လူတစ်ယောက်မှာ ငွေကြေး ချမ်းသာဖို့အတွက် အဓိက အရေးကြီးတဲ့ အချက်(၃)ချက် လိုပါတယ်။
(၁) ကံ
(၂) ဉာဏ်
(၃) ဝီရိယ
လူတိုင်း လူတိုင်း ချမ်းသာချင်ကြပါတယ်။ ချမ်းသာဖို့အတွက် အလုပ်လုပ်နေကြတယ်။ နေပူမရှောင်၊ မိုးရွာမရှောင်၊ ချမ်အေးတာမရှောင်၊ အအိပ်ပျက်၊ အစားပျက်၊ ဆင်းရဲဒုက္ခ အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုလို့ အသက်အန္တရာယ်ကိုပင် သတိမထား လုှပ်ရှားရုန်ကန်း နေကြရတယ်။
ဒါပေမယ့် မချမ်းသာလာကြဘူး။ တဝမ်းတခါးတောင်မှ အနိုင်နိုင်ရယ်နဲ့။ ဒါကြောင့်လဲ ရှေးလူကြီးသူမများက "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ" ဆိုသလို...
ကောင်းသော အသက်မွေးမှုကို ကောင်းစွာပြုပြီး သမ္မာအာဇီဝကျကျ ဇွဲလု့ံလဝီရိယ ရှိသည့်ကြားမှ ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေအတွက် ရည်ရွယ်၍...
(ကံဆင့် ကံမြင့် ကံပွင့် ယတြာတော်ကြီး)
ပဉ္စပွတ်၊ ဆပွတ်၊ အညွု့န်
မွေးနေ့မတိုင်ခင် ပထမနေ့ မိမိမွေးနံ အညွုန့်ရတဲ့ နေ့ကစပြီး ယတြာစလုပ်ရမယ်။ လူတစ်ယောက်ဟာ အညွု့န် တလူလူ ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် အညွု့န် နေ့ကစပြီး အဆောင်လုပ်တာ၊ အဓိဌာန္လုပ္တာ၊ ယတြာချေတာ၊ အစီအရင်လုပ်တာ အကောင်းဆုံး နေ့ပဲ ဖြစ်တယ်။
(၇)ရက်သားသမီးများအားလုံးအတွက်
တနင်္ဂနွေသားသမီးများဆို (တနင်္လာနေ့ ဖြစ်တယ်)
တနင်္လာသားသမီးတွေဆို (အင်္ဂါ နေ့ဖြစ်တယ်)
အင်္ဂါသားသမီးတွေဆို (ဗုဒ္ဓဟူး နေ့ဖြစ်တယ်)
ဗုဒ္ဓဟူးသားသမီးတွေဆို (ကြာသပတေး
နေ့ဖြစ်တယ်)
ကြာသပတေးသားသမီးဆို (သောကြနေ့ ဖြစ်တယ်)
သောကြာသားသမီးတွေဆို (စနေနေ့ ဖြစ်တယ်)
စနေသားသမီးတွေဆို (တနင်္ဂနွေနေ့ ဖြစ်တယ်)
(အဓိဋ္ဌာန်ရက်ပြီးအောင်လုပ်ရမယ့်နေ့က)
အညွု့န်၊ ပင်စည်၊ အျမစ္နံ ပေါင်းတဲ့ရက်တွေထိ လုပ်ရမယ်။
တနင်္ဂနွေသားသမီးများ (၃၁)ရက် လုပ်ပါ။
တနင်္လာသားသမီးများ (၂၉)ရက် လုပ်ပါ။
အင်္ဂါသားသမီးများ (၄၀)ရက် လုပ်ပါ။
ဗုဒ္ဓဟူးသားသမီးများ (၄၄)ရက် လုပ်ပါ။
ကြာသပတေးသားသမီးများ (၅၇)ရက် လုပ်ပါ။
သောကြာသားသမီးများ (၅၀)ရက် လုပ်ပါ။
စေနသားသမီးမ်ား (၃၇)ရက် လုပ်ပါ။
မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယ ဟူသည့် ဓာတ္သေဘာအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန် သောကြာအခါ လျင်မြန်စေသော ဝါယောဓာတ်ခိုရှင့် ဟူသော ရှေးပညာရှိကြီးတို့၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ခြင်း ဖြစ်တယ်။
တနင်္ဂနွေသားသမီးဆို
နံနက် (၇)နာရီခြဲမွ (၉)နာရီ
ည (၇)နာရီခြဲမွ (၉)နာရီ
တနင်္လာသားသမီးတွေဆို
မွန်းလွဲ (၁)နာရီခြဲမွ (၃)နာရီ
အင်္ဂါသားသမီးတွေဆို
နံနက် (၉)နာရီမွ (၁၀)နာရီခြဲ
ဗုဒ္ဓဟူးသားသမီးတွေဆို
ညေန (၃)နာရီမွ (၄)နာရီခြဲ
ကြာသပတေးသားသမီးဆို
နံနက် (၁၀)နာရီခြဲမွ (၁၂)နာရီ
သောကြာသားသမီးတွေဆို
နံနက် (၆)နာရီမွ (၇)နာရီခြဲ
ညေန (၄)နာရီခြဲမွ (၆)နာရီ
စနေသားသမီးတွေဆို
မွန်းလွဲ (၁၂)နာရီမွ (၁)နာရီခြဲ
ထိုအချိန်များတွင် ဘုရားရှင်အား ဖယောင်းတိုင် အေသး(၃)တိုင်ဖြင့် အလင်းဓာတ်ပူဇော်ပြီး ယပ်တော်သွင်း၍ ဆုတောင်းပါ။
မိတ်ဆွေတော်စပ်ကြသော မီးဓာတ်နှင့်လေဓာတ် ပေါင်း၍ ဘုရားရှင်အား ပူဇော် ဆုတောင်းပါက ဆုတောင်း ပြည့်ဝစေပါတယ်။
အောက်နင်းကြမ်း တြိစတု
စားရမဲ့မဲ့ သောက်ရမ့ဲမ့ဲ ဖြစ်နေသော လမ်းဘေးခွေးလေးများကို ဈေးထဲတွင် ခုတ်ထစ်လွှင့်ပစ်ကြလေ့ရှိသော ငါးစိမ်းတန်းမှ ငါးအမြီးပိုင်းများ၊ ခေါင်းပိုင်းများ၊ တောင်ပံများ၊ ပါးဟက်များ၊ ကြက်အရိုးများ၊ အမဲအရိုးများနှင့် ဆန်ကြမ်း ရောပြုတ်ချက်ပြီး ဗလဝကုသိုလ် အစာကျွေးရင်း ဆုတောင်းရမည်။ ဆုတောင်းတာ မရှက်ပါနဲ့။
အထူးမှတ်ချက်။ ။ အစာကျွေးသည့် အခါ အောက်မှာ တစ္ခုခု ခင်းကျင်းပြီး နေ့သားအလိုက် ဖော်ပြပေးထားသည်။ မိဘနှစ်ပါး၏ နေနံဖြင့် ခင်းမကျွေးရပါ။ (ဥပမာ) အေဖက တနင်္ဂနွေသား အေမက တနင်္လာသမီးဆို အင်းဖက် အိုးကြမ်းဖဲ့ ထည့်မကျွေးရပါ။
တနင်္ဂနွေသားသမီးဆို
ဇလုံ၊ ဇလား၊ ထန်းရွက်၊ ဝါးဆစ်ခွက်
တနင်္လာသားသမီးတွေဆို
အိုးခြမ်းပဲ့၊ အင်တုံ၊ ဝါးဆစ်ခွက် ၊ အင်ဖက် ပန္ကန္ကြဲ
အင်္ဂါသားသမီးတွေဆို
သံပန်းကန်းပြားစုတ်၊ ပန်းကန်ကွဲ၊ ငှက်ပျောဖက်
ဗုဒ္ဓဟူးသားသမီးတွေဆို
ထန်းရွက်၊ စက္ကူ သံပန်းကန်းပြားစုတ်၊
ကြာသပတေးသားသမီးဆို
အင်တုံ၊ အင်ဖက်၊ ဝါးဆစ်ခွက်
သောကြာသားသမီးတွေဆို
အိုးကြဲ၊ ပန်းကန်းကွဲ၊အင်ဖက်၊ ငှက်ပျောဖက်
စနေသားသမီးတွေဆို
စက္ကူ သံဇလုံစုတ်၊ ငှက်ပျောဖက် တို့နှင့် ထည့်ကျွေးပါ၊၊ ထိုနံများထဲတွင် မိဘနှစ်ပါး၏ နေနံပါလျှင် ရှောင်ပါ။
ခွေးစာကျွေးရမည့် ရက်များ
အင်္ဂါ သောကြာ စေန ထိုသုံးရက်များတွင် ကျွေးရမည်၊
ခွေးစာကျွေးရမည့် အချိန်
နံနက် (၆)နာရီမွ (၇)နာရီခြဲ
ညေန (၄)နာရီခြဲမွ (၆)နာရီ
ဒိဝါတပတိ ဂါထာတော်ကြီးကို တစ်နေ့ အခေါက် (၃၀၀) ရွတ်ဆိုပါ။
" ဒိဝါတပတိ ဂါထာတော်ကြီး "
ဒိဝါ တပတိ အာဒိစေ္စာ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒေ္ဓါ ခတ္တိယော တပတိ၊ စ်ာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒေ္ဓါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာေ၀န၊ သဗေ္ဗ ပူရေန္တု သင်္ကပ္ပါ။
( မွန္ကန္တိက်စြာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ စ်ာယီ တပတိ ဗြာန်မဏော။
အထ သတ္ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ္ဓံ ၀န်ဒါမိ အာဒရံ။
နမက္ကာရာ နုဘာေ၀န၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်ပေ၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်၀င်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။
ဤသို့ ရွိခိုးရေသာ အကျိုးအားကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
ဒိဝါတပတိ ဂါထာတော်ကြီးကို နံနက် အိပ်ရာမှနိုးခါစ မျက်နှာသစ် ခြေလက်ဆေးကြောပြီးသည်နှင့် ငွေထည့်သော ပိုက်ဆံအိတ်ထဲကို ပုတီးကိုင်သောလက် ထည့်စိပ်ပါ။ ပိုက္ဆံ တစ်ထောင်တန်မှာ ဒိဝါတပတိ ဂါထာတော်ကြီးကို ရေးပြီး ထည့်ထားပါ။ ထိုတစ်ထောင်တန်နှင့် ပုတီးနှင့် ထိထားပြီး စိပ်ပါ။ ထူးခြားစွာ ငွေဝင်လာ မစဲ လာဘ်ရွှင် လာဘ်ပွင့်၍ ငွေမပြတ် ဝင်လာနေပါလိမ့်မည်။
ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေ ရိုးသားကြိုးစားမှုဖြင့် ထိုယတြာအစီအရင်များကြောင့် ပြောင်းလဲသွားခဲ့ရသော လူ့ဘဝအလှည့်အပြောင်း ဘဝတစ်ဆစ်ချိုး လက်တွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးတစ်ယောက် ပြည့်စုံချမ်းသားခြင်းမှသည် လူပေါင်းများစွာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း...
ပတ္တမြားမိုး ဓာတ်နန်း
(တဲ့ရော့ဗေဒလက္ခဏာ) ဆရာမာန်သစ်ခိုင်
Ph/-09782380704
မူရင်းလက့့်။ ။https://m.facebook.com/groups/346157812478758?view=permalink&id=457455224682349
No comments:
Post a Comment