************************
(ဟိတ်ပညာပွဲတွေ့နည်း)
ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများ ဈေးဆိုင်များ အရောင်းအဝယ်ပြုလုပ်သူများအတွက်ရည်ရွယ်ပါသည်။
ဤတခါယျတာ အစီအမံအား မြန်မာ့ရိုးရာ မြေပညာ ဟိတ်ပညာဖြင့် စီမံထားပြီး ကျနော်၏ ဟောခန်းလာ မိတ်ဆွေများလည်း စမ်းသပ်သုံးစွဲအောင်မြင်ကြသော အစီအမံဖြစ်သည်။လက်တွေ့စမ်းသပ်နိုင်သည်။
သို့ရာတွင် အစီအမံပြုလုပ်မည့်သူသည် မိမိ၏ လုပ်ငန်းအနေအထားအလိုက် အကျိုးပေးပုံ တူကြမည် မဟုတ်ချေ မိမိရောင်းကုန်၏ အခြေအနေ အလိုက် အကျိုးပေးမူ အနည်းအများကွာခြားပေမည်။မတန်တဆ ဈေးဖြင့်ရောင်းခြင်း လူကြိုက်နည်းသော ကုန်များဖြန့်ဖြူးခြင်း စသည်ဖြင့် နဂိုလ် အခံ မကောင်းသော အရောင်းအဝယ်များအတွက်အကျိုးပေးနည်းချေမည်။
စီမံရမည်မှာ အထက်၌ ဖော်ပြခဲ့သည်အတိုင်း မြေပညာ ဟိတ်ပညာဖြစ်သဖြင့် အောက်ပါ နေရာဌာန တို့၏ မြေကို ယူရမည်။
(၁)လမ်းလေးခွမှမြေ
(၂)ကားဂိတ်(သို့မဟုတ်)
သငေ်္ဘာဆိပ်မှမြေ
ယင်းမြေတို့ကို ယူရာ၌ လက်သုံးချောင်းနှင့်ကော်၍ ယူရမည်။မြေနှစ်မျိုးလုံးရလျှင် စက္ကူထဲတွင် ထည့်၍ အောက်ပါဂါထာနှင့် (၇)အုပ်မန်းပါလေ
" ဥုံ ဧဟိ မိတ္တံ ဟိတံပုညံ
ယထာ ရာဇီကတံ ဖလံ
ဧဟိ နန္ဒာ ပိယံပုတ္တာ
ပီယာ သီရိ ပီယာဝံသေ
သုဝဏ္ဏ သွာဟဲ့ယျ "
မန္တာန်နှင့် မန်းပြီးပါက မိမိ ဆိုင်ဖြစ်စေ ရုံးရှေ့၌ ဖြစ်စေ ပက်ကြဲထားပါလေ
ခဏခြင်း လက်တွေ့ အကျိုးပေးပါလိမ့်မည်
နိုင်ထက်အောင်
မူရင်းလင့်။ ။ https://m.facebook.com/groups/346157812478758?view=permalink&id=917529978674869
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment