လောကီပညာ ဘဏ်တိုက်ကြီး

ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, February 6, 2026

ငွေဝင်ယတြာမီးတိုင်

ငွေဝင်ယတြာမီးတိုင်
=============
(တင်ဖူးပေးပြီး အသူံးတည့်တာကြောင့်ပြန်လည်မျှဝေလိုက်ပါတယ်)

        ဒီတခါတော့ စီးပွားလာဘ်ပွင့် ငွေဝင်မီးတိုင် စီရင်နည်းကို ဝေမျှ လိုက်ပါတယ်....
        ကိုယ်တိုင် စီရင်အသုံးပြုတဲ့ နည်းဖြစ်သလို လက်တွေ့စီရင်အောင်မြင်နေကြဖြစ်တာကြောင့် ယုံကြည်စွာ သူံးစွဲနိုင်ပါတယ်  ......

       စီရင်နည်း အနေနဲ့ကတော့ မိမိ လက်ဝါးအရှည်ထက်မလျော့တဲ့ မိးတိုင်မှာ စီရင်ရမှာပါ ....

       ပုံပါအက္ခရာများ အတိုင်း ရေးသားစီရင်ရပါမယ် ...
       အက္ခရာ တလုံးဆွဲတိုင်း ဂုဏ်တော်ကိုးပါး အစအဆုံးရွတ်ဖတ်ရပါမယ် .....

       အက္ခရာ လေးလုံး ရေးသားပြီးပါက မီးတိူင်ကို ....

       "ဥုံ သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ အပေါင်း ထောင်သောင်း ထက်ဆရာထက် " ထို မန္တာန်ကို ၉ ခေါက် ၃ ကြိမ် ရွတ်ဖတ်ရပါမယ် .....

       အလုံးစုံ စီရင်ပြီးပါက ... မိမိ နေ့နံနေ့အတိုင်း ထွန်းညှိပူဇော်နိုင်ပါပြီ ....
       ၇ တိုင် ၇ ရက် ပူဇော်ရပါမယ် ...

(ဆရာဖြစ်သူများ ထုံအဖြစ်စီရင်လိုပါက ၄၅ ရက် စီရင်ထွန်းညှိရပါမယ် ထုံအောင်လျှင် အရေးကိစ္စရှိတဲ့ အခါ တစ်တိုင်စီရင်ယုံနှင် မိမိ အလိုရှိရာကို ပြီးမြောက်စေပါတယ်)

နိုင်ထက်အောင်

=========

ငွေဆန်ဆီ

"ထူးထူးခြားခြား" ပြောရရင်....

"ငွေဆန်ဆီ" ဆိုတဲ့အစီအမံက 
ရှားပါးတဲ့ပညာခန်းဗျ။
ဒါကြောင့် ခင်ဗျားတို့လုပ်လို့ရအောင်အသေးစိတ်
ရေးပေးတာ။

အကျိုးပေးတဲ့နေရာမှာရောစီရင်ပုံမှာရော 
ပုံစံတူထပ်မရှိနိုင်တဲ့ အစီအမံဗျ။

ငွေဝင်ယတြာတွေ၊ကြွေးကြေ‌ယတြာတွေ
အညံပျောက်တာတွေ စတဲ့စီရင်ခန်းလို လိုရာတခုထဲ
လိုက်လုပ်စရာမလိုလောက်အောင် ဓာတ်ပညာခန်းမှာ ပြည့်စုံလွန်းတယ်။

သူတခုထဲနဲ့တင် ကိုယ်ကဘာဖြစ်နေနေ 
မကြာခင်ပြေလည်သွားတာပါပဲ။

ဒီလို တိုးပွားတာဆုတ်ယုတ်တာ နှစ်ပါးစလုံးကို 
စီရင်ခန်းတခုထဲနဲ့ရတာဒါတမျိုးပဲရှိတာ။

ငွေလိုတာလား၊ကြွေးကြေလိုတာလား
ချစ်ရခင်ရသူနဲ့အဆင်မပြေတာလား
အိုးပိုင်အိမ်ပိုင်ရချင်တာလား
အတိုက်အခံတွေရန်တွေပြေစေလိုလား
ဘဝမှာအဆငိပြေပြေပဲနေချင်တာလား

"ငွေဆန်ဆီ" လှု.....

ငွေဆန်ဆီလှုတယ်ဆိုတာက 
လိုအပ်နေတဲ့သူတွေ ကိုယ့်အောက်ကလှုတွေ
ချစ်ရခင်ရတဲ့မိတ်ဆွေတွေကို 
ငွေ ရယ် ဆန်ရယ် ဆီရယ် လှုတာ။
ပမာဏမပါဖူး။
ကိုယ်နိုင်သလောက်လုပ်လို့ရတယ်။

ကိုယ်ကတိူးပွားလိုတာဆို မနက်ပိုင်းလှု
ညံနေတာတွေပျောက်စေလိုတာ 
ဆုတ်လျော့စေချင်တာဆို မွန်းလွဲညနေလှု

ဘယ်နေ့ဖြစ်ဖြစ်လှုလို့ရတယ်။

နက္ခတ်နဲ့ တိုက်လှုလို့လဲရတယ်။
အဲ့တာက နက္ခတ်နီးရင်
ပို့စ်အနေနဲ့ ရေးပေးမယ်။

နက္ခတ်ကျမှလှုလို့ရတာမျိုးတော့
မဟုတ်ဖူး။ နက္ခတ်နဲ့ကျ နောက်အကျိူး
တချို့ပါထပ်ပေါင်းရတာမျိူးပဲ။

သူက တန်းတူမိတ်ဆွေတွေရယ် 
အောက်ကလူတွေကို လှုတာ။

ဒါကြောင့်.....

"အထက်ကိစ္စနေဦး 
အောက်လုံအောင်ဖုံး"

--------------------

ထင်ပေါ်ကျော်ကြား အောင်မြင်ကြပါစေ။

ဆရာနိုင်ထက်အောင်
ရန်ကုန်မြို့တော်
၂၆၊၈၊၂၀၂၃

Friday, February 7, 2025

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီးပညာများ ၂



ဆရာတော်က ပြုံး၍   ချီးမြင့်စရာရှိလို့ကွာ

ကြည်အေးရ

လိုက်မှတ်ကွာ ကြည်အေး 

ဘုရား   မှတ်ပါ့မယ်ဘုရား

ဧတ္တာဝတာ စ အမှေဟိ  သမ္ဘတံ ပုညသမ္ပဒံ
သဗ္ဗေ ဒေဝါ နုမောဒန္တု သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ
ဒါနံ ဒဒန်တု သဒ်ဓါယ သီလံ ရက်ခန်တု သဗ်ဗဒါ
ဘာဝနာဘိရတာ ဟောန်တု ဂစ်ဆန်တု ဒဝေတာဂတာ။

ယခု ဂါထာကို   ဟဲ့ကြည်အေး   တစ်နေ့  ၄၅ ခေါက် ရွတ်စမ်း    

တင့်ပါ့ဘုရား

နောက်တစ်ခုလိုက်မှတ်။

 တင့်ပါ့ဘုရား

ဟဲ့ ဒကာ ကြည်အေး    မယားကြီးတွေ  မယားငယ်တွေနဲ့    ချစ်ကြိုးသွယ်တယ်မှတ်လား  ဘိုးကြည်အေးက ပြုံးဖြီးဖြီး  ဖြင့်  

မှန်ပါ့ဘုရား  မလိမ်ဝံ့ပါဘုရား    

အမျိုးသမီးတွေနဲ့ ချစ်ကြိုးသွယ်တက်ရင်   နတ်တွေနဲ့ လဲ  ချစ်ကြိုးသွယ်တက်ရမယ်   ဒါမှ သူများလဲ ကယ်နိုင်မယ်   ကိုယ့်ကိုကိုယ်လဲကယ်နိုင်မှာ    ငါအကြိမ်ကြိမ် ကစားခဲ့တဲ့ အင်းအစီအရင်ပဲ  လိုက်မှတ်ကြည်အေး     လိုအပ်မှအသုံးပြု  

မာနုသိယာ ပဇာယ
ဒိဝါစ ရတ္တောစ ဟရန္တိယေဗလိံ
တသ်မာဟိ နေရက်ခထ၊ အပ်ပမတ်တာတိ။

ဘယ်နှစ်လုံးရှိလဲ?    

၃၁ လုံးပါဘုရား     

သစ်သီး ၉ မျိုးကိုယ် ရှာယူ   နတ်တွေအတွက် သတ်မှတ်ပူဇော်ထား    အိုးဖုတ် အိုးလုပ်သူတွေ   အိုးလုပ်ရင်း လက်ကကျတဲ့   ရွှံ့မြေကိုယူ     ထိုမြေ နဲ့   ပန်းကန်အရွယ်လောက်  မီးခွက်လုပ်      ကောင်းကင်က တိမ်တွေမရှိတော့တဲ့ အခါမှာ    ဒီဂါထာရေး  မီးထွန်း  သစ်သီးတွေပူဇော်ထားတဲ့ နားမှာ လုပ်ရမယ်    သူများလဲ လုပ်ပေး  ကိုယ်တွက်လဲလုပ်   
ကိစ္စ ရှိမှ လုပ် အရေးကြုံမှလုပ် သာမန်ကာ လျှံကာ မလုပ် နဲ့ ယုံယုံကြည်ကြည်နဲ့ လုပ်   နတ်တွေနဲ့  ချစ်ကြိုးသွယ်  လိုတာမှန်သမျှကူညီလိမ့်မယ်   

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီးပညာများ ၁



သိဒ္ဓိပေါက် သွပ်ဖမ်းနည်း

ကြက်ဟင်းခါးပင် ၏ ပဥ္စငါးပါး ကို ထုထောင်း၍ အရည်ညှစ်ယူပါ ၄၀ ကျပ်သားခန့် ရှိလျင် 

ဆား ၅ကျပ်သား 
လက်ချား မီးပေါက် ၁ဝကျပ်သား 

တို့ကို ရော၍ သံဒယ်အိုးတွင် ထည့်ပြီး ချော်ဆေး ချက်ရမည်

သန့်စင်ပြီးသော သွပ် ၅ကျပ်သားကို လုံတွင်ထည့်၍ 
ချော်ဆေးသိပ်ပြီး လုံပိတ် မီးရှန် မျှဉ်းမျှဉ်း ထိုးပါ

ထိုချော်ဆေး နှင့် ထပ်ကာ ထပ်ကာ ထိုးပြီးနောက် ချော်ဆေး ကုန်လျှင် ထိုဓာတ်ကို လုံပိတ်ဇော်မံ၍ ၄၅ ရက်ကြာ အောင် လေဖိုတင်ထားပါ။

သတ်မှတ် ရက်စေ့ လျှင် လုံကို အအေးခံ၍ ဓာတ်လုံးကို ထုတ်ယူပြီးလျှင် ဖန်ခွက်ထဲ ရေထည့်၍ ဓာတ်လုံးစိမ်ပြီး အဆောင်ပြုလိုသူ ၏ မွေးနေ့တွင် အောက်ပါဂါထာ တော်ကို ၁၀၈ခေါက် ရွတ်ပွား၍ သိဒ္ဓိ တင်ရမည်

သိဒ္ဓိပေါက် ဂါထာတော်

ပဌမံ သကလက်ခဏ မကေပဒံ 
ဒုတိယာဒိ ပဒဿ နိဒဿနတော 
သ မ နိ  ဒု နိ မာ  
သ မ ဒု သ နိ ဒု   
ဝိဘဇေ ကမတော ပဌမေန  ဝိနာ

ဈေးဆိုင် ရောင်းချ အသက်မွေးသူဖြစ်လျှင် ထိုသွပ်လုံး ကို နံနက်ဆိုင်ဖွင့် ချိန် ရေသန့် တစ်ဖန်ခွက် တွင် အမွှေးနံသာ များ နှင့် အတူ ထည့်၍ သိဒ္ဓိပေါက် ပဋ္ဌမံဂါထာတော် ၉ ခေါက်ရွတ်ပြီး ဆိုင်ကို ပက်ဖျန်းပါ အရောင်းထိုင်း ဈေးဆိုင်များ ဘူပိတ်နေသူများ အတွက် အထူးအကျိုးပေးသန်လှပါ၏။
...,..........,.......,

သီတ ဥဒက ဓာတ်ဆေးလုံး ပြုလုပ်နည်း


ဆရာချန်က   ဓာတ်ဆေးလုံး  လုပ်ပုံလေး   ရှင်းပြပါဦး ဓာတ် ပညာ  ဗဟုသုတပေါ့ လို့ပြောတဲ့အခါ   ဘိုးကြည်အေးကလဲ    ဒီလိုပါဗျာ အလွယ်လေးဟု ဆိုပြီး

ဘော်စင် တစ်မတ်သားကို တံစည်း စား အမှုန့်ပြုလုပ်ပြီး ပြဒါးတစ်မတ်သား နဲ့ လက်ဝါးပေါ် နှဲ့ နှဲ့ ပြီး လုံး
ရသည်

လူတွေက နာဂဠုန်ကိုသာ သဲကြီးမဲကြီး ဖြစ်နေကြတယ် ဘော်ဂဠုန်ကိုမသုံးတတ်ကြဘူး

အဲဒီလို လုံးပြီးရင် ဓာတ်မဖောက် နိုင်တဲ့ တိုက် ပန်းကန်လုံး ထဲမှာ သံပုရာရည်မြုပ်အောင်စိမ် ထုံတယ်လို့ ဆိုသပေါ့

ရက်ပေါင်း ၆၀ပြည့် ရင် ဆယ်ယူသုတ်သင် စင်ကြယ်စေပြီး ပျားရည်နဲ့ ရက် ၆၀ နောက်များတော့ ရေစင်ရေသန့် နဲ့ ရက် ၆၀ ဆက် ထုံ ပေးရမည် ရေအအေးဓာတ် နဲ့ဖန်တီးတဲ့ ဓာတ်လုံးမို့ သီတ ဥဒက ဓာတ်လုံးလိုခေါ်ရသည် 

အဲဒါတွေပြီးရင်တော့ လုံခြုံတဲ့ ဖန်ပုလင်းအတွင်း ထည့်ပြီး ရွှေဆိုင်းလေးတွေ နိုင်သလောက် ကျွေးပေးပါ ရွှေဟိတ်ဖြင့် ရွှေရောင်တောက်ပလာသည် အထိ ကျွေးပြီးရင်တော့ အာရောဂျ သိဒ္ဓိ ပြည့်ဝ
လု နီး ဓာတ်လုံးဖြစ်မည်  

အမောခံ       ရောဂါဘယ  အကုန်ပျောက်တယ်    သွားလေရာ ဆောင်လဲ  အန္တရာယ်ကင်း ဘေးရှင်းစေတာ လက်တွေ့သိရလိမ့်ပါမယ်ဗျာ


Saturday, September 21, 2024

မနောမယ ဣစ္ဆာသယ စေတစ်လုံးအင်း ( ရတနာဒီပံအင်း )

လင်္ကာ။ ။
ဣစ္ဆာသယ အင်းအကျကို
နယမဆုံး သုံးနိုင်ကြစေ ။  ။
မှတ်လေတစ်ဝ ဂြိုလ်ဇီဝဖေါ်
ဉာဏ်တော်ဆပွား ဒွေးစားလဒ်ဘ
ဓါတ်လေးဝနှုတ် ဗုဒ္ဓဧကော တစ်ခုနှာ။ ။
သွား‌ေလမြင်းကွက် ဗိုလ်တက်ဗိုလ်ဆင်း
အတွင်းအင်းဆံ ဂုဏ်ကိုးတန်စား
လဒ်ကားတည်ရင်း အကြွင်းသရဏာ 
တန်ခိုးဖြာသည် ရောင်ဝါထင်လင်း မနေမယအင်း ။။ ။။
အနက်။ ။လိုရာကို နံစဉ်‌ေကာက်ပါ။ပေါင်းရလဒ်ကို ၆နဲ့ မြှောက် ပီး ၂နဲ့စားပါ။ရလာသောစားလဒ်တွင် ၄ နှုတ်ပီး ၁ပေါင်းပါ။ရလဒ်သည် ပထမအင်းဆံဖြစ်သည်။ ပထမအင်းဆံကို တစ်တိုးက ဒုတိယအင်းဆံ ရမည်။။ဤသို့တိုး၍ စမ္မာနဝအင်းချနည်းအတိုင်း ချသွားရမည်။အားလုံးပီးက အင်းဆံတို့ကို အလျားလိုက်ဖြစ်စ ဒေါင်လိုက်ဖြစ်‌ေစပေါင်းက အားလုံးတူမှ အင်းမှန်သည်။ထိုပေါင်း၍ရသော ဂဏာန်းကို ၉ ဖြင့်စားက စားလဒ်သည် နံ‌‌‌စဉ်‌ေကာက်ဂဏာန်းရ ရမည်။အကြွင်းသည် ၃ ဖြစ်နေရမည်။အင်းဆံတို့ကို အင်းဂဏာတ်းဖြင့်ရေးပါ။နက္ခတ်ခါးပတ်ကောင်းကြည့်၍ မီးထွန်းအင်း အဆောင်အင်းစီရင်နိုင်သည်။

Tuesday, May 31, 2022

@၇ .ပင် ၇ . ပြန် ၇ .ထုံးအစွမ်း#




ချည်သန့်သန့် (အပ်ချည်လုံး)
မည်သည့် အရောင်မဆို အသုံးပြု
နိုင်ပါသည်။ ( သိမ်ဝင်အပ်ချည်ဆို ပိုကောင်းပါသည်)

မွေးကင်းစ ရက် သားအရွယ်မှ ၁၆ နှစ်သားအထိ
လည်ပင်းတွင် ချည်နှောင်ဆွဲထားနိုင်ပါသည်။
လန့်ခြင်း တက်ခြင်း ညဘက် လန့်ငို ခြင်း
လိပ်ပြာငယ်ခြင်း ဖမ်းစားခံရခြင်းတို့မှ ကာကွယ်
ကင်းဝေးစေပါသည်။

ကျောပူ ခေါင်းပူထခြင်း နို့မစို့ခြင်း နို့အန်ခြင်း
ချွေးထွက်များခြင်း အအေးပတ်၍ မကြာခဏ ကိုယ်ပူ
ဖျားခြင်း အပူနာ အကြိတ်များထွက်ခြင်း စသည့် ခလေး
သူငယ်များ ဖြစ်တတ်သည်များးအတွက် 
လွယ်ကူထိရောက် အစွမ်းထက်သော အဆောင်ဖြစ်ပါ
သည်။

မိမိတို့ ရင်သွေး သားသမီးများအတွက် ကိုယ်တိုင်လုပ်
လို့ရပါတယ်။

"ပြုလုပ်နည်းမှာ"
အပ်ချည်ကို ကလေးလည်ပင်းနှင့် အနေတော်တိုင်းပြီး
၇ ပင် ၇ ပြန်  ခေါက်ရပါမယ်  ထို ၇ ပင် ၇ ပြန် ပြန်
ထားသော အပ်ချည် အလယ်တွင် အထုံး ၆ ထုံး ဖြစ်
အောင် ထုံးရပါမယ်

  ပြီးလျှင် ကလေးလည်ပင်းမှာ တပ်
ပြီး အပ်ချည်အစ ၂ ဘက်ကို တစ်ထုံး ထုံးပြီး ကလေး
ရဲ့လည်ပင်းမှာ ချီ ပေးလိုက်ရင် အထုံး ၇ ထုံး ဖြစ်သွား
ပြီး ကလေးလည်ပင်းမှာ ၇ ပင်  ၇ ထုံး အစွမ်းထက်သော ကလေးများအတွက် အကာအကွယ် အဆောင်
ကောင်းတစ်ခုကို  ဆောင်ထားပေးပြီး ဖြစ်နေပါလိမ့်
မယ်။

 မြေးလေးတွေ သားသားမီးမီးတွေ တူ တူမလေးတွေ
အတွက် သင်တို့ကိုယ်တိုင် ဆရာတစ်ဆူ အဖြစ်
အစွမ်းထက် အဆောင်ကောင်းလေးကို စီမံ ဆောင်
ရွက်ပေးရင်း  ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

ဆရာအောင်မင်းမင်း
၀၉ ၇၉၉၉ ၅၅၇ ၅၈ မင်္ဂလာဒုံ
(ကံကောင်းသူတို့ဆုံစည်းရာ)



မူရင်းလင့်။ ။ မူလရေးသားသူကို crd ပေးပါတယ်

Wednesday, June 30, 2021

@ကျန်းမာရေးညံ့နေသောသူများအတွက်ယတြာ




ကျန်းမာရေးညံ့ပြီး ချူချာနေတယ်ဆိုရင် ယ္ခုရေးပြတဲ့ဂါထာကို ဖယောင်းတိုင်အောက်ခြေမှ အထက်မီးစာအထိ သိမ်ဝင်အပ်သို့မဟုတ် အသုံးမပြုရသေးသောအပ်အသစ်ကို အသုံးပြုကာရေးပြီး ဆီမီးပူဇော်လိုက်ပါ....။

၎င်းဂါထာကို ပုတီး ၉ ပတ်စိပ်ပြီးအသေးစိပ်လေးလေးနက်နက်ဆုတောင်းပါ....။ ရေးရမည့်ဂါထာမှာ

ဣ ရ ဇ္ဇာ ဂ တ္တ ရ သာ

ဆရာဟိန်းကျော်ဇော

မူရင်းလင့်။ ။https://www.facebook.com/groups/529128884119580/permalink/1402455796786880/
 မူလရေးသားသူကို crd ပေးပါတယ်