ထူးခြားသောဖယောင်းတိုင်(သို့မဟုတ်)
ဓနသိဒ္ဓိဖယောင်းတိုင်လေး
၂၀၀၀ ခုနှစ်ဝန်းကျင်ကဖြစ်၏။
က်နော်သည် အစိုးရမှအထူးတာဝန်ယူ၍
လုပ်ကိုင်ရသော လမ်းဘေးဝဲယာမြေသားချဲ့ခြင်း
အလုပ်၌ နေ့စားခ ၃၀၀ ခန့်ဖြင့်ဝင်ရောက်လုပ်ကိုင်
နေရချိန်လည်းဖြစ်၏။
သာမန်အားဖြင့် လမ်းအထူးအဖွဲ့တစ်ခုခုအား
တာဝန်ပေးအပ်၍ခိုင်း၍ရသော်လည်း
ထိုအချိန်က မဟာဗျူ ုဟာလမ်းဖြစ်နေ၍
အလွန်အရေးကြီးသောကြောင့် ဆည်မြောင်း ၊
ပ ဆ င နှင့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းမျိုးစုံတို့က
နေ့စဉ်ကြီးကြပ်ကွပ်ကဲစစ်ဆေးလျှက်
လုပ်ဆောင်ပေးရသောကာလလည်းဖြစ်၏။
ထိုလုပ်ငန်းကို မိုးကုတ်မြို့၊မိုးမိတ်မြို့မှ
တပ်ရင်းမှူးကြီးများနှင့် ဗ် ူဟာမှူးတို့က
နေ့စဉ်စောင့်ကြည့်လုပ်ဆောင်ကြချိန်ဖြစ်၏။
က်နော့်အလုပ်မွာ လုပ်ငန်းဆိုင်ရာသုံး
ယာဉ် ယန္တယား စက်ကြီးများအား
လောင်စာဆီ အမျိုးမျိုး အထည့် ၊
အသုံး လက်ကျန်စာရင်းတို့ကိုနေ့
စဉ်မှတ်သားရသောအလုပ်ဖြစ်၏။
သို့သော် ဋ္ဌာနတစ်ခုတည်းတာဝန်ယူထားသော
လုပ်ငန်းမဟုတ်သောကြောင့် နေ့ခင်းပိုင်း
နားချိန်မရှိသလို ညပိုင်းတွင်လည်းနားချိန်နည်း
ပါသည်။
အမှန်မှာညပိုင်းအလုပ်မလုပ်ရပါ..
ဒိုဇာ လိုဒါ ဘက်ဟိုး ဂရေတာ ကက်တာပီလာ
စသော ထိုစက်ကြီးများကိုမောင်းနှင်ကြသော
သူမ်ားမွ ညပိုင်းတွင် စက်သုံးဆီမ်ားလာရောက်
ကဲ့ထုတ်ကြသည်ကိုလည်း စောင့်ကြည့်ရင်း
ဝေစုတောင်းရေသာကြောင့် မနားရခြင်းဖြစ်၏။
အနေအစားဆင်းရဲသော်လည်း
လွန်စွာတွက်ခြေကိုက်လေ၏။
ထိုသို့နေ့မအားညမအားလုပ်ရသောအလုပ်တွင်
က်နော်သည် မကြာမကြာ အလုပ်ပြုတ်ခြင်း၊
အလုပ်ဖြုတ်ခြင်းကို ၄ ကြိမ်တိုင်တိုင်
( ဗျူဟာမှူးကိုယ်တိုင် အလုပ်ဖြုတ်ခြင်းကို )
ကြုံခဲ့ရဖူးလေ၏..
ကျနော့်အလုပ်များရှိရာ တောင်တန်းတစ်နေရာမှ
၁၅ မိုင်ကျော်မျှဝေးရွာလေးတစ်ရွာသို့
ခဏခဏအလည်သွားနေခြင်းကြောင့်ဖြစ်
ပြီး မနက်ခင်းအရောက် အလုပ်မဝင်နိုင်သော
အချိန်နှင့် ဗျူဟာမှူးတို့စစ်ဆေးသောအချိန်တို့
တိုက်ဆိုင်သွားတိုင်း အလုပ်ဖြုတ်ခြင်းခံရပါသည်။
ကျနော် အကြောင်းအမျိုးမျိုးပြပြီးတောင်းပန်သော်လည်း မရပါ..
သို့သော် ကျနော့်ကိုအလုပ်ပြုတ်ပြီးရက်ပိုင်း
အတွင်းပင် အလုပ်ပြန်ပြီးခန့်ကြပါသည်
..ပြုတ်လိုက် ယတြာလုပ်လိုက် ပြန်ပြီးခန့်
လိုက်ဖြစ်၏။
ထိုသို့အလုပ်မရှိအကိုင်မရှိအခက်အခဲဖြစ်တိုင်း
ကျနော်ပြုလုပ်လေ့ရှိသောဘုရားမီးပူဇော်ရသည့်
နည်းလေးတစ်ခုရှိ၏
ထိုနည်းကို မည်သည့်ပညာရှင်များက
စီရင်သွားသည်ကို ကျနော့်အနေဖြင့်မသိခဲ့ပါ..
လုပ်ကိုင်စီရင်ရသည်မှာအလွန်လွယ်ကူ၍
လွန်စွာအဆင်ပြေသည်ဆိုသည်ကိုတော့
ကျနော့်ကိုယ်တွေ့အကြိမ်ကြိမ်ပင်ဖြစ်၏။
ဦးစွာပထမ အနန္တငါးပါးကို ရှိခိုး၍
ငါးပါးသီလဆောက်တည်ရ၏၊
ထို့နောက် ဖယောင်းတိုင်ကြီး ၁ တိုင်ပေါ်တွင်
အဝတ်ချုပ်အပ်အသစ်တစ်ချောင်းဖြင့်
ဂဏန်းများရေးခြစ်ရ၏။
ပထမဆုံး မိမိ၏မွေးနံ နံသင့်ဂဏန်းကို စပြီး
ဖယောင်းအပေါ်ပိုင်းရေး၍ကောင်းသော
နေရာမှ စ၍ရေးရ၏။
မိမိက တနင်္ဂနွေ သားသမီးဖြစ်လျှင် ၁ ဟုရေးပြီး
ဂဏန်း၏အောက်မှ မျဉ်းတုံးလေးခံလိုက်ရ၏။
တနင်္လာသားသမီးအတွက်ပြုလုပ်ပေးမည်ဆို
ပါက ၂ ဟုရေးရုံသာ။
ပြီးပါက မိမိနံဂဏန်းအောက်မှ တုံးလေး
(မျဉ်းကြောင်းငယ်)ခံပြီးအောက်တည့်တည့်သို့
၁.၂.၃.၄.၅.၆.၇.၈.၉.ဟု အစဉ်လိုက်ရေးခြစ်ရပါမည်။ဒေါင်လိုက်ရေးခြစ်ရပါသည်။
ထိုတိုင်ကို ပထမတိုင် ဂြိုဟ်တိုင်ဟုမှတ်ရပါမည်။
ထို့နောက် ဖယောင်းတိုင်ကိုအနည်းငယ်
တစ်ပတ်မရှိတရှိလှည့်၍ ဒုတိယတိုင်ကိုရေး
ရမည်ဖြစ်၏..
မိမိ၏မွေးနံ သို့မဟုတ် အခြားစီရင်ပေးရမည့်
သူ၏မွေးနံဂဏန်းကိုရေးရ၏.ထို့နောက်
အမည်အောက်မှ တုံးလေးတစ်ကြောင်းခံရ၏..
ထို့နောက် အောက်တည့်တည့် ဒေါင်လိုက်ဖြစ်
အောင် ၆.၃.၅.၅.၂.ဟုအစဉ်လိုက်ရေးလိုက်ရ၏.
ထိုတိုင်ကို မယ်တော်တိုင်ဟုခေါ်ရ၏။
ထိုအစီအစဉ်အတိုင်းပြီးလျှင် နောက်ဆုံးတိုင်
တစ်တိုင်ကိုလည်းထပ်မံရေးရမည်ဖြစ်၏။
မိမိမွေးနံဂဏန်း သို့မဟုတ် အခြားစီရင်ပေးရမည့်သူ၏မွေးနံကိုရေး .ထို့အောက်မှတုံး(မျဉ်းကြောင်း)လေးခံပြီးအရင်ရေးရ၏။
မိမိအခက်အခဲကြုံနေရသော ဖြစ်လိုသော
ကိစ္စအား စဉ်းစားပြီး နံသင့်ဂဏန်းဖြင့်ဒေါင်
လိုက် အောက်သို့အစဉ်အတိုင်းရေးရ၏၊
ဥပမာ..အိမ်ထောင်ရေးအဆင်ပြေပါစေ..
