^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဥုံ နောရဇ္ဇတိ ရဇ္ဇမာနော
နေနာ နေ နေနာ ဥတ္တမေ္မာ
နေနာ နေ နေနာ ဘုမ္မိရာဇာနော
ဣတိပိသော ဘဂဝါ ဝုတ္တာ
ဣတိ မန္တာ သုခါဝဟာ
ဣတိ ဗုဒေ္ဓဟိ သရဏံ
သဗေ္ဗဒေဝေါ ပိယံ မမ
ဣတိ ဓမေ္မဟိ သရဏံ
စတုမဟာရာဇာ ပိယံ မမ
ဣတိ သံဃေဟိ သရဏံ
ဣတၳိပုရိသာ ပိယံမမ
သဗေ္ဗ အန္တရာ ဝိနာသန္တု ။
မြန်မာပြန်ဖြစ်ပါသည်
*********************
ဥုံ အောင်မြင်မှုအပေါင်းခညောင်းပါစေသတည်း
ရဇ္ဇမာနော-သတ္တဝါအရပ်ရပ်ကိုတွင်တွင်သတ်တတ်
တဏှာမာရ်နတ်သည်ပူကပ်သော်လည်း
နောရဇ္ဇတိ-ငါဘုရားအား
န-ကိလေသာမာန်သည်အနည်းငယ်မျှမရှိ၊
နော-ဘုရားရှင်အား
န-တပ်မက်တဏှာကိလေသာမာန်ကြွင်း
ကျန်တစိမရှိခြင်းကြောင့်
ဥတ္တမော-လောကသုံးရပ်ဘုံသုံးထပ်ထက်မြတ်တော်မူပေ၏၊
မာနော-တက်ကြွမောက်မာကိလေသာမာန်တရားသည်
နော-ငါဘုရား၌န-ရှိတော်မမူ၊
ဘုမ္မိရာဇာနော-ကိလေသာအာသဝေါတည်းဟူသော
မြေကိုအစိုးရသောမင်းရာဇာသည်
နေနာ-ကိုင်းရှိူင်းညွတ်လာရိုသောစွာဖြင့်
န-ရှိခိုးခြင်းသည် မဟုတ်လော။
တသ္မာ-ထိုကြောင့် သတ္တမော-လူသုံးပါးထက်မြတ်တော်မူပေ၏။
ဣတိသော-ဤသို့သောကိလေသာရမ္မက်မြူမျှမထွက်သော
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်
ဣတိပိ-ဤသို့မဖောက်မပြန်ဟုတ်တိုင်းမှန်သော တရားတို့ကိုသာ
ဝုတ္တာ-ဟောကြားတော်မူကြပါပေကုန်၏
ဣတိ-ဤသို့အမှန်ကိုသာဟောကြား ကြပါကုန်သောဘုရားရှင်အပေါင်း၏
မန္တာ-ဓမ္မစက်ခံအာဏာစက်မန္တန်အပေါင်းသည်
သုခါဝဟာ-ချမ်းသာကိုသာပေးတတ် ဆောင်တတ်ပါချေ၏
ဣတိ-ဤသို့ချမ်းသာအပေါင်းကိုဆောင်ပေးတော်မူကြပါသော
ဗုဒေ္ဓဟိ-ဘုရားရှင်အပေါင်းတို့ကို
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
သဗေ္ဗဒေဝါ-နတ်အားလုံးတို့သည်
ပိယံ-ချစ်မြတ်နိုးသဖြင့်စိုးမိုးစောင့်ရှောက်ကြပါ စေသတည်း
ဣတိ-ဤသို့ချမ်းသာအပေါင်းဆောင်ပေးသော မူကြပါသော
ဓမေ္မဟိ-ဘုရားဟောမြွတ်ဓမ္မစက်အပေါင်းတို့ အား
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
စတုမဟာရာဇာ-နတ်မင်းကြီးလေးပါးတို့သည်
ပိယံ-ချစ်မြတ်နိုးတန်ခိုးလက်နက်အာဏာစက်
ဖြင့်ဖြည့်စွက်ကူညီကြပါစေသတည်း
ဣတိ-ဤသို့ချမ်းသာအပေါင်းကို ဆောင်ပေးတော်မူကြပါသော
သံဃေဟိ-ကိုယ်စိတ်နှစ်ပါးဖောက်ပြားခြင်း
အလျဉ်းမရှိသောအရိယာသံဃာတော်တို့အား
သရဏံ-ကိုးကွယ်ရခြင်းကြောင့် မမ-ငါ့အား
ဣတၳိပုရိသာ-မိန်းမအားလုံးယောကျၤားအားလုံးတို့သည်
ပိယံ-ချစ်မြတ်နိုး၍ငါ့အကျိုးကိုဆောင်ငါ့အား
အောင်မြင်ရန်ကူညီကြပါစေသတည်း
သဗေ္ဗ-အားလုံးကုန်သော
အနန္တရာယာ-အနီးကပ်ဘေး အဝေးမှရန်မှန်သမျတို့သည် သမျှတို့သည်
ဝိနာဿန္တု-ငါ့ထံမရောက်လွှင့်ပြောက်ကြပါစေ ကုန်သတည်း
ဆောင်ရွက်ရန်ညွှန်ကြားချက်
-----------------------------------------
မိမိနေရာ(အိမ်)မှထွက်ခါနီး
တရားကိစ္စ_ရင်ဆိုင်ရန်သွားရောက်မည့်အခါ
အိမ်အတွင်း၏ စနေထောင့်မှ
လေးခေါက်တိတိ ဘုရားကို
အာရုံပြုရွတ်ဖတ်ပြီးမှ သွားရမည်
စီးပွားရေးကိစ္စ_ဆောင်ရွက်ရန်သွားသည့်အခါ
အိမ်အတွင်းရာဟုထောင့်မှ
လေးခေါက်တိတိဘုရားကို
အာရုံပြုရွတ်ဖတ်ပြီးမှ
သွားရမည်
အောင်မြင်ရေးကိစ္စ_အတွက်သွားရောက်ရ
သော်တနင်္ဂနွေထောင့်မှ
လေးခေါက်တိတိဘုရားကို
အာရုံပြုရွတ်ဖတ်ပြီးမှ
သွားရမည်
ကျန်းမာရေးကိစ္စ_အတွက်သွားရသော်
အဂါငေ်္ထာင့်မှ လေးခေါက်
တိတိဘုရားကိုအာရုံပြု
ရွတ်ဖတ်ပြီးမှသွားရမည်
သူ့ဆိုင်ရာထောင့်တို့မှာနေပြီး
ဘုရားကိုမြင်အောင်အာရုံပြုပြီးမှ စိတ်ဖြင့်သော်လည်းကောင်း
ပါးစပ်ဖြင့်သော်လည်းကောင်း
ရွတ်ပွားပူဇော်ပြီးမှသွားရမည် ။
မိမိ၏ယုံကြည်ချက်အပေါ်
ပညာဉာဏ်ဆောင်း၍
ကောင်းမွန်ရိုသေစွာ
ပူဇော်နိုင်ကြပါစေ။
*************************
မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေနှစ်တောရ
စတင် ရောက်ခါစအချိန် မန္တလေးက ကျောင်းဆင်း အင်္ဂျင်နီယာ လူငယ် တစ်ဦး စံကျောင်းတော် တည်ဆောက်ရင်း လုပ်အားပေးခဲ့သည်မှာ
တစ်လခန့်ရှိနေပြီဖြစ်၏။
*နေ့ခင်းဘက်လုပ်အားပေး၏။ညဘက် အားချိန်
ရောက်သောအခါ အာနာပါန တရားထိုင်၏။
ဂုဏ်တော်ပွား၏။မေတ္တာပို့ပြီးမှ အိပ်၏။
နံနက်စောစော မေတ္တာခံယူ၏။
*တစ်ရက်သား ဆရာတော်ကြီးကို တိုင်တည်ပြီး
တပည့်တော် မြို့မှာနေပေမယ့် ကိုယ်ပိုင်အိမ်မရှိ
ပါ ဘုရားlအိမ်ငှားနေ နေရပါတယ်။အလုပ်အကိုင်
လည်း မေရသးပါဘူး ဘုရား အရှင်ဘုရားနည်း
လမ်းပေးရင်တော့ ကောင်းမှာပဲဟု ညည်းငြူမိ
၏။
*နောက်တစ်နေ့ နံနက်ရောက်သော် ဆရာတော်ကြီး
စံကျောင်းတော်ကနေ ထွက်လာပြီး
"ဒါယိကာလေး
တို့မ်ား လောကုတ္တရာသမားတွေကတော့ မသုံးဘူး
ပေါ့။ဒကာတို့လို လောကီသားတွေ အတွက်တော့
လိုအပ်တယ်"
'ခေါင်တကာ့ခေါင်'
ကြီးက ပုရပုဒ်နဲ့ရေးထိုးထာတာ တဲ့ စေလိုရာစေ ဂါထာဗ်ာ။ဟောဒိမွာ ကျုပ်လက်ရေးမူနဲ့
ပြန်ရေးထားတာ ရော့ ''ဟု ဆိုကာလက်ရေးမူစာရွက်
လေးတစ်ခု ပေးလာ၏။
*ထို အင်္ဂျင်နီယာလေးက ယုံကြည်စွာဖြင့် တစ်နေ့
( ၁၀၈ )ခေါက်ရအောင် ရွတ်ဖတ်ပူဇော်၏။ဘယ်
လောက် အလုပ္မ်ားမ်ား ရအောင်ပူဇော်၏။
*ယနေ့ ကိုယ်ပိုင်တိုက်နှင့်ကားဖြင့် ကနၴရိုက္တာ
လုပ်ငန်းများလုပ်ကိုင်၍ မန္တလေးမြို့တွင် အောင်မြင်
သူ တစ်ဦး ဖြစ်နေတော့၏။
မူရင်းလင့်။ ။https://m.facebook.com/groups/1576517962408726?view=permalink&id=3135388069855033
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment