ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Thursday, June 28, 2018

နင်းချေကြည့်ပါ အကြွေးရ ယတြာ




ဒီနေ့. လီဆူ အမျိုးသားကြီး နဲ့ အမျိုးသမီး
ကြီးတစ်ဦးလာပြီး အကူအညီလေးတစ်ခု
ပးပါဦး ဆိုပြီးလာကြတယ်...
သီးနှံတွေကလည်း မပေါ်သေးဘူး.စိုက်ပျိုး
ရေးစရိတ်တွေ..ဆေးဖျန်းရတာတွေ..
အလုပ်သမားခတွေကလည်း.အရမ်းကုန်
တယ်တဲ့..
အခုငါတို့မှာ ငွေအရမ်းလိုနေပြီတဲ့..

အဲဒီတော့ ကျနော်က ဘာလုပ်ပေးရမှာ
လည်းပြောပါဦးဆိုတော့ ငါတို့ငွေတွေ
သူများတွေဆီမှာ ရစရာလူတွေ တော်တော်
များများရှိတယ် တစ်ဦးတစ်ဦးကို သိန်းနှစ်
ဆယ် သုံးဆယ်တွေရရမှာတဲ့.

အဲဒါ.နင်က ဆရာကြီးမင်းသိင်္ခ ရဲ့တပည့်..
အဲဒါမျိုးတွေလုပ်ပေးတတ်တယ်..သွားလိုက်
လို့့ ပြောကြလို့လာခဲ့တာတဲ့..

မုန့်လုံးရေပေါ်ဝေကြွေးလိုက်ပေါ့ဗျာ..
ခင်ဗျားတို့ရစရာရှိတာတွေ ပြန်ရမှာပါလို့
ပြောလိုက်တော့
ငါတို့ရွာမှာ မုန့်မှုန့်က ဝယ်ဖို့မလွယ်ဘူးလေ
တဲ့.တစ်ခြား လွယ်တာမရှိဘူးလားတဲ့...

အဲဒါနဲ့..တစ်ခါတုန်းက ဆရာဟိန်းတင့်ဇော်
ပြောဖူးတဲ့ အကြွေးရတဲ့ ယတြာနည်းလေး
ကိုပေးလိုက်ရတော့တာပဲဗျာ..

လွယ်သလားတော့ မမေးနဲ့ဗျို့..သခြားသီး
တစ်လုံးဝယ်ပြီး သခွားသီးပေါ်မှာ.လူပုံ အရုပ်
လေးရေးပေါ့ 
ကိုယ်ရစရာရှိတာက မိန်းကလေးဆို မိန်းမ
ပုံလေးဖြစ်တယ်ဆိုရုံလေး ဆော့ပင်လေးနဲ့
ရေး သူ့အမည်ကို သခွားသီးပေါ်မှာပဲထပ်ပြီး
တော့ရေးလိုက်..ဦးတိုး ဆီမှာရစရာရှိရင်
လည်း ယောက်ကျားပုံလေးဆွဲပေါ့ .ဦးတိုး
လို့လည်းရေးပေါ့..

ပြီးတော့မှ အိမ်ခြေရင်းဘက်..ဒါမှမဟုတ်
မီးဖိုခန်းဘက်မှာ သခွားသီးကိုချပြီး သခြား
သီးကို ခြေထောက်နဲ့ အားရှိပါးရှိ နင်းခြေ
ရင်း ဥပမာ..ဦးတိုး ခင်ဗျားဆီက ကျုပ်ရစရာ
ရှိတဲ့ ငွေ......ဘယ်လောက်ပေါ့ဗျာ..
အျမန္ဆုံး လာဆပ်စေ လာပေးစေ လို့ပြော
လိုက်ရုံပါပဲ..လာမပေးမချင်း ခဏခဏ
လုပ္ဗ်ာ..အဲဒါ သေချာပေါက် ငွေအကြွေး
တွေ ပြန်ရတဲ့ နည်းပဲ လို့ ပြောလိုက်ရတော့
တာပဲဗ်ာ...
အဲဒီတော့ နောက်နေ့ကျရင်လည်း ခင်ဗျား
တို့ရစရာရှိတဲ့ အကြွေးတွေ ပြန်တောင်းချင်
ရင် သခွားသီးလေးသာ မနက် ဈေးသွားရင်း
ဝယ်ခဲ့ရုံပေါ့ဗျာ..

ကဲ..အားလုံး အကြွေးပေးရမယ့်သူတွေ
ရော အကြွေးရစရာရှိတဲ့သူတွေရော.အဆင်
ပြေတိုးတက်ကြပါစေဗျာ.....9.3.2017

အဘ တပည့်..ဆရာနိုင်အောင်လှိုင်..

မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=614050072294127

Wednesday, June 27, 2018

တောင်းချင်တာတောင်း

နဲနဲခက်ပြီး iတော်တော်လွယ်တယ်...
ယတြာစာစဉ် (၇)
🙏🙏🙏🙏🙏🙏🙏🙏
တစ်ခါတရံမွာ သူတစ်ပါးဆီက ့တောင်းယူမွ
ရမယ့်ကိစ္စလေးတွေ လူတိုင်းလိုလို ကြုံတတ်
ရှိတတ်ပါတယ်.

ဥပမာ..ကိုယ့်အထက်လူကြီးဆီက အလုပ်
အကိုင်တောင်းခြင်တာ..
အခွင့်အရေးတစ်ခုခု ဆုကြေး ့ဘောနပ်စ်
အပါအဝင်အခြားကိစ္စတစ်ခုခုလည်း
ဖြစ်နိုင်တာပေါ့။

တစ်ချို့ကြတော့လည်း အမွေခွဲရမယ့်
ကိစ္စမှာ တစ်ဦးဦးက ချုပ်ကိုင် သိမ်းပိုက်
ထားပြီး ပိုင်ဆိုင်မှုကို ခြဲမပေးသေးတာ..
အရောင်းမခံသေးတာ.အဖိုးနည်းအိုးကြဲ
့လေးနဲ့ မလောက်မငွ ့ပေးပြီးအပိုင်သိမ်းပစ်
ခြင်တာတွေလည်း ရှိတတ်တာပေါ့..

တစ်ချို့ကြတော့လည်း အလုပ်အကိုင်လေး
သြားတောင်းခြင်တာမျိုး..
အချို့ကြတော့လည်း သူကူညီပေးမှ လက်
မှတ်ထိုးပေးမှသူပြောပေးမှ သူစီစဉ်ပေးမှ
အခွင့်အရေးရမှာမို့ဆိုတဲ့အခြေအနေတွေ
ရှိကြမှာပေါ့..

အချို့ကြတော့လည်း.ကိုယ့်ငွေလေးတွေ
လက်လွန်နေလို့ ပြန်တောင်းခြင်တာ..
မပြေလည်မှန်းသိလျှက်နဲ့တောင်းတာတောင်
မဟုတ်ဘူး..သူတို့မှာပြေလည်နေရဲ့သားနဲ့
ပြန်မပေးခြင်လို့ဝေ့နေတာမျိုးတွေပေါ့..
အဲဒါမျိုးတွေဆို ကိုယ့်ပစ္စည်းနဲ့ကိုယ် ကိုယ့်
့ငွေနဲ့ကိုယ်စိတ်ညစ်နေရတတ်တာပေါ့..

ယတြာနည်းတွေကတော့ အမျိုးမျိုးရှိတာ
ပါပဲ၊
မိတ်ကို ဓာတ်အုပ် အားကြီးဟုတ်..ဆိုတာ
မျိုးတွေ..
အမြစ်အညွန့်မတွန့်စေရ..ဆိုတာမျိုးတွေ..
အညွန့်နဲ့တြိရန်းနံကို စတုရန်းနံမှာချည်ပြီး
မီးတိုက်ပစ်တာမျိုးတွေ..
ကြက်ဥ ့ကြေးအိုးလှူပြီး အကြွေးကိုကက်
ကင်းခေါ်တာတွေ..
အင်ကြင်းရွက်မွာ အမည်ရေးအပ်ချည်ပတ်
ဓာတ်ဆင်တာမျိုးတွေ..
အိုကေနို့ဆီဗူးနဲ့ မီးထွန်းတာမျိုးတွေ..
အကြွေစေ့တွေနဲ့ နာမည်ပေါ်ပစ်ကြဲချ ရင်း
ဓာတ်ဆင်တာမျိုးတွေ...
အင်းပညာရှင်တွေကလည်း အင်းပညာရပ်
့တွေနဲ့ အကြွေးတောင်းအင်း မိတ်နံဂြိုဟ်
တက်အင်းတွေချပေးတာမျိုးတွေ..
တဲရော့ပညာမှာလည်း နံပါတ်နှစ်မယ်တော်
ကြီးကဒ်ပုံ နံပါတ် ၁၁ မနုစာရီကဒ်ပုံတွေနဲ့
မီးထွန်းကြတာမျိုးတွေ..

ဂါထာမန္တာန်ပညာရှင်တွေကလည်း ဒီဓူမာ
တာဂါထာညို့ှ ကြိုးမန်းဂါထာမန္တာန်တွေနဲ့စီ
စဉ်ပေးတာမျိုးတွေ..
ှသူ့ရဲ့မွေးလ ့မွေးရက်မွာ ၆လနဲ့၂၈.ရက်ပေါင်း
ပြီးအပိုင်သြားတောင်းခိုင်းတာမျိုးတွေ..

စမ ပညာရှင်တွေကလည်း ့ကြွေပန်းကန်ပေါ်
မွာ ဝင်စမ အမျိုးမျိုးနဲ့ပညာစွမ်းပြ ့တောင်းပေးတာမျိုးတွေ..

iဗေဒင်ပညာရှင်တွေကလည်း တြိ စတုနင်း
ကြမ်းပြုပြီး ပဉ္စပွတ်အရပ်လှည့် ဆ ပွတ်နံ
စားပြီး အခါဘဝါးအရခြေလှမ်းခိုင်းပြီးတောင်း
တာမျိုးတွေ..

နက္ခတ်ပညာရှင်တွေကလည်း ဘယ်အရပ်
ကိုလှည့်ပြီးဖယောင်းတိုင်ပူဇော် ဘာဂါထာ
ရွတ်ပြီးတောင်းဆိုတာမျိုးတွေ..

ဇာတာသမားကလည်း ဘယ်အချိန်နဲ့ဘယ်
အချိန်ကြား လက်ကနေ ဘယ်အတန့်မှာ
ဘာရှိတဲ့အချိန်နဲ့ တနု ကဋုမ္ပ ပထနီ ကမ္မ သုဘ လာဘ ကျမယ့်အချိန်ပေးပြီး
့တောင်းတာမျိုးတွေ...
ဂမ်ဘီရပညာရှင်တွေကလည်း အီး ့အေ အီး 
့အေ အို နဲ့ ့ရေလဲသုံးပေးလိုက်ကြတာမျိုးတွေ..စတဲ့ ဆရာမ်ားစြာ..
ပညာမ်ားစြာကို မှတ်သားခဲ့ရဖူးပါတယ်

ဒါပေမယ့် က်နော့်ဆီလာတဲ့သူတွေမှန်သမ်ွကိုတော့ နည်းနည်းခက်ပေမယ့် ့တော်တော်
လွယ်တဲ့ယတြာကိုပဲလမ်းညွှန်ပေးလိုက်တာ
ပါပဲ...
့နေ့့လည်နေမွန်းတည့်လောက်အချိန်ရောက်
ရင် သစ်ပင်ကြီးကြီးတစ်ပင်အောက်ကိုဝင်ပြီး
ဖိနပ်ချွတ်ထားရတယ်..လက်အုပ်လေးချီပြီး အရဟံ..လို့ ၁၀၈ ့ခေါက်ရွတ်ခိုင်းလိုက်တယ်..
ပြီးတာနဲ့ အပင်စောင့်ရုက္ခစိုးကိုမေတ္တာ
ပို့အမျှဝေပြီး အသေးစိတ်ပြောခိုင်းဆုတောင်း
ခိုင်းရတယ်..
အဲဒီအတိုင်း ၇ ရက်တိတိ ့နေ့တိုင်းသွားရွတ်
ရတယ်
၇ ရက်ပြည့်အောင်လုပ်ပြီးရင် သြားတောင်းပေတော့ဗျာ
အမြန်ဆုံးလုပ်ပေးတာ ့ဆောင်ရွက်ပေးတာ.
.အကြွေး
ဆိုလည်း ဖြစ်တဲ့နည်းနဲ့ ရှာဖွေပေးတာတွေ
လုပ်ပေးတော့တာပဲ..
ကိုယ်ကငွေအကူအညီတောင်းမှာဆိုလည်း
လုပ်လို့ရတာပဲလေ.ဘာလာလာတောင်း
မယ့်အစီအစဉ်ပေါ့ဗျ ာ.

အဲလိုမလုပ်ခြင်ဘူး အပင်အောက်မသြားရဲ
ဘူးလား..
ရတာပေါ့ မြစ်ဆိပ်တို့ ့ရေချောင်းတို့ထဲကို
ဆင်းပြီး ချက်ထိရေနစ်တဲ့နေရာမှာရပ်နေပြီး အရဟံ..လို့ အခေါက်
၃၀ လက်အုပ်ချီပြီးရွတ်..ချောင်းစောင့်နတ်
မြစ်စောင့်နတ်ကိုမေတ္တာပို့ အမ်ွပေးပြီး ကိုယ့်
ကိစ္စကိုအသေးစိတ်ပြောရင်းဖြစ်လိုတဲ့ပုံစံကိုအကူအညီပေးဖို့ဆုတောင်းရတယ်..အဲဒီအ
တိုင်း ့နေ့ခင်အချိန်မှန်မှန် ၇ ရက်ဆက်တိုက်
သွားလုပ်လိုက်..
၇ ရက်ပြည့်ပြီးတာနဲ့ သြားတောင်းပေတော့..
ကိုယ်က သြားတောင်းရမယ့်နေရပ်က ့ဝေး
့နေရင် ဖုန်းနဲ့လှမ်းဆက်ပြီးအရင်တောင်း
လိုက်ပေါ့.ပြေလည်အောင်တော့ပြောတောင်း
့ပေါ့ဗျာ..

အဲဒါတောင် မြစ်နဲ့မနီးလို့ iချောင်းမရှိလို့ဆို
ရင်လည်း ခင်ဗျားတို့အိမ်မွာပဲ ့
ထည့်ပြီးရွတ်ရွတ်..
မိုးကာတစ်ချပ်ဝယ်ပြီး ့ထောင့်လေးထောင့်
ကနေကြိုးနဲ့မြှောက်ချည် ့ရေထည့်ပြီး ဝင်ရွတ်ရင်လည်းရတာပဲလေ...
ပလစ်တစ်ပေပါ.သစ်သားစည်လိုဟာမျိုးထဲ
့ရေထည့်လုပ်တော့ရော ဘာဖြစ်တုန်း ရတာ
ပဲလေ..
အဓိကကတော့ ့နေ့လည်ပိုင်းမွာ ၇ ရက်
ဆက်တိုက်လုပ်ဖို့နဲ့ အရဟံဂုဏ်တော် တစ်
မျိုးတည်းကိုရွတ်ဖို့ကအဓိကပါပဲ..တစ်ခုမှတ်ထားရမွာက သစ်ပင်ကြီးကြီးအောက်..ည
့ညောင်ပင်အောက်စသည်ဖြင့်ရွတ်တာဆို
ရင် ၁၀၈ခေါက်ရွတ်ရမယ်..ရေထဲမှာရွတ်ရင် အခေါက် ၃၀ ပဲရွတ်ရမယ်..
ဒီနည်းဟာ နည်းနည်းခက်ပေမယ့် ့တော်တော်လွယ်တ့ဲယတြာပါပဲ..
အဘဆရာကြီးမင်းသိင်္ခလည်း ခဏခဏသုံးသွားဖူးပါတယ်..
ဝိဇ္ဇာသိပ္ပ ဆရာကြီးဦးကျော်ရင်ရေးခဲ့တဲ့
သဗ္ဗသိဒ္ဓိစွယ်စုံကျမ်းမွာ ဂုဏ်တော်တစ်မျိုး
ခြင်း အကျယ်တဝင့်ရေးသားခဲ့တာကို မှတ်
သားဖူးပါတယ်...

အဲဒီတော့ သင့်အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲ
iတောင်းခြင် iတောင်းခြင် iတောင်းစရာကြုံ
ရင်တော့ ဒီနည်းလေးကိုစမ်းကြည့်ပါ
လို့ပဲ လမ်းညွှန်ပေးခြင်ပါတယ် မိတ်ဆွေ..

ထာဝရရွှင်လန်းချမ်းမြေ့ပါစေသော်...
နမော သဗ္ဗ အာစရိယာနံ..သင့်ရဲ့ထာဝရ
မိတ်ဆွေ
ဆရာနိုင်အောင်လှိုင်..ကွမ်းသီးတန်းလမ်းမ.
iတောင်မြို့..

                     20.2.2018

မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=616699005362567

Monday, June 4, 2018

ဆင်းရဲနွမ်းပါးတဲ့ ဘဝမွ လွတ်မြောက်ရန်

" ဆင်းရဲနွမ်းပါးမွဲတေလွန်းတဲ့သူတွေ ဆင်းရဲနွမ်းပါးတဲ့ ဘဝမွ လွတ်မြောက်ပြီး တစ်ဦးတစ်ယောက် ငွေကြေး ချမ်းသာလာရာမှ လူပေါင်းများစွာ ချမ်းသာစေဖို့ အတွက်..."

  လူတစ်ယောက်မှာ ငွေကြေး ချမ်းသာဖို့အတွက် အဓိက အရေးကြီးတဲ့ အချက်(၃)ချက် လိုပါတယ်။

 (၁) ကံ

(၂) ဉာဏ်

(၃) ဝီရိယ

  လူတိုင်း လူတိုင်း ချမ်းသာချင်ကြပါတယ်။ ချမ်းသာဖို့အတွက် အလုပ်လုပ်နေကြတယ်။ နေပူမရှောင်၊ မိုးရွာမရှောင်၊ ချမ်အေးတာမရှောင်၊ အအိပ်ပျက်၊ အစားပျက်၊ ဆင်းရဲဒုက္ခ အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုလို့ အသက်အန္တရာယ်ကိုပင် သတိမထား လုှပ်ရှားရုန်ကန်း နေကြရတယ်။

 ဒါပေမယ့် မချမ်းသာလာကြဘူး။ တဝမ်းတခါးတောင်မှ အနိုင်နိုင်ရယ်နဲ့။ ဒါကြောင့်လဲ ရှေးလူကြီးသူမများက "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ" ဆိုသလို...

 ကောင်းသော အသက်မွေးမှုကို ကောင်းစွာပြုပြီး သမ္မာအာဇီဝကျကျ ဇွဲလု့ံလဝီရိယ ရှိသည့်ကြားမှ ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေအတွက် ရည်ရွယ်၍...

 (ကံဆင့် ကံမြင့် ကံပွင့် ယတြာတော်ကြီး)

 ပဉ္စပွတ်၊ ဆပွတ်၊ အညွု့န်

 မွေးနေ့မတိုင်ခင် ပထမနေ့ မိမိမွေးနံ အညွုန့်ရတဲ့ နေ့ကစပြီး ယတြာစလုပ်ရမယ်။ လူတစ်ယောက်ဟာ အညွု့န် တလူလူ ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် အညွု့န် နေ့ကစပြီး အဆောင်လုပ်တာ၊ အဓိဌာန္လုပ္တာ၊ ယတြာချေတာ၊ အစီအရင်လုပ်တာ အကောင်းဆုံး နေ့ပဲ ဖြစ်တယ်။

(၇)ရက်သားသမီးများအားလုံးအတွက်

တနင်္ဂနွေသားသမီးများဆို (တနင်္လာနေ့ ဖြစ်တယ်)

တနင်္လာသားသမီးတွေဆို (အင်္ဂါ နေ့ဖြစ်တယ်)

အင်္ဂါသားသမီးတွေဆို (ဗုဒ္ဓဟူး နေ့ဖြစ်တယ်)

ဗုဒ္ဓဟူးသားသမီးတွေဆို (ကြာသပတေး
နေ့ဖြစ်တယ်)

ကြာသပတေးသားသမီးဆို (သောကြနေ့ ဖြစ်တယ်)

သောကြာသားသမီးတွေဆို (စနေနေ့ ဖြစ်တယ်)

စနေသားသမီးတွေဆို (တနင်္ဂနွေနေ့ ဖြစ်တယ်)

(အဓိဋ္ဌာန်ရက်ပြီးအောင်လုပ်ရမယ့်နေ့က)

အညွု့န်၊ ပင်စည်၊ အျမစ္နံ ပေါင်းတဲ့ရက်တွေထိ လုပ်ရမယ်။

တနင်္ဂနွေသားသမီးများ (၃၁)ရက် လုပ်ပါ။

တနင်္လာသားသမီးများ (၂၉)ရက် လုပ်ပါ။

အင်္ဂါသားသမီးများ (၄၀)ရက် လုပ်ပါ။

ဗုဒ္ဓဟူးသားသမီးများ (၄၄)ရက် လုပ်ပါ။

ကြာသပတေးသားသမီးများ (၅၇)ရက် လုပ်ပါ။

သောကြာသားသမီးများ (၅၀)ရက် လုပ်ပါ။

စေနသားသမီးမ်ား (၃၇)ရက် လုပ်ပါ။

မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယ ဟူသည့် ဓာတ္သေဘာအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန် သောကြာအခါ လျင်မြန်စေသော ဝါယောဓာတ်ခိုရှင့် ဟူသော ရှေးပညာရှိကြီးတို့၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ခြင်း ဖြစ်တယ်။

တနင်္ဂနွေသားသမီးဆို

နံနက် (၇)နာရီခြဲမွ (၉)နာရီ

ည (၇)နာရီခြဲမွ (၉)နာရီ

တနင်္လာသားသမီးတွေဆို

မွန်းလွဲ (၁)နာရီခြဲမွ (၃)နာရီ

အင်္ဂါသားသမီးတွေဆို

နံနက် (၉)နာရီမွ (၁၀)နာရီခြဲ

ဗုဒ္ဓဟူးသားသမီးတွေဆို

ညေန (၃)နာရီမွ (၄)နာရီခြဲ

ကြာသပတေးသားသမီးဆို

နံနက် (၁၀)နာရီခြဲမွ (၁၂)နာရီ

သောကြာသားသမီးတွေဆို

နံနက် (၆)နာရီမွ (၇)နာရီခြဲ

ညေန (၄)နာရီခြဲမွ (၆)နာရီ

စနေသားသမီးတွေဆို

မွန်းလွဲ (၁၂)နာရီမွ (၁)နာရီခြဲ

ထိုအချိန်များတွင် ဘုရားရှင်အား ဖယောင်းတိုင် အေသး(၃)တိုင်ဖြင့် အလင်းဓာတ်ပူဇော်ပြီး ယပ်တော်သွင်း၍ ဆုတောင်းပါ။

မိတ်ဆွေတော်စပ်ကြသော မီးဓာတ်နှင့်လေဓာတ် ပေါင်း၍ ဘုရားရှင်အား ပူဇော် ဆုတောင်းပါက ဆုတောင်း ပြည့်ဝစေပါတယ်။

အောက်နင်းကြမ်း တြိစတု

စားရမဲ့မဲ့ သောက်ရမ့ဲမ့ဲ ဖြစ်နေသော လမ်းဘေးခွေးလေးများကို ဈေးထဲတွင် ခုတ်ထစ်လွှင့်ပစ်ကြလေ့ရှိသော ငါးစိမ်းတန်းမှ ငါးအမြီးပိုင်းများ၊ ခေါင်းပိုင်းများ၊ တောင်ပံများ၊ ပါးဟက်များ၊ ကြက်အရိုးများ၊ အမဲအရိုးများနှင့် ဆန်ကြမ်း ရောပြုတ်ချက်ပြီး ဗလဝကုသိုလ် အစာကျွေးရင်း ဆုတောင်းရမည်။ ဆုတောင်းတာ မရှက်ပါနဲ့။

အထူးမှတ်ချက်။ ။ အစာကျွေးသည့် အခါ အောက်မှာ တစ္ခုခု ခင်းကျင်းပြီး နေ့သားအလိုက် ဖော်ပြပေးထားသည်။ မိဘနှစ်ပါး၏ နေနံဖြင့် ခင်းမကျွေးရပါ။ (ဥပမာ) အေဖက တနင်္ဂနွေသား အေမက တနင်္လာသမီးဆို အင်းဖက် အိုးကြမ်းဖဲ့ ထည့်မကျွေးရပါ။

တနင်္ဂနွေသားသမီးဆို

ဇလုံ၊ ဇလား၊ ထန်းရွက်၊ ဝါးဆစ်ခွက်

တနင်္လာသားသမီးတွေဆို

အိုးခြမ်းပဲ့၊ အင်တုံ၊ ဝါးဆစ်ခွက် ၊ အင်ဖက် ပန္ကန္ကြဲ

အင်္ဂါသားသမီးတွေဆို

သံပန်းကန်းပြားစုတ်၊ ပန်းကန်ကွဲ၊ ငှက်ပျောဖက်

ဗုဒ္ဓဟူးသားသမီးတွေဆို

ထန်းရွက်၊ စက္ကူ သံပန်းကန်းပြားစုတ်၊

ကြာသပတေးသားသမီးဆို

အင်တုံ၊ အင်ဖက်၊ ဝါးဆစ်ခွက်

သောကြာသားသမီးတွေဆို

အိုးကြဲ၊ ပန်းကန်းကွဲ၊အင်ဖက်၊ ငှက်ပျောဖက်

စနေသားသမီးတွေဆို

စက္ကူ သံဇလုံစုတ်၊ ငှက်ပျောဖက် တို့နှင့် ထည့်ကျွေးပါ၊၊ ထိုနံများထဲတွင် မိဘနှစ်ပါး၏ နေနံပါလျှင် ရှောင်ပါ။

ခွေးစာကျွေးရမည့် ရက်များ

အင်္ဂါ သောကြာ စေန ထိုသုံးရက်များတွင် ကျွေးရမည်၊

ခွေးစာကျွေးရမည့် အချိန်

နံနက် (၆)နာရီမွ (၇)နာရီခြဲ

ညေန (၄)နာရီခြဲမွ (၆)နာရီ

ဒိဝါတပတိ ဂါထာတော်ကြီးကို တစ်နေ့ အခေါက် (၃၀၀) ရွတ်ဆိုပါ။

" ဒိဝါတပတိ ဂါထာတော်ကြီး "

ဒိဝါ တပတိ အာဒိစေ္စာ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒေ္ဓါ ခတ္တိယော တပတိ၊ စ်ာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒေ္ဓါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာေ၀န၊ သဗေ္ဗ ပူရေန္တု သင်္ကပ္ပါ။

( မွန္ကန္တိက်စြာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ စ်ာယီ တပတိ ဗြာန်မဏော။
အထ သတ္ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ္ဓံ ၀န်ဒါမိ အာဒရံ။
နမက္ကာရာ နုဘာေ၀န၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်ပေ၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်၀င်စားမှသာ တင့်တယ်၏။

မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။

ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။
ဤသို့ ရွိခိုးရေသာ အကျိုးအားကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။

ဒိဝါတပတိ ဂါထာတော်ကြီးကို နံနက် အိပ်ရာမှနိုးခါစ မျက်နှာသစ် ခြေလက်ဆေးကြောပြီးသည်နှင့် ငွေထည့်သော ပိုက်ဆံအိတ်ထဲကို ပုတီးကိုင်သောလက် ထည့်စိပ်ပါ။ ပိုက္ဆံ တစ်ထောင်တန်မှာ ဒိဝါတပတိ ဂါထာတော်ကြီးကို ရေးပြီး ထည့်ထားပါ။ ထိုတစ်ထောင်တန်နှင့် ပုတီးနှင့် ထိထားပြီး စိပ်ပါ။ ထူးခြားစွာ ငွေဝင်လာ မစဲ လာဘ်ရွှင် လာဘ်ပွင့်၍ ငွေမပြတ် ဝင်လာနေပါလိမ့်မည်။

ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေ ရိုးသားကြိုးစားမှုဖြင့် ထိုယတြာအစီအရင်များကြောင့် ပြောင်းလဲသွားခဲ့ရသော လူ့ဘဝအလှည့်အပြောင်း ဘဝတစ်ဆစ်ချိုး လက်တွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးတစ်ယောက် ပြည့်စုံချမ်းသားခြင်းမှသည် လူပေါင်းများစွာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း...

ပတ္တမြားမိုး ဓာတ်နန်း

(တဲ့ရော့ဗေဒလက္ခဏာ) ဆရာမာန်သစ်ခိုင်

Ph/-09782380704


မူရင်းလက့့်။ ။https://m.facebook.com/groups/346157812478758?view=permalink&id=457455224682349

မြေကွက်ရောင်းထွက်ရန်ယတြာ

အဘဆရာကြီးဒေါက်တာမင်းသိင်္ခ ပြုလုပ်ဆောင်ရွက်ပေးခ့ဲသောယတြာ...

တစ်ခါတုန်းက ရှမ်းပြည်နယ်ဘက္က မြေဧကများစွာ ပိုင်ဆိုင်သော သူေဋ္ဌးမတစ်ဦးက အဘဆီရောက်လာပြီး...

' အဘ သမီး iေြမြကွက်တွေ အမြန် ရောင်းထွက်အောင် ယျတာနဲ့ ကူညီပေးပါအုံ '

ဟု ပြောလေလျှင် အဘသည် အောက်ပါယတြာကို ပေးလိုက်လေ၏။

နောက်တစ်လခန့်ကြာသောအခါ ထိုအမျိုးသီး ရောက်လာပြီး...

' အဘ သမီးမြေကွက်တွေ အကုန်ရောင်းထွက်သွားပြီး အဲ့ဒါ အဘကို လာကန်တော့တာပါ '

ဟု ပြောဆိုပြီး ငွေကြေးများစွာဖြင့် ကန်တော့ကာ ပျော်ရွှင်စွာ ပြန်သွားလေတော့သည်။

iမြေကွက် ရောင်းထွက်စေသောယတြာ

' မြေဇာငါးညွုန့်နဲ့ ရောင်းထွက်ချင်သော iမြေကွက်ကို ငါးချက်ရိုက်ရင်း ရေငါးခွက်လောင်း ဆုတောင်းပါ။ ရောင်းထွက်ချင်သော iမြေကွက်ကို ဖနှောင့်နဲ့ ငါးချက်ပေါက် ဆုတောင်းပါက iမြေကွက် အမြန်ရောင်းထွက်သွားသည်ကို အ့ံသြဖွယ်ရာ တွေ့မြင်ရပါလိမ့်မည်။

သူမ်ားထံ ပေးထားသော ငွေအကြွေးများ ပြန်ရလိုသူများအတွက်

ကြွေးပြားပေါ် မတ်စေ့တင် မတ်စေ့ပေါ် ဖယောင်းတိုင်မီးတင်ထွန်းရင် ဒိဝါတပတိ ဂါထာတော်ကြီးကို ပုတီးသုံးပတ်စိပ်ပြီး ဆုတောင်းပါက အကြွေး ပြန်ရလာပါလိမ့်မယ်။ ကိုးရက်သုံးကြိမ်ထိ ပြုလုပ်ဆောင်ရွက်ပါ။

သူမ်ားထံမွ ယူထားသော ငွေကြွေးများ အမြန်ကျေလိုသူများအတွက်

မိချောင်းကို အစာကျေွးရင် အကြွေး အမြန်ကျေပါလို့ ဆုတောင်းပါက ကြွေကျေသွားပါလိမ့်မည်။ ဘုန်းကြီးကျောင်းတွင် မီးချောင်းလှူပေးရင်း ဆုတောင်းပါ။ မျကာမျကာ ပြုလုပ်ပေးရမည်။ ဒိဝါတပတိ ဂါထာတော်ကြီးကို ပုတီး သုံးပတ်စိပ်ပေးရမည်။

ပတ္တမြားမိုးဓာတ်နန်း တဲ့ရော့ဗေဒလက္ခဏာ

ဆရာမာန်သစ်ခိုင် ph/_09782380704
မူရင်းလင့် ။ ။https://m.facebook.com/groups/346157812478758?view=permalink&id=451289795298892