ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, November 24, 2017

လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်


https://m.facebook.com/story.php?story_fbid=1484194901694848&id=893408380773506

လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်
-----------------------
ဆိုင်တွေမှာဈေးရောင်းမကောင်းလို့ လာဘ်ပွင့်ချင်တာ
ဝယ်သူများများလာစေချင်တာ
စားသောက်ဆိုင်တွေလူဝင်များချင်တာ
ကျူရှင်တွေ ကျောင်းသားများများဝင်စေချင်တာ
ဟောခန်းဖွင့်ထားတဲ့ဆရာများ လူများများဝင်ချင်တာ
ကိုယ်လိုချင်တဲ့ အလုပ် ကိုယ်ရချင်တဲ့အလုပ် ရစေချင်တာ
ကန်ထရိုက်များတင်ဒါအောင်ချင်တာ
တက္ကစီဆရာတွေ အော်ဒါရချင်တာ
အိမ်က ထွက်သွားတဲ့သူပြန်လာစေချင်တာ
ယွကျားက ခြေပုန်းခုတ် အငယ်အနှောင်းထား အိမ်ပြန်မလာလို့ ပြန်လာစေချင်တာ
ချစ်သူကိုယ့်စီလာစေချင်တာ
ခရီးသွားလုပ်ငန်းများ အော်ဒါရချင်တာ
စသဖြင့်
ယုတ်စွအဆုံး KTV တွေ စင်တင်တွေ လူလာစေချင်တာ အာ့တွေပါသုံးလို့ရပါတယ်၊၊
ပညာခန်းက အဆင့် ၃ဆင့်ရှိပါတယ်၊၊ အခုမန္တန် ကပထမဆုံးအဆင့်ပါ၊၊ဒီအပိုင်းပဲ ဒီလောက်ပဲဖော်ပြလို့ရပါတယ်၊၊ကျန်တာတော့ ဖော်ပြလို့မရပါ၊၊ဒီအဆင့်နဲ့တင်တော်တော်လေးထိရောက်ပါတယ်၊၊

အရင်ဆုံး ဘုရားတစ်ဆူဆူကိုသွားပါ မွေးနံထောင့်မှာ ဖယောင်းတိုင် ၃တိုင် အမွှေးတိုင် ၃တိုင် ပန်း၃ပွင့် ထီး၃လက် ရေ၃ခွက်လှူပါ၊၊
ပြီးရင် အခုဖော်ပြမယ့်မန္တန်ကို ပုတီး ၁၀ပတ်အနည်းဆုံးတစ်ထိုင်တည်းစိပ်ရပါမယ်၊၊

စိပ်ပြီးရင်တော့ နေ့စဉ် သက်စေ့ခေါက်ရေ အနည်းဆုံးရွတ်ဆိုပါ၊၊ဆုတောင်းပါ၊၊ကိစ္စကြိးငယ်ရှိလျှင် ၁၀၈ခေါက်ရွတ်ဆိုပါ၊၊ ဆုတောင်းပါ၊၊ အရေးကြီးဆုံးအချက်က ဒီမန္တန်ကို မရွတ်မှီ နမောတဿ နဲ့ သရဏဂုံ ၃ပါး(တတိယမ္ပိ ထိ) ၃ခေါက်စီ ရွတ်ပါ၊၊ဒီမန္တန်နဲ့ ပက်သက်ဆက်နွယ်တဲ့ မြင်အပ်မမြင်အပ် ၇ရက်သားသမီးအပေါင်းကို မေတ္တာပို့ပြီးမှရွတ်ရပါမယ်၊၊

အထူးမှတ်ချက်၊၊  ၊၊ သရဏဂုံ ၃ပါး ရွတ်ဆိုသောအခါတွင် ဒုတိယမ်ပိ ဟုရွတ်၇ပါမည် ဒုတ်ယမ်မိ မဟုတ်ပါ

တတိယမ်ပိဟုရွတ်ရပါမယ် တတိယမိဟုမရွတ်ရပါ၊၊

မန္တန်လေးက

ဥုံ အာကာသေ ဒေဝတာ ဒေဝတာ
နရှိန် နရှိန် ထွန်းပေဆြာထွန်းပေ
သက်ပေဆြာ သက်ပေ ၊လျှင်ပေဆြာ လျှင်ပေ
လာပေဆြာလာပေ၊၊

ရွတ်ဆိုသေ.အခါး ဖြေးဖြေးမှန်မှန် ရွတ်ဆိုရပါမယ်၊၊ နောက်ကကျားလိုက်လာသလိုမရွတ်ဆိုရပါ၊၊ ၇ွတ်ဆိုနေတဲ့အချိန်လည်း ကိုယ်လာစေချင်တာဖြစ်စေချင်တာ အာရုံပြုထားရပါမယ်၊၊(ဥပမာ ငွေဝင်ချင်တယ်ဆို ငွေက်ုအာရုံပြု လူလာစေချင်တာဆို လူတွေဝင်လာတာကိုအာရုံပြု ပြီးရွတ်ပါ၊၊
မရှင်းတာရှိရင် ကျွန်တော့ Chat boxကနေလာမေးပါ၊၊

ဂါထာရဲ့ထူးခြားမှု့သိချင်ရင် လူမရှိတဲ့ဆိုင်တစ်ဆိုင်ထဲဝင်ထိုင်  ဂါထာ ၁၀၈ခေါက်ရွတ် လူတွေဝင်လာပါလိမ့်မယ်၊၊
မန္တန်နဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်သွားပြီဆိုရင် ကိုယ်ဆိုင်ထဲရောက်တာနဲ့ အဲ့ဒီဆိုင်လူတွေများလာတာမျိုးကြုံရပါလိမ့်မယ်၊၊

အခုပညာရပ်ကို စိတ်ရှည် လက်ရှည် သင်ကြားမျှဝေပေးပါသော
ကျိုက်ထီးရိုး ကျီးကန်းပါးစပ်သွားရာလမ်း သူရဿတီဂူအတွင်းမှ ခဏတာတွေ့ဆုံခဲ့ရသော ဘရသေ့အား ဒီပိုစ်ဖြင့် ဂါဝရပြုအပ်ပါသည်၊၊

Zayar Oo

No comments: