ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Tuesday, July 21, 2020

စေပိုင်နည်း


ဆရာမင်းနိုင် လောကီပညာသိစရာစာအုပ်ထဲမှစေပိုင်နည်း
ဆရာ့ရဲ့ပညာဒါနကို ဖြန့်ဝေခြင်းပါခင်ဗျာ....
အကျယ်ကိုတော့ လောကီပညာသိစရာ ၄ အုပ္တြဲသာ ဝယ်ဖတ်ကြပါခင်ဗျာ.......
ဘုရားရှင်ကိုပူဇော်ပြီးဆုတောင်းပါခင်ဗျာ....

အင်မတန်လွယ်လွန်း စွမ်းလွန်း တဲ့နည်းလေးပါ။ အင်္ဂဝိဇ္ဇာတိုင်တွေမှာ မိမိမွေးနံတိုင်ထိပ်ရောက်ချိန် မိမိလိုရာကိုဖယောင်းတိုင်ပေါ်မှာ(စေ)ရပါတယ် စေတယ်ဆိုတာအာဏာပေးတာပါ မိမိအိမ္ဘုရားမွာ ဖယောင်းတိုင်လေးထွန်းလိုက်ပါ မောင်ဖြုအကြွေးဆပ်စေ မောင်ဖြုပြန်လာစေ မောင်ဖြူဘာဖြစ်စေပေါ့ လိုရာရေးလို့ရပါတယ် .......
  မီးထွန်းရမည့်အချိန်ကို မိတ်ဆွေတို့မသိမှာဆိုးလို့ အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါသည်။

တနင်္ဂနွေသားသမီးများအတွက်....
တနင်္ဂနွေ နေ့နံက် ၉နာရီမှ၁၀နာရီ၃၀မိနစ်အတွင်း
တနင်္လာ နေ့ညနေ ၃နာရီမွ ၄နာရီ၃၀မိနစ်အတွင်း
အင်္ဂါ နေ့နံက် ၁၀နာရီ၃၀မှ၁၂နာရီအတွင်း
ဗုဒ္ဓဟူး နေ့နံက် ၆နာရီမွ ၇နာရီ၃၀မိနစ်အတွင်း
ကြာသပတေး နေ့ နေ့လည်၁၂နာရီမှ၁နာရီ ၃၀မိနစ် အတွင်း
သောကြာနေ့ နံက်၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
စနေနေ့ နေ့လည် ၁နာရီ၃၀မိနစ်မှ၃နာရီအတွင်း


တနင်္လာ သားသမီးများအတွက်.....
တနင်္ဂနွေ နေ့ နေ့လည်၁နာရီ၃၀မိနစ်မှ ၃နာရီအတွင်း
တနင်္လာနေ့ နံနက် ၉နာရီမွ ၁၀နာရီ၃၀မိနစ်အတွင်း
အင်္ဂါနေ့ညနေ၃နာရီမှ၄နာရီ၃၀မိနစ်အတွင်း
ဗုဒ္ဓဟူးနေ့ နံက် ၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း
ကြာသပတေးနေ့နံနက် ၆နာရီမှ၇နာရီ၃၀မိနစ်အတွင်း
သောကြာနေ့နေ့လည် ၁၂နာရီမွ ၁နာရီ၃၀မိနစ်အတွင်း
စနေနေ့ နံနက် ၇နာရီ၃၀မိနစ် မွ ၉နာရီအတွင်း
 

အင်္ဂါသားသမီးများအတွက်.....
တနင်္ဂနွေ နေ့နံက်၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
တနင်္လာနေ့ နေ့လည် ၁နာရီ၃၀မိနစ်မှ၃နာရီအတွင်း
အင်္ဂါနေ့ နံနက်၉နာရီမှ ၁၀နာရီ၃၀မိနစ်အတွင်း
ဗုဒ္ဓဟူးနေ့ညနေ၃နာရီမှ၄နာရီ၃၀မိနစ်အတွင်း
ကြာသပတေးနေ့နံနက်မှာ ၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း
သောကြာနေ့နံနက်မှာ ၆နာရီမှ၇နာရီ၃၀မိနစ်အတွင်း
စနေနေ့ နေ့လည် ၁၂နာရီမှ၁နာရီ၃၀မိနစ်အတွင်း


ဗုဒ္ဓဟူးသားသမီးများအတွက်.....
တနင်္ဂနွေနေ့နေ့လည် ၁၂နာရီမှ၁နာရီ၃၀မိနစ်အတွင်း
တနင်္လာနေ့ နံနက် ၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
အဂါငေ်္န့ နေ့လည် ၁နာရီခွဲမှ၃နာရီအတွင်း
ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီမှ၁၀နာရီ၃၀မိနစ်အတွင်း
ကြာသပတေးနေ့ ညနေ၃နာရီမှ၄နာရီ၃၀မိနစ်အတွင်း
သောကြာနေ့ နံနက် ၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း
စနေနေ့ နံနက် ၆နာရီ၇နာရီ၃၀မိနစ်အတွင်း

ကြာသပတေးသားသမီးများအတွက်.....
 တနင်္ဂနွေနေ့ နံနက်၆နာရီမှ ၇နာရီ၃၀မိနစ်အတွင်း
တနင်္လာနေ့ နေ့လည် ၁၂နာရီမှ၁နာရီ၃၀မိနစ်အတွင်း
အင်္ဂါနေ့ နံနက်၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီ၃၀မိနစ်မှ၃နာရီအတွင်း
ကြာသပတေးနေ့ နံနက်၉နာရီမှ၁၀နာရီ၃၀မိနစ်အတွင်း
သောကြာနေ့ ညနေ၃နာရီမှ၄နာရီ၃၀မိနစ်အတွင်း
စနေနေ့.မနက်၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း

သောကြာသားသမီးများအတွက်.....
တနင်္ဂနွေနေ့ နံနက်၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း
တနင်္လာနေ့ နံနက် ၆နာရီ၇နာရီ၃၀မိနစ်အတွင်း
အင်္ဂါနေ့ နေ့လည်၁၂နာရီမှ ၁နာရီ၃၀မိနစ်အတွင်း
ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
ကြာသပတေးနေ့ နေ့လည် ၁နာရီ၃၀မိနစ်မှ ၃နာရီအတွင်း
သောကြာနေ့ နံနက်၉နာရီမှ၁၀နာရီ၃၀မိနစ်အတွင်း
စနေနေ့ ညေန၃နာရီမွ ၄နာရီ၃၀မိနစ်အတွင်း

စနေသားသမီးများအတွက်.....
 တနင်္ဂနွေနေ့ ညေန ၃နာရီမွ ၄နာရီ၃၀မိနစ်အတွင်း
တနင်္လာနေ့ နံနက် ၁၀နာရီ၃၀မိနစ်မှ၁၂နာရီအတွင်း
အင်္ဂါနေ့နံနက်မှာ ၆နာရီမွ ၇နာရီ၃၀မိနစ်အတွင်း
ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂နာရီမှ၁နာရီ၃၀မိနစ်အတွင်း
ကြာသပတေးနေ့ နံနက် ၇နာရီ၃၀မိနစ်မှ၉နာရီအတွင်း
သောကြာနေ့ နေ့လည်၁နာရီ၃၀မိနစ်မှ ၃နာရီအတွင်း
စနေနေ့ နံနက်၉နာရီမှ၁၀နာရီ၃၀မိနစ်အတွင်း

ဆရာမင်းနိူင်အားရိုသေစွာကန်တော့လျက်....
ရွှင်လန်းသောစိတ်ဖြင့်ပြည့်စုံပါစေ.......
#ဇေယျာထက်
#09402649739

မူရင်းလင့်။ ။https://www.facebook.com/100009297370669/posts/2730522900600929/
 မူလေရးသားသူကို crd ပေးပါတယ်

Sunday, July 19, 2020

ယက္ကန်းစင်တောင် ဆရာတော်ဘုရားကြီးရဲ့ တံတိုင်းခုနှစ်ထပ်ဂါထာတော်ကြီး






ရွတ်ဖတ်ခြင်းရဲ့အကျိုးကျေးဇူးကား
ပြော၍မကုန်ပါ။လူတစ်ယောက်နဲ ့တစ်ယောက်
အကျိုးပေးမတူပါ။
ဒီဂါထာတော်ကြီးကို ဖြန့်ဝေတဲ့ဘဘကြ
ထီအကြိမ် ၂၀၀ ကျော်တောင်ပေါက်တယ်လို့
မှတ်သားဘူး၏။
ကျွန်တော်ရဲ့ အကျိုးပေးကတော့ တကယ္သာ
ဒုက္ခရောက်နေပါစေ ဘုရားကျောင်းဆောင်ရှေ ့မွာ
သစ္စာဆို နေ ့မကူးဘူး။
အခက်အခဲး တန်းပြေလည်၏။
နီးစပ်ရာ အခက်အခဲး ပြောပါဆိုရင်
မိန်းမဆေးရုံတက်ဖို့ ပိုက္ဆံ တကယ်မရှိစဉ်အခါပေါ့။
မှန်သောစကားပါ။

အသေးအဖွဲးကိစ္စတွေကတော့ ပြော၍မကုန်ပါ။
သစ္စာဆိုတဲ့အခါ အောက်ပါအချက်တွေတော့ မှန်ရမယ်။
၁။ တကယ်ဒုက္ခရောက်နေရမယ်
၂။အကျင့်မှန်ရမယ်
၃။သီလရှိရမယ်
၄။မိမိဘာတွေ ရွတ်ဖတ်ပွားများနေတယ်

အဲ့လိုအချက်တွေပါအောင် ထဲ့ဆိုရပါမယ်။
ယက္ကန်းစင်တောင် ဆရာတော်ဘုရားကြီးကို
တိုင်တည်ပြီး သစ္စာဆိုပါ။
အကျိုးထူးပါလိမ့်မယ်။
မိမိ အရေးကြီးငယ် ကိစ္စရှိရင်

ဆရာတော် ဘုရားကြီးကို
ဗမာဆေးနဲ့ လူစားသလိုယာထားတဲ့ ကွမ်းတစ်ယာ
ရေတစ်ခွက် ကပ်လှူပါ။တိုင်တည်ပါ။

တအားကို အရေးကြီးရင်
ဗမာဆေးနဲ ့ဘဲ ကွမ်းဆယ်ယာ
ရေတစ်ခွက်ကပ်လှူပြီး ဆုတောင်းပါ။

ငွေကြေးတတ်နိုင်ရင် ကန်တော့ပွဲး တစ္ပြဲး
ပန်းအိုးတစ်အိုး
နံ့သာတိုင်
ဆီမီး အစရှိသဖြင့် ကပ်လှူပြီး တောင်းဆိုပါ။
တံတိုင်းခုနှစ်ထပ်ဂါထာကို အဓိဌာန်နဲ့ စိပ်။
တစ်ပတ် သုံးပတ် ကိုးပတ် အစရှိသဖြင့်ပါ။

မနက် ၉ နာရီ
ည ၉နာရီ ၉ ခေါက်စီ ရွတ်ကလဲး ဆရာတော်ဘုရားကြီး
ဓါတ်မိ၏လို ့ ဘဘပြုံးပြောလေ့ရှိပါတယ်။

နေ ့စဉ် ရွတ်ဖတ်ခြင်ရင်လဲး ရပါတယ်။
ကျွန်တော်ကတော့ အမြဲထုံလျက်ပါ။

ဆရာတော်ဘုရားကြီးရဲ့ ဂါထာကို
ပုတီးတစ်ပတ်စိပ်ရုံမျြှဖင့် ဆရာတော်ဘုရားကြီးရဲ ့
ပဌာန်းဆက်ပါဘဲ။
စိပ်နေကြသူများကို အားပေးလျက်ပါ။
ပုတီးစိပ်နည်းဖြန့်ဝေတာဟာ သာသာနာပြုခြင်းတစ်မျိုး
ပါဘဲဆိုတဲ့ မိန့်ကြားချက်ကို လက်ကိုင်ထားလျက်
ဓမ္မဒါနဖြန့်ဝေခြင်းပါ။

ကမ်ဘာသူ ကမ်ဘာသားအပေါင်း စိတ်ချမ်းသာ
ကိုယ်ကျန်းမာပါစေ....

ကိုကိုဇင် မေကြး







မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=2612553669011304&id=100007700884123
 မူလေရးသားသူကို crd ပေးပါတယ်


Saturday, July 18, 2020

အကြွေးပြန်မပေးပဲ ယုတ်မာသူများအတွက်



မိမိမှရစရာရှိသော ငွေကြေးကိုတစ်ဖက်မှပေးနှိုင်ပါလျှက်မပေးပဲ လူပေါ်လူဇော်လုပ်ခံရခြင်း ပေးနှိုင်ပါလျှက်နဲ့ အကြောင်းအမျိုးမျိုးပြလျှက်တမင်တကာညစ်ပတ်ပြီးမပေးခြင်း မတရားသဖြင့်ကိုယ့်အပေါ်အနိုင်ကျင့်ခြင်းကိုခံစားနေရခြင်း ပြီးနောက် အရောင်းအဝယ်မှ ရသင့်သလောက်မရပဲ ထိုက်သင့်သောစံနှုန်းအရမရပဲ သို့ ပိတ်ဆို့ခက်ခဲကြန့်ကြာနေသူများအတွက် ဆောင်ရွက်ရမည့်အစီအရင်။ မခက်ခဲသော ထိရောက်မှုအတိုင်းအတာ အဆင့်အလိုက် အကျိုးပေးမြန်ဆန်ပြင်းထန်လွန်းတတ်သော အစီအရင်။
***သတိ*** ဤအစီအရင်အား စေတနာ သဒ္ဓါတရားမှန် ဗုဒ္ဓတရားတော်မဆန့်ကျင်သော သူတော်ကောင်းတို့မကဲ့ရဲ့သော အမှုကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်ပါက မလွဲမသွေကောင်းကျိုးအလိုရှိရာ မြန်ဆန်ပြီးပြည့်စုံစွာ အကျိုးပေးပြီးတည်တ့ံပါစေ။ အကယ်ဤ ဤအစီအရင်ပါ/ပညာခန်း သဘောအားလုံး(သို့)တစ်စိတ်တစ်ဒေသကိုကူးယူ၍ ဗုဒ္ဓတရားတော်အလိုကျ နှင့်ဆန့်ကျင်သွေဖီလျှက် အတိုက်မှစသော မကောင်းကျိုးအရာ ကိုယ်လိုရာကိုယ်အသုံးပြုလျှင်၎င်း သူတော်ကောင်းတို့ကဲ့ရဲ့သော မဟုတ် မမှန် ယုတ်ညံ့သော တစ်ပါးသူပျက်စီးရာပျက်စီးကြောင်းဖြစ်စေသော အမှုကိစ္စအဝဝတွင်သုံးသူများ ကျေးဇူူမဖော်ကိုယ့်ပညာဟုခိုးယူလုပ်သူများ ဤပညာ၏တန်ပြန်ဒဏ်ခံစားကြရပါစေ ကိုယ့်စေတနာဆိုး အလျှောက် ကိိ််ုယ့်ဒဏ်ကိုယ်အတိခံ။
အစီအရင်ပါပြုဖွယ်အကြောင်းအရာများ မရှင်းလျှင်မေးလို့ရပါသည်။ 13.7.2020 (10:06Am)


နွားနို့ကအစိမ်းပါ


မူရင်းလင့်။ ။ https://www.facebook.com/groups/242219379674070/permalink/713876599175010/
 မူလေရးသားသူကို crd ပေးပါတယ်

ရောင်းပန်းဝယ်ပန်းပွင့်လန်းစေရန်


************************
(ဟိတ်ပညာပွဲတွေ့နည်း)

              ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများ ဈေးဆိုင်များ အရောင်းအဝယ်ပြုလုပ်သူများအတွက်ရည်ရွယ်ပါသည်။
             ဤတခါယျတာ အစီအမံအား မြန်မာ့ရိုးရာ မြေပညာ ဟိတ်ပညာဖြင့် စီမံထားပြီး ကျနော်၏ ဟောခန်းလာ မိတ်ဆွေများလည်း စမ်းသပ်သုံးစွဲအောင်မြင်ကြသော အစီအမံဖြစ်သည်။လက်တွေ့စမ်းသပ်နိုင်သည်။
             သို့ရာတွင် အစီအမံပြုလုပ်မည့်သူသည် မိမိ၏ လုပ်ငန်းအနေအထားအလိုက် အကျိုးပေးပုံ တူကြမည် မဟုတ်ချေ မိမိရောင်းကုန်၏ အခြေအနေ အလိုက် အကျိုးပေးမူ အနည်းအများကွာခြားပေမည်။မတန်တဆ ဈေးဖြင့်ရောင်းခြင်း လူကြိုက်နည်းသော ကုန်များဖြန့်ဖြူးခြင်း စသည်ဖြင့် နဂိုလ် အခံ မကောင်းသော အရောင်းအဝယ်များအတွက်အကျိုးပေးနည်းချေမည်။
         စီမံရမည်မှာ အထက်၌ ဖော်ပြခဲ့သည်အတိုင်း မြေပညာ ဟိတ်ပညာဖြစ်သဖြင့် အောက်ပါ နေရာဌာန တို့၏ မြေကို ယူရမည်။
         (၁)လမ်းလေးခွမှမြေ
         (၂)ကားဂိတ်(သို့မဟုတ်)
             သငေ်္ဘာဆိပ်မှမြေ
         ယင်းမြေတို့ကို ယူရာ၌ လက်သုံးချောင်းနှင့်ကော်၍ ယူရမည်။မြေနှစ်မျိုးလုံးရလျှင် စက္ကူထဲတွင် ထည့်၍ အောက်ပါဂါထာနှင့် (၇)အုပ်မန်းပါလေ
         " ဥုံ ဧဟိ မိတ္တံ ဟိတံပုညံ
           ယထာ ရာဇီကတံ ဖလံ
           ဧဟိ နန္ဒာ ပိယံပုတ္တာ
           ပီယာ သီရိ ပီယာဝံသေ
           သုဝဏ္ဏ သွာဟဲ့ယျ "
        မန္တာန်နှင့် မန်းပြီးပါက မိမိ ဆိုင်ဖြစ်စေ ရုံးရှေ့၌ ဖြစ်စေ ပက်ကြဲထားပါလေ
         ခဏခြင်း လက်တွေ့ အကျိုးပေးပါလိမ့်မည်

                                    နိုင်ထက်အောင်


မူရင်းလင့်။ ။ https://m.facebook.com/groups/346157812478758?view=permalink&id=917529978674869
 မူလေရးသားသူကို crd ပေးပါတယ်

Friday, July 17, 2020

လူပါးဝပီးအကြွေးပြန်မဆပ်ချင်သူများအတွက်



သင့်မွေးနေ့နံက် ၉း၀၀ မှ ၁၀း၃၀နာရီအ တွင်းပြု လုပ်ရပါမည်။လိုအပ်တာတွေက ကြွေပန်းကန်တစ်ချပ် ၊ ဖယောင်းတိုင်၁တိုင်၊နှမ်းဆီ /သံလွင်ဆီ ၊အိမ်ရိုက်သံတစ်ချောင်း ။ငရုတ်သီးမှုန့်အနည်းငယ် လိုအပ်ပါတယ် ။

ပထမဦးစွာ ဖယောင်းတိုင်ကို သံချောင်းဖြင့် ဖယောင်းတိုင်၏ အပေါ်မှအောက်သို့ အကြွေးပေးရမယ့်သူ၏နာမည်ရေးပါ ရေး ပြီးပါက သံလွင်ဆီသုတ်ပါ ပြီးလျှင်ငရုတ်သီးမှုန့် သုတ်ပြီး ကြွေ ပန်းကန်မှာထွန်းပါ ဘုရားစင်မှလွဲ၍ အဆင်ပြေသည့် နေရာ တွင် ထားနိုင်ပါသည်။
သင်ယူလေ့လာဖူးတာလေးမျှ ဝေတာပါ လိုအပ်တာရှိပါက ကျ နော့အားနည်းချက်ဖြစ်ပါသည်။နားမလည်ပါက 09-776575701 သို့ခေါ်၍ မေးမြန်းနိုင်ပါသည်။
မပေးနိုင်တဲ့သူကို ဤနည်းဖြင့် ဇွတ်အတင်းလုပ်မယူပါနဲ့ ။ ပေးနိုင်ရဲ့သားနဲ့ ပေကပ်ကပ်လုပ်နေသူများ လူပါးဝသူတွေကို သာဤနည်းဖြင့်ပြု လုပ်ပါ။ခရက်ဒစ်




မူရင်းလင့်။ ။
 မူလရေးသားသူကို crd ပေးပါတယ်

Wednesday, July 15, 2020

အလုံးစုံသောအခက်အခဲများအတွက်



တစ်ခါ တစ်ခါ ကိုယ့်မှာ အားကိုးစရာ အကူအညီတောင်းစရာ မွီခိုစရာ မရှိတာမျိုး၊ ဘေးဒုက္ခပေါင်းစုံ အခက်အခဲများနဲ့ ကြုံတွေ့နေရတာမျိုး၊ ဒုက္ခပင်လယ်ဝေနေတာမျိုး.....စသည် စသည်ဖြင့် ကြုံဘူးကြရပါလိမ့်မယ်...... ခုမကြုံလည်း နောင်တစ်ချိန်တော့ကြုံနိုင်ပါတယ်....
    ဒီတော့ မိမိတို့အနေနဲ့ အားကိုးစရာ မှီခိုစရာဆိုလို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲ ရှိတယ်မဟုတ်ပါလား.....
  မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုးပါးလုံးမဟုတ်တောင် ဂုဏ်တော်တစ်ပါးထဲကို ပွားများတာနဲ့တင် ဘေးဒုက္ခပေါင်းစုံကလွတ်ကင်းကြတဲ့ သာဓကတွေများစွာရှိပါတယ်....

    ဒီကနေ့ ကျွန်တော် မျှဝေလိုတဲ့ပုတီးစိပ်နည်းကတော့ အထက်မှာပြောခဲ့သလိုပဲ တစ်ခါ တစ်ခါ ကိုယ့်မှာ အားကိုးစရာ အကူအညီတောင်းစရာ မွီခိုစရာ မရှိတာမျိုး၊ ဘေးဒုက္ခပေါင်းစုံ အခက်အခဲများနဲ့ ကြုံတွေ့နေရတာမျိုး၊ ဒုက္ခပင်လယ်ဝေနေတာမျိုး အဲလိုမျိုးတွေကြုံတွေ့ရတဲ့အခါမှာ...
  ``န​မော ဗုဒ္ဓဿ သုဂတောသိဒ္ဓိ
     ကို (၁၀၈)လုံးပုတီးနဲ့ အနည်းဆုံး(၉)ပတ် (၉)ရက်ပဲစိပ်ကြည့်ပါ......
    မယုံကြည်နိုင်လောက်အောင် အကျိုးကျေးဇူးများရရှိတာကြောင့် မျှဝေတာဖြစ်ပါတယ်.....ကိုယ်တိုင်လုပ်ကြည့်မှကိုယ်တိုင်ရမှာပါ.....ဒီတိုင်း ထိုင်နေရုံ ဆုတောင်းနေရုံနဲ့တော့ ဘာမှဖြစ်မလာပါ.....
   သဒိယံ ပါကံ ဇေနတိ ဆိုတဲ့အတိုင်း တူသောအကျိုး ပေးပါလိမ့်မယ်....
   ကိုယ္က မြတ်စွာဘုရားရဲ့အနှိုင်းမဲ့ဂုဏ်တော် ကျေးဇူးတော်တွေကို ယုံကြည်မယ်ဆိုရင် အကျိုးအနန္တ ရမွာ မလြဲမေသြ ဧကန်မုချဖြစ်ပါတယ်....
  အားလုံးသိကြတဲ့အတိုင်း ``နေမာ ဗုဒ္ဓဿဆိုတဲ့ ဘုရားရှိခိုးရဲ့ သမိုင်းကြောင်းဟာ အလွန်ထင်ရှားတာကြောင့်အသေးစိတ်မရေးတော့ပါဘူးဗျာ..... ဣစၦာသယ လိုတရ ဂါထာလို့လည်း ဆရာ့ဆရာကြီးများ မိန့်ခဲ့ဘူးကြပါတယ်....
 ``သုဂတောသိဒ္ဓိရဲ့အစွမ်းသတ္တိတော့ ခိုကိုးရာမဲ့ဖြစ်တဲ့အချိန်၊အားထားရာမဲ့ဖြစ်နေတဲ့အချိန် စတဲ့အချိန်မျိုးတွေမှာ ကိုယ့်ကို ကူညီစောင့်ရှောက် ကယ်မမဲ့သူတွေ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်....
   အလွန်အစွမ်းထက်လှတဲ့ ``ဘုရားရွိခိုး + ဂုဏ်တော် + သိဒ္ဓိ အတြဲ ပုတီးစိပ်နည်းအား ကိုယ်တိုင်လက်တွေ့စိပ်ရင်း အကျိုးထူးများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်.....
         သဒိယံ ပါကံ ဇေနတိ
                ဂန္ဓာရီခရီးသည်


မူရင်းလင့်။ ။
 မူလေရးသားသူကို crd ပေးပါတယ်

ပိုက်ဆံအကြွေး ရစရာရှိတဲ့သူတွေ တောင်းစရာမလိုပဲ ပြန်လာပေးစေတဲ့ နည်း


 
ပိုက္ဆံ အကြွေး ရစရာရှိတဲ့သူတွေ တောင်းစရာမလိုပဲ ပြန်လာပေးစေတဲ့နည်း
ပိုက္ဆံ အကြွေး အမြန်ပြန်လာ ဆပ်ရန် ယတြာ အစီအရင်လေးပါ ။
မိမိပိုက်ဆံမိမိပြန်မရ၍စိတ်ညစ်နေသူများ ပိုက်ဆံချေးပြီးပြန်လာမဆပ် နေ့ရွှေ့ ညရွှေ့လုပ်နေ သူမ်ား
အကြွေးလည်းမဆပ် မိမိကိုရှောင်တိမ်းနေသူများအမြန်ဆုံးအကြွေးလာပေးရန် ဤယတြာကိုလုပ်ဆောင်သင့်ပါတယ် ။
ပြုလုပ်ပုံကတော့.


 စာရွက် တစ်ရွက်တွင် ပိုက္ဆံ အကြွေး လာမဆပ် သူမ်ား နာမည် မ်ားကို ရေးလိုက်ပါ ။
 ထိုစာရွက်ပေါ်တွင် ကြွေပန်းကန်ပြား တစ်ချပ်တင် လိုက်ပါ ။
 ကြွေပန်းကန်ပြား တွင် နို့ဆီဘူး အသစ် တလုံး ထောင်လျက် အနေအထားဖြင့်တင်ပါ ။
 နို့ဆီဘူးပတ်လည်တွင် လက်ဖက်အစို အနည်းငယ် စီဝိုက်၍ ထည့်ထားပေးပါ ။
 ပြီးလျှင် နို့ဆီဘူး ပေါ်ဖယောင်းတိုင် တတိုင်စီ စိုက်၍ (၃) ရက် တိတိ ဘုရားစင်တွင် ထွန်းညှိ၍ လိုရာ ဆုတောင်း ပါ ။
 သပြေညွန့်(၁၁)ညွန့် (သို့) ဒန့်ဒလွန်ညွန့်(၁၁)ညွန့် ဖြစ်စေ ဘုရားစင်တွင် ကပ် လှူပူဇော်ရမည် ။
မိမိချေးလိုက်သောပိုက်ဆံအကြွေးများအမြန်ဆုံးပြန်ရစေလိုသောဆန္ဒကြောင့် ဤယတြာအစီရင်ကို (၇)ရက္သားသမီးမ်ား အားလုံး အဆင်ပြေကြစေရန် အတွက်ရေးသား တင်ပြပေးလိုက်ရပါတယ်နော် ။ ။



မူရင်းလင့်။ ။ မူလေရးသားသူကို crd ပေးပါတယ်

အကြွေးတောင်းရစေသော အစီအရင်များ




(၁) ကားစပယ်ယာအမ်းဖြင့် စီရင်သောနည်း

သတင်းစာစက္ကူပေါ်တွင် ကြွေးရရန် ရှိသော သူ၏ အမည်ကို ရေးပါ။ ထို့နောက် ကားစပယ်ယာ ပြန်အမ်းသော ငွေဖြင့် ညအိပ်ယာ ၀င်ခါနီးတိုင်း ရိုက်ပါ။ ပါးစပ်မှ ငွေအမြန် လာပေးစေဟု ပြောဆို၍ ရိုက်ပါ။

(၂) ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ


ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။ ဒီလောက်ပါပဲ။

(၃) ချေးထားသာငွေများ အမြန်ပြန်ရစေသောယတြာ

မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိ်မ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမွာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်း လပိုင်းအတွင်း အဆင်ပြေပါလိမ့်.။ 

(၄) ကြွေးတောင်းသခွား

ပထမဆုံးအနေနဲ့ နေ့လည်(၂)နာရီအချိန်မှာ သခွားသီးတစ်လုံးပေါ်မှာ လူပုံထွင်းပါ..။
ပြီးနောက်မှာတော့ လူပုံရဲ့အောက်မှာ ကိုယ့်ဆီက ပိုက်ဆံချေးသွားသူရဲ့ နာမည်ကို ရေးပေးရမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုရေးပေးပြီးသွားရင်တော့ လမ်းလေးခွဆုံကိုသွားပါ။ ပြီးနောက်မှာ သခြားသီးကို လက်နဲ့ချိုးဖဲ့လိုက်ပါ။
ပြီးနောက်မှာ ငွေချေးထားသူရဲ့အမည်ကိုခေါ်ကာ -
"(----) ငါ့ဆီကေခ်းသြားတဲ့ အကြွေး (....) ကို ပြန်လာပေးရမယ် ....
အမြန်ဆုံးပြန်လာပေးရမယ် ... အမြန်ဆုံးပြန်လာပေးရမယ် ... အမြန်ဆုံးပြန်လာပေးရမယ် .."
အဲ့ဒီလိုအာဏာသံပါပါနဲ့ ပြောဆိုပြီးနောက်ပိုင်းမှာ ချိုးဖဲ့ထားတဲ့ သခြားသီးကို လွင့်ပစ်လိုက်ပါ။ သင့်ရဲ့ သူ့ဆီကရစရာရှိတာတွေ မကြာမီမှာ အံ့အားသင့်စရာကောင်းလောက် ရလာပါလိမ့်မှာဖြစ်ပါတယ်။



မူရင်းလင့်။ ။

 မူလေရးသားသူကို crd ပေးပါတယ်

ငွေဝင် - ငွေမြဲ မီးတိုင်ထွန်းခြင်း


နာမည်က ဦးထွန်းစံတဲ့။ ကျုပ်တို့ငယ်ငယ် ဘုန်းကြီးကျောင်းသား ဘဝတုန်းကပေါ့။ ဦးထွန်းစံက ကပ္ပိယကြီးပေါ့ကွာ။ ရွာထဲက လူတွေဆိုရင် ဦးထွန်းစံဆီကို မကြာခဏလာပြီး ယတြာတောင်းကြတယ်။

ဝင်ငွေကောင်းဖို့ လာဘ်ရွှင်စေဖို့ မြှုပ်နေတဲ့ ငွေကြေး အရင်းအနှီးတွေ ပြန်ပေါ်စေဖို့ဆိုရင် ဦးထွန်းစံက ဖယောင်းတိုင်တစ်တိုင်မှာ အထက်မီးစာနားကနေ အောက်ဘက်ကို သံချွန်နဲ့ သ-စ-တ-က ဆိုပြီး အက္ခရာလေးလုံးကို အစဉ်အတိုင်းရေးတယ်။ ပြီးတော့ မနက်တိုင်း ဘုရားမီးထွန်းလှူ ဆုတောင်းခိုင်းတယ်။

ငွေမြဲစေဖို့ ငွေယိုပေါက်တွေ ပိတ်စေဖို့၊ မကုန်သင့်ဘဲ ငွေကြေးမကုန်ကျစေဖို့၊ ငွေစုဆောင်းမိစေဖို့ အတွက်က​တော့ဖယောင်းတိုင်မှာပဲ အောက်ကနေ အထက်ဆီသို့ ယ-အ-ပ-က ဆိုတဲ့ အက္ခရာလေးလုံးကို အစဉ်အတိုင်း ရေးပေးပြီး ညပိုင်းမှာ ဘုရားလှူ ဆုတောင်းခိုင်းတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး တနင်္လာရဲ့ အထက် ဂြိုဟ်အဝင် စမလေးလုံးနဲ့ အောက်ဂြိုဟ်အဝင်စမ လေးလုံးကို အသုံးပြုတာပေါ့ကွာ

ကျွန်တော်သည် စာရွက်တွင် ဖယောင်းတိုင်ပုံဆွဲ၍ ငွေဝင်စေသော စမနှင့် ငွေမြဲစေသော စမမ်ားကို ဧည့်သည်ယောဂီကြီး ပြောပြသည့် အတိုင်း ရေးထည့်ကြည့်လိုက်သည်။

ငွေဝင်စေသော လာဘ်ရွှင်စေသော စမ ဖယောင်းတိုင်ပုံ(နံနက်ပိုင်း မီးထွန်းပြီး ဘုရားလှူရန်)

ငွေမြဲစေသော ငွေကြေးစုဆောင်းမိစေသော စမ ဖယောင်းတိုင်ပုံ(ညပိုင်း၌ ဘုရားလှူရန်)

ကပ္ပိယကြီးဦးထွန်းက ကျမ်းရိုးကြီးအတိုင်း မလိုက်ဘဲ သူ့နည်းသူ့ဟန်နဲ့ ယတြာတွေ ပေးနေတယ်ဆိုပေမယ့် ဩစရိယဝါဒေတာ့ မပျက်စေခဲ့ဘူး။ အင်္ဂဝိဇ္ဇာပညာမှာပါတဲ့ မင်း-ကု-သ ကို ဆောင်နဲ့စေတိယကိုဆောင်ဆိုတဲ့နည်းကိုအသုံးပြုပြီး ငွေကြေးယတြာကို စီရင်ပေးတာပဲ ဟု ပြောလေ




မူရင်းလင့်။ ။

 မူလေရးသားသူကို crd ပေးပါတယ်


Monday, July 13, 2020

ရောင်းပန်းဝယ်ပန်းပွင့်လန်းစေရန်



************************
(ဟိတ်ပညာပွဲတွေ့နည်း)

              ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများ ဈေးဆိုင်များ အရောင်းအဝယ်ပြုလုပ်သူများအတွက်ရည်ရွယ်ပါသည်။
             ဤတခါယျတာ အစီအမံအား မြန်မာ့ရိုးရာ မြေပညာ ဟိတ်ပညာဖြင့် စီမံထားပြီး ကျနော်၏ ဟောခန်းလာ မိတ်ဆွေများလည်း စမ်းသပ်သုံးစွဲအောင်မြင်ကြသော အစီအမံဖြစ်သည်။လက်တွေ့စမ်းသပ်နိုင်သည်။
             သို့ရာတွင် အစီအမံပြုလုပ်မည့်သူသည် မိမိ၏ လုပ်ငန်းအနေအထားအလိုက် အကျိုးပေးပုံ တူကြမည် မဟုတ်ချေ မိမိရောင်းကုန်၏ အခြေအနေ အလိုက် အကျိုးပေးမူ အနည်းအများကွာခြားပေမည်။မတန်တဆ ဈေးဖြင့်ရောင်းခြင်း လူကြိုက်နည်းသော ကုန်များဖြန့်ဖြူးခြင်း စသည်ဖြင့် နဂိုလ် အခံ မကောင်းသော အရောင်းအဝယ်များအတွက်အကျိုးပေးနည်းချေမည်။
         စီမံရမည်မှာ အထက်၌ ဖော်ပြခဲ့သည်အတိုင်
း မြေပညာ ဟိတ်ပညာဖြစ်သဖြင့် အောက်ပါ နေရာဌာန တို့၏
 မြေကို ယူရမည်။
         (၁)လမ်းလေးခွမှမြေ
         (၂)ကားဂိတ်(သို့မဟုတ်)
             သငေ်္ဘာဆိပ်မှမြေ
         ယင်းမြေတို့ကို ယူရာ၌ လက်သုံးချောင်းနှင့်ကော်၍
ယူရမည်။မြေနှစ်မျိုးလုံးရလျှင် စက္ကူထဲတွင်
ထည့်၍ အောက်ပါဂါထာနှင့် (၇)အုပ်မန်းပါလေ
         " ဥုံ ဧဟိ မိတ္တံ ဟိတံပုညံ
           ယထာ ရာဇီကတံ ဖလံ
           ဧဟိ နန္ဒာ ပိယံပုတ္တာ
           ပီယာ သီရိ ပီယာဝံသေ
           သုဝဏ္ဏ သွာဟဲ့ယျ "
        မန္တာန်နှင့် မန်းပြီးပါက မိမိ ဆိုင်ဖြစ်စေ
ရုံးရှေ့၌ ဖြစ်စေ ပက်ကြဲထားပါလေ
         ခဏခြင်း လက်တွေ့ အကျိုးပေးပါလိမ့်မည်

                                    နိုင်ထက်အောင်



မူရင်းလင့်။ ။https://m.facebook.com/groups/413204832684583?view=permalink&id=527373514601047

 မူလေရးသားသူကို crd ပေးပါတယ်

Sunday, July 12, 2020

"မဟာဗောဓိမြိုင်ဆရာတော်ကြီး ပေးသနားတော် မူသော စေလိုရာစေ " --

 စေလိုရာစေ သို့မဟုတ် နောကိုးတန်ဣရှစ်ချက်ဂါထာ
     ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
  
ဥုံ နောရဇ္ဇတိ ရဇ္ဇမာနော
နေနာ နေ နေနာ ဥတ္တမေ္မာ
နေနာ နေ နေနာ ဘုမ္မိရာဇာနော
ဣတိပိသော ဘဂဝါ ဝုတ္တာ
ဣတိ မန္တာ သုခါဝဟာ
ဣတိ ဗုဒေ္ဓဟိ သရဏံ
သဗေ္ဗဒေဝေါ ပိယံ မမ
ဣတိ ဓမေ္မဟိ သရဏံ
စတုမဟာရာဇာ ပိယံ မမ
ဣတိ သံဃေဟိ သရဏံ
ဣတၳိပုရိသာ ပိယံမမ
သဗေ္ဗ အန္တရာ ဝိနာသန္တု ။



            မြန်မာပြန်ဖြစ်ပါသည်
           *********************

ဥုံ အောင်မြင်မှုအပေါင်းခညောင်းပါစေသတည်း

ရဇ္ဇမာနော-သတ္တဝါအရပ်ရပ်ကိုတွင်တွင်သတ်တတ်
 တဏှာမာရ်နတ်သည်ပူကပ်သော်လည်း
နောရဇ္ဇတိ-ငါဘုရားအား
 န-ကိလေသာမာန်သည်အနည်းငယ်မျှမရှိ၊

နော-ဘုရားရှင်အား
န-တပ်မက်တဏှာကိလေသာမာန်ကြွင်း
ကျန်တစိမရှိခြင်းကြောင့်
ဥတ္တမော-လောကသုံးရပ်ဘုံသုံးထပ်ထက်မြတ်တော်မူပေ၏၊
မာနော-တက်ကြွမောက်မာကိလေသာမာန်တရားသည်
နော-ငါဘုရား၌န-ရှိတော်မမူ၊

ဘုမ္မိရာဇာနော-ကိလေသာအာသဝေါတည်းဟူသော
မြေကိုအစိုးရသောမင်းရာဇာသည်
နေနာ-ကိုင်းရှိူင်းညွတ်လာရိုသောစွာဖြင့်
န-ရှိခိုးခြင်းသည် မဟုတ်လော။

တသ္မာ-ထိုကြောင့် သတ္တမော-လူသုံးပါးထက်မြတ်တော်မူပေ၏။
ဣတိသော-ဤသို့သောကိလေသာရမ္မက်မြူမျှမထွက်သော
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်
ဣတိပိ-ဤသို့မဖောက်မပြန်ဟုတ်တိုင်းမှန်သော တရားတို့ကိုသာ
ဝုတ္တာ-ဟောကြားတော်မူကြပါပေကုန်၏

ဣတိ-ဤသို့အမှန်ကိုသာဟောကြား ကြပါကုန်သောဘုရားရှင်အပေါင်း၏
မန္တာ-ဓမ္မစက်ခံအာဏာစက်မန္တန်အပေါင်းသည်
သုခါဝဟာ-ချမ်းသာကိုသာပေးတတ် ဆောင်တတ်ပါချေ၏

ဣတိ-ဤသို့ချမ်းသာအပေါင်းကိုဆောင်ပေးတော်မူကြပါသော
ဗုဒေ္ဓဟိ-ဘုရားရှင်အပေါင်းတို့ကို
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
သဗေ္ဗဒေဝါ-နတ်အားလုံးတို့သည်
ပိယံ-ချစ်မြတ်နိုးသဖြင့်စိုးမိုးစောင့်ရှောက်ကြပါ စေသတည်း

ဣတိ-ဤသို့ချမ်းသာအပေါင်းဆောင်ပေးသော မူကြပါသော
ဓမေ္မဟိ-ဘုရားဟောမြွတ်ဓမ္မစက်အပေါင်းတို့ အား
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
စတုမဟာရာဇာ-နတ်မင်းကြီးလေးပါးတို့သည်
ပိယံ-ချစ်မြတ်နိုးတန်ခိုးလက်နက်အာဏာစက်
   ဖြင့်ဖြည့်စွက်ကူညီကြပါစေသတည်း

ဣတိ-ဤသို့ချမ်းသာအပေါင်းကို ဆောင်ပေးတော်မူကြပါသော
သံဃေဟိ-ကိုယ်စိတ်နှစ်ပါးဖောက်ပြားခြင်း
 အလျဉ်းမရှိသောအရိယာသံဃာတော်တို့အား
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
ဣတၳိပုရိသာ-မိန်းမအားလုံးယောကျၤားအားလုံးတို့သည်
ပိယံ-ချစ်မြတ်နိုး၍ငါ့အကျိုးကိုဆောင်ငါ့အား
အောင်မြင်ရန်ကူညီကြပါစေသတည်း

သဗေ္ဗ-အားလုံးကုန်သော
အနန္တရာယာ-အနီးကပ်ဘေး အဝေးမှရန်မှန်သမျတို့သည် သမျှတို့သည်
ဝိနာဿန္တု-ငါ့ထံမရောက်လွှင့်ပြောက်ကြပါစေ ကုန်သတည်း

ဆောင်ရွက်ရန်ညွှန်ကြားချက်
-----------------------------------------

မိမိနေရာ(အိမ်)မှထွက်ခါနီး

တရားကိစ္စ_ရင်ဆိုင်ရန်သွားရောက်မည့်အခါ
                 အိမ်အတွင်း၏ စနေထောင့်မှ
                 လေးခေါက်တိတိ ဘုရားကို
                  အာရုံပြုရွတ်ဖတ်ပြီးမှ သွားရမည်

စီးပွားရေးကိစ္စ_ဆောင်ရွက်ရန်သွားသည့်အခါ
                      အိမ်အတွင်းရာဟုထောင့်မှ
                       လေးခေါက်တိတိဘုရားကို
                        အာရုံပြုရွတ်ဖတ်ပြီးမှ
                         သွားရမည်

အောင်မြင်ရေးကိစ္စ_အတွက်သွားရောက်ရ
                             သော်တနင်္ဂနွေထောင့်မှ
                            လေးခေါက်တိတိဘုရားကို
                             အာရုံပြုရွတ်ဖတ်ပြီးမှ
                            သွားရမည်

ကျန်းမာရေးကိစ္စ_အတွက်သွားရသော်
                         အဂါငေ်္ထာင့်မှ လေးခေါက်
                         တိတိဘုရားကိုအာရုံပြု
                          ရွတ်ဖတ်ပြီးမှသွားရမည်

သူ့ဆိုင်ရာထောင့်တို့မှာနေပြီး
ဘုရားကိုမြင်အောင်အာရုံပြုပြီးမှ စိတ်ဖြင့်သော်လည်းကောင်း
ပါးစပ်ဖြင့်သော်လည်းကောင်း
ရွတ်ပွားပူဇော်ပြီးမှသွားရမည် ။
မိမိ၏ယုံကြည်ချက်အပေါ်
ပညာဉာဏ်ဆောင်း၍
ကောင်းမွန်ရိုသေစွာ
ပူဇော်နိုင်ကြပါစေ။
*************************


 မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေနှစ်တောရ
စတင် ရောက်ခါစအချိန် မန္တလေးက ကျောင်းဆင်း အင်္ဂျင်နီယာ လူငယ် တစ်ဦး စံကျောင်းတော် တည်ဆောက်ရင်း လုပ်အားပေးခဲ့သည်မှာ
တစ်လခန့်ရှိနေပြီဖြစ်၏။

*နေ့ခင်းဘက်လုပ်အားပေး၏။ညဘက် အားချိန်
ရောက်သောအခါ အာနာပါန တရားထိုင်၏။
ဂုဏ်တော်ပွား၏။မေတ္တာပို့ပြီးမှ အိပ်၏။
နံနက်စောစော မေတ္တာခံယူ၏။
*တစ်ရက်သား ဆရာတော်ကြီးကို တိုင်တည်ပြီး
တပည့်တော် မြို့မှာနေပေမယ့် ကိုယ်ပိုင်အိမ်မရှိ
ပါ ဘုရားlအိမ်ငှားနေ နေရပါတယ်။အလုပ်အကိုင်
လည်း မေရသးပါဘူး ဘုရား အရှင်ဘုရားနည်း
လမ်းပေးရင်တော့ ကောင်းမှာပဲဟု ညည်းငြူမိ
၏။

*နောက်တစ်နေ့ နံနက်ရောက်သော် ဆရာတော်ကြီး
စံကျောင်းတော်ကနေ ထွက်လာပြီး

"ဒါယိကာလေး
တို့မ်ား လောကုတ္တရာသမားတွေကတော့ မသုံးဘူး
ပေါ့။ဒကာတို့လို လောကီသားတွေ အတွက်တော့
လိုအပ်တယ်"

'ခေါင်တကာ့ခေါင်'
ကြီးက ပုရပုဒ်နဲ့ရေးထိုးထာတာ တဲ့ စေလိုရာစေ ဂါထာဗ်ာ။ဟောဒိမွာ ကျုပ်လက်ရေးမူနဲ့
ပြန်ရေးထားတာ ရော့ ''ဟု ဆိုကာလက်ရေးမူစာရွက်
လေးတစ်ခု ပေးလာ၏။

*ထို အင်္ဂျင်နီယာလေးက ယုံကြည်စွာဖြင့် တစ်နေ့
( ၁၀၈ )ခေါက်ရအောင် ရွတ်ဖတ်ပူဇော်၏။ဘယ်
လောက် အလုပ္မ်ားမ်ား ရအောင်ပူဇော်၏။

*ယနေ့ ကိုယ်ပိုင်တိုက်နှင့်ကားဖြင့် ကနၴရိုက္တာ
လုပ်ငန်းများလုပ်ကိုင်၍ မန္တလေးမြို့တွင် အောင်မြင်
သူ တစ်ဦး ဖြစ်နေတော့၏။


မူရင်းလင့်။ ။https://m.facebook.com/groups/1576517962408726?view=permalink&id=3135388069855033

 မူလေရးသားသူကို crd ပေးပါတယ်