ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Sunday, August 19, 2018
*_____________________*
        အဆောင်လက်ဖွဲ့ဟူသည် လောကီပညာတွင် မကင်း ဝါသနာရှင်နှင့်လည်း မကင်း ပညာရှင်နှင့်လည်း မကင်း
        သို့ရာတွင် စီရင်နည်းကားရှိ၏ စမ်းသပ်နည်းမရှိ စမ်းသပ်နည်းကားမရှိသည်မဟုတ် ရွိ၏ သို့သော် လုံလောက်သော ကြိုးစားအားထုတ်မူ မရှိသော ဆေးအင်း/အဆောင် လက်ဖွဲ့ တို့သည် စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်
       * စိတ်ကူးယာဉ် ဆေးအင်း/လက်ဖွဲ့ တို့သည်လည်း စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်ချေ
        ထို့ကြောင့်ပင် အဆောင်လက်ဖွဲ့ ဟူသည် ယုံကြည်ချက်ကြောင့်သာ စွမ်းသည်ဟူ၍ လည်းကောင်း ၁၀၀ တွင် ၅ သာ စွမ်းသည်ဟူ၍ လည်း ကိုယ်မတတ်တိုင်း ပညာကို ရိုးစွပ်ကြလေ၏
        မီးခဲသည် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ လက်နှင့်ကိုင်တွယ်ပါက "ပူ"ရမည် ။ မပူလျှင် မီးခဲ မဟုတ်။ ပညာသည် စစ်လျှင် မှတ်ကျောက်တင် ခံနိုင်ရမည် မခံနိုင်လျှင်ပညာမဟုတ် ။
           သူသူငါငါ ပညာစစ် ကို ဇလုတ်တိုက်ရှာဖွေနေကြရာ နောက်ကောက်မကျစေရန် အလို့ငွာ လည်းကောင်း မိမိတို့ ပညာများမြင့်မားစေရန် အလို့ငှာလည်းကောင်း စမ်းသပ်နည်းများကို မ်ွေဝ လိုက်ရပေသည်
ပီယဆေးအင်းအဆောင်လက်ဖွဲ့ဟူသမျှ
****************************
          ပီယ အစွမ်းရှိမရှိ အလွယ်စမ်းလိုသော် ခဲမှာချည် ကိုက်တတ်ဟောင်တတ်သော ခွေးသို့ပစ် မဟောင်မကိုက် ရှိချေက အစွမ်းရှိသည်မှတ်
        ဆေးပီယကို အရက်မှာဖျော် ခွေးကိုတိုက် သောက်ချေက အစွမ်းရှိသည်ဟုမှတ်
(အရက်နှင့်တွေ့က ဆေးအာနိသင်ပျက်သောဆေးများသည် ပီယဗလ ဘောဂဗလ ဆေးမျိုးတွင် အကျုံးမဝင်ဟု သုစိတ္တဇော်ဂျီရှင်ရသေ့က သိဒ္ဓိစက္က ကျမ်းတွင်ဆို၏/အချို့သော မှော်ဆေးများသည် အရက်နှင့်တွေ့က အာနိသင်ပျက်ကြ၏)
      (*အထက် ဂိုဏ်းတော်ဝင်များ အရက်သောက်ခြင်းကြောင့် အာဏာကွယ်ပျောက်ခြင်းမှာ အရက်နှင့် ထိုးထားသော ဆေးမတည့်၍ မဟုတ်
ဆရာတဦး၏ မလုပ်အပ်သည်ကို လုပ္မိ၍ ရှိသော စေအာဏာကို မထိန်းနိင်သည်ဖြစ်၏
မိမိက ခွန်အားမရှိတော့၍ လေးလံကြီးမားသော လက်နက်အား မကိုင်နိိင်သည်နှင့် ပမာတူ၏*)
       အရုပ္ပီယကို သစ်ပင်တွင်တင်၍ ထား နေ့မကူး ပန်းရေချမ်း ဆည်းကပ်သူ ရွိပါက အစွမ်းရှိသည်ဟုမှတ်
        အင်းပီယကို ကြွက်မှာချည် ဆာလောင်သော ကြောင်ရှေ့ချ မကိုက်မစား ရှိရမည် ထိုမွသာ စွမ်းသည်
ကာယသိဒ္ဓိ တုတ်ပြီးဓါးပြီး အဆောင်ဆေးအင်း
********************************
          အင်းကာယကို နွားနို့ထဲသို့ထည့် ရေထပ်ထည့် ရေနှင့်နို့ မေရာပဲ ရှိရမည် မရှိလျှင် မလုံဟုတ်မှတ်
          ဆေးကာယကို ဆီနှင့်ဖျော် မြေတွင် ဝိုင်း အေဝးမွ တုတ် ခဲ နှင့် ပစ် အဝိုင်းအတွင်း မဝင်ရ ဝင်လျှင် မအောင်ဟုမှတ်
          လက်ဖွဲ့ ကာယကို သစ်ကိုင်းအသေးတွင်ချည် သစ်ကိုင်းအား ဓါးနှင့်ခုတ် အရာမထင် လျှင် စွမ်းသည်ဟုမှတ်
           ကာယ အဆောင်ရုပ်ထုကို ခဲနှင့်ချည် ရေတွင် မြှပ်ထား "ဥေဒတယံ" ဂါထာကို မနားမနေရွတ် ခဲနှင့်တကွ ပေါ်ရမည် 
တိုက်အင်း ဒဏ်ပြန်အင်းဆေး/ရုပ္ထုမ်ား
***************************
         အင်းတိုက်ဒဏ်ပြန်ကို ဆီထဲထည့် ဆီနှင့်တကွ အလေးချိန်ကို မွတ္သားထား
          တစ်ပတ်ကြာသော် ဆီနှင့်တကွ အလေးချိန်ကို ချိန်၍ ကြည့် ဆီအလေးချိန် လျော့ရမည်
          အဖြိုအဖျက် တိုက်ဆေးကို ပျံနိုင်သော ငှက်တွင် စတိသုတ် ပျံခိုင်း မပျံနိုင်ရှိမှ စွမ်းသည်ဟုမှတ်
          ဿမားပညာ တိုက်အင်းတို့ကို စမ်းလိုသော် လိုသူနေ့နံ နံတူအပင်နှင့် ၇ တောင် အကြာက မြေတူး၍ မြှတ် နံတူ အပင်ထံသို့ တေန့ တတောင်ရွေ့၏ တပတ်ခုနစ်ရက်ကြာလျှင် အပင်ရင်းသို့ သြား၍ တူး တွေ့ရမည် မတွေ့လျှင် မစွမ်းဟုမှတ်
         အဖြိုအဖျက် အရုပ္တို့ကို လူစည်ကားသော လှေဆိပ် သဘောၤဆိပ် များတွင် အသာထား နေ့မကူး ခြောက်ကပ်လာရ၏ မထူးသော် မစွမ်းဟုမှတ်
အစောင့် ဆေး/အင်း ရုပ္ထုမ်ား
**********************
             အစောင့်ရုပ် ဆေးအင်း ဟူသမ်ွ အားစမ်းလိုသော် ဆန္တို့ကို ဂုဏ်တော်မန်း ယင်းဆန်အိုးထဲသို့ အစောင့်ရုပ်ဆေးအင်း ဟူသမ်ွ အောက်၌ ထား ဆန်နှင့်ဖိထား "အစောင့်မျိုး အဖိမခံရာ" ဟု နုတ္က ဆို၍ အိုးကို လှုပ်၍ တစ်ပတ်ကြာ မဖွင့်ပဲ ထား 
             တပတ် ကြာ၍ ပြန်၍ ဖွင့်သော် ဆန်ပေါ်၌ အရုပ်/ဆေး/အင်း ရှိရမည် မရှိလျှင် မစွမ်းဟုမှတ်
         ဤသို့အားဖြင့် အများအပြားသော အဆောင်ဆေးအင်းတို့အား စမ်းသပ်သင့်၏ ။ မစမ်းသ်ပဲ သုံးစွဲက အစွမ်းမသိ မျက်ကန်းနှင့်တူ၏ ။ ထို့အတူ ဝါသနာရှင်/ပညာရှင် အပေါင်းတို့သည် လည်း သံသယ ကင်းစွာဖြင့် သုံးစွဲနိုင်သည်ဖြစ်တော့၏။
        မိမိတို့၏ ဆေးအင်းများ အစွမ်းမရှိက သီလ သမာဓိကို ချည်း အပြစ်မပုံသင့် ပညာတည်းဟူသော စီရင်ပုံ နည်းစနစ်ကို ထောက်စအပ်၏။ နည်းကား မသိ သီလ သမာဓိ ကောင်းစေဦးတော့ ခရီးပေါက်မည် မဟုတ်။ သီလ/သမာဓိ/ပညာ သုံးပါး အချိုးအစား ညီမွ သိဒ္ဓိ(အောင်မြင်ခြင်း)ဟူသော အကျိုးတရားသည် ဖြစ်ထွန်းတော့၏
                               နိုင်ထက်အောင်
မူရင်းလင့်ခ်။ ။https://m.facebook.com/groups/1490619661049522?view=permalink&id=1767231043388381
No comments: