ထူးခြားမည်သေချာပါလျှက်
============================
သည်ကျင့်စဉ်လေးကကျွန်မဆရာ ပေးတာပါ။ ရော့ ခင်စုသီ ညည်းက
ထူးခြားတာတွေ စိတ်ဝင်စားတယ်။သည်ကျင့်စဉ်ကျင့် ထူးခြားစေရမယ်
တဲ့လေ။
ပထမ တစ်လမှာ အ - ရဟံ တနေ့၁၀၀၀(ပုတီး၉ပတ်နှင့်၂၈လုံး)ကို
တစ်လစိတ်ရမှာပါ။
ဒုတိယလမှာ အရ-- ဟံ တနေ့၁၀၀၀စိတ်ပါ။
တတိယလမှာ အရဟံ တနေ့၁၀၀၀စိတ်ပါ။
ပုတီးစိတ်နေစဉ် အချက်၃ချက် အိပ်မက်မက်ရင် အစကပြန်စရမှာပါ။
၁။ အိပ်မက်မှာ အစားအစာတွေစားခြင်း။
၂။ သီဆိုကခုန်ခြင်း။
၃။ မေထုန်မှီဝဲခြင်း။
တခုခုမက်လို့ကအစမှပြန်စ။
ဒါဆိုရင် ခင်စုသီ အဓိဋ္ဌာန်ဝင်ပြီးပြီလာမေးရင်ဖြေပါမည်။ဝင်ပြီးပါပြီ။
မအောင်မြင်ပါဘူး။လတစ်လရဲ့မွေးနေ့ ကြာသပတေးမှာ အဓိဋ္ဌာန်စ
ဝင်ပါတယ်။၂ရက်မှာအိပ်မက်ပါတယ်။ ထမင်းစားပွဲဝိုင်းကြီးမှာအစား
တွေစုံလို့ ခင်စုသီလည်းဘယ်ဘဝကများငတ်လာသည်မသိစားလိုက်
တာ။ မေမေ့ကိုပြောပြတော့ ကောင်းတာပေါ့။၂ရက်မှာတင်ပျက်တာ
ပြန်စတဲ့။
အပွင့်လင်းဆုံးဝန်ခံရရင် တခါမှထပ်မစိတ်ဖြစ်တော့ပါဘူး။
ချစ်မိတ်ဆွေတို့ စိတ်ကြည့်မယ်ဆို ကိုယ့်ထူးခြားမှုလေးကိုယ်သိရမယ်
မဟုတ်လား။ကျွန်မဆရာကပြောတော့ ဆရာ့ဆီဝိဇ္ဇာတွေလာပြီး အင်း
တွေသောက်ရတယ်ပြောတာပါ။
ကျွန်မလည်း တခါလောက်တော့ ပြန်စိတ်ကြည့်ပါဦးမည်။
ကျွန်မကတော့ ဘယ်ကျင့်စဉ်လေးကျင့်ကျင့်ကြို းစားမှုရဲ့အသီးအပွင့်လေး
မြင်လိုသူပါ။
အ ရဟ် အောင်သွားလို့ အရ ဟံကြမှအဖျက်ဝင်ရင် အ ရဟံကပြန်
မစရပါဘူး၊ အရ ဟံပဲပြန်စပါ။
ထူးခြားနိုင်ကြပါစေ။ ်
မူလရေးသားသူကို crd ပေးပါတယ်
No comments:
Post a Comment