ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, January 27, 2020

ငွေကြေးနဲ့ ပက်သက်တဲ့ကိစ္စ တွေ

ငွေရဖို့ ကြာနေတာ ၊ ငွေဝင်လမ်းပိတ်နေတာ၊ ငွေအလိမ်ခံရတာ(ကိုယ်ကကြားဝင်ဆောင်ရွက်ပေးတာကို တစ်ဖက်ကလိမ်လို့ ပြသနာကြုံရတာ) အကြွေးတွေ ပြန်မရတာ ၊ အကြွေးဆပ်ချင်ပေမယ့် မိမိမွာ ငွေဝင်လမ်းတွေပိတ်နေတဲ့အခါ ၊ အကြွေးကျေချင်တာ ( ငွေရှိမှ အကြွေးဆပ်လို့ ရမွာပါ)တဲ့ ငွေကြေးနဲ့ ပက်သက်တဲ့ကိစ္စ တွေမှာ အသုံးပြုလို့ရပါတယ် ၊၊
 အခုဖြစ်နေတဲ့ မဲကိစ္စတွေတော့ အာမမခံပါဘူး ကောက်ရိုးတစ်မြှင်အနေနှင့် ဆောင်ရွက်ချင်ရင်လည်းဆောင်ရွက်ကြည့်ပါ၊၊ ငွေပြန်ရတော့လည်းအမြတ် မရတော့လည်းကုသိုလ်ရတာပေါ့၊၊

မိမိတို့၏လက်ရှိရောက်နေသော အသက္ကို ၇ဖြင့်စားပါ၊၊ ၃၀ ပြည့်ပြီး ၁ရက်စွန်းပါက ၃၁ ဟုယူပါ၊၊
အကြွင်းအတိုင်း ဖော်ပြပေးထားသည့်အတိုင်းဆောင်ရွက်ယုံပါ၊၊

ယတြာကုသိုလ်ပြုနည်း
---------------
အသက် ကို ၇နှင့်စား၍ ရရှိလာသည့် အကြွင်းအလိုက်

၁ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် အရိမေတေ္တယျ ဘုရားကို အာရုံပြု၍ မေမြို့ပန်း ၁၉ပွင့် + ဖယောင်းတိုင် ၁၉တိုင် ဆပ်ကပ်လှူဒါန်းပါ၊၊

၂ကြွင်းသမားများ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ကကုသန် မြတ်စွာဘုရားကို အာရုံပြု၍ သပြေ ၂၁ညွန့် + ဆွမ်းပေါ် သကြားဖြူပြီး ဆပ်ကပ်လှူဒါန်းပါ၊၊

၃ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် စိန္တာမုနိ ဘုရားကို အာရုံပြု၍ တံခွန် ၁၀လက် (သို့) ထီးအနီ ၁၀လက် + ထန်းလျှက် ဆပ်ကပ်လှူးဒါန်းပါ၊၊

၄ကြွင်းသမားများ၊၊ ၊၊မိမိတို့၏မွေးနံထောင့်တွင် ဝိပဿီ မြတ်စွာဘုရားကို အာရုံပြု၍ အုန်း ၆ညွန့်+ အုန်းဆွမ်း(သို့) အုန်းသီးဖြင့်ပြုလုပ်သောမုန့် တစ်မျိုးမျိုး ကို ဆပ်ကပ်လှူဒါန်းပါ၊၊

၅ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ပဒုမ မြတ်စွာဘုရားကို အာရုံပြု၍ ကံကော် ၁၅ညွန့် + ကြံသကာ (သို့ ) ကြံ ဆပ်ကပ်လှူဒါန်းပါ၊၊

၆ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် သုမန မြတ်စွာဘုရားကို အာရုံပြု၍ ဇီး ၈ညွန့် + ဇီးယို (သို့ ) ဇီးဖျော်ရေ ဆပ်ကပ်လှူဒါန်းပါ၊၊

၇/ ၀ ကြွင်း သမားမ်ား ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် နရဒ မြတ်စွာဘုရားကို အာရုံပြု၍ ရွက်လှ ၁၇ ညွန့် + ရေ သက်စေ့လှူဒါန်းပါ၊၊

ထိုသို့ ဆပ်ကပ်လှူဒါန်းပြီးသည့်နောက် ကျွန်တော် တင်ပေးထားတဲ့ ဣစၦာသရ ပုတီးစိပ်နည်းကို ပုတီးစိပ္ပြားမ်ားပါ၊၊
မဏိဇောတ ပတ္တမြား ဂါထာ ၄ပုဒ္ကို တစ်ပုဒ်လျှင် ၁၀၈ခေါက်ရွတ်ပွားပါ၊၊

ပြီးလျှင် မေတ္တာပို့အမျှဝေပြီး မိမိတို့၏ငွေကြေးအခက်အခဲများ အဆင်ပြေဖို့ သစ္စာပြုဆုတောင်းပါ၊၊
တစ်ပတ်လျင် အနည်းဆုံး ၂ကြိမ်ဆောင်ရွက်ပါ၊၊မနက်ပိုင်းစောနိုင်သမျှစောစော ဆပ်ကပ်လှူဒါန်းသင့်ပါသည်၊၊
အပတ်စဉ် ၃ပတ္တိတိ မပျက်မကွက်ဆောင်ရွက်ပါ၊၊
ယတြာနည်းဖြင့် ဆောင်ရွက်လိုသူများအတွက် ငွေကုန်ကြေးကျနည်းစေရန် တင်ပြပေးလိုကိပါသည်၊၊
သီးသန့် အင်း စသဖြင့် အစီအရင်များ ဆောင်ရွက်လိုပါ Chat box သို့ အောက်ပါဖုန်းနံပါတ် Viber ဖြင့်ဆက်သွယ်နိုင်ပါသည်၊၊ဖုန်းဆက်လိုပါက မိမိပြောခိင်သည့်ကိစ္စကို တိုတိုနှင့် လိုရင်းသာပြောဆိုပေးပါ၊၊

ဆရာ လင်းအေးချမ်း (Zay Yar Oo)
ဇယုတ္တရော ဓါတ်ခန်း
09455209863
မူရင်းလင့်ခ်။ ။https://m.facebook.com/story.php?story_fbid=1980289628696133&id=100001453466041

No comments: