ရုက္ခမူ ကျင့်စဉ် ( သို့ ) ရုက္ခမူလ ကျင့်စဉ်
***********************************
ဤရုက္ခမူ ကျင့်စဉ် ကို ကျင့်မည် ဆိုပါက " ဗောဓိညောင်ပင် " တွင်သာ ကျင့်ကြံ အားထုပ်ရပါမည်။
" ရုက္ခ" သစ်ပင် ကို မဏ္႑ိုင် ပြု့၍ ကျင့်ရ မည် ့အကျင့် ဖြစ်သောကြောင့် တျခား သစ်ပင် များတွင် မဖြစ်စေရပဲ
" ဗောဓိညောင်ပင်" တွင်သာ ဖြစ်စေရပါမည်။
ကျင့်စဉ် မွာ .... တနင်္ဂနွေ နေ့ တွင် ဗောဓိ ညောင်ပင် အောက်သို့ သြားပါ။
ကံ့ကော် (၂) ညွန့် ကို ဗောဓိ ညောင်ပင် မွ ရုက္ခစိုး ထံ တွင် လှုပါ။
ညောင်ပင်အောက် မွ တောင်စူးစူး အရပ်သို့ လှည့်ပြီး တင်ပျဉ်ခွေ ထိုင်ပါ။
" အောင်ဗောဓိ " ဂါထာ ကို ၁၀၈ လုံး ပုတီး တစ်ပတ် စိပ်ပါ။
အချိန် သက်မှတ် ချက် မရွိ ပါဘူး။ တနင်္ဂနွေ မွ စ၍ (၇) ရက် ကျင့်ရပါမယ်။
ထို ရုက္ခမူ ကျင့်စဉ် ကို တခါ လောက် လုပ်ကြည့် ရုံ နှင့် လုပ်ငန်းတွင် ပိတ်နေသော အတားအဆီးမ်ား တခါတည်းလွင့်စင်သွားပါမယ်။
ရာထူးတက်ဖို့ ပိတ်နေသူများ တစ်နေသူများ ထို " ရုက္ခမူ ကျင့်စဉ် " ကို တစ်ကြိမ် စမ်းသပ်လုပ်ကြည့်ပါ။
တနင်္ဂနွေ နေ့ တွင် ကံကော် (၂) ညွနိ့ တောင်စူးစူးအရပ်
တနင်္လာ နေ့တွင် စပါယ် (၃) ကုံး ... အနောက် ဘက် အရပ်
အင်္ဂါ နေ့တွင် ရွက်လှ (၄) ညွန့် ...မြောက် စူးစူး အရပ်
ဗုဒ္ဓဟူး နေ့တွင် မေမြို့ပန်း (၅) ပွင့် ..... အနောက်တောင်အရပ်
ကြာသပတေး နေ့တွင် သပြေ (၆) ညွန့် ... အရှေ့မြောက် အရပ်
သောကြာနေ့ တွင် နှင်းဆီ အနီ (၇) ပွင့်... အရှေ့စူးစူး အရပ်
စနေနေ့တွင် အုန်းညွန့် (၁) ညွန့် ...... အရှေ့တောင်ဘက်
ရုက္ခစ်ုး ထံ လှု၍ " အောင်ဗောဓိ" ဂါထာ ပုတီး တစ်ပတ်စိပ်ရပါမည်။
အောင်ဗောဓိဂါထာ
+++++++++++
ပထဝီ ဗလသုန္ဒရီ
သဗ္ဗညူ ဗောဓိမဏ္႑လေ
အသချေၤယျံ မာရေသနံ
ဇေယာ ဇာယတု မင်္ဂလံ ။
အနက်
******
ပထဝီ ဗလသုန္ဒရီ ..... မြေထု့ မျခား ကြီးမားလွန်မင်း ကောင်းမြတ်သော သည်းခံခြင်းအား ရှိတော်မူသော
သဗ္ဗညူ ....... ခပိသိမ်းသောတရား တို့ကို အကြွင်းမရှိ သိတော်မူပြီးသော ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
ဗောဓိမဏ္႑လေ ...... မြေ များဦးကိုင် မဏ္႑ိုင်သီရိ ဗောဓိပင်ခြေရင်း ၌
အသချေၤယျံ.......... သချၤာ ဖွဲ့ယှက် ရေတွက်မရ များပြား လွေသာ
မာရေသနံ......... မာရ်နတ်မင်း စစ်သည် အပေါင်း ကို
ဇေယာဇထာ...... ပါရမီ အဟုန် မြေဝသုန် တုန် ဟည်း လျက် အောင်ခြင်းကြီး အောင်တော်မူသကဲ့သို့
တထာ..... မျခား နမူ ထို့အတူ
မေ..... အကျွနုပ်အား
မင်္ဂလံ .....အောင်သင့် အောင်ကြောင်း မင်္ဂလာအပေါင်း သည်
ဇာယတု့ .......ခရီး ရောက်အောင် ပြီးမြောက် လျင် လျင် အောင် မြင်စေသတည်း ။
ကျင့်စဉ် crd - မြူ နှင်း
မဇ္ဈိမ ဦးဆန်းမင်း
ဝိဇ္ဇာနည်းက် နိယာမဗေဒင်
မူရင်းလင့်။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=2030585370567225
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment