နာမည်က ဦးထွန်းစံတဲ့။ ကျုပ်တို့ငယ်ငယ် ဘုန်းကြီးကျောင်းသား ဘဝတုန်းကပေါ့။ ဦးထွန်းစံက ကပ္ပိယကြီးပေါ့ကွာ။ ရွာထဲက လူတွေဆိုရင် ဦးထွန်းစံဆီကို မကြာခဏလာပြီး ယတြာတောင်းကြတယ်။
ဝင်ငွေကောင်းဖို့ လာဘ်ရွှင်စေဖို့ မြှုပ်နေတဲ့ ငွေကြေး အရင်းအနှီးတွေ ပြန်ပေါ်စေဖို့ဆိုရင် ဦးထွန်းစံက ဖယောင်းတိုင်တစ်တိုင်မှာ အထက်မီးစာနားကနေ အောက်ဘက်ကို သံချွန်နဲ့ သ-စ-တ-က ဆိုပြီး အက္ခရာလေးလုံးကို အစဉ်အတိုင်းရေးတယ်။ ပြီးတော့ မနက်တိုင်း ဘုရားမီးထွန်းလှူ ဆုတောင်းခိုင်းတယ်။
ငွေမြဲစေဖို့ ငွေယိုပေါက်တွေ ပိတ်စေဖို့၊ မကုန်သင့်ဘဲ ငွေကြေးမကုန်ကျစေဖို့၊ ငွေစုဆောင်းမိစေဖို့ အတွက်ကတော့ဖယောင်းတိုင်မှာပဲ အောက်ကနေ အထက်ဆီသို့ ယ-အ-ပ-က ဆိုတဲ့ အက္ခရာလေးလုံးကို အစဉ်အတိုင်း ရေးပေးပြီး ညပိုင်းမှာ ဘုရားလှူ ဆုတောင်းခိုင်းတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး တနင်္လာရဲ့ အထက် ဂြိုဟ်အဝင် စမလေးလုံးနဲ့ အောက်ဂြိုဟ်အဝင်စမ လေးလုံးကို အသုံးပြုတာပေါ့ကွာ
ကျွန်တော်သည် စာရွက်တွင် ဖယောင်းတိုင်ပုံဆွဲ၍ ငွေဝင်စေသော စမနှင့် ငွေမြဲစေသော စမမ်ားကို ဧည့်သည်ယောဂီကြီး ပြောပြသည့် အတိုင်း ရေးထည့်ကြည့်လိုက်သည်။
ငွေဝင်စေသော လာဘ်ရွှင်စေသော စမ ဖယောင်းတိုင်ပုံ(နံနက်ပိုင်း မီးထွန်းပြီး ဘုရားလှူရန်)
ငွေမြဲစေသော ငွေကြေးစုဆောင်းမိစေသော စမ ဖယောင်းတိုင်ပုံ(ညပိုင်း၌ ဘုရားလှူရန်)
ကပ္ပိယကြီးဦးထွန်းက ကျမ်းရိုးကြီးအတိုင်း မလိုက်ဘဲ သူ့နည်းသူ့ဟန်နဲ့ ယတြာတွေ ပေးနေတယ်ဆိုပေမယ့် ဩစရိယဝါဒေတာ့ မပျက်စေခဲ့ဘူး။ အင်္ဂဝိဇ္ဇာပညာမှာပါတဲ့ မင်း-ကု-သ ကို ဆောင်နဲ့စေတိယကိုဆောင်ဆိုတဲ့နည်းကိုအသုံးပြုပြီး ငွေကြေးယတြာကို စီရင်ပေးတာပဲ ဟု ပြောလေ
မူရင်းလင့်။ ။
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment