ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထွန်းအစီအရင်များ (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင်းစမပညာများ (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Thursday, November 30, 2017
Wednesday, November 29, 2017
~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~
https://m.facebook.com/groups/1573638246261942?view=permalink&id=1817289638563467
~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏
ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~
==============================
* ထေရုပတ္တိအကျဉ်း....
တိုင်းကြီး ၁၆-ပြည်ထောင်ရှိ ဝိဇ္ဇာဓိုရ်အမတ် ရှစ်သောင်း
တို့အနက် တံခါး ၆၄- တံခါးပိုင် သာသနာ့ကြိုးကိုင် , ဝီရိယ
ကြိုးကိုင်, မနောမယကြိုးကိုင် ဟူ၍ ထင်ရှားကျော်ကြား ၇-ရက်
သားသမီးတို့အား ကပ်ကြီးသုံးပါးမှ ကယ်တင်တော်မူ၍
မဟာဂန္ဓာရီ ထွက်ရပ်ပေါက် ယက္ကန်းစင်တောင်ဆရာတော်ကြီး
ဦးသြဘာသသည် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မွေပုံ ကံရွာတွင်
သက္ကရာဇ် (၁၁၉၉) ခုနှစ် , ဝါဆိုလဆန်း(၁၄)ရက် တနင်္ဂနွေ
နံနက် (၁)နာရီကျော်၌ ခမည်းတော် ဦးရာကျော် ,မယ်တော်
ဒေါ်ငွေတို့မှ ဖွားမြင်တော်မူခဲ့သည်။ ငယ်စဉ်ကတည်းက
စုပ်မြောင်ရိုးဆရာတော်ထံတွင် ပညာရည်နို့ သောက်စို့ခဲ့ရာ
ပညာရပ် အမျိုးမျိုးကို အရွယ်နှင့် မလိုက်အောင် တတ်ကျွမ်း
တော်မူခဲ့သည်။ ဘုန်းကြီးကျောင်းသား ဘဝကတည်းက
တွံတေးမြို့ ပေါက်ဆရာတော်ဦးဓမ္မစာရီ ၏ ပညာစဉ်(အမွေခံ)
ကျောက်တံ ကို ရရှိခဲ့ပြီး ရွှေသားပုရပိုဝ်ရ ဝီရိယဓိကအလောင်း
တော်ဟု အမည်တော်တွင်ခဲ့သည်။ (၁၂၁၉) ခုတွင် ရဟန်း
ဘောင်သို့ ရောက်ရှိခဲ့ပြီး (...)ရွာ၌ သီတင်းသုံးတော်မူခဲ့သည်။
ဆရာတော်ကြီးသည် လောကီဈာန်များကို လေ့လာအား
ထုတ်ခဲ့ရာ နဝင်းပညာနှင့် အင်းဝိဇ္ဇာအတတ်တို့ကို အထူး
ပေါက်မြောက်ခဲ့သည်။ ဂန္ဓာရီသာသနာပြုခရီး လှည့်လည်ရင်း
စဥ့်ကူးမြို့, မန္တလေးမြို့, မေမြို့, ပန်းတောင်း , ပြည် , တောင်ငူ
ပျဉ်းမနား, ရန်ကုန်, ပဲခူး, ဟင်္သာတ, ကျိုက်လတ်, ဖျာပုံ ,
ဘိုကလေး စသည့် ဒေသများတွင် ပညာစဉ်များနှင့် (၇)ရက်
သား သမီးတို့ကို လောကီစည်းစိမ်တိုးပွားပြီး , လိုရာခရီပေါက်
မြောက်အောင်မြင်စေနည်းများကို ချီးမြှင့်ပေးသနားတော်မူ
ခဲ့သည်။ ပညာအမွေချီးမြှင့် ခံရသူတို့တွင် မြန်မာပြည်အထက်
ပိုင်း၌ ဆရာတော်ပညောဘာသ, ဦးသောင်း, ဦးဘစိန်(မေမြို့)
မန္တလေးတိုင်းတွင် ဆရာဦးရဲသူ, ဆရာချန်, ဆရာဆိုင်,
ဆရာလှိုင်, အမေပု, ဆရာစံ, ဆရာကြွား, ဆရာ... သမားတော်
ကြီးဦးကျော်ရန်, ဦးကျော်, တောင်ငူ ပျဉ်းမနား၌ အဖေကြီးဆရာ
ဦးစောလှဖြူ, ဘုန်းဘုန်းလေး , ပန်းတောင်းမြို့လယ်ပြင်ဆရာ
တော် ဦးသာသနာ့မာလာ , ဦးဇဝန , မြန်မာပြည်အောက်ပိုင်း
ယောက်ကော်ဆရာတော်ဦးသဒ္ဓမ္မသိဒ္ဓိ မြန်မာပြည်အနှံ့ ဂန္ဓာရီ
ခရီးလှည့်လည်၍ သာသနာပြုလျက် မြစ်ဝကျွန်းပေါ်တွင်
ဆရာတော်ဦးသီလ, ဆရာတော်ဦးဝိသုဒ္ဓ, ဆရာတော်ဦးသာသန
ဆရာကြီးဦးဘသိန်း , ဆရာဦးဝင်းမြင့်(မြေးတပည့်) စသူတို့
သည် ထင်ရှားကြသည်။
* ယခုထောင်စုနှစ်တွင် စီးပွားလဘ်လာဘများ အခွင့်ကောင်း
များ ပိုဆိုင် ခံစားနိုင်ရေး ဘေးရန်ခပ်သိမ်းကို ပယ်ခွာနိုင်ရေး
တို့တွက် ဆရာတော်ကြီး အဓိကပညာစဉ်အချို့နှင့် ဣစ္ဆာသယ
ကျဥ့်စဉ်တော် (ထူးခြားစွာ အောင်မြင်ခဲ့သူများ အောင်နေသူ
လုပ်ငန်းရှင်များစွာတို့၏လက်တွေ့ ဆောင်ယူကျင့်သုံးခဲ့သော
ကျင့်စဉ်တော်)ကို ဉာဏ်ရှိသလို ဆောင်ယူကျင့်ကြံပူဇော်နိုင်
ကြပါစေရန်မျှဝေပါသည်။
* ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ အ။ ........(၁)လုံး
၂။ အ, သံ ။ .....(၂)လုံး
၃။ အ, သံ , ဝိ ။ ......(၃)လုံး
၎။ အ , သံ , ဝိ , သု ။ .....(၄)လုံး
၅။ အ, သံ , ဝိ , သု , လော ။ .......(၅)လုံး
၆။ အ, သံ , ဝိ , သု , လော , အနု ။ .........(၆)လုံး
၇။ အ, သံ ,ဝိ , သု, လော , အနု , သတ္တာ ။ ...(၇)လုံး
၈။ အ, သံ , ဝိ , သု, လော , အနု , သတ္တာ ,ဗု ။ ..(၈)လုံး
၉။ အ, သံ , ဝိ , သု, လော, အနု, သတ္တာ, ဗု, ဘ ။..(၉)လုံး
၁၀။ အ,သံ,ဝိ,သု,လော,အနု,သတ္တာ,ဗု,ဘ ။ ......(၉)လုံး
စုစုပေါင်း(၅၄)လုံး ၂-ခေါက်စိပ်လျှင် (၁၀၈)လုံး
မိမိနိုင်သလောက် (၃,၅,၇,၉)ပတ် (၃,၅,၇,၉) ရက်
ဆရာတော်ကြီးထံတွင် အဓိဋ္ဌာန်တင်ပြီး မွေးနေ့စဝင်ပါ။
(နေရာတိကျရန်မလိုပါ။ ) အဓိဋ္ဌာန်တွင်း ငါးပါးသီလမကျိုးစေရ။
မူးယစ်ရှောင်ပါ။ ခြေလေးချောင်းသား , မြေအောင်သားရှောင်ပါ။
မည်သည့် အဖျက်ဝင်ပါစေ အဓိဋ္ဌာန် မပျက်ပါစေနှင့် ။
အဓိဋ္ဌာန် ပြည့်အောင်လျှင် မိမိအကြံစည်များ ထူးခြားစွာပြည့်စုံ
အောင်မြင်ပါလိမ့်မည်။
(ဝိဇ္ဇာမျက်လုံးဆေးတိုက် မိသားစုကောင်းမှု)
(အားလုံးချမ်းမြေ့ကြပါစေ)

Friday, November 24, 2017
လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်
https://m.facebook.com/story.php?story_fbid=1484194901694848&id=893408380773506
လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်
-----------------------
ဆိုင်တွေမှာဈေးရောင်းမကောင်းလို့ လာဘ်ပွင့်ချင်တာ
ဝယ်သူများများလာစေချင်တာ
စားသောက်ဆိုင်တွေလူဝင်များချင်တာ
ကျူရှင်တွေ ကျောင်းသားများများဝင်စေချင်တာ
ဟောခန်းဖွင့်ထားတဲ့ဆရာများ လူများများဝင်ချင်တာ
ကိုယ်လိုချင်တဲ့ အလုပ် ကိုယ်ရချင်တဲ့အလုပ် ရစေချင်တာ
ကန်ထရိုက်များတင်ဒါအောင်ချင်တာ
တက္ကစီဆရာတွေ အော်ဒါရချင်တာ
အိမ်က ထွက်သွားတဲ့သူပြန်လာစေချင်တာ
ယွကျားက ခြေပုန်းခုတ် အငယ်အနှောင်းထား အိမ်ပြန်မလာလို့ ပြန်လာစေချင်တာ
ချစ်သူကိုယ့်စီလာစေချင်တာ
ခရီးသွားလုပ်ငန်းများ အော်ဒါရချင်တာ
စသဖြင့်
ယုတ်စွအဆုံး KTV တွေ စင်တင်တွေ လူလာစေချင်တာ အာ့တွေပါသုံးလို့ရပါတယ်၊၊
ပညာခန်းက အဆင့် ၃ဆင့်ရှိပါတယ်၊၊ အခုမန္တန် ကပထမဆုံးအဆင့်ပါ၊၊ဒီအပိုင်းပဲ ဒီလောက်ပဲဖော်ပြလို့ရပါတယ်၊၊ကျန်တာတော့ ဖော်ပြလို့မရပါ၊၊ဒီအဆင့်နဲ့တင်တော်တော်လေးထိရောက်ပါတယ်၊၊
အရင်ဆုံး ဘုရားတစ်ဆူဆူကိုသွားပါ မွေးနံထောင့်မှာ ဖယောင်းတိုင် ၃တိုင် အမွှေးတိုင် ၃တိုင် ပန်း၃ပွင့် ထီး၃လက် ရေ၃ခွက်လှူပါ၊၊
ပြီးရင် အခုဖော်ပြမယ့်မန္တန်ကို ပုတီး ၁၀ပတ်အနည်းဆုံးတစ်ထိုင်တည်းစိပ်ရပါမယ်၊၊
စိပ်ပြီးရင်တော့ နေ့စဉ် သက်စေ့ခေါက်ရေ အနည်းဆုံးရွတ်ဆိုပါ၊၊ဆုတောင်းပါ၊၊ကိစ္စကြိးငယ်ရှိလျှင် ၁၀၈ခေါက်ရွတ်ဆိုပါ၊၊ ဆုတောင်းပါ၊၊ အရေးကြီးဆုံးအချက်က ဒီမန္တန်ကို မရွတ်မှီ နမောတဿ နဲ့ သရဏဂုံ ၃ပါး(တတိယမ္ပိ ထိ) ၃ခေါက်စီ ရွတ်ပါ၊၊ဒီမန္တန်နဲ့ ပက်သက်ဆက်နွယ်တဲ့ မြင်အပ်မမြင်အပ် ၇ရက်သားသမီးအပေါင်းကို မေတ္တာပို့ပြီးမှရွတ်ရပါမယ်၊၊
အထူးမှတ်ချက်၊၊ ၊၊ သရဏဂုံ ၃ပါး ရွတ်ဆိုသောအခါတွင် ဒုတိယမ်ပိ ဟုရွတ်၇ပါမည် ဒုတ်ယမ်မိ မဟုတ်ပါ
တတိယမ်ပိဟုရွတ်ရပါမယ် တတိယမိဟုမရွတ်ရပါ၊၊
မန္တန်လေးက
ဥုံ အာကာသေ ဒေဝတာ ဒေဝတာ
နရှိန် နရှိန် ထွန်းပေဆြာထွန်းပေ
သက်ပေဆြာ သက်ပေ ၊လျှင်ပေဆြာ လျှင်ပေ
လာပေဆြာလာပေ၊၊
ရွတ်ဆိုသေ.အခါး ဖြေးဖြေးမှန်မှန် ရွတ်ဆိုရပါမယ်၊၊ နောက်ကကျားလိုက်လာသလိုမရွတ်ဆိုရပါ၊၊ ၇ွတ်ဆိုနေတဲ့အချိန်လည်း ကိုယ်လာစေချင်တာဖြစ်စေချင်တာ အာရုံပြုထားရပါမယ်၊၊(ဥပမာ ငွေဝင်ချင်တယ်ဆို ငွေက်ုအာရုံပြု လူလာစေချင်တာဆို လူတွေဝင်လာတာကိုအာရုံပြု ပြီးရွတ်ပါ၊၊
မရှင်းတာရှိရင် ကျွန်တော့ Chat boxကနေလာမေးပါ၊၊
ဂါထာရဲ့ထူးခြားမှု့သိချင်ရင် လူမရှိတဲ့ဆိုင်တစ်ဆိုင်ထဲဝင်ထိုင် ဂါထာ ၁၀၈ခေါက်ရွတ် လူတွေဝင်လာပါလိမ့်မယ်၊၊
မန္တန်နဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်သွားပြီဆိုရင် ကိုယ်ဆိုင်ထဲရောက်တာနဲ့ အဲ့ဒီဆိုင်လူတွေများလာတာမျိုးကြုံရပါလိမ့်မယ်၊၊
အခုပညာရပ်ကို စိတ်ရှည် လက်ရှည် သင်ကြားမျှဝေပေးပါသော
ကျိုက်ထီးရိုး ကျီးကန်းပါးစပ်သွားရာလမ်း သူရဿတီဂူအတွင်းမှ ခဏတာတွေ့ဆုံခဲ့ရသော ဘရသေ့အား ဒီပိုစ်ဖြင့် ဂါဝရပြုအပ်ပါသည်၊၊
Zayar Oo
Tuesday, November 14, 2017
ရောင်းမထွက်သောမြေ အမြန်ရောင်း➖ ထွက်စေ လိုပါသလား ➖
ရောင်းမထွက်သောမြေ အမြန်ရောင်
➖➖➖➖➖➖➖➖➖➖➖➖
ထွက်စေ လိုပါသလား
➖➖➖➖➖➖➖👇👇👇👇👇
👉တစ်ခါတစ်ရံ မိမိတို့ရောင်းလိုသောမြေ မှာအဝေး၌ ရှိနေခြင်း၊ မိမိထံမြေနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ သာလျှင်ရှိနေခြင်းမျိုးလည်း ကြုံရနိုင်တယ်။
👉ထိုသို့ သွားရောက်ဆောင်ရွက်ရန် အလှမ်းဝေးသည့် မြေကွက်များရောင်းထွက်လိုပါက အောက်ပါညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နိုင်သည်။ သွားရောက်လုပ်ဆောင်၍ လွယ်ကူသည် ဆိုလဲ လုပ်ဆောင်နိုင်ပါတယ်။
👉မှတ်ချက်။ ။ယုံကြည်စွာလုပ်မှ ထိရောက်မည်ဖြစ်ပါသည်။
🌻(၁) မြေနှင့်ပတ်သတ်သော စာချုပ်စာတမ်းများကို မိတ္တူကူးယူပါ။
🌻(၂) ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် ထိုစာရွက်စာတမ်းများ ကိုတင်ပါ။
🌻(၃) စာရွက်စာတမ်း များပေါ်တွင်ဂျင်းတပ် တစ်တပ်တင်ပါ။
🌻(၄) ထိုဂျင်းတပ်ပေါ်တွင် ရောင်စုံဖယောင်တိုင် (အသေး)တစ်တိုင်စိုကိထွန်း၍ ဘုရားမှာလှူပြီး ဆုတောင်းပါ။
🌻(၅) ထိုအတိုင်း အင်္ဂါနေ့မှစပြီး ၃ရက်ဆက်တိုက် မနက်(၉)နာရီ(၄၅)မိနစ်
အချိန်တွင် ပြုလုပ်ပါ။ ဤသို့ပြုလုပိခြင်းဖြင့် ရောင်းထွက်စေလိုသော မြေကို ဝယ်ယူလိုသောသူများနှင့်အဆက်သွယ်ရရှိလာပါလိမ့်မည်။
ယခုယတြာကို ကျန်တော် ဆရာဇေယျာနိုင်မှ ကိုယ်တိုင်တတ်စွမ်းသောကိုယ်ပိုင် အတတ်ပညာဖြင့် ရေးသာဖော်ကြူးထားပါသည်။
➖➖➖➖➖➖➖➖➖➖
https://m.facebook.com/story.php?story_fbid=1613858258636675&substory_index=0&id=1499003173455518

ကန်စွန်းဥ အပင်ပေါက် မျက်နာပန်းလှသောဘဝကိုရောက်
သောက အပေါင်းရောက်သူများအား စာနာ၍ ထက်မံ post တင်ပါသည်
( ကန်စွန်းဥ အပင်ပေါက် မျက်နာပန်းလှသောဘဝကိုရောက်) ၂ ပါတ်အတွင်း ထူးခြားစေသော မန်ဘာများစွာ လက်တွေ့ အကျိုးရစေခဲ့သောနည်း
သောက အပူဖီစီး လို့ အမျိုး မျိုးကြိုးစားရုံးကန်သော လည်း အဆင်မပြေသူများ ခြေကုန်လက်ပန်ကျကာ ဘုရားရှိခိုး ပုတီးစိတ် ရန်လည်း စိတ်နဲလူ မကပ်သလိုဖြစ်နေသူများ မျော့လင့်ချက်မဲ့နေသူများ ဘာယတြာ မှ မလုပ်ချင်တော့သူများ ငွေကြေးကံပွင့် ရန်နင့် အကြွေးသောက ရောက်နေသူများ
မိမိ အိမ်ဘုရားမာ ကန်စွန်းဥ ကို ရွှေထီးငွေထီးဆောင်ပေးပါ တနင်္လာနေ့ သို့မဟုတ် မိမိမွေးနေ့ မနက်ပိုင်း
ပြု လုပ် ပါ ၏အစီရင် သည် မိမိ လက်တွေ့ ၁၀ နစ်ကျော် ကာလ လူပေါင်းများစွာ ၏က မှ ချက်ချင်းလက်ငင်းလွတ်မြောက်စေခဲ့ပါသည်
post လည်း တင်ခဲ့ ပါ သည် အကျိုးထူးခဲ့သော မန်ဘာများ လည်း အလွန်များကြောင်း ပြု လုပ်ခဲ့သူများ ကိုယ်တိုင်းသိပါသည်
အချို့ မာ ချက်ချင်း ထူးပြီး အချို့  မာ ၂ ပါတ်ခန့် ကြာခဲ့ပါသည်
မထူးခြားသူ များလည်း ရှိပါသည် တကယ်ထူးခြားလိုပါက အခြား ယတြာ အစီရင်များ နင့် မရောယှက် ဘဲ ယုံကြည်မူ အပြည့်ဖြင့် ၏နည်းတခု ထည်းကိုသာ ပြု လုပ်ကြည့်ပါ ထူးခြားပါမည် ဂရုဏာ တရားရှေးရူ၍ တင်ပြအပ်ပါသည်
အခြားအစီရင်ပြု လုပ်နေသူများ ပြူ လုပ်နေဆဲ အစီရင် ယတြာများ ကို သာဆက်လက်ပြု လုပ်ပါ
စိတ်ကူန်လက်ပန်းကျပြီး ဘာယတြာ အစီရင်များမလုပ်ချင်တော့ လောက်အောင် စိတ်ကုန်နေသူများ အတွက်ရည်ရွယ်ပါသည်
၏အစီရင်ပြု လုပ်ခဲ့ပြီး မထူးခြားခဲ့ သူများရှိပါက ယခုပင် အားနာစရာ မလိုဘဲ Commet တွင်ရေးနိင်ပါသည်
ထူးခြား ခဲ့သူများလည်း မိမိ တွေ့အကြုံကို ရေးနိင်ပါသည်
https://m.facebook.com/groups/322430751455143?view=permalink&id=493323874365829

အလွန်အစွမ်းထက်သော အမြစ်အညွန့်မတွန့်စေရ ယတြာ###
https://m.facebook.com/groups/1573638246261942?view=permalink&id=1807998222825942
###အလွန်အစွမ်းထက်သော အမြစ်အညွန့်မတွန့်စေရ ယတြာ###
သင်ဘယ်အခက်အခဲထဲ ပါနေပြီလဲ?
(၁)အမှုအခင်း ဖြစ်နေသူများ
(၂)အတိုက်အခံကြုံ၍ အခက်အခဲတွေ့နေသူများ
(၃)ကျန်းမာရေးအလွန်ညံ့၍ အသက်ကိုလုနေရသူများ
(၄)အလုပ်ပြုတ်တော့မလို ဖြစ်နေသူများ
(၅)မိမိက မပြောင်းရွှေ့လိုပဲ ပြောင်းရွှေ့ရန်အကြောင်းပေါ်နေသူများ
(၆)မိမိက ပြောင်းရွှေ့လိုသည်၊ ထွက်လိုသည်၊ ပြောင်းရွှေ့ခွင့်မရ ထွက်ခွင့်မရသူများ၊
(၇)ဘေးဥပါဒ်များသောနေရာသို့ သွားရန် ရှိနေသူများ
(၈)နိုင်ငံခြား ထွက်ရန်ကြိုပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် ထစ်ငေါ့နေသူများ။
ဒီယတြာကို ပြုလုပ်ပေးပါ---
တနင်္ဂနွေသားသမီး များအတွက် တနင်္ဂနွေနေ့မနက် ၉နာရီ ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော အင်္ဂါနေ့ မနက်၁၀ခွဲမှ၁၂နာရီအတွင်း ဒန်းကြီးညွန့် ၂၅ညွန့်ကို ပန်းအိုးနဲ့ပြင်၍ သောကြာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ဒါန်းကြီးမရပါက နှင်းဆီ သို့ ဒေါနပန်း ၁၀ပွင့်နဲ့ ကံ့ကော် သို့ ဂန္ဓမာ ၁၅ညွန့်ကို ရေးထိုးပေးပါ ပန်းအိုးမှာဓါတ်ပုံကပ်ပေး ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ
တနင်္လာသားသမီးများ အတွက် တနင်္လာနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း သြဇာညွန့် ၁၄ညွန့်ကို ပန်းအိုးနဲ့ပြင်၍ စနေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။
အင်္ဂါသားသမီးများ အတွက် အင်္ဂါနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ကြာသပတေး မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း ခရေ ၃၂ညွန့်ကို ပန်းအိုးနဲ့ပြင်၍ တနင်္ဂနွေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူးမနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော သောကြာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း စိန်ပန်း ၂၅ညွန့် ကို ပန်းအိုးနဲ့ပြင်၍ တနင်္လာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
ကြာသပတေး သားသမီးများအတွက် ကြာသပတေးနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော စနေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း လောက်သေ ၃၈ညွန့်ကို ပန်းအိုးနဲ့ပြင်၍ အင်္ဂါသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
သောကြာ သားသမီးများအတွက် သောကြာနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္ဂနွေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း ပိတောက် ၂၉ညွန့်ကို ပန်းအိုးနဲ့ပြင်၍ ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
စနေ သားသမီးများအတွက် စနေနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္လာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း သဲအိုးထဲ အုန်းလက်၆လက် ထည့်စိုက်ကာ ကြာသပတေး သားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
မှတ်ချက် ### ဘုရားစင်တင်လှူထားသောပန်းအိုး ကို လုပ်သည့်နေ့မှစ၍ ၂၁ရက် မထိမကိုင်ရ နေရာပြောင်းရွှေ့ခြင်း ရေအသစ်လဲခြင်း မပြုလုပ်ပဲ ထားရမည်။ ကိုယ်စားလုပ်ပေးမည့်နေ့သားသည် မိမိနဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပတ်သက်သည့်နေ့သားအား ခေါ်ယူလုပ်ဆောင်နိုင်သည်။ မိမိ အခက်ခဲကို ပြေလည်စေကြောင်းဆုတောင်းရမည်။ လိုအပ်ရင် ထိုယတြာကို သုံးကြိမ်အထိလုပ်နိုင်သည်။
သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)
ကလေးဝအဘိုးဆရာတော်ကြီး ချီးမြှင့်ခဲ့သော ဒီရေအလားစီးပွားတက်စေသော ပရိတ်တော်
https://m.facebook.com/groups/1573638246261942?view=permalink&id=1808844462741318
ကလေးဝအဘိုးဆရာတော်ကြီး ချီးမြှင့်ခဲ့သော
ဒီရေအလားစီးပွားတက်စေသော ပရိတ်တော်
နံနက် ဘုရားရှိခိုးပြီးနောက် သရဏဂုံဆောက်တည် ငါးပါးသီလခံယူပြီး အနည်းဆုံး ၂၇.
ခေါက် စွဲမြဲစွာ ပုံမှန် ရွတ်ပွားသွားပါ။ဤပရိတ်
တော်၏ တန်ခြိးအရှိန်အဝါကို ကိုယ်တွေ့သိလာရပေလိမ့်မည်။
