ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Sunday, August 26, 2018
ရေခွက်တစ်ခု အရင်းပြု
မူလလင့်၊။ ။https://m.facebook.com/story.php?story_fbid=345928132456344&id=100011174796293
ကြုံတုန်းလေးပြောမလို့ဗျာ
ရေခွက်တစ်ခုအရင်းပြုပြီး
ကြီးပွါးစေတဲယတြာလေးတစ်ခု
ချပေးပါဦးမယ်..ယနေ့ကျွန်ုပ်
အဓိဌာန်နောက်တစ်ဆင့်အောင်ပွဲ
ဒါနပြုတာပါ..
ရေသန့်ကိုကြေးခွက်ထဲထည့်
အောက်မှာအကြွေစေ့ခံပါ
ပြီးရင်ကြေးလင်ဗန်းထပ်ခံပါဦး
ကြေးလင်ဗန်းရဲ့လေးဖက်လေးတန်မှာ
က ဃ ဠ ဏ လေးလုံးထည့်လို်ုက်ပါ
ဒိဝါတပတိဂါထာတော်ကြီးကို
(၁၀၈)ခေါက်တိတိပူဇော်ပါ
"မိမိနဲ့ပါတ်သက်သမျှပါတ်သက်
ဆက်စပ်သမျှအမျှပေးဝေ" လိုက်ပါ
လိုရာဆုတစ်ဆုတောင်းပါ
(iငွေကြေးနဲ့ဆို်ုင်သောဆုဖြစ်ရမယ်)
ဒီယတြာနဲ့ဆိုင်သောပုဂိ္ဂုလ်မှန်သမျှ
မေတ္တာပို့ဖို့မမေ့နဲ့..!!!
လိုရာသုံးကြပါ
ယုံကြည်စွာသူံးပါ
ပွဲတွေ့ခဲ့ဖူးပြီ .. အောင်မြင်ပေါင်းများပြီ
ကျွန်ုပ် ကိုယ်တိုင်သုံးဖူးတာမို့
မိတ်ဆွေတို့လည်း အကျိုးဖြစ်ထွန်းမယ်
ယုံကြည်ပါတယ်..
လိုရာဆန္ဒပြည့်ကြပါစေ
မူလေရးသားသူကို crd ပေးပါတယ်
ငါ့အကြွေးပြန်လာပေး
မူရင်းလင့်။ ။https://m.facebook.com/groups/407217406354832?view=permalink&id=465328657210373
ဟို အကြွေး
ဒီအကြွေး
ဟို့လူ့ပေး
ဒီလူ ပေး ပေးချင်ပေး ချေးချင်းတိုင်း ချေးပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အကြွေးပေးပြီး စိတ်ညစ်နေရတ့ဲ သူတွေရှိနေတယ် ဆိုရင်တော့
ဒီယတြာကို လုပ်ကြည့်လိုက်စမ်းပါဗျာ...
အကြွေးလာပေးမယ့်သူရဲ့ နာမည်ကို ဗယ်ဖက်လက်ဖဝါးမှာရေး
ဘာနဲ့ ရေး ရေး
(မာကင် ဆော့ပင် ဘောပင်)
ပြီးရင်တော့ အုန်း ၆ညွန့် ဒန်း ၁၀ညွန့်ကို ပူးပြီး နှီးနဲ့ချည်၊
အ့ဲဒီပန်းတွေကို ညာဘက်လက်နဲ့ ကိုင်ပြီး
စောနက နာမည်ရေးထားတ့ဲ လက်ဖဝါးကို အသက်အောင့်ပြီး ငါ့ အကြွေး ပြန်လာပေး စေလို့ အာရုံပြု ဆုတောင်းပြီး ၇ချက် တိတိ ရိုက်လိုက်ပါဗျာ....
မရိုက်ခင်လည်း သူ့နာမည်ခေါ်ပြီး ငါ့အကြွေးတွေ ပြန်လာပေးလို့ ပြောပါဗျာ...
အကြွေးပြန်ပေးစရာ ပိုက်ဆံမရှိရင်တောင် ရှာကြံပေးချင်တ့ဲ စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
မှတ်ချက်.....
ဒန်းရှာရခက်ရင် ထန်း၊တည်၊ထနောင်း၊ထိန်၊ဓနိညွန့် ၇ညွန့်နဲ့ ရိုက်ပါလေ
ထူးအောင်လှိုင်
မဟာဝိဇယစေတီတော်
09451662991
မူလေရးသားသူကို crd ပေးပါတယ်
အကြွေးတောင်းအစီအရင်များ
မူလလင့်။ ။https://m.facebook.com/story.php?story_fbid=125805935025996&id=100027897693261
 (လင်းညို့တာရာ)
(၁) ကြံရည်တစ်ခွက်ထဲသို ့ ခရေညွန် ့ ၆ ညွန် ့ထည့်ပါ။
အိမ်ဘုရားတွင် လှူ ပြီး အကြွေးရစေဖို့ ဆုတောင်းပါ။
လှူ တဲ့အခါ တနင်္လာနေ ့ ၉ နာရီ ၄၅ မိနစ်မှာ လှူ ရင်ပိုကောင်းပါတယ်။
(၂) သောကြာနေ့နံနက် (၇)နာရီမွ (၇:၃၀) အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ။ ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်။ အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားဘက်ကိုလှည့်ထားပါ။ ကွမ်းရွက်ရဲ့အောက်ဘက် ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ 'အမြန်ဆုံးငွေကြေးအဆင်ပြေ၍အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ'ဟုရေးထားပါ။ အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့််ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။ ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍ မိမိ၏မိသားစုမဟုတ်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါ။
(၃) မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိ်မ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမွာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။
(၄) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ "iမောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ" လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။
#လင်းညို့တာရာ
www.facebook.com/linnhyotaryar
အထက်ပါသုံးနည်းထဲမှာ အဆင်ပြေရာကို ပြုလုပ်ကြပါရန်လို့ ပြောချင်ပါသည်။ မဲလိမ် မဲကိစ္စများကို ဒီအစီအရင်များဖြင့် မလုပ်နိုင်ပါ။ အကယ်၍ အကြွေးတောင်းပေးသည့် ဂဝံအဒေါ်ကြီးအစီအရင်အရုပ်အားလည်း အသုံးပြုလိုပါကလည်း မှာယူနိုင်ပါသည်။ မွာယူလိုပါက Viber (+959970959464) ကို ဆက်သွယ်ပေးပါ။
မူလေရးသားသူကို crd ပေးပါတယ်
Sunday, August 19, 2018
>>>အိမ်မှာလုပ်လို့ရတဲ့ ယတြာမီးတိုင်စီရင်နည်း
____________________________________
(အရင်က တင်ဖူးသလို အများပွဲတွေ့ အောင်မြင်ပါတရ်)
                  ငွေလိုတာပဲဖြစ်ဖြစ် စီးပွားဆုတ်လို့ပဲဖြစ်ဖြစ် အကြံအစည် မအောင်မြင်တာပဲဖြစ်ဖြစ် စိတ်နှလုံးမချမ်းမြည့်တာပဲဖြစ်ဖြစ် ဒီ ယတြာမီးတိုင်ကို အိမ်မှာပြုလုပ်ပါ လိုအပ်တဲ့ပစ္စည်းတွေနဲ့စီရင်နည်းက...
                  မိမိ လက်ဝါးအရှည်ထက်မလျော့တဲ့ဖယောင်းတိုင် တစ်တိုင်
                  ဖယောင်းတိုင်မှာ ထွင်းလို့ရမယ့် ကညစ်ဖြစ်ဖြစ် ဘောပင်ဖြစ်ဖြစ်
                  ဒါဆိုရပါပြီ ဖယောင်းတိုင်ကို အောက်မှာ ဖော်ပြထားတဲ့ ဂါထာကို ပတ်ပြီး ရေးပါ
                 ရေးပြီးရင် ဖယောင်းတိုင်ကို ထိုဂါထာနဲ့ပဲ ၃၇ ခေါက်စုပ်ပါ ပြီးရင် နံသင့်သားပေါ်မှာ တင်ပြီး ဘုရားရှေ့မှာ ထွန်းပါ
                  ဂါထာက
             ယထာဝိ ဥေဏွ ဝိဇ္ဇနေ္တ ပရံ ဝိဇ္ဇာတိ သီတလံ
             ဧတံ တိပိဓ ဝိဇ္ဇနေ္တ နိဗ္ဗာနံ ဣစိၦတ တဗ္ဗကံ
              နံသင့်သားဆိုတာ
              တနင်္ဂနွေ အုန်းသား/အင်သား
              တနလာၤ ကျွန်းသား
              အဂါၤ ဇီးသားညောင်သား
              ဗုဒ္ဓဟူး/ရာဟု ဝါး/လိန် သား
              ကြာသပတေး ပျဉ်းမ
              သောကြာ သီးသား/သံ
              စေန ထိန်/ဒန်ပြား
           ဖယောင်းတိုင်တင်ထွန်းရုံလောက်ဆို ရပါပြီ
           >>အစီအရင်ကို မနက်ပိုင်းမှာပဲပြုပါ
               ကိုယ်လက်သန့်စင် ဘုရားဝတ်ပြူပြီးမှ
               iပြုလုပ်ပါ
               အလိုရွိရာ အောင်မြင်ပါတရ်(ပွဲတွေ့)
                                             နိုင်ထက်အောင်
မူလေရးသားသူကို crd ပေးပါတယ်
မူလလင့်ခ်။ ။https://m.facebook.com/story.php?story_fbid=682261442137642&id=100010613768917
*_____________________*
        အဆောင်လက်ဖွဲ့ဟူသည် လောကီပညာတွင် မကင်း ဝါသနာရှင်နှင့်လည်း မကင်း ပညာရှင်နှင့်လည်း မကင်း
        သို့ရာတွင် စီရင်နည်းကားရှိ၏ စမ်းသပ်နည်းမရှိ စမ်းသပ်နည်းကားမရှိသည်မဟုတ် ရွိ၏ သို့သော် လုံလောက်သော ကြိုးစားအားထုတ်မူ မရှိသော ဆေးအင်း/အဆောင် လက်ဖွဲ့ တို့သည် စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်
       * စိတ်ကူးယာဉ် ဆေးအင်း/လက်ဖွဲ့ တို့သည်လည်း စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်ချေ
        ထို့ကြောင့်ပင် အဆောင်လက်ဖွဲ့ ဟူသည် ယုံကြည်ချက်ကြောင့်သာ စွမ်းသည်ဟူ၍ လည်းကောင်း ၁၀၀ တွင် ၅ သာ စွမ်းသည်ဟူ၍ လည်း ကိုယ်မတတ်တိုင်း ပညာကို ရိုးစွပ်ကြလေ၏
        မီးခဲသည် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ လက်နှင့်ကိုင်တွယ်ပါက "ပူ"ရမည် ။ မပူလျှင် မီးခဲ မဟုတ်။ ပညာသည် စစ်လျှင် မှတ်ကျောက်တင် ခံနိုင်ရမည် မခံနိုင်လျှင်ပညာမဟုတ် ။
           သူသူငါငါ ပညာစစ် ကို ဇလုတ်တိုက်ရှာဖွေနေကြရာ နောက်ကောက်မကျစေရန် အလို့ငွာ လည်းကောင်း မိမိတို့ ပညာများမြင့်မားစေရန် အလို့ငှာလည်းကောင်း စမ်းသပ်နည်းများကို မ်ွေဝ လိုက်ရပေသည်
ပီယဆေးအင်းအဆောင်လက်ဖွဲ့ဟူသမျှ
****************************
          ပီယ အစွမ်းရှိမရှိ အလွယ်စမ်းလိုသော် ခဲမှာချည် ကိုက်တတ်ဟောင်တတ်သော ခွေးသို့ပစ် မဟောင်မကိုက် ရှိချေက အစွမ်းရှိသည်မှတ်
        ဆေးပီယကို အရက်မှာဖျော် ခွေးကိုတိုက် သောက်ချေက အစွမ်းရှိသည်ဟုမှတ်
(အရက်နှင့်တွေ့က ဆေးအာနိသင်ပျက်သောဆေးများသည် ပီယဗလ ဘောဂဗလ ဆေးမျိုးတွင် အကျုံးမဝင်ဟု သုစိတ္တဇော်ဂျီရှင်ရသေ့က သိဒ္ဓိစက္က ကျမ်းတွင်ဆို၏/အချို့သော မှော်ဆေးများသည် အရက်နှင့်တွေ့က အာနိသင်ပျက်ကြ၏)
      (*အထက် ဂိုဏ်းတော်ဝင်များ အရက်သောက်ခြင်းကြောင့် အာဏာကွယ်ပျောက်ခြင်းမှာ အရက်နှင့် ထိုးထားသော ဆေးမတည့်၍ မဟုတ်
ဆရာတဦး၏ မလုပ်အပ်သည်ကို လုပ္မိ၍ ရှိသော စေအာဏာကို မထိန်းနိင်သည်ဖြစ်၏
မိမိက ခွန်အားမရှိတော့၍ လေးလံကြီးမားသော လက်နက်အား မကိုင်နိိင်သည်နှင့် ပမာတူ၏*)
       အရုပ္ပီယကို သစ်ပင်တွင်တင်၍ ထား နေ့မကူး ပန်းရေချမ်း ဆည်းကပ်သူ ရွိပါက အစွမ်းရှိသည်ဟုမှတ်
        အင်းပီယကို ကြွက်မှာချည် ဆာလောင်သော ကြောင်ရှေ့ချ မကိုက်မစား ရှိရမည် ထိုမွသာ စွမ်းသည်
ကာယသိဒ္ဓိ တုတ်ပြီးဓါးပြီး အဆောင်ဆေးအင်း
********************************
          အင်းကာယကို နွားနို့ထဲသို့ထည့် ရေထပ်ထည့် ရေနှင့်နို့ မေရာပဲ ရှိရမည် မရှိလျှင် မလုံဟုတ်မှတ်
          ဆေးကာယကို ဆီနှင့်ဖျော် မြေတွင် ဝိုင်း အေဝးမွ တုတ် ခဲ နှင့် ပစ် အဝိုင်းအတွင်း မဝင်ရ ဝင်လျှင် မအောင်ဟုမှတ်
          လက်ဖွဲ့ ကာယကို သစ်ကိုင်းအသေးတွင်ချည် သစ်ကိုင်းအား ဓါးနှင့်ခုတ် အရာမထင် လျှင် စွမ်းသည်ဟုမှတ်
           ကာယ အဆောင်ရုပ်ထုကို ခဲနှင့်ချည် ရေတွင် မြှပ်ထား "ဥေဒတယံ" ဂါထာကို မနားမနေရွတ် ခဲနှင့်တကွ ပေါ်ရမည် 
တိုက်အင်း ဒဏ်ပြန်အင်းဆေး/ရုပ္ထုမ်ား
***************************
         အင်းတိုက်ဒဏ်ပြန်ကို ဆီထဲထည့် ဆီနှင့်တကွ အလေးချိန်ကို မွတ္သားထား
          တစ်ပတ်ကြာသော် ဆီနှင့်တကွ အလေးချိန်ကို ချိန်၍ ကြည့် ဆီအလေးချိန် လျော့ရမည်
          အဖြိုအဖျက် တိုက်ဆေးကို ပျံနိုင်သော ငှက်တွင် စတိသုတ် ပျံခိုင်း မပျံနိုင်ရှိမှ စွမ်းသည်ဟုမှတ်
          ဿမားပညာ တိုက်အင်းတို့ကို စမ်းလိုသော် လိုသူနေ့နံ နံတူအပင်နှင့် ၇ တောင် အကြာက မြေတူး၍ မြှတ် နံတူ အပင်ထံသို့ တေန့ တတောင်ရွေ့၏ တပတ်ခုနစ်ရက်ကြာလျှင် အပင်ရင်းသို့ သြား၍ တူး တွေ့ရမည် မတွေ့လျှင် မစွမ်းဟုမှတ်
         အဖြိုအဖျက် အရုပ္တို့ကို လူစည်ကားသော လှေဆိပ် သဘောၤဆိပ် များတွင် အသာထား နေ့မကူး ခြောက်ကပ်လာရ၏ မထူးသော် မစွမ်းဟုမှတ်
အစောင့် ဆေး/အင်း ရုပ္ထုမ်ား
**********************
             အစောင့်ရုပ် ဆေးအင်း ဟူသမ်ွ အားစမ်းလိုသော် ဆန္တို့ကို ဂုဏ်တော်မန်း ယင်းဆန်အိုးထဲသို့ အစောင့်ရုပ်ဆေးအင်း ဟူသမ်ွ အောက်၌ ထား ဆန်နှင့်ဖိထား "အစောင့်မျိုး အဖိမခံရာ" ဟု နုတ္က ဆို၍ အိုးကို လှုပ်၍ တစ်ပတ်ကြာ မဖွင့်ပဲ ထား 
             တပတ် ကြာ၍ ပြန်၍ ဖွင့်သော် ဆန်ပေါ်၌ အရုပ်/ဆေး/အင်း ရှိရမည် မရှိလျှင် မစွမ်းဟုမှတ်
         ဤသို့အားဖြင့် အများအပြားသော အဆောင်ဆေးအင်းတို့အား စမ်းသပ်သင့်၏ ။ မစမ်းသ်ပဲ သုံးစွဲက အစွမ်းမသိ မျက်ကန်းနှင့်တူ၏ ။ ထို့အတူ ဝါသနာရှင်/ပညာရှင် အပေါင်းတို့သည် လည်း သံသယ ကင်းစွာဖြင့် သုံးစွဲနိုင်သည်ဖြစ်တော့၏။
        မိမိတို့၏ ဆေးအင်းများ အစွမ်းမရှိက သီလ သမာဓိကို ချည်း အပြစ်မပုံသင့် ပညာတည်းဟူသော စီရင်ပုံ နည်းစနစ်ကို ထောက်စအပ်၏။ နည်းကား မသိ သီလ သမာဓိ ကောင်းစေဦးတော့ ခရီးပေါက်မည် မဟုတ်။ သီလ/သမာဓိ/ပညာ သုံးပါး အချိုးအစား ညီမွ သိဒ္ဓိ(အောင်မြင်ခြင်း)ဟူသော အကျိုးတရားသည် ဖြစ်ထွန်းတော့၏
                               နိုင်ထက်အောင်
မူရင်းလင့်ခ်။ ။https://m.facebook.com/groups/1490619661049522?view=permalink&id=1767231043388381