၁.၇.၈.၁.၃.၅.၃..ဟုရေးရ၏..
ဥပမာ။ ။အလုပ်အမြန်ရပါစေ
၁.၄.၁.၅.၈.၅.၃
ဥပမာ..
ချစ်ထွန်းငွေအကြွေးအမြန်လာဆပ်စေ.
.၂.၇.၂.၁.၂.၁.၅.၄.၃.၃.ဟုရေးရန်ဖြစ်၏..
ဥပမာ..
ထီရောင်းအားကောင်းပါစေ
.ထီဆုကြီးပေါက်သူမ်ားပါပါစေ.
၇.၈.၁.၂.၅.၃.၇.၃.၂.၅.၆.၅.၅.၅.၃.
စသည်ဖြင့်ရေးရန်ဖြစ်၏..
ဥပမာ.မင်္ဂလာကိစ္စနှစ်ဘက်မိဘများသဘော
တူပါစေ..စသည်ဖြင့် အရေးကြီးလိုအပ်နေသော
အခက်အခဲကိစ္စကိုရေးရုံသာဖြစ်၏..
မိမိ၏လက်ရှိဘဝနှင့်အလွန်အလှမ်းမကွာသော
ဖြစ်ခွင့်ရှိသောကိစ္စဖြစ်ဖို့တော့လိုပါသည်။
ထိုသို့ရေးသောတိုင်ကို တတိယတိုင်ဟုခေါ်ရ၏.
ဖယောင်းတိုင်ကြီးတစ်တိုင်ပေါ် ပတ်လည်နေရာ၌ပင် ရေးရမည်ဖြစ်၏။
ထိုအစီအစဉ်အတိုင်းရေးသွင်းပြီးပါက
ဖယောင်းတိုင်ကိုညာလက်(မိမိသန်ရာလက်)
ဖြင့်ကိုင်ပြီးပါးစပ်နားကပ်ကာ ဂါထာနှစ်ပုဒ်ဖြင့်
တစ်ဂါထာလျှင် ၃၇ အုပ်(၃၇ ခေါက်ကိုဆိုလိုသည်)ရွတ်ဖတ်ရ၏..
ပထမဂါထာမှာ..အောက်ပါအတိုင်းဖြစ်၏..
ဥုံ...ဧဝံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊
အစိန္တိယေ ပသန္နာနံ ဝိပါကော ဟောတု
အစိန္တိယော ဟု၃၇ ခေါက်ရွတ်ရ၏။
ပြီးလျှင် ဒုတိယဂါထာမန္တာန်ဖြင့် ၃၇ ခေါက်ရွတ်ရ
အုံးမည်ဖြစ်၏။
ဂါထာမှာ...
ဥုံ... တုဌေဟိ မမ တုဌေဟိ
ပိယေဟိ မမ ပိယေဟိ၊
သိန္နေဟံ မမ သိန္နေဟံ
ေဩာင်း ရာဇ စိတ္တံ ပီယံ မှိုင်း မှိုင်း
ေဩာင်း ဒေဝဒေဝီစိတ္တံ ပီယံ မှိုင်း မှိုင်း
ေဩာင်း ဣတ္ထိ ပူရိသ စိတ္တံ ပီယံ မှိုင်း မှိုင်း..။
ထိုသို့ရွတ်ဆို၍ သိဒ္ဓိတင်ပြီးသည်နှင့်
ဖယောင်းတိုင်အစီအရင်မှာပြည့်စုံနေပြီဖြစ်၏။
ထို့ထက်ပိုပြီးတတ်ကျွမ်းနားလည်သူများက
တော့ အချိန်ကောင်း အခါကောင်း
နက္ခတ်ကောင်း နိမိတ်ကောင်းတို့ဖြင့် ဆန္ဒရှိသလိုစီရင်နိုင်ပါသည်..။
ပြုလုပ်ရန်မှာ ဆုတောင်းပြည့်စေတီတစ်
ဆူဆူသို့သွားပြီး မိမိ၏မွေးနံဘုရား သို့မဟုတ်
မိမိဉာဏ်ဖြင့်စိတ်ကူးရှိရာရုပ်ပွားတော်ရှေ့၌
မီးထွန်းပြီး ပူဇော်ရ၏..
မိမိ၏အခက်အခဲကိုလည်း ဤဆီမီးအလင်း
မြတ်နှင့် အခြားလှူဖွယ်များပါပါက မည်သို့လှူခဲ့
သည် မည်သို့ဂါထာတော်အား ပူဇော်ဖူးသည်
စသည်ဖြင့်အမှန်ဆုံးသစ္စာကိုပြုရင်း
အသေးစိတ်ဆုတောင်းရ၏။
သေးငယ်သောကိစ္စများအတွက် ၁ ကြိမ်နှင့်
ပင်လုံလောက်စွာအကျိုးပေး၏..
ကြီးကျယ်သောကိစ္စ သမ္မါဆန္ဒအခက်
အခဲများရှိလျှင်ဖြင့် ဉာဏ်ရှိသလို
စီရင်ပူဇော်ရ၏။
သင့်အနေဖြင့်စောဒကတက်လိုက
ဟာ..အဲဒါလောက်စွမ်းနေရင်
တိုက်တွေ ကားတွေ ထီဆုကြီးတွေ
မင်းတို့တောင်းယူပါ့လားဟု
ပြောချင်လျှင်ပြောနိုင်မည်ဖြစ်၏..
မိမိတို့၏ ဘဝဘဝက ကောင်းမှု မကောင်းမှု
ကံများနှင့်ပတ်သက်ပါသည်..
ယခုကျနော်ပြောပြသောနည်းဖြင့်ပြုလုပ်ပါက
သင့်အနေဖြင့် ဖယောင်းတိုင် တစ်တိုင်
အပ်တိုတစ်ချောင်း အချိန်
တစ်နာရီခန့်မျှသာကုန်မည်
ဖြစ်ပြီး အနည်းဆုံး ဘုရားရှိခိုး အမ်ွဝေရသော
ဆွမ်း ဆီမီး ရေချမ်း ပန်းစသည်
လှူဖြစ်သောအကျိုးတို့သည်
အချောင်နေရင်းရအုံးမည်ဖြစ်၏..
ထို့ထက်ပို၍အဆင်ပြေသွားပါက
ကုန်ကျမှုအနည်းဆုံးနှင့် အကျိုးအ
မြတ်သည် မနှိုင်းသာအောင်
သာလွန်နေမည်ကိုတော့ သင်ကိုယ်တိုင်
သိမြင်နားလည်သွားမည်ဖြစ်၏..
ထို့ကြောင့် က်နော်ငယ်စဉ်ကာလက
လက်ကိုင်အားထားပြု၍အသုံးပြု
အောင်မြင်ခဲ့ဖူးသော ဂမ်ဘီရ ဖယောင်းတိုင်
အစီအရင်အား ပညာလိုလား
ကြသော အမျိုးကောင်းသား
အမျိုးကောင်းသမီးများနှင့် အခက်အခဲ
တစ်စုံတရာကြုံနေကြကုန်သော ၇ ရက်
်သားသမီးများအတွက် ရည်ရွယ်၍စေတနာ
မှန်စွာဖြင့့််အသေးစိတ်ဖော်ပြလိုက်ရပေသတည်း..
ဤဂမ်ဘီရဖယောင်းတိုင်စီရင်နည်းအား
ရွှေအောင်လံမဂ္ဂဇင်း ဖေဖော်ဝါ
ရီလ (၉၈)အမှတ် ၃၁ တွင်
ရေးသားဖော်ပြပေးဖူးသော မူရင်းစာရေး
ဆရာအား က်နော် နိုင်အောင်လှိုင်မွ
ထာဝရ ခင်မင်လေးစားလျှက်ရှိပါ
ကြောင်း ဖော်ပြရင်း...
မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=884155105283621
မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။
No comments:
Post a Comment