တစ်ဦးနှင့်တစ်ဦးကံမတူ၍ ကောင်းကျိုးရပုံ
အင်အား ကွာဟမှုကား ရှိနိာင်ပေသည်။
အသေးစိတ်သိလိုပါက ပညာဒီပက ၏
မဇ္ဈိမစာပေတိုက်ထုတ် ဖော်ပြပါ စာအုပ်တွင်
လေ့လာပါ။
Thursday, November 9, 2017
ရှားပါးစာအုပ်လင့်တွေပါ
https://m.facebook.com/groups/1573638246261942?view=permalink&id=1807189872906777
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ကျိုက်ထီးရိုးဘုရား သွားမှတ်တမ်း
https://my.pcloud.com/publink/show?code=KTKctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့အလောင်းတော်ကဿပခရီးသွားမှတ်တမ်း
http://pc.cd/YydctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့သီရိလင်္ကာသွားပုတီးစိပ်မှတ်တမ်း
http://pc.cd/myIctalK
Or )
http://pc.cd/K7IctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ပုတီးစိပ်_ကိုယ်တွေ့မှတ်တမ်း အတြဲ ( ၁ )
http://pc.cd/9j6ctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ သိဒ္ဓိ_မဟိဒ္ဓိ_မန္တာန်ဝိဇ္ဇာထွက်ရပ်လမ်း_ကျမ်းမြတ်မဟာ
http://pc.cd/KAactalK
Or )
http://pc.cd/qaactalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ပင်မဂုဏ်တော်ပုတီးစိပ်နည်းစာအုပ်ပါ
https://my.pcloud.com/publink/show?code=XZ0RaxZf7OrnVaxYl5Tybl3GysCoHNOrVf7
ဗုဒ္ဓဂါယာဘုရားဖူးသွား ခရီးမှတ်တမ်း ဘယ္လိုမွ ရှာမရလို့ အဲ့တစ်ခုတော့ ကျန်ပါမယ်
သစ္စာအဓိဋ္ဌာန်ပညာအကျင့်လမ်း
https://www.mediafire.com/download/8b84858n9nfm79a
ပြေလည်စေလိုလျှင်ပြည်ကိုလာလည်ပါလား
https://www.mediafire.com/download/pvx8v9jcye2y93i
အန္တရာယ်ကင်းသိဒ္ဓိကြီးလေးပါးဂါထာများ
https://www.mediafire.com/download/486tjp55vn451jc
ဣစၧာသယဓနသိဒ္ဓိငွေလာဘ်ခေါ်ယတြာအစီအရင်
https://www.mediafire.com/download/am8wq2jkcr53tk1
ဣစၧာသယမဟာသိဒ္ဓိကျင့်စဉ်
https://www.mediafire.com/download/yi3xiagma8739cs
ဟိတသိဒ္ဓိပကာသနီကျမ်း၂
http://pc.cd/K1motalK
ဝိဇ္ဇာမှတ်တမ်း နှင့် ဝိဇ္ဇာရှင်းတမ်း ခေါ် ဝိဇ္ဇာဓရပကာသနီကျမ်း ( ဖတ္ကို ဖတ်ဖူးထားသင့်ပါတယ် )
https://www.mediafire.com/download/ax99ixeps94e1vg
ဆရာ့ခြေရာ
https://www.mediafire.com/download/pk0hxwuc2car000
ဝိဇ္ဇာမယပညာမှတ်စုကျမ်း
https://www.mediafire.com/download/131sqpt7l9rclwa
ပဋိပတ္တိအကျင့်လမ်းနှင့်ကျန်းမာရေးဒဿနအမြင်
https://www.mediafire.com/download/wfyphoxfhkmzt6o
မဏိဇောတပတ္တမြားဂါထာတော်လေးပုဒ်၏သိဒ္ဓိဝင်ကျင့်စဉ်
https://www.mediafire.com/download/i8q735iba9chq59
မဟာသရဏဂုံအဖွင့်ကျမ်း
https://www.mediafire.com/download/pzm3m7yrvf3mnnt
သမ္ဗုဒေ္ဓဂါထာတော်အဖွင့်ကျမ်း
https://www.mediafire.com/download/bdrw79azbai7vpw
အရဟံဂုဏ်တော်၈၄၀၀၀ကျင့်ဆောင်ပုံ
https://www.mediafire.com/download/0ccacncqd624n19
ဝိဇ္ဇာမဟိဒ္ဓိဂါထာကျင့်စဉ်ကျမ်းမြတ်
https://www.mediafire.com/download/fqjlijw04bjc3rj
နှလုံးသားရွှေအိမ်၌မနောဓာတ်ဘုရားတည်ဆောက်ခြင်း
https://www.mediafire.com/download/cts9ffoxhbaw4uw
သရဏဂုံအစွမ်းဂုဏ်တော်မှန်းလျက်
https://www.mediafire.com/download/y7kvvl1037c24ol
သိဒ္ဓိရှင်နေအေး ( ဖတ္ဖူးထား သင့်ပါတယ် )
ရေးသူ- ကျော်မြသန်း
http://mmnetlibrary.blogspot.com/2016/03/kyaw-mya-than.html?m=1
ဘိုးတော်အောင်မင်းခေါင်နှင့်ဝိဇ္ဇာစခန်းဝိဇ္ဇာလမ်း(ဘုန်းတေဇ)
https://www.mediafire.com/?vd7pirdzzjdzdgm
ပထဝီဇယ မေတ္တာကျင့်စဉ် နှင့် ပထဝီဇယမန္တန်ကြီး
http://www.mediafire.com/?8vee8xf11cj2lh7
ပဋ္ဌမံထွက်ရပ်ပေါက်ကျမ်း
https://www.mediafire.com/?xa9y15aa9viokuf
ကတိသစ္စာ
ရေးသူ- ဗိုလ္တာရာ(ရဲဘော်သုံးကျိပ်)
http://mmnetlibrary.blogspot.com/2015/07/blog-post_503.html
credit to (KBRL)(burmeseclassic)(လင်းအိမ်သစ်)(ရန်ပိုင်)(မောင်မောင်ဝန်)(မောင်ကျော်)(စာအုပ်လင့်ပေါင်းစုံ)(Aung Pai)
🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်
🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်
--------------------------------------
https://m.facebook.com/groups/1573638246261942?view=permalink&id=1806796336279464
ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင့်ဆရာကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။
#Share
🔹မိမိရောင်းလိုသောမြေကို ပန်းကန်လုံးဖြင့်ထည့်ပါ။
🔹အာလူးသုံးလုံးထည့်ပါ။ ကြံ လက်တစ်ဖြား ဖြတ်၍တင်လိုက်ပါ။
🔹အင်္ကျီအဖြူဝတ်၍ပြုလုပ်ရမည်။
🔹ထိုပန်းကန်တွင် ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွင်းတစ်ဆုပ်ထည့်ပါ။
🔹အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။
🔹တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။
🔹တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။
🔹အင်္ဂါသား ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် ဉာဏ်ရှိသလိုအသုံးပြုနိုင်သည်။
🔹ဥုံ အောင်ဇေယျတု အောင်ဇေယျတုအောင်ဇေယျတု ဟုရွတ်ဆို၍ ရိုက်ပါ။
🔹အမြန်ဆုံးရောင်းထွက်ရန် ဆုတောင်းပါ။
🔹ကြာသပတေးနေ့တွင် တစ်ကြိမ်တည်းသာပြုလုပ်ပါ။
🔹ထူးထူးခြားခြားနဲ့သိသာလာပါလိမ့်မည်။အောင်မြင်ကြပါစေ။
🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚
Crd နက္ခတ်ဗေဒင် လူငယ်ပညာရှင်
♋ ဗေဒင် လက္ခဏာ ဆရာနောင်နောင်မိုး
မန္တလေးမြို့

Wednesday, November 8, 2017
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
https://m.facebook.com/story.php?story_fbid=1449688218478850&id=893408380773506
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
[[[[[[]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]
ကံပြင် ဖယောင်းတိုင်စီရင်နည်း
-----------------------------------
အခုတင်ပေးမှာက ကံပြင်ဖယောင်းတိုင်စီရင်နည်း။ကံပဲပြင်မှာ ဝဋ်ကြွေးတော့ ပြင်လို့မရပါ။
ကိုယ့်မှာ ဆိုးနေတဲ့ကံတွေ ပိတ်ဆို့နေတဲ့ကံတွေ ဂြိုဟ်စီး ဂြိုဟ်နင်းမကောင်းတာတွေ ဆေးသုန်း တြင်းသုန်း နဝင်းသုန်း စန်းပြတ် လွန်းပြတ် ဖြစ်နေတာတွေ စသဖြင့်မကောင်းသောကံ ဘေးဥပါဒ်တွေ လျော့နည်းသွားအောင် ကင်းစင်ပပျောက်သွားအောင် ရှေးဆရာအစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ ပညာရပ်တစ်ခုပါ။အခုခေါတ်မှာတော့ ပျောက်ကွယ်လုဖြစ်နေပါပြီ။
ပြန်လည်ဖော်ထုပ်ပေးလိုသောဆန္ဒ ဆရာများနှင့်ဝေးကွာနေသော နေရာများတွင်ရောက်နေသောသူများ အကျိုရှိစေခြင်းငှာ ကိုယ့် ကံအဆိုးကိုယ်ပြုပြင်လို့ ရစေခြင်းငှာ တင်ပြပေးလိုက်ပါတယ်။
အကျိုးထူးများရရှိခဲ့လျင် ကျွန်တော့ကို ကျေးဇူးမတင်ပါနှင့်။ဒီပညာရပ်ကို ဖော်ထုပ်ပေးခဲ့သော ဆရာကြီးများကိုသာကျေးဇူးတင်ပါ။
လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့အားအပြစ်တင်ပါလေ။
စပါမယ်။အရင်ဆုံးလိုအပ်တာက လက်တစ်ထွာလောက် ရှိတဲ့ဖယောင်းတိုင် ၉တိုင်ပါ။
တိတ်ဆိပ်ငြိမ်သက်သောကာလတွင် ကိုယ်လက်သန့်စင်ပြီး ဘုရားရှစ်ခိုး ၅ပါးသီလအနည်းဆုံးခံယူပါ။(စိတ်ငြိမ်စေရန် ပုတီးစိပ်ခြင်း တရားထိုင်ခြင်းပြုလုပ်လိုကပြုလုပ်နိုင်ပါသေးသည်။)
ပြီးရင် လက်နှစ်ဖက်နဲ့ ဖယောင်းတိုင် ၉တိုင်ကို ရေမွှေးဆွတ်ဖြန်းပါ။
ဖယောင်းတိုင်ကို သနချေပါ(သန့်စင်အောင် လုပ်ခြင်း)
သနချေရန် မန္တန်
ဥုံ သန သန မဟာသန သနအပေါင်း ထာင်သောင်းသိန်းသန်း ကြေဆရာကြေ ပြေဆရာပြေ။ ၇ခေါက်
ပြီးလျှင် ဖယောင်းတိုင် ၉တိုင်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာကိုင် ပါးစပ်နားတေ့ပြီး
နမောတဿ ၃ခေါက်
သရဏဂုံ ၃ပါး ၉ခေါက်
ဘုရားဂုဏ်တော် ၉ခေါက်
တရားဂုဏ်တော် ၉ခေါက်
သံဃာဂုဏ်တော် ၉ခေါက်
အောင်ခြင်းအချုပ် ဂါထာ ၉ခေါက်ရွတ်ဖက်ပပါ
ဗုဒ္ဓေါမေ ရက္ခန္တု နိစ္စံ
ဓမ္မောမေ ရက္ခန္တု သဒါ
သံဃောမေ ရက္ခန္တု ဒိနေ
သုခီ ဒီဃာယုကောဘဝ။
မာရာ ဠာဝကာ နာဠာဂိံ
အင်္ဂုလိ စိဉ္စ သစ္စကံ
နန္ဒောပနန္ဒ ဗြဟ္မဉ္စ
ဇေတု ဟေတု ပဒေတရံ ၉ခေါက်
ပြီးလျှင် တစ်နေ့တစ်တိုင်အချိန်မှန်မှန်ထွန်း မေတ္တာပို့ သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ ထွက်ရပ်ပေါက်ပြီးကြကုန်သော ပုဂ္ဂိုဟ်အပေါင်း ဝိဇ္ဇာအပေါင်းတို့အား သက်သေအရာထား သစ္စာဆို ဆုတောင်းပါ။အမျှဝေပါ မေတ္တာပို့သပါ။
မကောင်းသောကံများ ပြုပြင်ကာကွယ်နိုင်ပြီး ကောင်းသောကံများပွင့်လမ်းအဆင်ပြေကြစေကုန်သောဝ်။
၉ရက် မီးထွန်းပြီးပြီဆိုပါက အောက်ကအစီအရင်ထပ်လုပ်ပါ၊၊
လာဘ်ပွင့် ကံပွင့်စေသည့် ရှင်သီဝလိဖယောင်းတိုင်စီရင်နည်း
------------------=-------------------------
စီရင်နည်းကလွယ်ပါတယ်။
ပုံမှာပြပေးထားတဲ့အတိုင်း ဂါထာကို ဖယောင်းတိုင် အောက်ခြေကနေ အပေါ်ကိုရေးပါ။ပြပေးထားတဲ့အတိုင်းနှစ်ကြောင်းရေးရပါမယ်။
ဆုတောင်းစာနှင့် ၁၂၃၄၅၆၇၈
အသက်အမှန်
၁၅ ၂၄ ၃၆ ၇၈ ကို အပေါ်ကနေအောက်ကိုရေးပါ။
ပြီးရင် ဂါထာနဲ့ပဲ ၃၇ခေါက်ရွတ်မန်းပါ။ တစ်နေ့တစ်တိုင်ထွန်းပါညှိပူဇော် ဂါထာသက်စေ့ရွတ်ဆုတောင်းပါ။ရှင်သီဝလိ ဆင်းတုတော် ပုံတော်ရှေ့မှာ ထွန်းညှိပူဇော်ပါက ပို၍ကောင်းပါသည်။
ဖယောင်းတိုင်မှာရေးသောအခါ မှင်ကုန်နေသောဘောပင် ကညစ် အမွှေးတိုင်တုတ် အဆင်ပြေတာနှင့်ရေးပါ။
ကိုယ်တိုင် သုံးနေသောနည်းဖြစ်ပါသည်။
သိပ်မညွှန်းလို ကိုယ်တိုင်စီရင် သုံးကြည့်ပါလေ။
ကိုယ်တိုင်သုံး ပညာရပ်ထဲကတစ်ခုပါ၊၊
crd :ဆရာလင်းအေးချမ်း
လာဘ်လာဘ ပိတ်နေသူများအတွက်။ လက်တွေ့ချမ်းသာရှင်သီဝလိ ဂါထာ ။
https://m.facebook.com/groups/1573638246261942?view=permalink&id=1806969556262142
လာဘ်လာဘ ပိတ်နေသူများအတွက်။ လက်တွေ့ချမ်းသာရှင်သီဝလိ ဂါထာ ။
ကျွန်ုပ် နှင့် ဆရာတော်အရှင်စန္ဒာသူရိယတို့ လက်တွေ့အသုံးပြုထားသောရှင်သီဝလိကိုယ်တော်ကြီးအားပူဇော်ကန်တော့၍လာဘ်လာဘရရှိရန်ဆုတောင်းသောလာဘ်ဖွင့်အစီအရင်တစ်ခုပါ။လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းတိုင်တစ်တိုင်ကို သနချေ သိဒ္ဓိတင်ဂုဏ်တော်ရွတ်ဖတ်ပြီးပါက ရှင်သီဝလိ ဂါထာကို ဖယောင်းတိုင်မှာဖယောင်းတိုင်အခြေကနေစရေးပါ။ထို့ နောက်ရှင်သီဝလိကိုယ်တော်ကြီးကို
1- ဆွမ်းအဖြူ တစ်ပွဲကို ဆီစမ်း
2 - ငှက်ပျောသီးတစ်လုံးအခွံနွှာ သကြားဖြူး
3 - ရှင်သီဝလိဂါထာရေးထားသောဖယောင်းတိုင်ကိုပုဂံသန့် သန့် တစ်ချပ်ထဲမှာထွန်း
4 - ထိုဆွမ်း ငှက်ပျောပွဲ ဂါထာဖယောင်းတိုင်ကို ဘုရားကျောင်းဆောင်ဘေးတွင်ရှင်သီဝလိကိုယ်တော်ကိုရည်မှန်းကပ်လှု၍ တောင်းဆုပြုပါ။
ဖယောင်းတိုင်တွင်ရေးရမဲ့ရှင်သီဝလိဂါထာ
သီဝလိစ မဟာထေရော ၊
ဒေဝ မနုဿ ပူဇိတော ၊
သောရဟော ပစ္စယာဒိနံ ၊
မဟာလာဘံ ကာရောတုမေ ။
ထို ဂါထာအား ဖယောင်းတိုင်အခြေမှစ၍ အချွန်တစ်ခုခုဖြင့်ရေးပါ ။ သန့် သောအချွန်ဖြစ်ပါစေ။အချွန်လည်းသနချေသိဒ္ဓိတင်ဂုဏ်တော်ရွတ်ပါ ။
သနချေရန်။ ။ ဥုံ သန သန မဟာသန သနအပေါင်းထောင်းထောင်းညက်ကြေစရာကြေ ၇အုပ်ရွတ်ပါ ။
သိဒ္ဓိတင်ရန် ။ ။ဥုံ သိဒ္ဓိ သိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိ အပေါင်းထောင်းထောင်းထက်ဆရာထက် ။ ၇အုပ်ရွတ်ပါ ။
ဂုဏ်တော်ရွတ်ပါ ၉ခေါက် ထို့ နောက်ရှင်သီဝလိကိုယ်တော်ကြီးကိုအထက်ပါပစ္စည်းများကပ်လှုပါ ရှင်သီဝလိ ဂါထာကို ၂၇ ခေါက်ရွတ်ဖတ်ပူဇော်ပါ ။
လာဘ်လာဘ ရွှင်လန်းကြပါစေ။
photo. crd .

Sunday, November 5, 2017
လိုရာဆန္ဒပြည့်ဝစေသော အနန္တသိဒ္ဓိပဋ္ဌာန်းဆီမီးစေတီတော်
https://m.facebook.com/groups/1573638246261942?view=permalink&https://m.facebook.com/groups/1573638246261942?view=permalink&id=1804630659829365id=1804630659829365
Subscribe to:
Posts (Atom)