ဓမ္မစကြာ အောင်ပြီ ပူဇော်နည်း
(ကော်ပီကူးခွင့်လုံးဝမပြု ၊၊ မူရင်းပို့စ်ကိုလွတ်လပ်စွာ Shareနိုင်ပါတယ်၊၊)
စက္ခုံ ဥဒပါဒိ၊၊
ဉာဏံ ဥဒပါဒိ။
ပညာ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
ဗုဒေ္ဓါ အောင်ပြီ။
ဓမေ္မာ အောင်ပြီ၊၊
သံဃော အောင်ပြီ၊၊
သုဂေတာ အောင်ပြီ၊၊
စဓဗဝ အောင်ပြီ၊၊
သစ္စာ အောင်ပြီ၊၊
အစအဆုံး ပုတီးတလုံးခ်၊၊ အခေါက် ၆၀ ပူဇော်ပါ၊၊
အဘဘိုးမင်းခေါင်၏ အပွင့်ဓာတ်ဂါထာ ဓမ္မစကြာအနှစ်ချုပ်ဂါထာနှင့် နဂါးမတောင်ဆရာတော်ကြီးများ၏ အောင်ပြီ၆ချက် ပေါင်းစပ်ထား၍ အခက်အခဲများပြေပျောက်ကာ ငွေကြေးစသည့် အခွင့်အလန်းများပွင့်လန်းစေပါသည်၊၊ ဒိဝါတပတိဂါထာ ၆ဝ ပူဇော်နည်းနှင့်တွဲပြီး ပူဇော်ပါက ပိုကောင်းပါသည်၊၊
ဓမ္မစကြာတရားကိုအာရုံပြု၍
စက္ခုံ ဥဒပါဒိ၊၊
ဉာဏံ ဥဒပါဒိ။
ပညာ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။ ဟု ပူဇော်ပါ၊၊
မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစကြာတရားတော်ဟောကြားနေချိန်တွင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ သုံးပါးအစုံအညီ ပွင့်ပေါ်နေချိန်ဖြစ်တာကို အာရုံပြု၍ ဗုဒေ္ဓါ အောင်ပြီ၊ ဓမေ္မာ
အောင်ပြီ၊ သံဃော အောင်ပြီ ဟုပူဇော်ပါ၊၊
မြတ်စွာဘုရားက ဓမ္မစကြာတရားကို ကောင်းစွာဟောကြားနေသည်ကိုအာရုံပြု ပြီး သုဂေတာ အောင်ပြီဟု ပူဇော်ပါ၊၊
ဓမ္မစကြာတရားဟောကြားတော်မူသော ကကုသန်မြတ်စွာဘုရား၊ကောဏာဂုံမြတ်စွာဘုရား၊ကဿ... ပမြတ်စွာဘုရား၊ဂေါတမမြတ်စွာဘုရားလေးဆူကို ရည်စူးပြီး စဓဗဝ အောင်ပြီ ဟုပူဇော်ပါ၊၊
ဓမ္မစကြာတွင်ပါသော သစ္စာလေးပါးတရားကို ရည်စူးပြီး သစ္စာ အောင်ပြီ ဟု ပူဇော်ပါ၊၊
ကိုသစ္စာ
14.7.2019 တနင်္ဂနွေနေ့
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=2243016175996430&id=1870044853293566
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment