ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထွန်းအစီအရင်များ (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင်းစမပညာများ (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Wednesday, November 8, 2017
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
https://m.facebook.com/story.php?story_fbid=1449688218478850&id=893408380773506
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
[[[[[[]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]
ကံပြင် ဖယောင်းတိုင်စီရင်နည်း
-----------------------------------
အခုတင်ပေးမှာက ကံပြင်ဖယောင်းတိုင်စီရင်နည်း။ကံပဲပြင်မှာ ဝဋ်ကြွေးတော့ ပြင်လို့မရပါ။
ကိုယ့်မှာ ဆိုးနေတဲ့ကံတွေ ပိတ်ဆို့နေတဲ့ကံတွေ ဂြိုဟ်စီး ဂြိုဟ်နင်းမကောင်းတာတွေ ဆေးသုန်း တြင်းသုန်း နဝင်းသုန်း စန်းပြတ် လွန်းပြတ် ဖြစ်နေတာတွေ စသဖြင့်မကောင်းသောကံ ဘေးဥပါဒ်တွေ လျော့နည်းသွားအောင် ကင်းစင်ပပျောက်သွားအောင် ရှေးဆရာအစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ ပညာရပ်တစ်ခုပါ။အခုခေါတ်မှာတော့ ပျောက်ကွယ်လုဖြစ်နေပါပြီ။
ပြန်လည်ဖော်ထုပ်ပေးလိုသောဆန္ဒ ဆရာများနှင့်ဝေးကွာနေသော နေရာများတွင်ရောက်နေသောသူများ အကျိုရှိစေခြင်းငှာ ကိုယ့် ကံအဆိုးကိုယ်ပြုပြင်လို့ ရစေခြင်းငှာ တင်ပြပေးလိုက်ပါတယ်။
အကျိုးထူးများရရှိခဲ့လျင် ကျွန်တော့ကို ကျေးဇူးမတင်ပါနှင့်။ဒီပညာရပ်ကို ဖော်ထုပ်ပေးခဲ့သော ဆရာကြီးများကိုသာကျေးဇူးတင်ပါ။
လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့အားအပြစ်တင်ပါလေ။
စပါမယ်။အရင်ဆုံးလိုအပ်တာက လက်တစ်ထွာလောက် ရှိတဲ့ဖယောင်းတိုင် ၉တိုင်ပါ။
တိတ်ဆိပ်ငြိမ်သက်သောကာလတွင် ကိုယ်လက်သန့်စင်ပြီး ဘုရားရှစ်ခိုး ၅ပါးသီလအနည်းဆုံးခံယူပါ။(စိတ်ငြိမ်စေရန် ပုတီးစိပ်ခြင်း တရားထိုင်ခြင်းပြုလုပ်လိုကပြုလုပ်နိုင်ပါသေးသည်။)
ပြီးရင် လက်နှစ်ဖက်နဲ့ ဖယောင်းတိုင် ၉တိုင်ကို ရေမွှေးဆွတ်ဖြန်းပါ။
ဖယောင်းတိုင်ကို သနချေပါ(သန့်စင်အောင် လုပ်ခြင်း)
သနချေရန် မန္တန်
ဥုံ သန သန မဟာသန သနအပေါင်း ထာင်သောင်းသိန်းသန်း ကြေဆရာကြေ ပြေဆရာပြေ။ ၇ခေါက်
ပြီးလျှင် ဖယောင်းတိုင် ၉တိုင်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာကိုင် ပါးစပ်နားတေ့ပြီး
နမောတဿ ၃ခေါက်
သရဏဂုံ ၃ပါး ၉ခေါက်
ဘုရားဂုဏ်တော် ၉ခေါက်
တရားဂုဏ်တော် ၉ခေါက်
သံဃာဂုဏ်တော် ၉ခေါက်
အောင်ခြင်းအချုပ် ဂါထာ ၉ခေါက်ရွတ်ဖက်ပပါ
ဗုဒ္ဓေါမေ ရက္ခန္တု နိစ္စံ
ဓမ္မောမေ ရက္ခန္တု သဒါ
သံဃောမေ ရက္ခန္တု ဒိနေ
သုခီ ဒီဃာယုကောဘဝ။
မာရာ ဠာဝကာ နာဠာဂိံ
အင်္ဂုလိ စိဉ္စ သစ္စကံ
နန္ဒောပနန္ဒ ဗြဟ္မဉ္စ
ဇေတု ဟေတု ပဒေတရံ ၉ခေါက်
ပြီးလျှင် တစ်နေ့တစ်တိုင်အချိန်မှန်မှန်ထွန်း မေတ္တာပို့ သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ ထွက်ရပ်ပေါက်ပြီးကြကုန်သော ပုဂ္ဂိုဟ်အပေါင်း ဝိဇ္ဇာအပေါင်းတို့အား သက်သေအရာထား သစ္စာဆို ဆုတောင်းပါ။အမျှဝေပါ မေတ္တာပို့သပါ။
မကောင်းသောကံများ ပြုပြင်ကာကွယ်နိုင်ပြီး ကောင်းသောကံများပွင့်လမ်းအဆင်ပြေကြစေကုန်သောဝ်။
၉ရက် မီးထွန်းပြီးပြီဆိုပါက အောက်ကအစီအရင်ထပ်လုပ်ပါ၊၊
လာဘ်ပွင့် ကံပွင့်စေသည့် ရှင်သီဝလိဖယောင်းတိုင်စီရင်နည်း
------------------=-------------------------
စီရင်နည်းကလွယ်ပါတယ်။
ပုံမှာပြပေးထားတဲ့အတိုင်း ဂါထာကို ဖယောင်းတိုင် အောက်ခြေကနေ အပေါ်ကိုရေးပါ။ပြပေးထားတဲ့အတိုင်းနှစ်ကြောင်းရေးရပါမယ်။
ဆုတောင်းစာနှင့် ၁၂၃၄၅၆၇၈
အသက်အမှန်
၁၅ ၂၄ ၃၆ ၇၈ ကို အပေါ်ကနေအောက်ကိုရေးပါ။
ပြီးရင် ဂါထာနဲ့ပဲ ၃၇ခေါက်ရွတ်မန်းပါ။ တစ်နေ့တစ်တိုင်ထွန်းပါညှိပူဇော် ဂါထာသက်စေ့ရွတ်ဆုတောင်းပါ။ရှင်သီဝလိ ဆင်းတုတော် ပုံတော်ရှေ့မှာ ထွန်းညှိပူဇော်ပါက ပို၍ကောင်းပါသည်။
ဖယောင်းတိုင်မှာရေးသောအခါ မှင်ကုန်နေသောဘောပင် ကညစ် အမွှေးတိုင်တုတ် အဆင်ပြေတာနှင့်ရေးပါ။
ကိုယ်တိုင် သုံးနေသောနည်းဖြစ်ပါသည်။
သိပ်မညွှန်းလို ကိုယ်တိုင်စီရင် သုံးကြည့်ပါလေ။
ကိုယ်တိုင်သုံး ပညာရပ်ထဲကတစ်ခုပါ၊၊
crd :ဆရာလင်းအေးချမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment