--------------------------------
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ၊၊ ဒီနေ့က ကျွန်တော့ မွေးနေ့ဆိုတော့ လွယ်ကူထိရောက်တဲ့ရှားပါးအစီရင်တစ်ခု စီရင်နည်းလေးတင်ပေးပါ့မယ်၊၊
လာဘ်ရွှင်ငွေဝင်ချင်တာ ၊ကိုယ်လုပ်သလောက်အကျိုးခံစားချင်တယ်၊ လုပ်ဆောင်ထားတဲ့ လုပ်ငန်းတွေကနေ ငွေပြန်ပေါ်ချင်တယ်၊
ဈေးဆိုင်တွေ လူဝင်များချင်တာ ၊အရောင်းအဝယ်တွေကောင်းချင်တယ်၊ ဖောက်သည်တွေများချင်တယ်၊ အလှပြင်ဆိုင် လက်ဖက်ရည်ဆိုင် စသဖြင့် မည့်သည့်ဆိုင်မျိုးမဆို လူများများလာစေချင်တယ် ဖောက်သည်များများရချင်တယ် လာဘ်ရွှင်ချင်တယ်ဆိုသူများအတွက် ဒီရှားပါးရှေးဟောင်း အစီအရင်ကို သေသေချာချာပြုလုပ်ဆောင်ရွက်သင့်ပါတယ်၊၊
အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့ကံမြင့်ပေးရမယ် စန်းပွင့်အောင်ဖွင့်ပေးရပါမယ်၊၊
အဲ့တာက မခက်ပါဘူး ကျွန်တော်တင်ပေးထားတဲ့ ကံပြင်ဖယောင်းတိုင်စီရင်နည်းအတိုင်း စီရင်ပြီး ထွန်းညှိပူဇော်ပါ၊၊
ကံပြင် ဖယောင်းတိုင်စီရင်နည်း
-----------------------------------
အခုတင်ပေးမှာက ကံပြင်ဖယောင်းတိုင်စီရင်နည်း။ကံပဲပြင်မွာ ဝတ်ကြွေးတော့ ပြင်လို့မရပါ။
ကိုယ့်မွာ ဆိုးနေတဲ့ကံတွေ ပိတ်ဆို့နေတဲ့ကံတွေ ဂြိုဟ်စီး ဂြိုဟ်နင်းမကောင်းတာတွေ iဆေးသုန်း တြင်းသုန်း နဝင်းသုန်း စန်းပြတ် လွန်းပြတ် ဖြစ်နေတာတွေ စသဖြင့်မကောင်းသောကံ aဘေးဥပါဒ်တွေ aလျော့နည်းသြားအောင် ကင်းစင်ပပျောက်သြားအောင် iရှေးဆရာအစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ ပညာရပ်တစ်ခုပါ။အခုခေါတ်မွာတော့ iပျောက်ကွယ်လုဖြစ်နေပါပြီ။
ပြန်လည်ဖော်ထုပ်ပေးလိုသောဆန္ဒ ဆရာများနှင့်ဝေးကွာနေသော iနေရာများတွင်ရောက်နေသောသူများ အကျိုရှိစေခြင်းငွာ က်ိုယ့် ကံအဆိုးကိုယ်ပြုပြင်လို့ ရစေခြင်းငွာ တင်ပြပေးလိုက်ပါတယ်။
အကျိုးထူးများရရှိခဲ့လျင် ကျွန်တော့ကို iကျေးဇူးမတင်ပါနှင့်။ဒီပညာရပ်ကို iဖော်ထုပ်ပေးခဲ့သော ဆရာကြီးများကိုသာကျေးဇူးတင်ပါ။
လိုအပ်ချက်တစ်စုံတစ်ရာရွိခဲ့ပါက ကျွန်တော့အားအပြစ်တင်ပါလေ။
စပါမယ် အရင်ဆုံးလိုအပ်တာက လက်တစ်ထြာလောက် ရှိတဲ့ဖယောင်းတိုင် ၉တိုင်ပါ။
တိတ်ဆိပ်ငြိမ်သက်သောကာလတွင် ကိုယ်လက်သန့်စင်ပြီး ဘုရားရှစ်ခိုး ၅ပါးသီလအနည်းဆုံးခံယူပါ။(စိတ်ငြိမ်စေရန် ပုတီးစိပ်ခြင်း တရားထိုင်ခြင်းပြုလုပ်လိုကပြုလုပ်နိုင်ပါသေးသည်။)
ပြီးရင် လက်နှစ်ဖက်နဲ့ ဖယောင်းတိုင် ၉တိုင်ကို iရေမွှေးဆွတ်ဖြန်းပါ။
ဖယောင်းတိုင်ကို သနချေပါ(သန့်စင်အောင် လုပ်ခြင်း)
သနချေရန် မန္တန်
ဥုံ သန သန မဟာသန သနအပေါင်း iထောင်သောင်းသိန်းသန်း iကြေဆြာကြေ iပြေဆြာပြေ။ ၇ခေါက်
ပြီးလျှင် ဖယောင်းတိုင် ၉တိုင်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာကိုင် ပါးစပ်နားတေ့ပြီး
နမောတဿ ၃ခေါက်
သရဏဂုံ ၃ပါး ၉ခေါက်
ဘုရားဂုဏ်တော် ၉ခေါက်
တရားဂုဏ်တော် ၉ခေါက်
သံဃာဂုဏ်တော် ၉ခေါက်
iအောင်ခြင်းအချုပ် ဂါထာ ၉ခေါက်ရွတ်ဖက်ပါ။
iအောင်ခြင်းအချုပ်ဂါထာတော်
ဗုဒေ္ဓာမေ ရက္ခန္တု နိစ္စံ
ဓမေ္မာမေ ရက္ခန္တု သဒါ
သံဃောမေ ရက္ခန္တု ဒိနေ
သုခီ ဒီဃာယုကောဘဝ။
မာရာ ဠာဝကာ နာဠာဂိံ
အင်္ဂုလိ စိဉ္စ သစ္စကံ
နနေ္ဒာပနန္ဒ ဗြဟ္မဉ္စ
iဇေတု iဟောတု တဒေပရံ။ ၉ခေါက်
ပြီးလျှင် တစ်နေ့တစ်တိုင်အချိန်မှန်မှန်ထွန်း iမေတ္တာပို့ သမ္မာဒေဝနတ်မြတ်နတ်ကောင်းမ်ား ထွက်ရပ်ပေါက်ပြီးကြကုန်သော ပုဂ္ဂိုဟ်အပေါင်း ဝိဇ္ဇာအပေါင်းတို့အား သက်သေအရာထား သစ္စာဆို ဆုတောင်းပါ။အမ်ွဝေပါ iမေတ္တာပ်ို့သပါ။
၉ရက်ဝင်ရပါမယ်၊၊
ထို ၉ရက်အတွင်းမိတ်သလင်ဥ အစို ၂ဥ ကို ရအောင်ရှာထားပါ၊၊
ရရင်မြေကြီးထဲ မြုတ်ထားပါ၊၊
ကံပြင်ဖယောင်းတိုင် ထွန်းတာ ၉ရက်ပြည့်ပြီဆိုရင်
ထို မိသလင်ဥကို မြေကြီးထဲက ပြန်ဖော်ပါ ရေသေချာသန့်သွားအောင်ဆေးပါ၊၊
ထိုသို့ မြေကြီးထဲက ပြန်ဖော်နေချိန် ရေဆေးနေချိန်မှာ မေတ္တာ သုတ္ကို တက်အားသမျှမပြတ်ရွတ်နေပါ၊၊(အထူးသတိပြုရန် ထိုအချိန်အတွင်း မေတ္တာသုတ် သာရွတ်နေရပါမယ် မည်သည့်စကားမှမပြောရပါ)
ရေဆေးပြီးသွားရင် မိသလင်ဥကို ရေမွှေးဆွတ်အောက်ပါ ဂါထာ မန္တန်နှင့် ၁၀၈ခေါက်ရွတ်ဖက်မန်းပါ၊၊
သရဏဂုံ ၃ပါး ၁၀၈ခေါက်၊၊
တုေဋ္ဌဟိ မမတုေဋ္ဌဟိ၊ ပိယေဟိ မမပိယေဟိ၊
သိနေ္နဟံ မမသိနေ္နဟံ
ဥုံ ရာဇစိတ္တံ သဗ္ဗသတ္တာ သဗ္ဗဒေဝစိတ္တံ မှိုင်းမှိုင်း
၁၀၈ခေါက်
ဧဟိမိတ္တံ ဟိတ္တံ ပုညံ ယထာယာစိ ကတံဖလံ
ဧဟိနန္ဒါ ပိယာပုတ္တာ ပိယာသီရိ ပိယာပိယာ ၊၊
သြောင်း သုဝဏ္ဏဟရ ဒွေးဖလံ၊ သြောင်းကာယ မနသိမာမေတ္တာယျ၊ သဟ. ဿ ါ ပရိဝါရာယ ဝိသာခါယ ဗောဓိသတ္တာယ သဗ္ဗနာဂရေ သဗ္ဗဂါမေ သဗ္ဗဂေဟေ သဗ္ဗဇနာနံ သဗ္ဗလာဘမိတ္တံ ဘဝန္တု မမသန္တိကေ ဧဟိ ဧဟိ
၁၀၈ခေါက်၊၊
ပြီးရင် ထိုမိတ်သလင်ဥ တစ်ဥကို ပန်ကန်းပြားပေါ်တင်
ဘုရားကျောင်းဆောင် မွာ နေ့စဉ် ဖယောင်းတိုင်တစ်တိုင် မိတ်သလင် ဥပေါ် တင်ထွန်းပြီး အထက္ကဂါထာ ၃ပုဒ္ကို ၂၇ခေါက်စီရွတ်ပါ၊၊
နောက်တစ်ဥကို နေ့စဉ် မိမိ ဆိုင် / အိမ်ရှေ့မှာ ပန်ကန်ပြားပေါ်တင်ဖယောင်းတိုင်တင်ထွန်းပြီး အထက်ပါဂါထာ ၃ပုဒ္ကို ၂၇ခေါက်စီ ရွတ်ဖက်ပါ၊၊
လာဘ်ပွင့်ငွေရွှင် အရောင်အဝယ်များ စည်ကားပြီး ကြီးပွားချမ်းသာ သာသနာကိုထောက်ပံ့လှူဒါန်းနိုင်ကြပါစေ၊၊
ဆရာ လင်းအေးချမ်း (Zay Yar Oo )
ဇယုတ္တရော ဓါတ်ခန်း
09 455209863
မူရင်းလင့်ခ်။ ။https://m.facebook.com/groups/440610236275932?view=permalink&id=598144577189163
No comments:
Post a Comment