ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Thursday, January 23, 2020

#ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း


#ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း)

===========================

     





      ဒီလို လွယ်လွယ်ကူကူနဲ့ သေသေချာချာ အစွမ်းရှိ စီရင်နည်းတွေကို တင်ပေးဖို့ တာဆူခဲ့တာကြာပါပြီ။တင်မယ့်တင် ပြည့်ပြည့်စုံစုံ တင်ပေးချင်တာကြောင့် အချိန်တစ်ခုထိ စောင့်ဆိုင်းခဲ့ရတာပါ။

            ဒါက အင်းကွက် စမကွက်မဟုတ်ပါဖူး။ဒါကြောင့် ရေးသားစဉ် တင်းကြပ်တဲ့ စည်းစနစ်တွေ မလိုအပ်ပဲ လူတိုင်းလွယ်လွယ်ကူကူ စီရင်အကျိုးပြီးနိုင်ပါတယ်။

            အဓိက အနေနဲ့ကတော့ ....

        (၁)အကြတ်အတည်းများတဲ့အခါ
        (၂)ဂြိုလ်အစီးအနင်းညံတဲ့အခါ
        (၃)စီးပွားလာဘ္လာဘ လိုအပ်တဲ့အခါ
        (၄)အကြောင်းအမျိုးမျိုးကြောင့် ယတြာခြေတိုင်း အစွမ်းမထက်ဖြစ်တဲ့ခါ .....

          စတဲ့ အခြေအနေ (၄)မျိုးအတွက်ရည်ရွယ် ပြုလုပ်လို့ရပါတယ်။

စီရင်နည်း
======

သန့်ပြန့်တဲ့ စက္ကူအပေါ်မှာ ပုံပါအတိုင်း ရေးသားရမှာပါ။
ရေးတဲ့အခါ မနက်ပိုင်း ဘုရားရှေ့မှာ ရေးသားရပါမယ်။
ရေးနေစဉ် စကားမပြောမိဖို့နဲ့ ခေါ်ရင်မထူးဖို့နဲ့ ရေးသားမူကိုပဲ အာရုံစိုက်နေပါမယ်။

ပုံပါအတိုင်း အလယ်မှာ

က ဃ ဏ ဠ

အတွင်းရံ ဂါထာဖြစ်တဲ့
ဗုဒ္ဓံ သရဏံ ဓမ္မံသရဏံ သံဃံသရဏံ ဣဒ္ဓံသရဏံ
ရေးသားပါ။

အပြင်ရံဖြစ်တဲ့

ယထာဝိ ဥဏှေ ဝိဇ္ဇန္တေ ပရံ ဝိဇ္ဇာတိ သီတလံ
ဧတံ တိပိဓ ဝိဇ္ဇန္တေ
နိဗ္ဗာနံ ဣစ္ဆိတ တဗ္ဗေကံ

ရေးသားပါ။

အလုံးစုံ ပြီးတဲ့အခါ အပြင်ရံဂါထာနဲ့ (၃၇) ခေါက်မန်းရပါမယ်။ ဂါထာမန်းပြီးတဲ့အခါ စီရင်ခြင်းအလုံးစုံပြီးပါပြီ။

မီးထွန်းဖို့က ဂါထာကွက်ပေါ် မြေဆီမီးခွက်တင်၍ ဆီနှင့် မီးစာကြိုးနဲ့ ပူဇော်ဖို့ပဲဖြစ်ပါတယ်။မိမိ မွေးနံနေ့မှ ၇ ရက် တပတ္တိတိ အချိန်မှန်နေရာမှန် ပူဇော်ရပါမယ်။မနက်ပိုင်းပဲဖြစ်ပါတယ်။

ဒီဂါထာကြက္ကိုပဲ
ယပ်မှာ ရေး၍ ဘုရားမှာပူဇော်ထားနိုင်ပါတယ်။
ဉာဏ်သွားသလောက် အသုံးပြုကြပါ။
အကျိုးထူးများရကြပါစေ။

                                             နိုင်ထက်အောင်

မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=871526403211144&id=100010613768917


 မူလေရးသားသူကို crd ပေးပါတယ်

No comments: