ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, January 27, 2020

လာဘသိဒ္ဓိပုတီးစိပ်နည်


#လာဘ်လာဘပေါကြွယ်ဝစေသော လာဘသိဒိ္ဓပုတီးစိပ်နည်း
===============================

.
မည်သည့်နေ့သားသမီးမဆို ဤပုတီးစိပ်နည်းကို
မိမိမွေးနေ့မှစတင်ရေတွက်သော် ပဉ္စမမြောက်နေ့တွင်စတင်
 အဓိဌာန်ဝင်ရပေမည်

ဥပမာ တနင်္ဂနွေ သား/သမီးဆိုပါက ကြာသာပတေးနေ့
              တနလာၤ သား/သမီးဆိုပါက သောကြာနေ့

  (အခြားနေ့များလည်း ထို့နည်းတူ ရေတွက်ပါလေ)

ထို့နောက် မိမိတို့မြို့ရွာဒေသရှိ စေတီ ဘုရားတစ်ဆူတွင် (မိမိမွေးနံထောင့်) မိမိမွေးနံ၏ အညွန့်နံ ပန်းများကို လှုဒါန်းပါ

ဥပမာတနင်္ဂနွေသားသမီး ကံကော်/ကြာ
            တနလာၤသားသမီး ဇော်စိမ်း/ဇွန်/နှင်းဆီ
            အင်္ဂါသားသမီး ရွက်လှ /
            ဗုဒ္ဓဟူးသားသမီးမေမြို့ /စံပယ်
           ကြာသာပတေးသားသမီးသီဟို /သီးညွှန့်
           သောကြာသားသမီးနှင်းပန်း/ထန်းညွှန့်/ဒန်း

စသည်တို့ကို လှုဒါန်းပါ

ပြီးသော်  

တနင်္ဂနွေသားသမီးများ >>>>> သောကြာ ဂြိုလ်ခွင်တွင်
တနလာၤသားသမီးများ >>>>> စနေထောင့်
အင်္ဂါသားသမီးများ >>>>>>> တနင်္ဂနွေ
ဗုဒ္ဓဟူးသားသမီးများ >>>> တနလာၤ
ကြာသာပတေးသားသမီးများ >>>> အင်္ဂါ
သောကြာသားသမီးများ >>> ဗုဒ္ဓဟူး

စသည့် အရပ်ဂြိုလ်ခွင်ထောင့်များတွင် သွားရောက်၍ ပုတီးစိပ်ရပါမည်

ပုတီးစိပ်ရန် ဂါထာမွာ

(နေမာ ဗုဒ္ဓဿ ပူဇံ အရဟံ )ပုတီးတလုံးခ်( ၁ )ပါတ်

(ဗုဒ္ဓံ သရဏံ ဂစၧာမိ အရဟံသိဒိ္ဓ)ပုတီးတလုံးခ် (၁)ပါတ်

(အရဟံ လာဘံသိဒိ္ဓ ဘဂဝါအောင်)ပုတီးတလုံးခ် (၁)ပါတ်

#စုစုပေါင်း (၃)ပါတ်စိပ်ပြီးသော်
====================

(ဗုဒ္ဓသေေဋ္ဌာ နေမာ သဗ္ဗလာဘံ ဧဟိဓနံ)ဟူ၍ (၂၇)ကြိမ်တိတိရွတ်ပွားပါ

*တနင်္ဂနွေ သားသမီးသည် ကြာာသာပတေး နေ့မှစတင်အဓိဌာန်ဝင်သော် (တနလာၤ) နေ့ပုတီး စိပ်ပြီးပါက ထိုအဓိဌာန်အောင်မြင်ပါသည်

*တနလာၤ သားသမီးသည် သောကြာနေ့တွင်စတင်အဓိဌာန်ဝင်သော် အင်္ဂါနေ့ပုတီးစိပ်ပြီးပါက ထိုအဓိဌာန်အောင်မြင်ပါသဘ်

*အင်္ဂါသည် ဗုဒ္ဓဟူး

*ဗုဒ္ဓဟူး သည် ကြာသာပတေး

*ကြာသာပတေး သည်သောကြာ

*သောကြာသည် စေန

*စေနသည် တနင်္ဂနွေ

စသည့်နေများတွင် ဤအဓိဌာန်ပုတီးကျင့်စဉ်အောင်မြင်ပြီးမြောက်ပြီဖြစ်ပြီး

အဓိဌာန်အောင်မြင်သူများစွာသည် ထူးခြားသိသာစွာ အလုပ်အကိုင်အကြံအစည်အောင်မြင်ကာ လာဘ်လာရရှိစေသော ##လာဘဝဍ္ဎန လာဘသိဒိ္ဓ ပုတီးကျင့်စဉ်တော်ကြီးဖြစ်ပါကြောင်းမေတ္တာရှေ့ထားရေးသားဖော်ပြလိုက်ရပေတော့သည်

.

.

.
စာကြွင်း။ ။
ကျွနု်ပ်သည်မေတ္တ္တာစေတနာများစွာဖြင့်ကိုယ်တိုင်ပင်ပန်းခံရေးသားထားသောအထက်ပါပုတီးကျင့်စဉ်အား##COPYကူးယူပြီးမူရင်းရေးသားသူအားမဖော်ပြသူများသည်ပညာမဲ့သူပညာပျောက်သူများဖြစ်ကြပါစေသတည်းShareလိုသူများလွတ်လပ်စွာShareခွင့်ပြုပါသည်

.

.
*မေတ္တာစေတနာများစွာဖြင့်
#ဆရာကျော်ဇေယျအောင်(ဘဝတုသဗ္ဗမင်္ဂလံ)

* 1.1.2020 (နှစ်သစ်အမှတ်တရ)

မူရင်းလင့်။ ။ https://m.facebook.com/groups/2025260670885172?view=permalink&id=2609288762482357

 မူလေရးသားသူကို crd ပေးပါတယ်

No comments: