ယျတာအိုး အစီအရင်တောာ်
(ငွေအမြန်ဝင်နည်း)
ငွေ ဆိုတာ သည်းခြေ ကြိုက်ပါ။ရသင့်သလောက်ရမယ်
ဝင်ငွေတိုးလာမယ်။ ငွေနဲ့ပက်သက်လို့ ဖြစ်နေတဲ့ အခက်အခဲတွေ
လျော့သွားမယ်ဒါဆို မကောင်းဖူးလား ?
ဒီလောက်လွယ်လား ဆရာရယ်လို့မေးမယ်ဆိုရင်
ခုပညာက ခုမှဟိုလူပြောသယောင် ဒီလူပြောသယောင်နဲ့
စိတ်ကူးယဉ် စီရင်ထားတာ မဟုတ်ပါဘူး
အင်္ဂဝိဇ္ဇာမယ (အင်္ဂဝိဇ္ဇာမဟုတ်ဖူးနော်) ဣဒိမယ စတဲ့
ကျမ်းထွက်တွေဖြစ်လို့ ရာစုနှစ်တွေ ချီပြီး လူတွေသုံးခဲ့ပြီးသားပါ
အားလုံးအောင်မြင်ခဲ့ပါတယ်...
စီရင်နည်းက ...ဘယ်နေ့သားသမီးမဆို
တနလာၤနေ့ နံနက် ၉:၂၀ (ဒါကနေ့ရက်နဲ့အချိန်)
ငွေဖလားမှာ (ဖလားဖြစ်ဖို့တော့လိုတယ်)
(၁)ရဲယိုညွှန့်
(၂)နေဇာ
* မြေဇာ အဖျားနီလျှင် နေဇာအဖြစ်သုံး
၍ရသည်*
(၂)မြေဇာ
အားလုံးခုနစ်ညွှန့်စီဖြစ်ပါတယ် တခြားနံတူထည့်လို့မရပါဖူ
း ဒီသုံးမျိုးကို ရအောင်ရှာပါ ဒီပန်း ၂၁ ညွှန့်ကို ဖလားထဲမွာ စိုက်ပါ ။ရေထည့်လို့ရပါတယ်။
ထီးတံခွန်ကုက္ကားအစုံ ထည့်ပါ။ဒါကို အိမ်ရဲ့ ဧည့်ခန်းအမြင့်တနေရာမှ
ာ သေချာလေးဆုတောင်းပြီး တင်ထားရုံပါပဲ။
နှစ်ပတ်တခါလောက်လုပ်ပေးရင် ငွေပင်စိုက်တယ်လို့တောင်
ခေါ်ဝေါ်နိုင်ပါတယ်။
ဒီအစီအရင် ဓါတ်တွေချည်းမို့ ဓါတ်အက္ခရာ
ထည့်ချင်ရင်ရော ဆိုတဲ့ဆရာများ cb လာပါ။အက္ခရာရှိပါတယ်။
ဒီအစီအရင်အတိုင်းပြုလုပ်လို့မစွမ်းဖူးဆိုတဲ့
ပုဂ္ဂိုလ်များ cb လာပါ။
ကျနော့ကိုအပြစ်တင်စကားဆိုနိုင်ပါတယ်။
အခါအခွင့်သင့်ရင်လည်း ခုနစ်ရက်သားသမီး
အကျိုးပြု မဟာယတြာတော်များ ထပ်တင်ပေးပါ့မယ်။
နိုင်ထက်အောင်
(ဗေဒဝိဇ္ဇာ-အစိနေ္တယျ)
မူရင်းလင့်။ ။https://m.facebook.com/groups/413204832684583?view=permalink&id=439547250050341
မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။
No comments:
Post a Comment