ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Labels
- က်င့္စဥ္မ်ား (9)
- ကျင့်စဉ်များ (19)
- ကျင့်စဥ်များ (7)
- ဂါထာမ်ား (11)
- ဂါထာများ (10)
- စာအုပ်လင့် (2)
- ပုတီးစိပ်.ကျင့်စဉ်များ (2)
- ပုတီးစိပ်.ကျင့်စဉ်များ (6)
- ပုတီးစိပ်ကျင့်စဉ်များ (1)
- ပုတီးစိပ်ကျင့်စဥ်များ (3)
- မီးထွန်းအစီအရင်များ (5)
- မီးထွန်းအစီအရင်များ (11)
- ယတြာများ (13)
- ယၾတာမ်ား (7)
- အကြွေးဆိုင်ရာ (13)
- အကြွေးနှင့်ဆိုင်သော (1)
- အင်းစမပညာများ (2)
- အင်းစမပညာရပ်များ (2)
- အစီအရင္မ်ား (20)
- အစီအရင်များ (17)
- အေႂကြးဆိုင္ရာ (15)
- ဗေဒင်ယတြာများ (3)
ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Sunday, April 8, 2018
အကြွေးပြန်ဆပ်စေရန် ဓါတ်ဆင်ခြင်း
ဤနည်းစီရင်လျှင် ဓါတ်မိရန်အလွန်လိုပါသည်။ထို့ကြောင့် တိကျစွာစနစ်တကျ လုပ်ဆောင်ရပါမည်
။ကြွေပေးရမည့်သူသည် လုံးဝပေးစရာမရှိလျှင် ပြန်ရစရာ အကြောင်းနည်းပါးပါလိမ့်မည်။
ပေးစရာရှိပီး မပေးချင်သောသူများအတွက်စီရင်အပ်သည်။
ပုံသေနည်း။ ။ကြွေးယူထားသူ၏ နေ့နံအရ သက်ဆိုင်ရာ အိုးခွက်စသည်တွင် သဲအနေတော်ထည့်ပါ။ ရေစပ်စပ်ဖျန်းထည့်ပေးပီး ဒန်းညွန်း ကို ငွေတစ်ဆယ်ကျပ်နှင့်ရော၍ သဲတွင်စိုက်ထူလိုက်ပါ။
ပီးလျှင် နေ့သားအလိုက်အိုးခွက်စသည်များ၏ အောက်ခြေ၌ သက်ဆိုင်ရာ အက္ခရာများကိုရေးပါ။ထို့အိုးခွက်တို့ကို အနောက်တောင်ထောင့်တွင်ထား၍ ကြွေးယူထားသူ၏ ပုံကိုမြင်အောင်ပုံဖေါ်လျက် နာမည်ခေါ်ပီး အကြွေးအမြန်ပြန်ပေးရန် ဆုတောင်းပီး ယပ်တောင်ဖြင့် ၂၂ချက်ယပ်ခပ်ပေးပါ။ပြုလုပ်ရမည့်အချိန်မှာ မည်သည့်နေတွင်မဆို ညနေ ၃နာရီမှ ၆နာရီအတွင်းဖြစ်ရပါမည်။နောက်ရက်များပြုလုပ်လျှင် ပထမနေ့က ပြုလုပ်သောအချိန်နာရီအတိအကျတွင်သာလုပ်ရပါမည်။တစ်ပတ်တိတိလုပ်ပေးပါ။တစ်ပတ်အတွင်းသိသာလာပါလိမ့်မည်။ မသိသာသေးပါက ဓါတ်ဆင်ရာတွင်ချို့ယွင်းသောကြောင့် အဟောင်းများကို အားလုံးစွန့်ပစ်ပီး အစမှ ပြန်စီရင်ပါ။ နေ့သားမသိပါက နာမည်၏ အရင်လုံးကိုကောက်ယူရမည်။
ကြွေးယူသူ၏နေ့သားအလိုက်ပြုလုပ်ရမည်များမှာ……
တနင်္ဂနွေဖြစ်ပါက……အင်တုံ သို့မဟုတ် အုန်းမှုတ်ခွက်
ဖင်တွင်ရေးရအက္ခရာမှာ " သြ "
တနင်္လာဖြစ်က ကြေးဖလား
ဖင်တွင်ရေးရအက္ခရာမှာ " င "
အင်္ဂါဖြစ်ပါက ဇလုံ
ဖင်တွင်ရေးရအက္ခရာမှာ " ည "
ဗုဒ္ဓဟူးဖြစ်ပါက aရေဖလား
ဖင်တွင်ရေးရအက္ခရာမှာ " ဝ "
ကြာသပတေး ဖန်ခွက်
ဖင်တွင်ရေးရအက္ခရာမှာ " မ "
သောကြာဖြစ်က သွပ်ခွက်/သံခွက်/သံပုံး
ဖင်တွင်ရေးရအက္ခရာမှာ " ဟ "
စနေဖြစ်ပါက ဒန်အိုး
ဖင်တွင်ရေးရအက္ခရာမှာ " န "
ဒန်းညွန့်နှင့် ငွေတစ်ဆယ်သည် ပုံသေ။
အနောက်တောင်ထောင့်သည် ပုံသေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment