(လင်းညို့တာရာ)
(၁) ကြံရည်တစ်ခွက်ထဲသို ့ ခရေညွန် ့ ၆ ညွန် ့ထည့်ပါ။
အိမ်ဘုရားတွင် လှူ ပြီး အကြွေးရစေဖို့ ဆုတောင်းပါ။
လှူ တဲ့အခါ တနင်္လာနေ ့ ၉ နာရီ ၄၅ မိနစ်မှာ လှူ ရင်ပိုကောင်းပါတယ်။
(၂) သောကြာနေ့နံနက် (၇)နာရီမွ (၇:၃၀) အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ။ ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်။ အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားဘက်ကိုလှည့်ထားပါ။ ကွမ်းရွက်ရဲ့အောက်ဘက် ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ 'အမြန်ဆုံးငွေကြေးအဆင်ပြေ၍အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ'ဟုရေးထားပါ။ အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့််ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။ ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍ မိမိ၏မိသားစုမဟုတ်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါ။
(၃) မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိ်မ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမွာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။
(၄) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ "iမောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ" လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။
#လင်းညို့တာရာ
www.facebook.com/linnhyotaryar
အထက်ပါသုံးနည်းထဲမှာ အဆင်ပြေရာကို ပြုလုပ်ကြပါရန်လို့ ပြောချင်ပါသည်။ မဲလိမ် မဲကိစ္စများကို ဒီအစီအရင်များဖြင့် မလုပ်နိုင်ပါ။ အကယ်၍ အကြွေးတောင်းပေးသည့် ဂဝံအဒေါ်ကြီးအစီအရင်အရုပ်အားလည်း အသုံးပြုလိုပါကလည်း မှာယူနိုင်ပါသည်။ မွာယူလိုပါက Viber (+959970959464) ကို ဆက်သွယ်ပေးပါ။
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment