ဒီနေ့. လီဆူ အမျိုးသားကြီး နဲ့ အမျိုးသမီး
ကြီးတစ်ဦးလာပြီး အကူအညီလေးတစ်ခု
ပးပါဦး ဆိုပြီးလာကြတယ်...
သီးနှံတွေကလည်း မပေါ်သေးဘူး.စိုက်ပျိုး
ရေးစရိတ်တွေ..ဆေးဖျန်းရတာတွေ..
အလုပ်သမားခတွေကလည်း.အရမ်းကုန်
တယ်တဲ့..
အခုငါတို့မှာ ငွေအရမ်းလိုနေပြီတဲ့..
အဲဒီတော့ ကျနော်က ဘာလုပ်ပေးရမှာ
လည်းပြောပါဦးဆိုတော့ ငါတို့ငွေတွေ
သူများတွေဆီမှာ ရစရာလူတွေ တော်တော်
များများရှိတယ် တစ်ဦးတစ်ဦးကို သိန်းနှစ်
ဆယ် သုံးဆယ်တွေရရမှာတဲ့.
အဲဒါ.နင်က ဆရာကြီးမင်းသိင်္ခ ရဲ့တပည့်..
အဲဒါမျိုးတွေလုပ်ပေးတတ်တယ်..သွားလိုက်
လို့့ ပြောကြလို့လာခဲ့တာတဲ့..
မုန့်လုံးရေပေါ်ဝေကြွေးလိုက်ပေါ့ဗျာ..
ခင်ဗျားတို့ရစရာရှိတာတွေ ပြန်ရမှာပါလို့
ပြောလိုက်တော့
ငါတို့ရွာမှာ မုန့်မှုန့်က ဝယ်ဖို့မလွယ်ဘူးလေ
တဲ့.တစ်ခြား လွယ်တာမရှိဘူးလားတဲ့...
အဲဒါနဲ့..တစ်ခါတုန်းက ဆရာဟိန်းတင့်ဇော်
ပြောဖူးတဲ့ အကြွေးရတဲ့ ယတြာနည်းလေး
ကိုပေးလိုက်ရတော့တာပဲဗျာ..
လွယ်သလားတော့ မမေးနဲ့ဗျို့..သခြားသီး
တစ်လုံးဝယ်ပြီး သခွားသီးပေါ်မှာ.လူပုံ အရုပ်
လေးရေးပေါ့
ကိုယ်ရစရာရှိတာက မိန်းကလေးဆို မိန်းမ
ပုံလေးဖြစ်တယ်ဆိုရုံလေး ဆော့ပင်လေးနဲ့
ရေး သူ့အမည်ကို သခွားသီးပေါ်မှာပဲထပ်ပြီး
တော့ရေးလိုက်..ဦးတိုး ဆီမှာရစရာရှိရင်
လည်း ယောက်ကျားပုံလေးဆွဲပေါ့ .ဦးတိုး
လို့လည်းရေးပေါ့..
ပြီးတော့မှ အိမ်ခြေရင်းဘက်..ဒါမှမဟုတ်
မီးဖိုခန်းဘက်မှာ သခွားသီးကိုချပြီး သခြား
သီးကို ခြေထောက်နဲ့ အားရှိပါးရှိ နင်းခြေ
ရင်း ဥပမာ..ဦးတိုး ခင်ဗျားဆီက ကျုပ်ရစရာ
ရှိတဲ့ ငွေ......ဘယ်လောက်ပေါ့ဗျာ..
အျမန္ဆုံး လာဆပ်စေ လာပေးစေ လို့ပြော
လိုက်ရုံပါပဲ..လာမပေးမချင်း ခဏခဏ
လုပ္ဗ်ာ..အဲဒါ သေချာပေါက် ငွေအကြွေး
တွေ ပြန်ရတဲ့ နည်းပဲ လို့ ပြောလိုက်ရတော့
တာပဲဗ်ာ...
အဲဒီတော့ နောက်နေ့ကျရင်လည်း ခင်ဗျား
တို့ရစရာရှိတဲ့ အကြွေးတွေ ပြန်တောင်းချင်
ရင် သခွားသီးလေးသာ မနက် ဈေးသွားရင်း
ဝယ်ခဲ့ရုံပေါ့ဗျာ..
ကဲ..အားလုံး အကြွေးပေးရမယ့်သူတွေ
ရော အကြွေးရစရာရှိတဲ့သူတွေရော.အဆင်
ပြေတိုးတက်ကြပါစေဗျာ.....9.3.2017
အဘ တပည့်..ဆရာနိုင်အောင်လှိုင်..
မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=614050072294127
No comments:
Post a Comment