ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, February 6, 2026

ငွေဝင်ယတြာမီးတိုင်

ငွေဝင်ယတြာမီးတိုင်
=============
(တင်ဖူးပေးပြီး အသူံးတည့်တာကြောင့်ပြန်လည်မျှဝေလိုက်ပါတယ်)

        ဒီတခါတော့ စီးပွားလာဘ်ပွင့် ငွေဝင်မီးတိုင် စီရင်နည်းကို ဝေမျှ လိုက်ပါတယ်....
        ကိုယ်တိုင် စီရင်အသုံးပြုတဲ့ နည်းဖြစ်သလို လက်တွေ့စီရင်အောင်မြင်နေကြဖြစ်တာကြောင့် ယုံကြည်စွာ သူံးစွဲနိုင်ပါတယ်  ......

       စီရင်နည်း အနေနဲ့ကတော့ မိမိ လက်ဝါးအရှည်ထက်မလျော့တဲ့ မိးတိုင်မှာ စီရင်ရမှာပါ ....

       ပုံပါအက္ခရာများ အတိုင်း ရေးသားစီရင်ရပါမယ် ...
       အက္ခရာ တလုံးဆွဲတိုင်း ဂုဏ်တော်ကိုးပါး အစအဆုံးရွတ်ဖတ်ရပါမယ် .....

       အက္ခရာ လေးလုံး ရေးသားပြီးပါက မီးတိူင်ကို ....

       "ဥုံ သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ အပေါင်း ထောင်သောင်း ထက်ဆရာထက် " ထို မန္တာန်ကို ၉ ခေါက် ၃ ကြိမ် ရွတ်ဖတ်ရပါမယ် .....

       အလုံးစုံ စီရင်ပြီးပါက ... မိမိ နေ့နံနေ့အတိုင်း ထွန်းညှိပူဇော်နိုင်ပါပြီ ....
       ၇ တိုင် ၇ ရက် ပူဇော်ရပါမယ် ...

(ဆရာဖြစ်သူများ ထုံအဖြစ်စီရင်လိုပါက ၄၅ ရက် စီရင်ထွန်းညှိရပါမယ် ထုံအောင်လျှင် အရေးကိစ္စရှိတဲ့ အခါ တစ်တိုင်စီရင်ယုံနှင် မိမိ အလိုရှိရာကို ပြီးမြောက်စေပါတယ်)

နိုင်ထက်အောင်

=========

No comments: