စီးပွားရေး ကျန်းမားရေး ပညာရေး ဘုန်းကံပိတ်ဆို့မှုများကိုဖယ်ရှားလင်းပေးနိုင်သော
အပွင့်ဓါတ်ဂါထာတော်
သင်သည်ဘုန်းကံပိတ်ဆို့မှုများကြုံတွေ့နေသော်
အောက်ပါ အပွင့်ဓါတ်ဂါထာတော်ဖြင့်သက်ဆိုင်ရာမိမိတို့၏ ဂြိုလ်တိုင်များ၌ ေအောက်ပါဂါထာတော်ဖြင့်ပုတီးတစ်ပတ်စိပ်ကုသိုလ်ပြု့လုပ်၍သင်၏ဘုန်းကံကိုသင်ကိုယ်တိုင်မြှင်တင်လိုက်ပါ။
ဘုန်းကံပွင့်ဂါထာတော်
၁။ စက္ခုံဥဒပါဒိ = စက္ခုံ နိရောဓသစ္စာကိုမြင်ကာသိတတ်သော ပညာမျက်စိသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၂။ ဥာဏံဥဒပါဒိ = ဥာဏံ နိရောဓ သစ္စာကိုသိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်လာလေပြီ
၃။ ပညာဥဒပါဒိ = အပြားအားဖြင့်သိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားဖြစ်ပေါ်လာလေပြီ
၄။ ဝိဇ္ဇာဥဒပါဒိ = ထိုးထွင်း၍သိမြင်ခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၅။ အာလောကောဥဒပါဒိ = အမှောင်ကိုခွင်း အရောင်အလင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားရှိလေပြီ
ပုတီးစိပ်သောအခါ
စက္ခုံဥဒပါဒိ
ဥာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ
ဟူ၍ပဲစိပ်ပါ အနက္ကိုလိုက္ဆိုစရာမလိုပါ
တနင်္ဂနွေသားသမီးတို့သည်
ကြာသပတေးထောင့်ဂြိုလ်တိုင်တွင်စိပ်ပါ
တနင်္လာသားသမီးတို့သည်
ရာဟုထောင့်ဂြိုလ်တိုင်တွင်စိပ်ပါ
အင်္ဂါသားသမီးတို့သည်
သောကြာဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဒဟူးသားသမီး မနက်မွေးသူများသည်
တနင်္ဂနွေဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဓဟူး ညမွေးသူများသည်
ဗုဒ္ဓဟူးဂြိုလ်တိုင်တွင်စိပ်ပါ
ကြာသပတေးသားသမီးများသည်
အင်္ဂါဂြိုလ်တိုင်တွင်စိပ်ပါ
သောကြာသားသမီးများသည်
စနေဂြိုလ်တိုင်တွင်စိပ်ပါ
စနေသားသမီးများသည်
တနင်္လာဂြိုလ်တိုင်တွင်စိပ်ပေးပါ
မိမိတို့၏ပိတ်ဆို့နေသောဘုန်းကံဟူသမျှပြန်ပွင့်လာမည်ဖြစ်ပါကြောင်း
ဖြူစင်သောမေတ္တာဖြင့်
ဆရာသော်တာအောင်
Ph 09798182381
Viber + 959798182381
မူလေရးသားသူကို crd ပေးပါတယ်
မူရင်းလင့်ပါ။ ။https://m.facebook.com/groups/1619560851621872?view=permalink&id=1762758827302073
No comments:
Post a Comment