ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Wednesday, December 27, 2017
ယၾတာအတိုအထြာမ်ား
ယၾတာအတိုအထြာမ်ား
 သင်မဖြစ်စေခြင်သော
ကိစ္စများဖြစ်ပေါ်တော့မည်ဆိုပါက ဘုရားတွင်မုန့်ဆီကြော်ကပ်၍ဆုတောင်းပါ။
 သင်ဖြစ်စေခြင်သော ကိစ္စများ aနှောင့်နှေးနေပါက ဘုရားတွင်မုန့်လုံးရေပေါ်ကပ်၍ဆုတောင်းပါ။
 သင်မပြောစေခြင်သောကိစ္စများ ဥပမာ သက်သေလိုက်ခိုင်းခြင်း စသောကိစ္စများအတွက် မပြောစေခြင်သောသူနာမည်ကို ဌက်ပျောဖူးတွင်ရေး၍ နွားကိုလက်နောက်ပြန်ကျွေးပါ။
 သင်ပြောစေခြင်သောကိစ္စများအတွက် ဌက်ပျောဖူးတွင် ပျားရည်သုတ်၍ နွားကိုကျွေးပါ။
 aဈေးရောင်းကောင်းစေလိုလျှင် hပေါက်ပေါက်ဆုပ်ကိုဘုရားမှာလှူ၍ဆုတောင်းပါ။
 လူအများနှင့်အလုပ်လုပ်သောကိစ္စများအတွက် hဟောလစ်ပုလင်းကိုအောက်ခံထား၍ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပါ။
 သင်၏အိမ်ကို ပြဿနာများ အရှုပ်ထုပ်များ aရောက်မလာစေခြင်လျှင် တံမြက်စည်းကိုလေထဲမှာလှည်း၍ဆုတောင်းပါ။
သင့်ကိုကြည့်မရသူများ ရန်သူများ မနာလိုသူ မုန်းနေသူများ ရှိနေပါက သင်၏မွေးနေ့နံနက်တွင်
မြတ်စွာဘုရားရှင်ကို မုန့်ဖက်ထုပ် ၃ ထုပ်၊၅ထုပ်၊၇ထုပ် aစေတနာရှိသလောက်ကပ်လှူပြီး အမုန်းတွေဖယ်ထုတ်ပေးပါဟုဆုတောင်းပါ။
သင့်တွင်ဘေးအန္တရာယ်များ များပြားနေပါက
ဘယာကြော်ကို မကြာခဏကပ်လှူပါ မိတ်ဆွေများ စင်ယော်ဌက်များကိုကျွေး၍ aဘေးအန္တရာယ်ကင်းရှင်းစေလိုကြောင်းဆုတောင်းပါ။
ပညာရေးတွင်ထူးချွန်လိုပါက ကြာသပတေးနေ့တွင် aပေါက်ပန်းဖြူဟင်းချိုကို ဘုရားတွင်ကပ်လှူပါ။ပြီးနောက်ပညာရေးနှင့်ပတ်သက်တာဆုတောင်းပါ။(သင်၏ကြိုးစားအားထုတ်မှုလဲပါရမည်ဖြစ်သည်။)
aငွေရေးကြေးရေး အခက်အခဲများရှိပါက aခွေး၊ကြောင်၊ခို၊ငါး စသော တနင်္လာနှင့်စသော တိရိစ္ဆာန်လေးများကို အစာကျွေး၍ဆုတောင်းပါ။
aငွေပန်းကို ဘုရားတွင် ၂ ပွင့် မဟုတ်ရင်လဲ ၁၁ ပွင့်ကပ်လှူပါ။
 လာဘ်ရွှင်စေလိုလျှင် ညတိုင်း ၆ နာရီခန့်တွင် မြတ်စွာဘုရားရှင်ကို ဆီမီးပူဇော်ပါ။
Tuesday, December 26, 2017
လွယ်ကူထိရောက်သော ဣစ္ဆာသရ တစ်ပွဲတိုးအဆောင်
လွယ်ကူထိရောက်သော ဣစ္ဆာသရ တစ်ပွဲတိုးအဆောင်
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=1513317188782619&id=893408380773506
---------------------------
တစ်နေ့ မှတ်မှတ်ရရဆိုလျှင် သရဏဂုံ ၃၀ တစ်နေ့ ပုတီး၃ပတ် အောင်သောနေ့ပေါ့၊၊
ရွှေတိဂုံဘုရားမှာ အဓိဌာန်ဝင်ပြိး ပြန်အဆင်း ကားလမ်းကူးတဲ့နေရာမှာ အဖိုးအိုတစ်ယောက် ကားလမ်းကူးဖို့စောင့်နေတယ်ပေါ့၊၊မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းပဲလေ ကားလမ်းကူးဖို့မျဉ်းကျားကကူးလည်း ကားကိုဦးစားပေးရသကိုး၊၊ :-D :-D
ဆိုတော့ အဖိုးကကားလမ်းမကူးရဲဖြစ်နေတာနဲ့
``အဖိုးကားလမ်းကူးမလို့လားဗျ ကားလမ်းကူးမယ်ဆို ကျွန်တော်ကူပြီးကူးပေးပါ့မယ်``
``aအေးကွယ်ကျေးဇူးပါ အဖိုးက ကားလမ်းမကူးရဲလို့ အတော်ပဲဖြစ်သွားတာပေါ့``
``aကျေးဇူးပဲငါ့မြေးရေ မဟုတ်ရင် ဒီနေ့ကားလမ်းကူးရတော့မှာမဟုတ်ဖူး``
``ဟုတ် ရပါတယ်ခင်ဗျ ဒါနဲ့အဖိုးတစ်ခုခုသုံးဆောင်ပါ့လားခင်ဗျ ကျွန်တော်အဓိဌာန် အောင်မြင်လို့ ဒါနပြုချင်လို့ပါ``
``aအေးကွယ် ဒါနပြုချင်တယ်ဆိုတော့လည်း ဒါနမြောက်သွားအောင် စားပေးရမှာပေါ့``
``ဒါနဲ့ ငါ့မြေးက ဘာအဓိဌာန်ဝင်တာလည်းကွဲ့``
``သရဏဂုံ ၃၀ အဓိဌာန်ပါခင်ဗျ``
``သာဓု သာဓု သာဓုပါ သရဏဂုံ အဓိဌာန်ဆိုတော့ ငါ့မြေးက နမောဏာမ အဓိဌာန်အောင်ပြီးပြီပေါ့``
``ဗျာ ကျွန်တော့အဲ့အဓိဌာန်မကြားဖူးသေးပါဘူးခင်ဗျ အပန်းမကြီးရင် ပြောပြပေးပါခင်ဗျ``
``အင်းပညာလိုလားတဲ့ကလေးဆိုတော့ ပြောပြရမှာပေါ့ အဖိုးတို့ဘုရားရှိခိုးရင် သြကာသကန်တော့ချိုးပြီးတာနဲ့ နမောတဿ ဆိုတယ်မလား ၊၊ပြီးမှသရဏဂုံလာတယ်လေ၊၊နောက်ပြီး ဘယ်ဘုရားစာအုပ် ပရိတ် ပဌာန်း ဘာသာရေးနဲ့ကပ်သက်တဲ့အခန်းအနားတွေကိုပဲကြည့်ကြည့် နမောတဿ မဏာမဘုရားရှ်ခိုးနဲ့ စဖွင့်လေ့ရှိတယ်ကွဲ့ ထပ်ရှင်းပြရင် အများကြီးပေါ့ကွယ် ၊၊ လိုရင်ပဲပြောလိုက်တော့မယ်၊၊ သရဏဂုံမလာခင် နမောတဿလာသလိုပဲ သရဏဂုံအဓိဌာန်မဝင်ခင် နမောပဏာမအဓိဌာန် ဝင်၇တယ်ကွဲ့၊၊ ဘယ်အဓိဌာန်ပဲ ဝင်ဝင် နမောပဏာမအဓိဌာန်အရင်ဝင်ပြီးမှ ကျန်တာဆက်ဝင်ရင်ပိုပြီးအကျိုးထူးတယ်ငါ့မြေး ဝင်ကြည့်ပေါ့``
ဟုတ်ကဲ့ပါခင်ဗျ
``ကြုံတုန်းငါ့မြေးကို လိုရာသုံးလို့ ရစေမယ့် ဣစ္ဆာသရ တစ်ပွဲတိုးအဆောင် ပြုလုပ်နည်းလေး ဒါနထပ်ပြုပါ့မယ်ကွယ်၊၊သေချာလိုက်မှတ်ပါ၊၊
မင်္ဂလသုတ်တော်ထဲက ပရိတ်အမွန်းနှစ်ပိုဒ်ကိုဖယ်ပြီး ကျန်တဲ့ အပိုဒ်တွေထဲက ဧ မပါတဲ့အပိုဒ်နဲ့ သပြေ၃ခက်ကို ၃၈ခေါက်မန်း တစ်ခက်ကိုဘုရားလှူ  တစ်ခက်ကို နတ်ကိုဒါနပြု တစ်ခက်ကို ကိုယ်မှာဆောင် ဥာဏ်ရှိသလိုသုံးပေတော့၊၊ဒါအဖိုးတို့ ဘိုးဘွားစဉ်ဆက်သုံးခဲ့ကြတဲ့ပညာပဲ၊၊ ကဲစကားလည်းပြောလို့ကောင်းတယ် အချိန်လည်းအတော်လင့်ပြီမို့ လိုရာခီ့းဆက်ကြတာပေါ့၊၊အခုလိုဒါနပြုတဲ့အတွက် ငါ့မြေးလည်း ဘုန်းကြီးလို့အသက်ရှည် အနာမျိုး ၉၆ပါးကင်းသွားပြီး  aပြောတိုင်းအောင်လုပ်တိုင်းဖြစ် သာသနာ့အကျိုးလောကကောင်းကျိုး ၇ရက်ဖွား ၈နေ့သားသမီးအကျိုးကို ရွက်ဆောင်နိုင်ပါစေကွယ်``
``ဟုတ်ပေးတဲ့ဆုနှင့် တစ်လုံးတစ်ဝပြည့်ပါစေခင်ဗျာ``
အပေါ်ကအဖိုးပြောခဲ့တဲ့ပညာကို ရှာဖွေဖော်ထုပ်ပြီး သုံးကြည့်တာ ကိုယ်တိုင်လည်းအဆင်ပြေသလို နီးစပ်သူများကို စမ်းသုံးကြည့်ခိုင်းတာလည်းအဆင်ပြေတာတွေ့ရတယ်ဗျာ၊၊အခုတော့ အမှတ်ရစရာနေ့တစ်နေ့ဖြစ်တာနဲ့ အညီ တင်ပြပေးလိုက်ပါတယ်၊၊
ငွေကြေးကိစ္စ အရောင်းအဝယ်ကိစ္စ စကားပြောဆိုရတာမျိုး အကြွေးတောင်း ငွေကြေးအကူအညီတောင်းကိစ္စမျိုး အင်တာဗျူးဖြေတာ အလုပ်ကိစ္စစကားပြောဆိုတာ အများကချစ်ခင်စေချင်တာ အလုပ်ထဲမှာအဆင်ပြေပြေလုပ်ကိုင်ရလိုတာ အမှု့အခင်းဖြစ်လို့ တရားသဘောင်ရင်ဆိုင်ရတာမျိုးတွေ စသဖြင့် ဘ်ာလိုကိစ္စမျိုးမဆို ဆောင်လို့ရပါတယ်၊၊
မင်္ဂလသုတ်ထဲက ဧ မပါတဲ့အပိုဒ်က
ဗဟူဒေဝါ မနုဿာစ
မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ
ဗြူဟိ မင်္ဂလမုတ္တမံ၊၊
အဲ့တာနဲ့ သပြေ၃ခက်ကို ၃၈ခေါက်မန်း ကိုယ်အဆင်ပြေချင်တဲ့ကိစ္စကို ဆုတောင်းပြီး တစ်ခက်ကို ဘုရားမှာလှူပါ၊၊တစ်ခက်ကို သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ(သို့)ရိုးရာနတ် ကို ဒါနပြုပါ၊၊ တစ်ခက်ကို ဆောင်ထားပြီး သွားလာလုပ်ကိုင်ပါ၊၊
တစ်ပွဲဆောင်ဖြစ်တာကြောင့် တရက်ပြိးလျှင် အသစ်ထက်လုပ်ပါ၊၊
လိုရာဆန္ဒ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ကြပါစေ၊၊
Zayar Oo(ဆရာ လင်းအေးချမ်း)
Sunday, December 24, 2017
လာပြန်ပဟ ကြွေးပြန်ရ
#aငွေကြေးကိစ္စ အရေးကြီးနေသော်.....
အကြွေးကိစ္စ အရေးကြီးနေသော်....
ငွေအလိမ်ခံရသော်..........
ဒီယတြာ လုပ်ပါလေ
မူရင်း။  ။https://m.facebook.com/story.php?story_fbid=349685282160943&id=100013584215853
ကြေးလင်ဗန်း မှာ ထုံးနဲ့ ငါးထောင့်ကြယ်ဆွဲ၊ ဖယောင်းတိုင်(၅)တိုင်စိုက်၊ အလယ်မှာ ဖန်ခွက် တစ်ခွက် တင် ရေတစ်ဝက်ထည့် ကွမ်းရွက်နှစ်ရွက်ထည့်၊ ကွမ်းရွက်ထည့်တဲ့ အခါမှာ အရိုးကို အောက်က ထားပါ၊ ပြီးရင် မြတ်စွာဘုရားရှင်ကို လှူဒါန်းပြီးငွေကြေးကိစ္စအမြန် အဆင်ပြေရန်ဆုတောင်းပါ။
မည်သည့်နေ့သားမဆို
လုပ်ရမယ့်နေ့ တနလာင်္ နေ့
အချိန် ၉နာရီ ၄၅ မီးနစ် မှာ လုပ်ပါ
ရွတ်ဆိုရန် ဒိဝါတပ္ပတိ ဂါထာ (၂၇)ခေါက်ရွတ်ဖတ်ပူဇော်ပါ။
စေတနာ၊မေတ္တာများစွာဖြင့်
ဆရာသာထက်ဆန်း
အကြွေးတောင်းမရသော်မခက်လော
အကြွေးတောင်းမရသော်မခက်လော
#ဤအစီရင်အတိုင်းဆောင်ရွက်သော်မလွယ်ကူလော
*************
မူရင်းလင့်။  ။https://m.facebook.com/groups/1573638246261942?view=permalink&id=1826636150962149
ယခု့ ဖော်ပြထားသောဂါထာအား ဘုရားရှိခိုးပြီးတိုင်း
မနက်တကြိမ် ညတကြိမ်ရွတ်ရပါမည်။
ဂါထာအားရွတ်နိုင်သလောက် ရွတ်ပေးပါ။
အတိုက်အခိုက်ပြု့နေသူ
ကြွေးမပေးသူတွေရဲ့ မျက်နှာကိုမြင်အောင်
အာရုံပြု့၍ရွတ်ရပါမည်။
အနည်းဆုံး ၉ ခေါက် ရွတ်ပါ။
ဂါထာလေးရဲ့ အစွမ်းကတော့
၁။ အလုံးစုံသောအန္တရာယ်ကိုကင်းရှင်းစေပါသည်။
၂။ငွေကြေးဒလဟော ဝင်မည်။
၃။ အဓိက ကတော့ ကြွေးဟောင်း ပြန်ရစေနည်းပါ။
ဂါထာပေး တေးဖြစ် ဆိုသလို မဟုတ်ပဲ
ယုံကြည်ဖို့ အဓိကတော့လိုအပ်ပါတယ်နော်။
ကြွေးမြီ များပါက အရစ်ကျ ပြန်ရ လာနိုင်တယ်။
ကြွေးယူ ထားသောသူ ကိုလဲ မေတ္တာ ပွါးများပေးဖို့
မမေ့ရပါဘူး။မေတ္တာပွါးများတယ်ဆိုတာကလဲ
မိမိစိတ်ထဲမှနေ၍ အမှနိတကယ် မေတ္တာပွါးများ
ပေးဖို့ လိုအပ်ပါတယ်နော်။
စာရွက်တရွက်ပေါ်မှာ စာရေးပါ။
ဥပမာ .. မောင်/မ ဘယ်သူ ကျနော်/ကျမထံချေးထားသော ငွေ( ) ချက်ချင်းလာပေးစေ ။လို့ရေးရပါမယ်
စာကတော့ ကိုယ်တိုင်ရေးရပါမယ်။
စာရေးပြီးရင် အဲ့စာရွက်ကို မိမိအိပ်တဲ့ အိပ်ရာအောက်
ဖျာအောက်မှာထားပြီး အိပ်ရပါမယ်။
ရက်ပေါင်း ၉၀ အတွင်း သိသာလာပါမယ်။
ကိုးတန် ဂါထာ (aနောကိုးတန်ဂါထာ)
************
၁။ ဟေ ဟေ ဟိသျှတ္တ
၂။ သဗ္ဗ ဒူဝံ အရဟံ သွာဟုံ
၃။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမ ဟေတာ နော ခွာ
၎။ ဓမ္မံ သရဏံ ဂစ္ဆာာမ ဟေတာ နော ခွာ
၅။ သံဃံ သရဏံ ဂစ္ဆာ မ ဟေတာ နော ခွာ
၆။ ရင်္ဂိရံ ဝါဝရံကံ လူမေ ချေစေ သွာဟုံ
၇။ ပတ္တံ နေစာ သွာဟုံ
၈။ အမတ္တံ ဝတ္တိ တိရိ ဟိရိ သွာဟုံ
၉။ နာသြော နာမနိ သွာဟုံ ဟုံ။
အတိုက်ကအခိုက် ရှိသူများ ကြွေးတောင်း မရသူများ
အထက်ပါနည်းက်ု ယုံကြည်စွာဖြင့် လုပ်ဆောင်နိုင်ပါတယ်။
ကြွေးပြန်ရရန်ယတြာ
၇ ရက်သားသမီးများအတွက် ဆန္ဒပြည့်ယတြာ
အကယ်၍ ရက်ပိုးထိုးရက်မိားဖြစ်နေပါက ရှောင်ပါ
Wednesday, December 20, 2017
ဓနသိဒ္ဓိပေါက် ဗုဒေ္ဓါပွါးတိုးပုတီးစိတ်နည်း
Post အ ဟောင်း ပါ ပဲ။
တိုး ပြား ဆိုတဲ့ အ တိုင်း ယုံ ကြည် စြာ စိပ် ပါ။
တ ကယ် တိုး ပြားလာ ပါ လိမ့် မည်။
ဓနသိဒ္ဓိပေါက် ဗုဒေ္ဓါပွါးတိုးပုတီးစိတ်နည်းhttps://m.facebook.com/story.php?story_fbid=870790903094209&id=631169490389686
လက်ရှိတွင် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ
လုပ်ကိုင်နေသော လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးမှ
ကိုယ်တိုင်အောင်မြင်ခဲ့သော ပုတီးစိပ်နည်းဖြစ်ပါသည်။ မိမိမှတဆင့် ထပ်ဆင့်ဝေဌခြင်းဖြစ်ပါသည်။
၁။ဗုဒေ္ဓါ
၂။ဗုဒေ္ဓါ ဗုဒေ္ဓါ
၃။ဗုဒေ္ဓါ ဗုဒေ္ဓ့ါ ဗုဒေ္ဓါ
၄။ဗုဒေ္ဓ့ါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ
၅။ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ
၆။ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ
၇။ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ ဗုဒေ္ဓါ
စသည့်အတိုင်းပုတီး(၇)ပတ်စိတ်ရမည်။အိမ်တွင်စိတ်လျှင် ညစဉ် (၇)
ပတ်စိတ်ရမည်။
ဘုရားတွင်စိတ်ပါကမုဒ်တစ်မုဒ်စီတွင်(၇)ပတ်စိတ်ရမည်။
၁။အရှေ့ဘက်မုဒ် ကကုသံဘုရား
၂။တောင်ဘက်မုဒ် ကောဏဂုံ ဘုရား
၃။အနောက်ဘက်မုဒ်ကဿပဘုရား
၄။မြောက်ဘက်မုဒ် ဂေါတမ ဘုရား
ပထမပုတီးပတ်တွင်ဗုဒေ္ဓါ ၁ ကြိမ်ဆိုပုတီးတပတ်စိတ်
ဒုတိယပုတီးပတ်တွင်ဗုဒေ္ဓါ ၂ ကြိမ်ဆိုပုတီးတစ်လုံးချ ပုတီးတစ်ပတ်။
တတိယပုတီးပတ်တွင် ဗုဒေ္ဓါ ၃ ကြိမ်ဆို ပုတီးတလုံးချ ပုတီးတစ်ပတ်စိတ်။
စတုတၳပုတီးပတ်တွင်ဗုဒေ္ဓါ ၄ကြိမ်ဆို ပုတီးတလုံးချ ပုတီးတပတ်စိတ်။
ပဉ္စမပုတီးပတ်တွင် ဗုဒေ္ဓါ ၅ ကြိမ်ဆိုပုတီးတလုံးချ ပုတီးတပတ်စိတ်။
ဆဌမပုတီးပတ်တွင်ဗုဒေ္ဓါ ၆ ကြိမ်ဆို ပုတီးတလုံးချ ပုတီးတပတ်စိတ်။
သတ္တမပုတီးပတ်တွင် ဗုဒေ္ဓါ ၇ ကြိမ်ဆို ပုတီးတလုံးချ ပုတီးတပတ်စိတ်။
ထို့နောက်အောင်မြေတွင်အောက်ပါဂါထာကို (၉)ကြိမ်ရွတ်၍အောင်ဆု့တောင်းရမည်။
ဇယစကေ္ကာ ဇယနေ္တာယော
ဇယိတဗေ္ဗ ဇယာသေန
ဇယာပေသိ ဇေယသိနံ ဇယံဒေတု့
  ဇယုတ္တရော။
ဘုရားရွိခိုးသီလယူပါ။
ခင်ပွန်းကြီးဆယ်ပါးဝန်ချတောင်းပန်ပါ။ဘုရားတပည့်တော်၏ရုပ်နာမ် ၂ပါး ခန္ဓာ ၅ပါးတို့အားဗုဒေ္ဓါနုဿတိကျင့်စဉ်ပုတီးစိတ်နည်းကိုအားထုပ်နေစဉ်အတွင်းမြတ်စွာဘုရားအားဆပ်ကပ်လှုဒါန်းပါ၏။တရားတော်မြတ်အားဆပ်ကပ်လှုဒါန်းပါ၏။သံဃာတော်မြတ်အားဆပ်ကပ်လှုဒါန်းပါ၏။
ဤမှန်သောသစ္စာစကားကြောင့်နတ်လူဗြဟ္မာသတ္တဝါအပေါင်းတို့စားဖွယ်ရာပေါများကြပါစေ။ဝတ်ဖွယ်ရာပေါများကြပါစေ။နေဖွယ်ရာပေါများကြပါစေ။ဘေးရန်ခပ်သိ်မ်းကင်းကြပါစေ။ဆင်းရဲခပ်သိမ်းကင်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟု့မေတ္တာဘာဝနာပွါးများ၍ ပုတီးစိတ်ပါ။
ထို့နောက်လိုသောဆု့တဆု့ကိုသုံး
ကြိမ်ဆု့တောင်းပါ။
အမ်ွေဝပါ။
ဘုရားတွင်စိတ်ပါကတနင်္ဂနွေနေ့
မနက်၉နာရီတိတိအချိန်တွင်စိတ်ရမည်။
မှတ်ချက်။တပေါင်းလပြည့်နေ့တွင်စိတ်ပါက ပို၍အဓိဌါန် ပြီးမြောက်အောင်မြင်ပါသည်။ဓနသိဒ္ဓိပေါက် ဗုဒေ္ဓါပွါးတိုးပုတီးစိတ်နည်း
Monday, December 18, 2017
အကြွေးကြေ အကြွေးရ ငွေဝင်လမ်းပွင့်စေသော ကျင့်စဉ် --------------------------------------------------------------
အကြွေးကြေ အကြွေးရ ငွေဝင်လမ်းပွင့်စေသော ကျင့်စဉ်
---------------------------------------------------------
မူရင်းလင့်-----https://m.facebook.com/photo.php?fbid=1015231465201959&id=100001453466041&set=o.445696298966645
ငွေကြေးအတွက်တင်ပေးထားတာတွေများလို့ တစ်မျိုးမထင်ပါနဲ့၊အခုလို ငွေရှာရခက်တဲ့ကာလမှာ ကိုယ်လုပ်တာထက် ငွေဝင်လမ်းကောင်းပြီး မိသာစုဘ၀တွေ အဆင်ပြေနေနိုင်စားနီုင်းအောင် အလှူဒါနများ စိတ်သွားတိုင်းကိုယ်ပါ လှူနိုင်တန်းနိုင်အောင် တင်ပြပေးရခြင်းဖြစ်ပါတယ်။နောက်ပြီး ကျွန်တော်ဆီ လာ အကူအညီတောင်းကြတဲ့အထဲမှာ အြွေ့းကိစ္စငွေကိစ္စတွေ့ပဲများကြပါတယ်။ငွေဆိုတာကလည်း လူတိုင်းရဲ့ ဘ၀အတွက် တစ်ထောင့်တစ်နေရာက အရေးပါပါတယ်။ တင်ပေးထားတာတွေများလို့ စိတ်မများကြပါနဲံ ကိုယ်နဲံသင့်တော်မယ် နည်းစနစ်တစ်ခုခုကို လုပ်ဆောင်ပါ။
အခုဖော်ပြမယ့်နည်းကတော့ အကြွေးတင်နေလို့ သောကရောက်နေသူများ အကြွေမြန်မြန်ကျေစေရန်၊ အြွေ့းရစရာရှိသည်များ မရပဲဖြစ်နေသူများ မိမိငွေအမြန်ပြန်ရစေရန်၊ ငွေကြေးကံ နိမ်ါနေသူ၊လာဘ်ပိတ်နေသူများ ငွေကံမြင့်ပြီး လာဘ်ပွင့်စေမယ့် ကျင့်စဉ်ပါ။ဒီကျင့်စဉ်ကတော့ နည်းနည်းတော့ပင်ပန်းပါမယ် ပင်ပန်းသလောက်လည်း အကျိုးထူး သိသိသာသာရရှိစေပါလိမ့်မယ်။
ကျင့်စဉ်ကတော့ စနေနေ့မနက် ၇း၀၀တိတိမှာစတင်ရပါမယ်။ ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ နှင်းဆီပန်း ၇ပွင့် ဖယောင်းတိုင် ၇တိုင် အမွေးတိုင် ၇တိုင်လှူဒါန်းပြီး
ဒိဝါတပတိအစချီ ဂါထာတော်ကို ပုတီး၇ပတ်တိတိစိပ်ရပါမယ်။အဓီဌာန်ရက်ကလည်း ၇ရက်ပါ၊၇ရက်တစ်ထုံ ၇ရက်တစ်ထုံဝင်သွားပါ။အဓိဌာန်တစ်ရက်ပြီးတိုင်း ၇ ခါတိတိဆုတောင်းရပါမယ်။ အဲ့လို ၇ရက်တစ်ထုံ ၇ရက်တစ်ထုံဝင်သွားပါ။ငွေကြေးကိစ္စနဲ့ပက်သက်ပြီး ကြံဖန်အဆင်ပြေသွားတာတွေ့ရပါလိမ့်မယ်။ထို အဓိဌာန်ဝင်တဲ့ ကာလမှာ ညနေတိုင်းခွေးစာကျွေးပေးပါ။
နေ့စဉ်ပုတီးစိပ်ဖို့အချိန်မပေးနိုင်ပါက စနေနေ့တိုင်း အဓီဌာန်ဝင်နိုင်ပါတယ်။ဒါပေမယ့် နေ့စဉ်အဓိဌာန်ဝင်တဲ့သူလောက်တော့ အကျိုးပေးမမြန်နိုင်ပါဘူး၊
Monday, December 11, 2017
ငွေကြေးအပူ ရုက္ခစိုးကူ
ငွေကြေး   အကြွေးရစရာ ရှိလို့  မရဖြစ်နေလား
ငွေကြောင့်  ပူပင်သောကဖြစ်နေလား
ငွေတင်  မဟုတ်ပါဘူး   တခြား  အခက်အခဲ
အိမ်ထောင်ရေး  စီပွားရေး   လူမှုပြဿနာများ
ကို     ဒီနည်းနဲ့လုပ်ကြည့်လ်ုက်ပါ
မိမိတို့ရပ်ကွက်  iမြို့မှာရှိသော ဘုရား ဂြိုဟ်ပြေနံပြေက   ဗောဓိညောင်ရွက်  ၃ရွက်လောက်
ညောင်ပင်စောင့်   ရုက္ခစိုးဆီမှာခွင့်တောင်းပီ
ခူးယူပါ   ပီးရင်  အိမ်မှာ  တိုက်ပုဂံပြား  iပေါ်
ညောင်ရွက်တင်   အဲ့ဒီအပေါ်မှာ   ဖယောင်းတိုင်
တနေ့ ၈တိုင်ထွန်း တတိုင်မကုန်ခင်နောက်တတိုင်ဆက်ထွန်းပါ  အရှင်ရုက္ခစိုးနတ်မင်း  အား
ဤအလင်းတိုင်အား  လှူ ဒါန်းပါ၏   အရှင်ရုက္ခစိုးနတ်မင်း ဘေးရန်ကြောင့်ကျဆင်းရဲကင်း၍
ကိုယ်စိတ်၂ဖြာ  ကျန်းမာချမ်းသာပါစေ
ကျနုပ်ပြုလုပ်ရတဲ့   ကုသိုလ်ကောင်းမှု့ကို  အမျှပေးဝေပါတယ်  သာဓုခေါ်ပါ    ပီးရင်
ဘယ်နေု့သားသမီး  ထံ မှ ရစရာရှိသော  iငွေအကြွေး  များ အမြန်ရအောင်   ကူညီစောင့်ရှောက်ပါ   လို့  ဖယောင်းတိုင်လှူတိုင်း  ဖယောင်းတိုင်မီး   ကိုစူးစိုက်ကြည့်ပီး   တိုင်တည်လိုက်ပါ
၇ရက်  ထွန်းပါ    ထူခြားပါတယ်  တခြားကိစ္စများကိုလည်း   ဘယ်နေ့သားသမီး  စသဖြင့်  ကိုယ့်
အခက်အခဲရှိသလို  လုပ်လိုက်ပါ
https://m.facebook.com/groups/1573638246261942?view=permalink&id=1822303734728724
#မှတ်စုကြမ်း
#မှတ်စုကြမ်း     အပ်ုင်းအစ များ   ၇
====================================
     ===လူမမာအတွက်  အမြန်ဆေးတွေ့  ပြီး နလန် ထူအောင်
၎င်း လူမမာနဲ့  မွေး နံ ပန်းက်ု  aမြေအိုးအသစ်နှင့်ထည့်၍  ဘုရားကို လှူ   ။ အညွှန့် ပန်းကို  လည်းလှူ ပါ။
 သပြေ က်ုးခက်  က်ု ပန်းအိုးတလုံးထဲ  ထည့်  aရေက်ုးခွက်က်ု  ပန်းအ်ုးဘေး မှာ ပါတ်လည်ထား ။  အမြန်ကျန်းမာပါစေ ဆုတောင်းပါ။
       ==အိမ် ခြံမြေ  အတွက်
ညောင်ပင်မှ ကြွေ ကြနေသော  အနာလွတ်သော အရွက် က်ုယူ
ကြွေ ပန်းကန်ပြား အောက်မှာ ထား ပီးပန်ကန်ပြားထဲ မှ ဖယောင်းတိုင်ထွန်း     မိမိ ကိစ္စ က်ု ပြော  ရုက်ခစ်ုးမင်းကြီးကူညီပါပြောပါ။   ၇ ရက်ထွန်း ။
မထူးခြားလျှင်   အရွက်ဟောင်းက်ု   ညောင်ပင်ပြန်ထား အသစ်ထပ်ကောက်ပါ။
        ==aမြေ ကြီးက်ု လက်တဆုတ်ယူ     ဆီးမီးခွက်ထဲ ထည့်
 အမွှေးတိုင်ထွန်း    ဝသုနြေ္ဒ မြေ စောင့် နတ် နှင့်  iမြေ ဖုတ်ဘီလူး မေတ္တာပ်ု့   ပြီး   ပဠာန်းရွတ်ပေးပါ။
      အမြန်ဆုံးရောင်းရ စေ ရန်  iပြောပါ  ပထီဇယ  ဂါထာ ရွတ်ပေးပါ။
            <<< ကံတအားညံ့ လျှင်   ဘုန်းကြီးအိမ်သာဆေး
ခွေးစားခွက်တွေ ပြောင်နေအောင်ဆေး ။ လူ အများသွားသဘ့် လမ်း  ချိုင့် ခွက် မြေ ဖို့   တံမြတ်စည်းလှည်း။    ဘုန်းကြီးကျောင်း  နာရီ လှူ  iပေးပါ    ( လဘ်ပွင့် ကံ တတ်)
 >>>>>>>>> #လုက်သမျှဒုက်ခ  ဆို လျှင်တော့   အမေ့ ထမိန် လျော် ပါ ။   အမေ အဖေ  ခြေ  ထောက် နဖူး တိုက် ကန်တော့ပါ။   တောင်းပန်ပါ ။   အမေ့ ထမိန်စ   အထက်ဆင်စ
  အဆောင်ယူထားပါ။
     >>>https://m.facebook.com/groups/1785491238446770?view=permalink&id=1882337838762109
Friday, December 8, 2017
💸 အကြွေးအမြန်ရစေသောယတြာ 💸 ----------------------------------------------
💸 အကြွေးအမြန်ရစေသောယတြာ 💸
----------------------------------------------
https://m.facebook.com/story.php?story_fbid=218510845346921&substory_index=0&id=182643122267027
မိမိထံမှ ငွေချေးပြီး ပြန်မရတာဘဲ ဖြစ်ဖြစ်၊
ငွေအလိမ်ခံရတာဘဲ ဖြစ်ဖြစ်၊ တောင်းလို့မရတာဘဲ
ဖြစ်ဖြစ်၊ သူများလက်ထဲ ငွေလက်လွန်ထားတာဘဲ
ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ငွေချေးပြီး
ပြန်မရတာမျိုး၊ ငွေအလိမ်ခံရတာမျိုးဖြစ်နေပါက
 ▶ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် ဆန်လက်တစ်ဆုတ်စာထည့်ပါ
 ▶ပြီးလျှင် ငါးထောင်တန်တစ်ရွက်ပေါ်တွင်🔘 ငါးမူးစေ့ တစ်စေ့တင်ပါ
 ▶အဲ့ဒီ ငါးမူးစေ့ပေါ်တွင် ဖယောင်းတိုင်ခက်ကြီးကြီးတစ်တိုင်
စိုက်၍ မိမိငွေကို အမြန်ဆုံးရပါစေဟု
လေးလေးနက်နက် ဆုတောင်းပြီး မီးထွန်းပေးပါ
 ▶ဆန်ထည့်တဲ့ချိန် (အသက်အောင့်ပြီးထည့်ပါ)
ဖယောင်းတိုင်တွင် အကြွေးရရမည့်သူ၏ နာမည်ကိုရေးရမည်
 ▶မီးထွန်းပြီးလျှင် { အရဟံ } ပုတီး(၉ပတ်) စိပ်ပါ
              ❄ ပုံမှာပြထားသည့်အတိုင်း ပြုလုပ်ပါ ❄
⌚ (၉)ရက်တိတိပြုလုပ်ပါ/ မနက် (၇နာရီ နဲ့၈နာရီကြား)
တွင်လုပ်ရမည်/မိမိမွေးနေ့ရက်မှာ စပြီးလုပ်ရမည်/
မိမိနေအိမ်ဘုရားစဉ်တွင် ပြုလုပ်ပါ
မှတ်ချက်။ ။ အချိန်မှားလို့မရပါ၊ ရက်မှားလို့မရပါ၊
     ❄ ဆရာဇွဲမင်းထက်မှ မေတ္တာစေတနာဖြင့်
                           ကိုယ်တိုင်တွက်ချက်ရေးသာသည် ❄
____________________________________________
            နက္ခတ္တဗေဒ ပညာရှင်
  ဗေဒင် နှင့် လက္ခဏာ ဆရာ ဇွဲမင်းထက်
                မန္တလေးမြို့
       📲09-43110624
❇ စီးပွားရေး၊ ကျန်မားရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ လူမူရေး၊ မိမိတို့၏ ကံကြမ္မာအကောင်းအဆိုးများကို ဆရာနှင့်တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် နိုင်ပါသည် ❇
🌟 အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ အစီးအမံများ ပြုလုပ်ပေးနေပါသည်🌟
🔺အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင်
🔺ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်း
ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်စင်
🔺အချစ်ရေးအဆင်မပြေသူများ၊ အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ပညာရေးနှင့်ပတ်သက်သော ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အနောက်အယှက် အတိုက်အခိုက်ရိနေသူများအတွက်
ယတြာ/ဓာက်ရိုက်ဓာတ်ဆင်
🍁ယတြာတန်းလုပ်ချင်ပါက Viber, Massenger, ကနေ (သို့)
ဆရာ့ဖုန်းကို တိုက်ရိုက် ဆက်သွယ်ပေးပါ🍁
         👉  ဗေဒင်မေးမြန်ချင်သူများအတွက်👈
      ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
💻FB Massenger, Viber, We Chat တို့ဖြင့် မေးမြန်လိုပါက
▶မိမိမွေးသက္ကရာဇာ် အပြည့်အစုံ, နာမည် ပြောပေးရမယ်
▶လက္ခဏာပုံ(နှစ်ဖက်လုံး) ဓာတ်ပုံရိုက်ပို့ပေးရမည်
▶ဟောပြောခ-ဖုန်းဘေလ် Mpt3000
(ဖုန်းဘေလ်ကဒ်ကို ခဲခစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရပါမည်)
📲Phoneဖြင့်တိုက်ရိုက်မေးလိုလျှင်
▶SMS massages ကနေ မွေးသက္ကရာဇာ်, နာမည်ပေးပို့ရမည်
▶ဟောပြောခ-Mpt3000 ပို့ပေးရမည်
  📞09-43110624
လိပ်စာ➡ 73လမ်း 34×35ကြား Mandalay Donutsရှေ့
             ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
လက်လွန်ထားသောငွေများအမြန်ပြန်ရစေသောယတြာ
လက်လွန်ထားသောငွေများအမြန်ပြန်ရစေသောယတြာ
💰💰💰💰💰💰💰💰💰💰💰💰💰💰💰💰💰
https://m.facebook.com/story.php?story_fbid=245907659273906&id=182643122267027
မိမိထံမှာ သူတစ်ပါးအား ငွေချေးပြီး ပြန်မပေးနိုင်တဲ့ အနေအထားမှာ ဖြစ်နေပါက ပြန်တောင်းရဖို့ အခက်အခဲ ဖြစ်နေ
တာမျိုး၊ မိမိထံမှ ငွေချေးပြီး ပြန်မရတာဘဲ ဖြစ်ဖြစ်၊
ငွေအလိမ်ခံရတာဘဲ ဖြစ်ဖြစ်၊ တောင်းလို့မရတာဘဲဖြစ်ဖြစ်၊
သူများလက်ထဲ ငွေလက်လွန်ထားတာဘဲဖြစ်ဖြစ်၊
အကြောင်းအမျိုးမျိုးကြောင့် ငွေချေးပြီး ပြန်မရတာမျိုး၊ ငွေအလိမ်ခံရတာမျိုးဖြစ်နေပါက
 လိုအပ်သောပစ္စည်းများ •••
   ⭐️စတီးပန်ကန်တစ်ချပ်
   ⭐️aရွှေဖရုံသီးတစ်လုံး
   ⭐️ဆန်အနည်းငယ်
   ⭐️ငါးမူးစေ့တစ်စေ့
   ⭐️အနီရောင်ပိတ်စတစ်စ
➡️ စတီးပန်းကန်းပြာတစ်ချပ်ပေါ်တွင် (အနာဆာကင်းသော) ရွှေဖရုံသီးတစ်လုံးကိုထားပါ
➡️ ထားပြီးပါက ရွှေဖရုံသီးပေါ်တွင် အနီရောင်ပိတ်စတစ်စကိုတင်ပါ
➡️ ပြီးလျှင် ပိတ်စပေါ်တွင် ဆန်အနည်းငယ်ကို ဖြန့်ပြီး
တင်ပေးပါ
➡️ ဆန်ပေါ်တွင် ငါးမူးစေ့တစ်စေ့ တင်လိုက်ပါ
➡️ တင်ပြီးပါက အဲ့ဒီ ငါးမူးစေ့ပေါ်တွင် ဖယောင်းတိုင် ခက်ကြီးကြီးတစ်တိုင် စိုက်၍ မိမိလက်လွန်ထားသောငွေကို
" အမြန်ဆုံးရပါစေ " ဟု လေးလေးနက်နက်ဆုတောင်းပြီး
မီးထွန်းပေးပါ
➡️ အနီရောင်ပိတ်စပေါ်တွင် ငွေပေးထားတဲ့သူရဲ့ နာမည်ကိုရေးရမည် (aဆော့ပင်ဖြင့်ရေးပါ)
➡️ ရွှေဖရုံသီးပေါ်တွင် မိမိနာမည်ကိုရေးရမည် (ထုံးဖြင့်ရေးပါ)
➡️ မီးထွန်းပြီးလျှင် " (ဂုဏ်တော်ကိုးပါး) " ပုတီးစပ်ပါ
         ⚛️ ပုံမှာပြထားသည့်အတိုင်း ပြုလုပ်ပါ ⚛️
⌚ (၁၁)ရက်တိတိပြုလုပ်ပါ/ မနက် (၇နာရီ နဲ့၉နာရီကြား)
တွင်လုပ်ရမည်/ မိမိမွေးနေ့ရက်မှာ စပြီးလုပ်ရမည်/
မိမိနေအိမ်ဘုရားစဉ်တွင် ပြုလုပ်ပါ
မှတ်ချက်။ ။ အချိန်မှားလို့မရပါ၊ ရက်မှားလို့မရပါ၊
⚜️ဆရာဇွဲမင်းထက်မှ မေတ္တာစေတနာဖြင့်
                           ကိုယ်တိုင်တွက်ချက်ရေးသာသည်⚜️
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
           နက္ခတ္တဗေဒပညာရှင်
ဗေဒင်နှင့်လက္ခဏာ ဆရာဇွဲမင်းထက်
            Ph:09-43110624    
ဟောပြော - ဖုန်းဘေလ် (Mpt 3000)
ဟောခန်းလိပ်စာ
ရန်ကုန်လိပ်စာ ➡️ တိုက်အမှတ် (၃၀) ပထမထပ် ၊
အောင်တေဇလမ်း၊ ဗျိုင်းကွက်သစ်ရပ်ကွက်၊ တာမွေ
မြို့နယ်
မန္တလေးလိပ်စာ ➡ 73လမ်း 34×35ကြား Mandalay Donutsရှေ့ချမ်းအေးသာစံမြို့နယ်
⚛️စီးပွားရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ ကျန်းမာရေး၊
လူမူရေး၊ ပညာရေး၊ မိမိတို့၏ကံကြမ္မာအဆိုးအကောင်း၊
ရှေ့ဖြစ်နောက်ဖြစ်အားလုံး ဆရာနှင့်တိုက်ရိုက် ဆွေးနွေး
တိုင်ပင်နိုင်ပါသည် ⚛️
🌑 အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ
 အစီးအမံများလဲ ပြုလုပ်ပေးနေပါသည် 🌑
▶အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင်
▶ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အချစ်ရေးအဆင်မပြေသူများ၊အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
💥ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင် တန်းလုပ်ချင်ပါက
Viber, Massenger, ကနေ (သို့) ဆရာ့ဖုန်းကို တိုက်ရိုက် ဆက်သွယ်ပေးပါ 💥
        🌎 ဗေဒင်မေးမြန်ချင်သူများအတွက် 🌎
     ••••••••••••••••••••••••••••••••••••••••
💻FB Massenger, Viber, We Chat တို့ဖြင့် မေးမြန်လိုပါက
▶မိမိမွေးသက္ကရာဇာ် အပြည့်အစုံ, နာမည် ပြောပေးရမယ်
▶လက္ခဏာပုံ(နှစ်ဖက်လုံး) ဓာတ်ပုံရိုက်ပို့ပေးရမည်
▶ဟောပြောခ-ဖုန်းဘေလ် Mpt3000
(ဖုန်းဘေလ်ကဒ်ကို ခဲခစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရပါမည်)
📲Phoneဖြင့်တိုက်ရိုက်မေးလိုလျှင်
▶SMS massages ကနေ မွေးသက္ကရာဇာ်, နာမည်ပေးပို့ရမည်
▶ဟောပြောခ-Mpt3000 ပို့ပေးရမည်
(ဖုန်းဘေလ်ကဒ်ကို ခဲခစ်ပြီး ဘေလ်ကဒ်ရဲ့နံပါတ်တွေကို massagesထဲရိုက်ပို့ပေးရပါမည်)
 📞09-43110624
🏡 အိမ်ခြံမြေအမြန်ရောင်းထွက်စေသောယတြာ
🏡 အိမ်ခြံမြေအမြန်ရောင်းထွက်စေသောယတြာ 🏡
*************************************************
https://m.facebook.com/story.php?story_fbid=252094345321904&id=182643122267027
မိမိ အိမ်၊ ခြံ၊ မြေ (သို့) တိုက်ခန်းအား အရောင်းအဝယ်မတည့်ဘဲဖြစ်နေခြင်း၊ အကြောင်းမျိုးမျိုးကြောင့် အမြန်ဆုံး ရောင်းမှ အဆင်ပြေမဲ့အခြေအနေမျိုးဖြစ်ပေါ်ခြင်း၊ အကြောင်း
ရင်းခံတစ်ခုခုပေါ် အခြေပြု၍ မိမိရဲ့အိမ်ခြံမြေကို အမြန်ဆုံးမိမိကြိုက်တဲ့ဈေးဖြင့် ရောင်းချင်လိုပါက....
လိုအပ်သောပစ္စည်းများ•••
⭐အိမ်ခြံမြေ၏ ထောင့်လေးထောင့်မှမြေအနည်းငယ်
⭐️ကြွေပန်းကန်ပြာတစ်ချပ်
⭐️ဆန်းလက်တစ်ဆုပ်
⭐စတီးခွက်တစ်ခွက်
⭐(အခွံခွာပြီးသား)အုန်းသီးတစ်လုံး
⭐ဖယောင်းတိုင်တစ်တိုင်
▶️ အရင်ဆုံး ကြွေပန်းကန်းပြာထဲတွင် ဆန်းကိုထည့်လိုက်ပါ(အသက်အောင့်ပြီး ထည့်ပါ) ထည့်ပြီးပါက 👇🏾
▶️ မိမိရောင်းလိုသော 🏡 အိမ်ခြံမြေကွက်၏ ထောင့်လေးထောင့်မှ လက်တစ်ဆုတ်စာ မြေအနည်းငယ်စ်ီယူပြီး စတီးခွက်တွင်ထည့်ပါ
▶️ ပြီးလျှင် (အခွံခွာပြီးသား) အုန်းသီးကို မြေထည့်ထားသော ခွက်ပေါ်တွင်တင်ပေးပါ
▶️ အဲ့ဒီ အုန်းသီးပေါ်တွင် အိမ်ခြံမြေပိုင်ရှင်၏ နာမည်
ရေးရမည် (  aဆော့ပင် ဖြင့်ရေးရမည်)
▶️ နာမည်ရေးပြီးပါက အုန်းသီးပေါ်တွင် ဖယောင်းတိုင်ခက်ကြီးကြီး တစ်တိုင်စိုက်၍
▶️ မိမိအိမ်ခြံမြေကွက်အား "အမြန်ဆုံးရောင်းထွက်
ပါစေ"ဟု လေးလေးနက်နက်ဆုတောင်းပြီး မီးထွန်းပေးပါ
⌚နံနက် (၇နာရီ နဲ့ ၈နာရီ) ကြားမှာလုပ်ရမည် /
(၈)ရက်တိတိလုပ်ပေးရမည်/ ရောင်းမည့်အိမ်ခြံမြေတွင် ပြုလုပ်ရမည်/ အိမ်ခြံမြေပိုင်ရှင်၏ မွေးနေ့နံရက်ကနေ စလုပ်ပါ
မှတ်ချက်။ ။ ခွက်က(စတီးခွက်)ဖြစ်ရမည်၊ အုန်းသီးက (အခွံခွာပြီးသား)ဖြစ်ရမည်၊ အချိန်/ရက် တိကျရမည်၊ နာမည်ကို(ဆော့ပင်ဖြင့်ရေးပါ)/ ဖယောင်းတိုင်ကိုဘဲ တစ်ရက်
တစ်တိုင်စီ အသစ်လဲထွန်းရမည်/ ကျန်ပစ္စည်းများလဲစရာ
မလိုပါ။
(တိုက်ခန်းရောင်းမည့်သူများ၊ လယ်မြေရောင်းချင်သူများလဲ
ပြုလုပ်လို့ ရပါသည်)
    🌹ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပေးပါ🌹
⚛️ ဆရာဇွဲမင်းထက်မှ မေတ္တာစေတနာဖြင့် ကိုယ်တိုင်တွက်ချက်ရေးသာသည် ⚛️
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
🌺မိမိကံကြမ္မာကို ဆရာနှင့်တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါ။ 🌺
***************************************************
                    (ဗေဒင်နှင့်လက္ခဏာ)
         နက္ခတ္တဗေဒပညာရှင် ဆရာဇွဲမင်းထက်
                           မန္တလေးမြို့
                     Ph:09-43110624
ရန်ကုန်လိပ်စာ ➡️ တိုက်အမှတ် (၃၀) ပထမထပ် ၊
အောင်တေဇလမ်း၊ ဗျိုင်းကွက်သစ်ရပ်ကွက်၊ တာမွေ
မြို့နယ်
မန္တလေးလိပ်စာ ➡ 73လမ်း 34×35ကြား Mandalay Donutsရှေ့ချမ်းအေးသာစံမြို့နယ်
⚛️ စီးပွားရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ ကျန်းမာရေး၊
လူမူရေး၊ ပညာရေး၊ မိမိတို့၏ကံကြမ္မာအဆိုးအကောင်း၊
ရှေ့ဖြစ်နောက်ဖြစ်အားလုံး ဆရာနှင့်တိုက်ရိုက် ဆွေးနွေး
တိုင်ပင်နိုင်ပါသည် ⚛️
⚜️ဆရာဇွဲမင်းထက်မှ တက်သည့်ပညာဖြင့် ကူညီဆောင်ရွက်ပေးနေပါသည်⚜️
🔮 အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ
 အစီးအမံများလဲ ပြုလုပ်ပေးနေပါသည် 🔮
▶အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင်
▶ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အချစ်ရေးအဆင်မပြေသူများ၊အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
▶ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
 ⚜️ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင် တန်းလုပ်ချင်ပါက
Viber, Massenger, ကနေ (သို့) ဆရာ့ဖုန်းကို တိုက်ရိုက် ဆက်သွယ်ပေးပါ⚜️
(Viber no;) Ph : 09-43110624
•••••••••••••••••••••••••••••••••••••••••••••••
📲Phoneဖြင့်တိုက်ရိုက်မေးလိုလျှင်👇
▶SMS massages ကနေ မွေးသက္ကရာဇာ်, နာမည်ပေးပို့ရမည်
▶ဟောပြောခ-Mpt3000 ပို့ပေးရမည်
(ဖုန်းဘေလ်ကဒ်ကို ခဲခစ်ပြီး ဘေလ်ကဒ်ရဲ့နံပါတ်တွေကို massagesထဲရိုက်ပို့ပေးရပါမည်)
 ☎09-43110624
💻FB Massenger, Viber, We Chat တို့ဖြင့် မေးမြန်လိုပါက 👇
▶မိမိမွေးသက္ကရာဇာ် အပြည့်အစုံ, နာမည် ပြောပေးရမယ်
▶လက္ခဏာပုံ(နှစ်ဖက်လုံး) ဓာတ်ပုံရိုက်ပို့ပေးရမည်
▶ဟောပြောခ-ဖုန်းဘေလ် Mpt3000
(ဖုန်းဘေလ်ကဒ်ကို ခဲခစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရပါမည်)
🕉ဆရာ့ဟောခန်းမှာ လာမေးချင်သူများအတွက်အောက်ပါလိပ်စာအတိုင်းလာလို့ရပါတယ်🕉
ရန်ကုန်လိပ်စာ ➡️ တိုက်အမှတ် (၃၀) ပထမထပ် ၊
အောင်တေဇလမ်း၊ ဗျိုင်းကွက်သစ်ရပ်ကွက်၊ တာမွေ
မြို့နယ်
မန္တလေးလိပ်စာ ➡ 73လမ်း 34×35ကြား Mandalay Donutsရှေ့ချမ်းအေးသာစံမြို့နယ်
{မှတ်ချက် - မလာခင်ကြိုတင်📲 ဖုန်းဆက်ရပါတယ်}
Wednesday, November 29, 2017
~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~
https://m.facebook.com/groups/1573638246261942?view=permalink&id=1817289638563467
~~ ရက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏
  ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော် ~~
==============================
* ထေရုပတ္တိအကျဉ်း....
        တိုင်းကြီး ၁၆-ပြည်ထောင်ရှိ ဝိဇ္ဇာဓိုရ်အမတ် ရှစ်သောင်း
တို့အနက် တံခါး ၆၄- တံခါးပိုင် သာသနာ့ကြိုးကိုင် , ဝီရိယ
ကြိုးကိုင်, မနောမယကြိုးကိုင် ဟူ၍ ထင်ရှားကျော်ကြား ၇-ရက်
သားသမီးတို့အား ကပ်ကြီးသုံးပါးမှ ကယ်တင်တော်မူ၍
မဟာဂန္ဓာရီ ထွက်ရပ်ပေါက် ယက္ကန်းစင်တောင်ဆရာတော်ကြီး
ဦးသြဘာသသည် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မွေပုံ ကံရွာတွင်
သက္ကရာဇ် (၁၁၉၉) ခုနှစ် , ဝါဆိုလဆန်း(၁၄)ရက် တနင်္ဂနွေ
နံနက် (၁)နာရီကျော်၌ ခမည်းတော် ဦးရာကျော် ,မယ်တော်
ဒေါ်ငွေတို့မှ ဖွားမြင်တော်မူခဲ့သည်။ ငယ်စဉ်ကတည်းက
စုပ်မြောင်ရိုးဆရာတော်ထံတွင် ပညာရည်နို့ သောက်စို့ခဲ့ရာ
ပညာရပ် အမျိုးမျိုးကို အရွယ်နှင့် မလိုက်အောင် တတ်ကျွမ်း
တော်မူခဲ့သည်။ ဘုန်းကြီးကျောင်းသား ဘဝကတည်းက
တွံတေးမြို့ ပေါက်ဆရာတော်ဦးဓမ္မစာရီ ၏ ပညာစဉ်(အမွေခံ)
ကျောက်တံ ကို ရရှိခဲ့ပြီး ရွှေသားပုရပိုဝ်ရ ဝီရိယဓိကအလောင်း
တော်ဟု အမည်တော်တွင်ခဲ့သည်။ (၁၂၁၉) ခုတွင် ရဟန်း
ဘောင်သို့ ရောက်ရှိခဲ့ပြီး (...)ရွာ၌ သီတင်းသုံးတော်မူခဲ့သည်။
     ဆရာတော်ကြီးသည် လောကီဈာန်များကို လေ့လာအား
ထုတ်ခဲ့ရာ နဝင်းပညာနှင့် အင်းဝိဇ္ဇာအတတ်တို့ကို အထူး
ပေါက်မြောက်ခဲ့သည်။ ဂန္ဓာရီသာသနာပြုခရီး လှည့်လည်ရင်း
စဥ့်ကူးမြို့, မန္တလေးမြို့, မေမြို့, ပန်းတောင်း , ပြည် , တောင်ငူ
ပျဉ်းမနား, ရန်ကုန်, ပဲခူး, ဟင်္သာတ, ကျိုက်လတ်, ဖျာပုံ ,
ဘိုကလေး စသည့် ဒေသများတွင် ပညာစဉ်များနှင့် (၇)ရက်
သား သမီးတို့ကို လောကီစည်းစိမ်တိုးပွားပြီး , လိုရာခရီပေါက်
မြောက်အောင်မြင်စေနည်းများကို ချီးမြှင့်ပေးသနားတော်မူ
ခဲ့သည်။ ပညာအမွေချီးမြှင့် ခံရသူတို့တွင် မြန်မာပြည်အထက်
ပိုင်း၌ ဆရာတော်ပညောဘာသ, ဦးသောင်း, ဦးဘစိန်(မေမြို့)
မန္တလေးတိုင်းတွင် ဆရာဦးရဲသူ, ဆရာချန်, ဆရာဆိုင်,
ဆရာလှိုင်, အမေပု, ဆရာစံ, ