ကိုယ်ခန္ဓာမှ သွေးချည်သွေးပေါက်ထွက်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ သားပျက်သားရှော၊ သွေးသွန်ခြင်း၊ ဒဏ်ရာအနာတရကြောင့် သွေးချည်သွေးပေါက်ထွက်ခြင်း၊ အချုပ်အနှောင်ခံရခြင်း၊ အလုပ်ပြောင်းရွှေ့ခံရခြင်း၊ အလုပ်ပြုတ်ခြင်း၊ အဆိပ်ပြင်းထန်သော သတ္တဝါများ ကိုက်ခဲခံရခြင်း၊ ခန္ဓာကိုယ်မီးဟပ်ခြင်း၊ မီးလောင်ခြင်း၊ အိုးအိမ်အဆောက်အအုံများ မီးလောင်ခံရ၍ ဆုံးရံှုးမှုများ ဖြစ်ကြရခြင်း၊ အိမ်မွေး ခွေး၊ ကြောင်၊ ကြက် သတ္တဝါများသေကြေပျက်စီးခြင်း၊ ရောဂါဝေဒနာများ အပြင်းအထန်ခံရခြင်း၊ အမှုအခင်း အရှုပ်အရှင်းများကို တစ်မျိုးမဟုတ် တစ်မျိုးဖြစ်ကြရသည်။
.........(((-တနင်္ဂနွေသားသမီးများ၏ ဘုမ္မိကြီးကျ၍ အဆိုးဆုံးနှစ်များမှာ-)))
(((.၄၃၊ ၄၄၊ ၄၅၊ ၄၆၊ )-(၅၁၊ ၅၂၊ ၅၃၊ ၅၄ )))-နှစ်များသည် ဘဝတစ်လျှောက်လုံး အဆိုးဆုံးနှစ် များဖြစ်သောကြောင့် ကိုယ်၊ စိတ်၊ နှုတ်သုံးပါး အကျဉ်းအကြပ်အခက်အခဲများဖြစ်ခြင်း၊ ရှိပစ္စည်း ဥစ္စာအဖိုးတန်အားလုံး ကုန်ဆုံးခြင်း၊ အုပ်စုအတူနေများနှင့်ကွဲကုန်ခြင်း၊ ဂုဏ်သိက္ခာအားလုံး ကျဆင်းကုန်ခြင်း၊ ကျန်းမာရေးညံ့ ရောဂါများဖြစ်ရခြင်း၊ အဆိုးဆုံးမှာ လူသေလျှင်သေ မသေလျှင် ဘဝသေခြင်း၊ တစ်သက်မှာတစ်ခါ အပြင်းထန်ဆုံးကြောက်စရာအကောင်းဆုံး အပိုင်းအခြားဟူ၍ ကြိုတင်သိရှိထားသင့်ကြပေသည်။
..။(((((ထိုသို့တွေ့ကြုံနေရခြင်းသည်၊(လောကဓံ)မူအရဆိုရသော်-လူမျိုး-ဘာသာ-ရိုးရာ-ဓေလ့-ထုံးစံ-ကိုးကွယ်-ယုံကြည်မှု-များဖြစ်သည့်-အိမ်တွင်းအုန်းမဆွဲလို့+အုန်းသီးကြွက်မီး အတွင်းလှည့်လို့-အပြင်လှည့်လို့+ရိုးရာမှာနေလို့+သိုက်ကလိုက်နှောက်ယှက်နေလို့+ အိမ်မျက် နှာစာ တောင်ဘက် လှည့်ထားလို့ မြောက်ဘက်လှည့်ထားလို့+ လှေဦးတိုက်-လှည်းဦး တိုက်ကြ နေလို့+ သစ်ပင်ကြီး ရှိလို့+ကမူကြီးရှိလို့+အိမ်နံပါတ်+ကားနံပါတ်တွေခိုက်နေလို့-စသည့်အယူအဆ များနှင့် မပတ် သက်သော (လောကဓံ)၏(-ဖြစ်ခြင်း/ပျက်ခြင်း )သဘောတရားများသာဖြစ်ပါ သည်။.အေသးစိတ္ကို-ဗေဒင် အချုပ်မဟာ ဘုတ်(နိဒါန်း) (လောကဓံ)ပညာရှင်များနှင့်-တိုင်ပင်ဆွေးနွေး အကြံ ံဉာဏ်ရ ယူနိုင်ပါသည်။..)))))။
.......ကျွနု်ပ်သည် ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)ဆရာကြီးဦးကြာမြင့်၏ (လောကဓံ.+မဟာဘုတ်-)တစ်ခုတည်းကို လေ့လာအသုံးပြုလာသည်မှာ ယနေ့ဆိုလျှင် .နှစ်ပေါင်း(၂၀)ကျော်ခဲ့ပေပြီ..ထိုအကျိုးကျေးဇူးကား-(ဗေဒင်အသုံး အနှုန်း+ဘာသာရေး အသုံးအနှုန်း) နဲနိုင်သမျှနဲပြီး မိသားစုစကားဝိုင်းကဲ့သို့ ပြောဆိုဆွေးနွေးနိုင်သော-လွယ်ကူထိရောက်သည့် -ကြောင်းကျိုး ဆက် လောကဓံ(အမြင်သစ်)စက်ဝိုင်း အသုံးပြုပုံကို တွေ့ရှိခဲ့ခြင်းပင်ဖြစ်ပါသည်။
((( လောကဓံ-အမြင်သစ်)))စက်ဝိုင်းကို ဆက်လက်လေ့လာကြပါစို့..။။
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=3270836439808058&id=100006452027643
https://m.facebook.com/groups/308388796002273?view=permalink&id=1171653669675777
မူလေရးသားသူကို crd ပေးပါတယ်
Saturday, May 23, 2020
ဘုမ္မိစက်ကွင်းလွတ်စေတဲ့ န၀င်းယတြာ
ဆရာဇော်ရေ...ဒီနှစ်ကတော့ ဘာတွေ ဖြစ်နေမှန်းကို မသိတော့ပါဘူး...ဈေးဆိုင်က လည်း ဈေးရောင်းမကောင်းတော့ မိသားစုစား စရိတ်မကျေဘူး၊ ဆိုင်ထဲက အရင်းတွေက လျော့ လျော့လာတယ်...၊ မိသားစုကျန်းမာ ရေးကလည်း ဟိုလူက နာမကျန်းဖြစ်လိုက်၊ ဒီလူက နာမကျန်း ဖြစ်လိုက်နဲ့ အတော်စိတ် ညစ်နေရတယ်ဗျာ
မိတ်ဆွေဖြစ်သူ ကိုမောင်တိုးက ကျွန် တော်နှင့်တွေ့သည်နှင့် အထက်ပါအတိုင်း ညည်းညူပြောဆိုလာသည်။ ပြီးတော့ သူက ဆက်ပြီး-
ဘေးဒုက္ခတွေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုတည်းမဟုတ်ဘဲ အစုအဝေးနဲ့ လာတတ် တာဗ်၊ စိတ်ညစ်လိုက်ရတာ မပြောပါနဲ့တော့၊ ဟင်း ...
ဘာမှစိတ်မညစ်ပါနဲ့ ကိုမောင်တိုးရယ်၊ ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေကြရတဲ့အခါ သက် သာရာရေစတဲ့ ယတြာတွေ ကျွန်တော်တို့ဗေဒင် ပညာမှာရှိပါတယ်၊ လူတွေမှာ ရှေးရှေးဘဝကပြု ခဲ့တဲ့ ကုသိုလ်တွေက ဒီဘဝမွာ အကျိုးပေး တတ္သလို၊ အကုသိုလ်တွေကလည်း မရပ် မနား အကျိုးပေးတတ်ကြတယ်၊ အဲဒီအကု သိုလ်တွေ ပြေပျောက်ဖို့ ပြုလုပ်ရမယ့်အဓိဋ္ဌာန် ကျင့်စဉ်ယတြာကို ကျွန်တော်ပေးမယ်၊ ဒီယတြာ ကို ကျွန်တော့်သူငယ်ချင်း စာရေးဆရာတစ်ဦးကို ပေးဖူးတယ်၊ တော်တော်တော့ကြာခဲ့ပါပြီ၊
ဒီယတြာမှာ အပိုင်းနှစ်ပိုင်းရှိတယ်၊ယတြာ အစီအရင်အပိုင်းနဲ့ အဓိဋ္ဌာန်ကျင့်စဉ်အပိုင်းတို့ပါ ပဲ၊ ဒီနေရာမှာ ကံဇာတာနိမ့်နေသူတွေဟာ ဘုမ္မိ အရပ်ကျနေသူတွေ၊ ဂြိုဟ်စား ဒသာစီး အညံ့ ကြုံနေသူများဖြစ်တာမို့ ခုနစ်ရက်သားသမီးတွေ ဟာ မိမိတို့ရဲ့ ဘုမ္မိအရပ်၊ ဆပွတ်နေ့တွေကို သိထားရပါမယ်...
ခုနစ်ရက်သားသမီးများ၏ ဘုမ္မိအရပ်
တနင်္ဂနွေသားသမီး၏ ဘုမ္မိအရပ် - တောင်အရပ်။
တနင်္လာသားသမီး၏ ဘုမ္မိအရပ် -အနောက်တောင်အရပ်၊
အင်္ဂါသားသမီး၏ဘုမ္မိအရပ်-အနောက် အရပ်၊
ဗုဒ္ဓဟူးသားသမီး၏ဘုမ္မိအရပ်-အနောက် မြောက်အရပ်၊
ကြာသပတေးသားသမီး၏ဘုမ္မိအရပ်-အရှေ့မြောက်အရပ်၊
သောကြာသားသမီး၏ဘုမ္မိအရပ်-အရှေ့ တောင်အရပ်၊
စနေသားသမီး၏ဘုမ္မိအရပ်-မြောက် အရပ်။
ခုနစ်ရက်သားသမီးများ၏ ဆပွတ်နေ့
တနင်္ဂနွေသားသမီး၏ ဆပွတ်နေ့- သောကြာနေ့၊
တနင်္လာသားသမီး၏ ဆပွတ်နေ့- စေန နေ့၊
အင်္ဂါသားသမီး၏ ဆပွတ်နေ့- တနင်္ဂနွေ နေ့၊
ဗုဒ္ဓဟူးသားသမီး၏ ဆပွတ်နေ့ - တနင်္လာနေ့၊
ကြာသပတေးသားသမီး၏ ဆပွတ်နေ့- အင်္ဂါနေ့၊
သောကြာသားသမီး၏ ဆပွတ်နေ့- ဗုဒ္ဓဟူးနေ့၊
စေနသားသမီး၏ ဆပွတ်နေ့- ကြာသပ တေးနေ့။
ယခုတင်ပြပေးမည့်ယတြာအပိုင်းသည် အလွန်အစွမ်းထက်မြက်ပါသည်။ ၄င်းယတြာကို အဓိဋ္ဌာန်ကျင့်စဉ်ပိုင်းက ပို၍အစွမ်းထက်အောင်၊ ကုသိုလ်လည်းရအောင် များစွာပံ့ပိုးပေးပါသည်။
ယတြာအတွက်လိုအပ်သောပစ္စည်းများမှာ
(၁) ဆန်ကော ၁ ချပ်၊
(၂) ဖန်ခွက် ၁ လုံး၊
(၃) ပန်းကန် ၁ ချပ်၊
(၄) အပ်ချည်အဖြူ ၂ လုံး၊
(၅) ဆန်နို့ဆီဘူး ၉ လုံး၊
(၆) လက်ဖက်အသား ၉ ကျပ်သား၊
(၇) ကွမ်းယာ ၉ ယာ၊
(၈) မဆစ္ဆီ ၉ ကျပ်သား၊
(၉) ဖယောင်းတိုင် ၉ တိုင်၊
(၁၀) အမွှေးတိုင် ၉ တိုင်၊
(၁၁) မတ်စေ့ ၉ စေ့၊
(၁၂) နေ့သား နံသင့်ပန်းတို့ဖြစ်သည်။
ယတြာဆောင်ရွက်ပုံမှာ အပ်ချည်အဖြူ တစ်လုံးစီမှနေ၍ ကာယကံရှင်(နေ့သား/သမီး)၏ လက်နှင့် ၉ လံစီ ၂ ခု အပ်ချည်ကိုဖြတ်ရမည်။ အပ်ချည်ကြိုး ၉ လံ ၁ ခုကို အထုံး ၉ ထုံးပါ သည့် ကြိုးကွင်းဖြစ်အောင် လုပ်ရမည်။ ကျန်သည့် အပ်ချည်ကြိုး ၉ လံကိုတော့ အထုံး မထုံးရပါ။ အဲဒီကြိုးကွင်းနှစ်ခုစလုံးကို ကာယ ကံရှင်အနေဖြင့် ချည်မန်းကွင်းဟု စိတ်ထဲ မွာ မှတ်ယူထားရပါမည်။ ထို့နောက် ကာယကံ ရှင်သည် ၄င်းချည်မန်းကွင်းနှစ်ခုကို ခေါင်းမှစွပ်ပြီး စလွယ်သိုင်းထားရပါမည်။ ယင်းချည်မန်းကွင်း ကို မိမိမွေးနေ့မတိုင်မီ တစ်ညကြိုတင်လုပ်ပြီး စလွယ်သိုင်းထားကာ အိပ်စက်ရပါမည်။
မိမိ၏မွေးနေ့နံနက် ၉ နာရီတွင် ဘုရားစင် ရှေ့၌ ဆန်နို့ဆီဘူး ၉ ဘူးကို ဆန်ကောထဲသို့ ဖြန့်ခင်းလိုက်ရပါမည်။ဆန်အပေါ်မှာပန်းကန်ပြား ၁ ချပ်ကိုတင်၍ ပန်းကန်၏အလယ်တွင် ရေသန့် သန့်ထည့်ထားသည့်ဖန်ခွက်ကို တင်ရမည်။ ဖန် ခွက်၏ဘေးပတ်လည်တွင် ကွမ်းယာ ၉ ယာကို ဝိုင်းပတ်ထားပေးရပါမည်။
(မှတ်ချက်-ဖန္ခြက္ကို ဝိုင်းပတ်ထား သော ကွမ်း ၉ ယာသည် ထုံး ၉ ချက်သုတ် ထားပြီး ကွမ်းသီးတစ်ခြမ်းစီ ထည့်ထားရပါမည်)
သည့်နောက် လက်ဖက်အသားကို ၉ လုံး လုံး၍ ပန်းကန်ပြား၏ဘေးပတ်လည်တွင်စီ၍ ဆန်ပေါ်၌ ထားရှိရပါမည်။ ဆန်ကော၏ ဘေး ပတ်လည်တွင် မတ်စေ့ ၉ စေ့ကို အညီအမွ်စီခ် ထားရပါမည်။ ၄င်းမတ်စေ့များအပေါ်တွင် ဖယောင်းတိုင်ကို စိုက်ထူပေးထားရမည်။ အမွှေး တိုင် ၉ တိုင်ကို ဖယောင်းတိုင် ၉ တိုင်၏တစ် တိုင်စီကြား၌ စိုက်ထူထားရမည်။ ပြီးလျှင် ဗုဒ္ဓ ဘုရားရှင်အား ဆက်ကပ်ပူဇော်ရမည်။
ငါးပါးသီလ ခံယူဆောက်တည်၍ ဂုဏ် တော်ကိုးပါး ပုတီးစိပ်ရမည်။ ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပြီးလျှင် အထုံး ၉ ထုံးပါသော ချည်မန်း ကွင်းကို ချွတ်ချရမည်။ ၄င်းချည်မန်းကွင်း၊ ကာယကံရှင်၏ဆံပင် စတိဖြစ်စ၊ ဘယ္ညာ ခြေသည်း၊ ဘယ်ညာလက်သည်းတို့ကို ကာယ ကံရှင်၏ဆပွတ်နေ့သားသမီးကယူ၍ နေ့မကူးမီ ရေစီးထဲသို့မျှောပေးရမည်။
အထုံးမပါသော ချည်မန်းကွင်းကို ခေါက် တုံ့ပြန်ကာ မဆစ်ဆီတွင်စိမ်၍ ဘုရားမီးပူဇော် ပေးရပါမည်။
အထက်ပါယတြာကို ဆောင်ရွက်လျှင် ဘုမ္မိရန်ကျနေခြင်း၊ ဂြိုဟ်စားဒသာစီး အညံ့ ကြုံနေခြင်း၊ စီးပွားရေးမကောင်းခြင်း၊ အမှုအခင်း အချုပ်အနှောင်ခံနေရခြင်း၊ ရောဂါဝေဒနာဆိုး မ်ားကို ခံစားနေရခြင်း၊ အမှောင့်ပယောဂဝင်နေခြင်း၊ အတိုက်အခံပြုခံနေရခြင်းတို့မှလုံးဝကင်း ဝေးသွားစေနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသတည်း။ ။
ဝင်းဇော် (သုံးဆယ်)
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=115858609766529&id=100243714661352
မူလေရးသားသူကို crd ပေးပါတယ်
ပေးစရာရှိသောအကြွေးကိုတမင်သက်သက်ညစ်ပြီးပြန်မဆပ်ရင်
တချို့တွေရှိတယ်ဗျ...
ပေးရမှန်းသိရက်နဲ့မပေးချင်ကြဘူး မပေးတော့မိတ်ပျက်ကြတယ်၊ ရန်သူတွေဖြစ်ကြ၊ မေတ္တာပျက်ကြတယ်
တချို့ကြားရတာ မြင်ကြတာတွေဆို စိတ်မကောင်းဖြစ်မိတယ်.... အဲတော့ အမုန်းမပွား ရန္မမ်ားတဲ့ ယတြာလေး
ရေးပြီးတင်ပေးလိုက်ပါတယ်ဗျာ... လုပ်ကြည့်ကြပါဗျာ
ထူးလာပါလိမ့်မယ်.....
မိမိကိုပေးစရာရှိသောအကြွေးကိုတမင်သက်သက်ညစ်ပြီးပြန်မဆက်ရင်
နနွင်းမှုန့်ကို ရေနဲ့ပျစ်ပျစ်ကလေးဖျော်
မျဉ်းမပါတဲ့စာရွက် (A4) စာရွက်လိုမျိူးအဖြူသန့်သန့်ပေါ်မှာ
မိမိရစရာရှိသောငွေပမာဏကိုထည့်ရေးပါ
( ဥပမာ ) ကိုဦးထံမှရစရာရှိသောအကြွေး၁၀သိန်းအမြန်လာဆပ်ပါစေပေါ့ ....
ရေးတဲ့အခါမှာခေါက်ဆွဲစားတဲ့တူကိုအသုံးပြုပြီးရေးလဲရပါတယ် .....
ဒီလိုရေးပြီးရင်စာရွက်ကိုလိပ်ရပါမယ်.....
လိပ်ပြီးရင်နနွင်းဆိုးထားတဲ့ အပ်ချည်ကြိုးနဲ့ပဲစာရွက်ကိုချည်လိုက်ပါ .....
စာရွက်ကိုလုံးဝမခေါက်ရပါဘူး စာရွက်ကိုခေါက်မိရင်ခေါက်ရိုးကျိူးသွားခဲ့ရင်တော့အကြွေးပြန်လာဆပ်ဖို့အချိန်ပိုကြာသွားတတ်ပါတယ်.....
ပြီးရင်ထိုစာရွက်ကိုရေရှင်မှာမျှောရပါမယ်.....
လုပ်ရင်တော့ ၉ကြိမ်ပြည့်အောင်လုပ်ပါ ......
၉ကြိမ်မပြည့်ခင်အကြွေးပြန်လာဆပ်တာများပါတယ်.....
ဆရာမင်းနိူင်အား ဦးခိုက်ကန်တော့ပါသည်.....
ကျွန်တော်ဆီ ကံကြမ္မာ အဆိုး အကောင်းမေးနိူင်ပါသည် ခင်ဗျာ...
ရွှင်လန်းသော စိတ်ဖြင့် ပြည့်စုံပါစေ.....
ဇေယျာထက် 09402649739
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=2630923050560915&id=100009297370669
မူလေရးသားသူကို crd ပေးပါတယ်
အလွယ်ဆုံးယတြာလုပ်နည်း
ကျွန်ုပ်ဟာ မိတ်ဆွေများအတွက်ကောင်းနိုးရာရာ ယတြာများကို
ဖော်ထုတ်လျှက်ပါယခုပေးမှာကတော့
ဆရာကြီးမင်းသိင်္ခရဲ့ မရမ်းတလင်းလက်ဆောင် ဂမ်ဘီရယတြာများထဲက
ပန်းကန်ပြားပေါ်ကသရ(၁၂)လုံး အမည်ရတဲ့ ဂမ်ဘီရယတြာဖြစ်ပါတယ်။
ကျွန်တော် အချို့သောမိတ်ဆွေလေးတွေကိုပေးဖြစ်တယ် တချို့အလုပ်တွေရ တချို့စိုးရိမ်စရာလေးတွေပြေပျောက်သွားတယ်။ ဒီနည်းလေးက အရာရာသော အခက်ခဲများတွက် အသုံးခ်လို့ရတယ္လို့ ဆရာကြီးမင်းသိင်္ခက
ဖော်ပြပေးထားတယ်။
ဥပမာ မိမိက ငွေကြေးမရနိူင်ဖြစ်နေတယ်ဆိုပါဆော့ဗျာ ပြန်ရဖို့ လုပ်ဖို့ဆိုရင်
( အ အာ ၏ ဤ အု အူ အေ အဲ အော့ အော် အံ အား ) ဆိုတဲ့ သရ(၁၂)လုံးကို
ကြွေပန်းပြား နူတ်ခမ်းမှာ ပတ်ဝိုင်းပြီး
ရေးရမယ် ၊ ထင်အောင်ရေးရမယ်။ ပန်းကန်ပြား အလယ်ခေါင်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းရမယ်။
ပြီးတော့ အဲ့ဒီ အသံထွက်(၁၂)လုံးကို
(၂၇)ခေါက်ရွတ်ဆိုပြီး ဖယောင်းတိုင်မီးကို လက်ဝါးနှစ်ဖက်နဲ့ ရိုက်သတ်ငြိမ်းရမယ်၊ ရိုက်သတ်ငြိမ်းတဲ့အခါမှာ မရရှိသေးတဲ့ငွေးကြေးတွေပြန်ရပါစေဆိုပြီး ပါးစပ်ကဆိုရမယ် အဲ့ဒီရွတ်ဆိုတဲ့နေရာမှာ မိမိတို့
အခက်ခဲရှိတာကို ရွတ်ဆိုကြပေါ့ဗျာ။
ကဲဒါဆို ကိုယ့်မိတ်ဆွေများ အလွယ်ကူဆုံးဂမ်ဘီရယတြာလေး လုပ်နိူင်ပါပြီဗျာ။
ဆရာကြီးမင်းသိင်္ခအား လေးစားလျှက်လူသားများအား ဆက်လက်အကျိုးပြုပေးလိုက်ပါတယ် 🙏🙏🙏
တားရော့ဗေဒင်
ကောင်းခန့်လွင်
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=156260842535181&id=100044537975177
မူလေရးသားသူကို crd ပေးပါတယ်
အလွယ် ကံဖွင့်နည်း
မိမိကံဇာတာ ညံ့နေတယ် ထင်နေရင်
ဘာလုပ်လုပ် လွဲချော်နေရင်
အတားအဆီး အတိုက်အခံတွေများနေရင်
ယတြာတွေ လုပ်လည်း အဆင်မပြေလာဘူးထင်နေရင်
ဘယ်ကိစ္စအတွက်မဆ်ိုဆောင်
ရွက်နိုင်ပါတယ်။
အခုအချိန်မှာ ဝယ်ရတာလည်း
မခက်တဲ့ပစ္စည်းပါ။
ရှောက်သီး ၃ လုးံယူပါ။သံပရာ သံပရို လည်းရပါတယ်။
လေးစိပ်စိပ်ပါ။ အောက်ခြေထိ
မဖြတ်ပဲထားပါ။ပန်းပွင့်လိုဖြစ်
သွားပါမယ်။လေးဖက်လေးတန်
ဘေးကိုကားလိုက်ရင်ရပါတယ်။ ကြွေပန်းကန် အဖြူထဲ
ပါတ်ချာလည်ထည့်ပါ။
ရှောက်သီးစိပ် ၃ စိပ်အလယ်ထဲကိုဆား ၃ ဇွန်း စီထည့်ပါ။အပြင်ဖက်ပိုတာတွေကျလည်းရပါတယ်။ပန်းကန်အလယ်မှာဖယောင်းတ်ိုင်အဖြူ
တစ်တ်ိုင်ထွန်းပါ။
မိမိ လိုအပ်ရာ တစ်မိနစ်လေးလေးနက်နက်ဆုတောင်းပါ။
ဖယောင်းတိုင်ငြိမ်းရင် အဲသည်
ပန်းကန်ကို မိမိ ခုတင်အောက်ထားပါ။ ခုတင်မရှိရင် အိပ်ခန်း
ထောင့်မှာထားပါ။ မက်ိုင်ပါနဲ့
တော့။ တစ်ပါတ်အတွင်းရှောက်
ရည်များပါတ်ချာလည်စီးထွက်
လာရင် ရှောက်သီး မည်းပြီး
တွန့်လိမ်လာရင် ဆားများအနက်ရောင်ပြောင်းသွားရင်
ပိတ်ဆို့ထားသည်များ ကိုစုပ်ယူနေတာပါ။ဆား အရောင်ဖြူဖွေး
အရောင်မပြောင်းရင် အခြေအနေကောင်းပါတယ်။
တစ်ပါတ်ပြည့်ရင် အိတ်အနက်ထဲထည့်ပြီးဝေးရာစွန့်ပစ်ပါ။
ပန်းကန်မပါပါ။
တနင်္ဂနွေ အင်္ဂါ အဆင်ပြေရက်
အချိန် ပြုလုပ်ပါ။
ကံထူးကံတက်ကံမြင့်ကြပါစေ။
မှတ်ချက် ပိုစ့်နဲ့ မသက်ဆိုင်သော မေးခွန်းများ မမေးပါနဲ့
(အ်ိပ်မက် နိမိတ် ကလေးနာမည်ပေးစသည်များ)
ဆရာကောင်းသုခ
၂၇ ၄ ၂၀၂၀
မူရင်းလင့်။ ။ https://m.facebook.com/groups/1121532181361620?view=permalink&id=1460582387456596
မူလေရးသားသူကို crd ပေးပါတယ်
@လွန်စွာအကျိုးထူးပေး၍ လျင်မြန်စွာ အစွမ်းပြသော အဂ်ဝိဇ္ဇာယတြာအလှူ
(ယုံကြည်စွာ ပူဇော်ဆောင်ရွက်ကြည့်ပါလေ)
********************************************
အင်္ဂဝိဇ္ဇာယတြာခန်းတွင်
"ပဉ္စပွတ်၊ ဆပွတ်၊ အညွှန့်"
ဟူသည်ကားအလွန်အားထားကြရသော
ပညာခန်းဖြစ်ပါတယ်။
မိမိမွေးနံနေ့ရဲ့ (၅ခုမြောက်သောနေ့)ပဉ္စပွတ်နေ့ နံနက် ၅နာရီမွာ
မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်မယ်ဆိုရင်
အလွန်အကျိုးထူးပေးသော ကုသိုလ်အဖြစ်
ချက်ချင်း လက်တွေ့ဆုတောင်းပြည့်စေပါတယ်။
ထို့အတူ
မိမိမွေးနံနေ့ရဲ့ (၂ခုမြောက်သောနေ့)အညွှန့် နေ့ နံနက် ၅နာရီမွာ
မြတ်စွာဘုရားရှင်ကို အညွှန့် ဓာတ်ပန်း
ကပ်လှူမယ်ဆိုရင်
အလွန်အကျိုးထူးပေးသော ကုသိုလ်အဖြစ်
ကံတလူလူ အညွှန့် တလူလူဖြစ်လာပါလိမ့်မယ်။
ထို့အတူ
သူ့ကိုနိုင်လို ဆကိုခို ဆိုတဲ့အတိုင်း
အပြိုင်အဆိုင်ကိစ္စတွေ
အရှုံးအနိုင်တွက်ရတဲ့အလုပ်တွေ
အတိုက်အခိုက်ရှိတဲ့ကိစ္စတွေအတွက်တော့
မိမိမွေးနံနေ့ရဲ့ (၆ခုမြောက်သောနေ့)ဆပွတ်နေ့ နံနက် ၅နာရီမွာ
သရက်သီးသနပ်ဆွမ်း
ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း
(သို့မဟုတ်)
ပဲသနပ်ဆွမ်း
ကုလားပဲ ဆီပြန်ချက်၍ ဆွမ်းပေါ်တင်ထားသောဆွမ်း
ကို မြတ်စွာဘုရားအား လှူဒါန်း ဆက်ကပ်ခြင်းဖြင့် အထူးအောင်နိုင်ရပါတယ်။
ဒီလို အလြန္လြယ္ကူတဲ့ ယတြာတွေဖြစ်ပေမယ့်
အလွန်အစွမ်းထက်ပြီး အကျိုးပေးမြန်စေတာ
လက်တွေ့ယတြာတွေပါ။
ထို့အပြင်***
#တနင်္ဂနွေသားသမီးများသည်
ကြာသာပတေးနေ့ နံနက် ၅နာရီမွာ
ပျာရည်ဆွမ်း (ဆွမ်းပေါ်တွင် ပျာရည်ဆမ်းထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယေင်းဆီ၁တုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
တနင်္လာနေ့ နံနက်၅နာရီမှာ
ကံကော်ညွှန့် ၉ညွှန်လှူပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
သောကြာနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။
#အင်္ဂါသားသမီးများသည်
စနေနေ့ နံနက် ၅နာရီမွာ
နို့ဆွမ်း (ဆွမ်းပေါ်တွင် နွားနို့ဆမ်းထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယေင်းဆီ၁တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ နံနက်၅နာရီမှာ
ရွက်လှညွှန့် ၉ညွှန်လှူပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
တနင်္ဂနွေနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။
#ဗုဒ္ဓဟူးသားသမီးများသည်
တနင်္ဂနွေနေ့နံနက် ၅နာရီမွာ
အုန်းဆွမ်း
(ဆွမ်းပေါ်တွင် အုန်းနို့များဆမ်း၍တင်ထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
ကြာသာပတေးနေ့ နံနက်၅နာရီမှာ
အိမ်ဘုရားတွင်
ပေါက်ညွှန့်(သို့) ပေါက်ပန်းဖြူညွှန့်၉ညွှန်လှူ၍
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
တနင်္လါနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။
#ကြာသာပတေးသားသမီးများသည်
တနင်္ဂလာနေ့နံနက် ၅နာရီမွာ
ကိတ်မုန့်ဆွမ်း
(ဆွမ်းပေါ်တွင် ကိတ်မုန့်များဆမ်း၍တင်ထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
သောကြာနေ့ နံနက်၅နာရီမှာ
အိမ်ဘုရားတွင်
သီးညွှန့်(သို့) သီဟိုဠ်ညွှန့်၉ညွှန်လှူ၍
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
အင်္ဂါနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ။
#သောကြာသားသမီးများသည်
အင်္ဂါနေ့နံနက် ၅နာရီမွာ
ဆီဆမ်းဆား ဖြူးဆွမ်း
(ဆွမ်းပေါ်တွင် ဆီဆမ်း ဆားဖြူးထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
စနေနေ့ နံနက်၅နာရီမှာ
အိမ်ဘုရားတွင်
ထန်းညွှန့်(သို့) ဒေါနညွှန့်၉ညွှန်လှူ၍
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ
#စနေသားသမီးများသည်
ဗုဒ္ဓဟူးနေ့နံနက် ၅နာရီမွာ
လဖက်ဆွမ်း
(ဆွမ်းပေါ်တွင် လဖက်ဖြူးထားသောဆွမ်း) ၁ပြဲ၊
သောက်တော်ရေချမ်း၁ခွက်
ဆီမီးဖယောင်း (၁)တိုင်ပူဇော်ပြီး
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
တနင်္ဂနွေနေ့ နံနက်၅နာရီမှာ
အိမ်ဘုရားတွင်
အုန်းညွှန့် ၉ ညွှန်လှူ၍
ဂုဏ်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီး
လိုသောကိစ္စများဆုတောင်းပါ။
ကြာသပတေးနေ့ နံနက်၅နာရီမှာတော့
သရက္သီး သနပ်ဆွမ်း
(ဆွမ်းပေါ်တွင် သရက္သီး သနပ်တင်ထားသောဆွမ်း) လှူပြီး
ဂုက်တော်၉ပါးပုတီး(၁)ပတ်ပူဇော်ပြီးလိုသောဆုတောင်းပါ
ခန့်ကျော်စွာ
09423660144
မူရင်းလင့်။ ။ https://m.facebook.com/groups/1573638246261942?view=permalink&id=2426989100926848
မူလေရးသားသူကို crd ပေးပါတယ်
Friday, May 8, 2020
Subscribe to:
Posts (Atom)