ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Sunday, August 26, 2018

ငါ့အကြွေးပြန်လာပေး


မူရင်းလင့်။ ။https://m.facebook.com/groups/407217406354832?view=permalink&id=465328657210373





ဟို အကြွေး
ဒီအကြွေး
ဟို့လူ့ပေး
ဒီလူ ပေး ပေးချင်ပေး ချေးချင်းတိုင်း ချေးပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အကြွေးပေးပြီး စိတ်ညစ်နေရတ့ဲ သူတွေရှိနေတယ် ဆိုရင်တော့
ဒီယတြာကို လုပ်ကြည့်လိုက်စမ်းပါဗျာ...

အကြွေးလာပေးမယ့်သူရဲ့ နာမည်ကို ဗယ်ဖက်လက်ဖဝါးမှာရေး
ဘာနဲ့ ရေး ရေး
(မာကင် ဆော့ပင် ဘောပင်)
ပြီးရင်တော့ အုန်း ၆ညွန့် ဒန်း ၁၀ညွန့်ကို ပူးပြီး နှီးနဲ့ချည်၊
အ့ဲဒီပန်းတွေကို ညာဘက်လက်နဲ့ ကိုင်ပြီး
စောနက နာမည်ရေးထားတ့ဲ လက်ဖဝါးကို အသက်အောင့်ပြီး ငါ့ အကြွေး ပြန်လာပေး စေလို့ အာရုံပြု ဆုတောင်းပြီး ၇ချက် တိတိ ရိုက်လိုက်ပါဗျာ....
မရိုက်ခင်လည်း သူ့နာမည်ခေါ်ပြီး ငါ့အကြွေးတွေ ပြန်လာပေးလို့ ပြောပါဗျာ...
အကြွေးပြန်ပေးစရာ ပိုက်ဆံမရှိရင်တောင် ရှာကြံပေးချင်တ့ဲ စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
မှတ်ချက်.....
ဒန်းရှာရခက်ရင် ထန်း၊တည်၊ထနောင်း၊ထိန်၊ဓနိညွန့် ၇ညွန့်နဲ့ ရိုက်ပါလေ

ထူးအောင်လှိုင်
မဟာဝိဇယစေတီတော်
09451662991


မူလေရးသားသူကို crd ပေးပါတယ်

No comments: