=============================
တစ်ခါတုန်းက မောင်ဖုန်း အလုပ်လက်မဲ့ဖြစ်နေခဲ့ဖူးပါတယ်။ အဲဒီ့တုန်းက ခုလိုလည်း ဗေဒင်ပညာရပ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသက်မွေးနိုင်ခြင်း မရှိသေးတာကြောင့် ၊ ယောင်ချာချာ ဖြစ်နေရတာပေ့ါလေ။
ဒါ နဲ့ ဒီအတိုင်းနေလို့တော့မဖြစ်သေးဘူး။ ကြံစည်ဦးမှဆိုပြီး ၊ ( ၁+၆ ) အာလပ္ပနကာရက ယတြာလေးတစ်ခုကို လုပ်ပါတော့တယ်။ အဲဒီ့အချိန်မှာ မောင်ဖုန်း တို့ ကာရက ယတြာတွေကိုလည်း စိတ်နှစ်ပြီးလိုက်စားလေ့လာနေချိန်ကိုး။
ဘာရယ္ညာရယ္လုပ္မေနဘူး။ ရေမိုးချိုး ကိုယ်လက်သန့်စင်၊
တနင်္ဂနွေနေ့ နံနက်ခင်း ပိုင်းမှာ (ကျွန်တော်တို့မြို့က မြတ်ညီနောင်ဘုရားကို ) စသွားပါတယ်။
တနင်္ဂနွေထောင့်မှာ အက်အနေနရာယူ။ တနင်္ဂနွေနေ့ဖွား ပွင့်တော်မူပြီးသော ဘုရားရှင်အပေါင်းကို ရိုရိုသေသေ ရည်မှန်းပြီး ကန်တော့။ ပြီးတာနဲ့ မေတ္တာသုတ်ကို တနင်္ဂနွေဂြိုဟ်သက်အလိုက် စပြီးရွတ်တော့တာပါပဲ။
နောက်တစ်နေ့ +++ တနင်္လာနေ့ တနင်္လာထောင့် ဂြိုဟ်သက်အလိုက် မေတ္တာသုတ်ရွတ်ပြန်ရော ခင်ဗျ။
နောက်တစ်နေ့ +++ အင်္ဂါနေ့ ၊ အင်္ဂါထောင့် ဂြိုဟ်သက်အလိုက် မေတ္တာသုတ် ရွတ်ပြန်တယ်ခင်ဗျ။ ရှင်းအောင် ပြရရင် ဟောသလိုလေး +++
(၁) တနင်္ဂနွေနေ့ +++ တနင်္ဂနွေထောင့် မေတ္တာသုတ်(၆) ခေါက်
(၂) တနင်္လာနေ့ +++ တနင်္လာထောင့် မေတ္တာသုတ် (၁၅) ခေါက်
(၃) အင်္ဂါနေ့ +++ အင်္ဂါထောင့် မေတ္တာသုတ် ( ၈) ခေါက်
(၄) ဗုဒ္ဓဟူးနေ့ +++ ဗုဒ္ဓဟူးထောင့် မေတ္တာသုတ် (၁၇) ခေါက်
(၅) ကြာသာပတေးနေ့ +++ စနေထောင့် မေတ္တာသုတ် ( ၁၀) ခေါက်
(၆) သောကြာနေ့ +++ ကြာသာပတေးထောင့် မေတ္တာသုတ် (၁၉) ခေါက်
(၇) စနေနေ့ +++ ရာဟုထောင့် မေတ္တာသုတ် (၁၂) ခေါက်
(၈) တနင်္ဂနွေနေ့ +++ သောကြာထောင့် မေတ္တာသုတ် (၂၁) ခေါက်
ပြီးပြီ ဒီရှစ်ရက်ကလေးပါပဲ။ ဟာလွယ်လှချေလားဗျာ။ ကိုဖုန်းတို့ ဒါလေးနဲ့ အလုပ်မရှိရာက အလုပ်ရသွားရောကလား လို့ မေးလိုကြပါလိမ့်မယ်။
(၁) လွယ် မလွယ် ကိုယ်တစ်ကယ်လုပ်ကြည့် သိပါလိမ့်မယ်။ ခွေရူးလိုက်သလို ပြီးပြီးရော ရွတ်နေရင်တော့ မပြောတတ်၊ သေသေချာချာ သံနေသံဖြတ်မှန်မှန်နဲ့ မေတ္တာစိတ်ကိုရှေးရှုပြီး မှန်မှန်ရွတ်မယ်ဆိုရင် ဂြိုဟ်သက်နဲတဲ့ နေ့တွေမှာ တော်ပါသေးတယ်။
ဂြိုဟ်သက်များတဲ့ ရက်တွေဆို အာအရင်းမှာ တံတွေးမျိုရင်တောင် ခြောက်ကပ်ကပ်နာလာတဲ့အထိ ပင်ပန်းတတ်ပါတယ်။
ဒါကြောင့် ရေဗူးလေးဆောင်သွားပါ။ အရမ်းအပင်ပန်းခံပြီး အဆင်းရဲခံ မရွတ်ပါနဲ့။ ဒီအစီအရင်က အပျော့လိုင်း ပီယနဲ့သွားထားတာမို့ သက်တောင့်သက်သာ နဲ့သာ အလုပ်ပြီးမြောက်အောင် ကြိုးစားပါ။
(၂) အခြေခံအချက်ဖြစ်တဲ့ အလုပ်ပြီးချိန်မှာ အမျှေ၀တာ၊ ေ၀ရာ၀စ္စကုသိုလ်လေးတွေ အားဖြည့်တာ ၊ စသည်ဖြင့် တွေကတော့ ကောင်းနိုးရာရာ ကိုယ်နှစ်သက်တာလုပ်ပါ။ မေတ္တာသုတ်တွေတော ့ ၀ရူး၀ရူးရွတ်ခဲ့ပါရဲ့ဘုရားရင်ပြင်တော်ပေါ် နမော်နမဲ့နဲ့ အမှိုက်ရှုပ်ခဲ့ ၊ တံတွေးထွေးခဲ့လို့တော့ မဟန်သေးဘူးပေါ့ဗျာ။ ဒီတော့ ဒါလေးတွေတော့ မိမိတို့ဉာဏ်နဲ့ ဆင်ခြင်ပါ။
(၃) အဓိဌာန်ရက်ပြီးမြောက်ပြီး တစ်ပတ်လောက်အတွင်းမှာ ချစ်ခင်ကြည်ဖြူသောအားဖြင့် အလုပ်ပေးခံရခြင်း ၊ အလုပ်ကို အထောက်အပံ့ပြုခံရခြင်းမျိုး ကြုံစေတတ်ပါသဗျာ။
မောင်ဖုန်း တို့ တုန်းကတော့ ဦးလေးဖြစ်သူက ရော့ငါ့တူ ++ မင်းစာအုပ်ဆိုင်ထောင်ချင်တယ်ဆို အစ္မက ဦးထွန်းကိုပြောလု့ိ ++အဲဒါဦးထွန်းလည်း စိုက်ပေးမယ်လိုတဲ့ငွေ ဆိုပြီး လာပြောပါတယ်။
ဒါနဲ့ မောင်ဖုန်း တို့ နယ်မှာနေစဉ်က အလုပ်လက်မဲ့ကနေ စာအုပ်အငှားဆိုင်ပိုင်ရှင်လေး ချက်ချင်း ဖြစ်သွားခဲ့ပါသကောလား။
ဒါနဲ့ ဒီနည်းလေးကို ထပ်ပြီး အကြိမ်ကြိမ် အလုပ်လိုနေသူတွေကို ပေးစမ်းလုပ်ခိုင်းဖြစ်ခဲ့ပါတယ်။ တယ်အလုပ်ဖြစ်သဗျ။ သူ့ဟာနဲ့သူတော့ လမ်းကြောင်းလေးတွေပေါ်လာတာချည်းပါပဲ။
တစ်လောက ++ ရွှေပြည်သာဘက်ကမောင်ဖုန်းရဲ ့ ဘေလာ့ဂါ စာဖတ်ပရိသတ်ဟောင်းကြီးတစ်ယောက်၊ (ဗိုလ်မှုးဟောင်းကြီးပါ) ၊ အလုပ်ကလည်း ပြုတ်ထား၊ နေစရာကလည်း အိမ်ကိုဖယ်ခိုင်းနေပြီ။ အဲဒါ မိန်းမနဲ့သားသမီးလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေရှာပါတယ်။
မောင်ဖုန်းဆီဗေဒင်လာမေးတော့ စကားတွေကလည်းပြောသွားလိုက်တာ တော်တော်ကိုကြာရဲ့။ သူ့ကိုလည်း ဒီနည်းလေးကိုပဲ သေသေချာချာလုပ်ဖို့ တိုက်တွန်းလိုက်ရရဲ့။
ဆယ်ရက်လောက်ထိအသံမကြားရပါဘူး။ ၁၁ရက်မြောက်ထင်ပါရဲ့ အဲဒီ့နေ့မှာတော့ ကွန်မန့်လေးတစ်ကြောင်း နဲ့ အလုပ်အဆင်ပြေသွားပြီဆိုတဲ့အကြောင်းနဲ့ နေရေးထိုင်ရေးကိစ္စအတွက် ထပ်မံကူညီပါဦးဆိုပြီး စာလေးတက်လာပါတယ်။ သြော် လူ့ဘ၀ အပူတွေက တယ်များသကိုး..၊ ဖြည့်လို့ဖြင့်တော့ မဆုံးသာပါလေ ။
(၄) ဒီအဓိဌာန် အစီအရင်ကို ဘုရားမွာ ကျကျနနဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ ပြည်ပက မိတ်ဆွေအချို့ အခက်အခဲရှိရင် စိတ်ထဲက ဘုရားတည်ပါ။ (ဒါပဲရှိတယ်လေ) ။
(၅) မိမိတို့နဲ့ ဆီလျော်ကိုက်ညီတဲ့ ဟိတ်လက္ခဏာအရသာလျှင် မုချအကျိုးပေးတတ်ပါတယ်။ ကိုယ်နဲ့မထိုက်တန်တာ မရပါ။ ဒါလေးကို သတိပြုထားပါ။
တစ်ကယ်တော့ ဒီ ကာရကယတြာပိုင်းကိုပဲ အာဏာစက်နဲ့ သွားရင် ပိုမိုထက်မြက်တတ်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်ပြီး တောင်းရသလိုခံစားရလို့ မောင်ဖုန်း မနှစ်သက်ပါ။
ဘာပဲပြောပြော မေတ္တာသည်သာ အကောင်းဆုံးပါ။
ဒါကြောင့် ပီယလမ်းကနေ ကြွမြန်းတော်မူကြပါစို့လား။
သတ္တဝါများ ချမ်းသာကြပါစေ။
ကဲ...ဒီပို့စ်ပဲခဏခဏ ပြန်ပြန်မရှာခိုင်းကြပါတော့နဲ့ခင်ဗျ။ တစ်ချိန်မဟုတ် တစ်ချိန် အသုံး၀င်လာတတ်တာမို့....လောလောဆယ် လိုလိုိမလိုလို ...ယူသာထားကြပါ။
အလုပ်မရှိသေးသူများ အတြက္သာမက....အလုပ်အကိုင်ပိုမိုကောင်းလိုသူများလည်း မုချလုပ်ကြည့်ပါ။ ဧကန်ထူးခြားသည် ဖြစ်ပါကြောင်း။
လက်တွေ့ဒီနည်းလေးနဲ့ အလုပ်ရသွားကြသူတွေလည်း ဒုနဲ့ဒေးပါခင်ဗျာ။
လေးစားချစ်ခင်စွာဖြင့်
ကိုဖုန်း။
သုတေသီ ေ၀သာလီမောင်ဖုန်း။
09 789 333 791
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1744087622319468&id=100001547412607
No comments:
Post a Comment