သိဒ္ဓိပေါက် သွပ်ဖမ်းနည်း
ကြက်ဟင်းခါးပင် ၏ ပဥ္စငါးပါး ကို ထုထောင်း၍ အရည်ညှစ်ယူပါ ၄၀ ကျပ်သားခန့် ရှိလျင်
ဆား ၅ကျပ်သား
လက်ချား မီးပေါက် ၁ဝကျပ်သား
တို့ကို ရော၍ သံဒယ်အိုးတွင် ထည့်ပြီး ချော်ဆေး ချက်ရမည်
သန့်စင်ပြီးသော သွပ် ၅ကျပ်သားကို လုံတွင်ထည့်၍
ချော်ဆေးသိပ်ပြီး လုံပိတ် မီးရှန် မျှဉ်းမျှဉ်း ထိုးပါ
ထိုချော်ဆေး နှင့် ထပ်ကာ ထပ်ကာ ထိုးပြီးနောက် ချော်ဆေး ကုန်လျှင် ထိုဓာတ်ကို လုံပိတ်ဇော်မံ၍ ၄၅ ရက်ကြာ အောင် လေဖိုတင်ထားပါ။
သတ်မှတ် ရက်စေ့ လျှင် လုံကို အအေးခံ၍ ဓာတ်လုံးကို ထုတ်ယူပြီးလျှင် ဖန်ခွက်ထဲ ရေထည့်၍ ဓာတ်လုံးစိမ်ပြီး အဆောင်ပြုလိုသူ ၏ မွေးနေ့တွင် အောက်ပါဂါထာ တော်ကို ၁၀၈ခေါက် ရွတ်ပွား၍ သိဒ္ဓိ တင်ရမည်
သိဒ္ဓိပေါက် ဂါထာတော်
ပဌမံ သကလက်ခဏ မကေပဒံ
ဒုတိယာဒိ ပဒဿ နိဒဿနတော
သ မ နိ ဒု နိ မာ
သ မ ဒု သ နိ ဒု
ဝိဘဇေ ကမတော ပဌမေန ဝိနာ
ဈေးဆိုင် ရောင်းချ အသက်မွေးသူဖြစ်လျှင် ထိုသွပ်လုံး ကို နံနက်ဆိုင်ဖွင့် ချိန် ရေသန့် တစ်ဖန်ခွက် တွင် အမွှေးနံသာ များ နှင့် အတူ ထည့်၍ သိဒ္ဓိပေါက် ပဋ္ဌမံဂါထာတော် ၉ ခေါက်ရွတ်ပြီး ဆိုင်ကို ပက်ဖျန်းပါ အရောင်းထိုင်း ဈေးဆိုင်များ ဘူပိတ်နေသူများ အတွက် အထူးအကျိုးပေးသန်လှပါ၏။
...,..........,.......,
သီတ ဥဒက ဓာတ်ဆေးလုံး ပြုလုပ်နည်း
ဆရာချန်က ဓာတ်ဆေးလုံး လုပ်ပုံလေး ရှင်းပြပါဦး ဓာတ် ပညာ ဗဟုသုတပေါ့ လို့ပြောတဲ့အခါ ဘိုးကြည်အေးကလဲ ဒီလိုပါဗျာ အလွယ်လေးဟု ဆိုပြီး
ဘော်စင် တစ်မတ်သားကို တံစည်း စား အမှုန့်ပြုလုပ်ပြီး ပြဒါးတစ်မတ်သား နဲ့ လက်ဝါးပေါ် နှဲ့ နှဲ့ ပြီး လုံး
ရသည်
လူတွေက နာဂဠုန်ကိုသာ သဲကြီးမဲကြီး ဖြစ်နေကြတယ် ဘော်ဂဠုန်ကိုမသုံးတတ်ကြဘူး
အဲဒီလို လုံးပြီးရင် ဓာတ်မဖောက် နိုင်တဲ့ တိုက် ပန်းကန်လုံး ထဲမှာ သံပုရာရည်မြုပ်အောင်စိမ် ထုံတယ်လို့ ဆိုသပေါ့
ရက်ပေါင်း ၆၀ပြည့် ရင် ဆယ်ယူသုတ်သင် စင်ကြယ်စေပြီး ပျားရည်နဲ့ ရက် ၆၀ နောက်များတော့ ရေစင်ရေသန့် နဲ့ ရက် ၆၀ ဆက် ထုံ ပေးရမည် ရေအအေးဓာတ် နဲ့ဖန်တီးတဲ့ ဓာတ်လုံးမို့ သီတ ဥဒက ဓာတ်လုံးလိုခေါ်ရသည်
အဲဒါတွေပြီးရင်တော့ လုံခြုံတဲ့ ဖန်ပုလင်းအတွင်း ထည့်ပြီး ရွှေဆိုင်းလေးတွေ နိုင်သလောက် ကျွေးပေးပါ ရွှေဟိတ်ဖြင့် ရွှေရောင်တောက်ပလာသည် အထိ ကျွေးပြီးရင်တော့ အာရောဂျ သိဒ္ဓိ ပြည့်ဝ
လု နီး ဓာတ်လုံးဖြစ်မည်
အမောခံ ရောဂါဘယ အကုန်ပျောက်တယ် သွားလေရာ ဆောင်လဲ အန္တရာယ်ကင်း ဘေးရှင်းစေတာ လက်တွေ့သိရလိမ့်ပါမယ်ဗျာ
No comments:
Post a Comment