ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Wednesday, November 29, 2017

~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~

https://m.facebook.com/groups/1573638246261942?view=permalink&id=1817289638563467



~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏
  ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~
==============================







* ထေရုပတ္တိအကျဉ်း....

        တိုင်းကြီး ၁၆-ပြည်ထောင်ရှိ ဝိဇ္ဇာဓိုရ်အမတ် ရှစ်သောင်း
တို့အနက် တံခါး ၆၄- တံခါးပိုင် သာသနာ့ကြိုးကိုင် , ဝီရိယ
ကြိုးကိုင်, မနောမယကြိုးကိုင် ဟူ၍ ထင်ရှားကျော်ကြား ၇-ရက်
သားသမီးတို့အား ကပ်ကြီးသုံးပါးမှ ကယ်တင်တော်မူ၍
မဟာဂန္ဓာရီ ထွက်ရပ်ပေါက် ယက္ကန်းစင်တောင်ဆရာတော်ကြီး
ဦးသြဘာသသည် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မွေပုံ ကံရွာတွင်
သက္ကရာဇ် (၁၁၉၉) ခုနှစ် , ဝါဆိုလဆန်း(၁၄)ရက် တနင်္ဂနွေ
နံနက် (၁)နာရီကျော်၌ ခမည်းတော် ဦးရာကျော် ,မယ်တော်
ဒေါ်ငွေတို့မှ ဖွားမြင်တော်မူခဲ့သည်။ ငယ်စဉ်ကတည်းက
စုပ်မြောင်ရိုးဆရာတော်ထံတွင် ပညာရည်နို့ သောက်စို့ခဲ့ရာ
ပညာရပ် အမျိုးမျိုးကို အရွယ်နှင့် မလိုက်အောင် တတ်ကျွမ်း
တော်မူခဲ့သည်။ ဘုန်းကြီးကျောင်းသား ဘဝကတည်းက
တွံတေးမြို့ ပေါက်ဆရာတော်ဦးဓမ္မစာရီ ၏ ပညာစဉ်(အမွေခံ)
ကျောက်တံ ကို ရရှိခဲ့ပြီး ရွှေသားပုရပိုဝ်ရ ဝီရိယဓိကအလောင်း
တော်ဟု အမည်တော်တွင်ခဲ့သည်။ (၁၂၁၉) ခုတွင် ရဟန်း
ဘောင်သို့ ရောက်ရှိခဲ့ပြီး (...)ရွာ၌ သီတင်းသုံးတော်မူခဲ့သည်။
     ဆရာတော်ကြီးသည် လောကီဈာန်များကို လေ့လာအား
ထုတ်ခဲ့ရာ နဝင်းပညာနှင့် အင်းဝိဇ္ဇာအတတ်တို့ကို အထူး
ပေါက်မြောက်ခဲ့သည်။ ဂန္ဓာရီသာသနာပြုခရီး လှည့်လည်ရင်း
စဥ့်ကူးမြို့, မန္တလေးမြို့, မေမြို့, ပန်းတောင်း , ပြည် , တောင်ငူ
ပျဉ်းမနား, ရန်ကုန်, ပဲခူး, ဟင်္သာတ, ကျိုက်လတ်, ဖျာပုံ ,
ဘိုကလေး စသည့် ဒေသများတွင် ပညာစဉ်များနှင့် (၇)ရက်
သား သမီးတို့ကို လောကီစည်းစိမ်တိုးပွားပြီး , လိုရာခရီပေါက်
မြောက်အောင်မြင်စေနည်းများကို ချီးမြှင့်ပေးသနားတော်မူ
ခဲ့သည်။ ပညာအမွေချီးမြှင့် ခံရသူတို့တွင် မြန်မာပြည်အထက်
ပိုင်း၌ ဆရာတော်ပညောဘာသ, ဦးသောင်း, ဦးဘစိန်(မေမြို့)
မန္တလေးတိုင်းတွင် ဆရာဦးရဲသူ, ဆရာချန်, ဆရာဆိုင်,
ဆရာလှိုင်, အမေပု, ဆရာစံ, ဆရာကြွား, ဆရာ...  သမားတော်
ကြီးဦးကျော်ရန်, ဦးကျော်, တောင်ငူ ပျဉ်းမနား၌ အဖေကြီးဆရာ
ဦးစောလှဖြူ, ဘုန်းဘုန်းလေး , ပန်းတောင်းမြို့လယ်ပြင်ဆရာ
တော် ဦးသာသနာ့မာလာ , ဦးဇဝန , မြန်မာပြည်အောက်ပိုင်း
ယောက်ကော်ဆရာတော်ဦးသဒ္ဓမ္မသိဒ္ဓိ မြန်မာပြည်အနှံ့ ဂန္ဓာရီ
ခရီးလှည့်လည်၍ သာသနာပြုလျက် မြစ်ဝကျွန်းပေါ်တွင်
ဆရာတော်ဦးသီလ, ဆရာတော်ဦးဝိသုဒ္ဓ, ဆရာတော်ဦးသာသန
ဆရာကြီးဦးဘသိန်း , ဆရာဦးဝင်းမြင့်(မြေးတပည့်) စသူတို့
သည် ထင်ရှားကြသည်။

* ယခုထောင်စုနှစ်တွင် စီးပွားလဘ်လာဘများ အခွင့်ကောင်း
များ ပိုဆိုင် ခံစားနိုင်ရေး ဘေးရန်ခပ်သိမ်းကို ပယ်ခွာနိုင်ရေး
တို့တွက် ဆရာတော်ကြီး အဓိကပညာစဉ်အချို့နှင့် ဣစ္ဆာသယ
ကျဥ့်စဉ်တော် (ထူးခြားစွာ အောင်မြင်ခဲ့သူများ အောင်နေသူ
လုပ်ငန်းရှင်များစွာတို့၏လက်တွေ့ ဆောင်ယူကျင့်သုံးခဲ့သော
ကျင့်စဉ်တော်)ကို ဉာဏ်ရှိသလို ဆောင်ယူကျင့်ကြံပူဇော်နိုင်
ကြပါစေရန်မျှဝေပါသည်။

* ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။   အ။        ........(၁)လုံး
၂။   အ, သံ ။    .....(၂)လုံး
၃။    အ, သံ , ဝိ ။   ......(၃)လုံး
၎။     အ , သံ , ဝိ , သု ။    .....(၄)လုံး
၅။     အ,  သံ , ဝိ , သု , လော ။   .......(၅)လုံး
၆။     အ, သံ , ဝိ , သု , လော , အနု ။    .........(၆)လုံး
၇။    အ,  သံ ,ဝိ , သု, လော , အနု , သတ္တာ ။  ...(၇)လုံး
၈။      အ, သံ , ဝိ , သု, လော , အနု , သတ္တာ ,ဗု ။ ..(၈)လုံး
၉။      အ, သံ , ဝိ , သု, လော, အနု, သတ္တာ, ဗု, ဘ ။..(၉)လုံး
၁၀။   အ,သံ,ဝိ,သု,လော,အနု,သတ္တာ,ဗု,ဘ ။       ......(၉)လုံး
စုစုပေါင်း(၅၄)လုံး ၂-ခေါက်စိပ်လျှင် (၁၀၈)လုံး

မိမိနိုင်သလောက် (၃,၅,၇,၉)ပတ်  (၃,၅,၇,၉) ရက်
ဆရာတော်ကြီးထံတွင် အဓိဋ္ဌာန်တင်ပြီး  မွေးနေ့စဝင်ပါ။
(နေရာတိကျရန်မလိုပါ။ )  အဓိဋ္ဌာန်တွင်း ငါးပါးသီလမကျိုးစေရ။
မူးယစ်ရှောင်ပါ။ ခြေလေးချောင်းသား , မြေအောင်သားရှောင်ပါ။
မည်သည့် အဖျက်ဝင်ပါစေ အဓိဋ္ဌာန် မပျက်ပါစေနှင့် ။
အဓိဋ္ဌာန် ပြည့်အောင်လျှင် မိမိအကြံစည်များ ထူးခြားစွာပြည့်စုံ
အောင်မြင်ပါလိမ့်မည်။

                  (ဝိဇ္ဇာမျက်လုံးဆေးတိုက် မိသားစုကောင်းမှု)

(အားလုံးချမ်းမြေ့ကြပါစေ)

No comments: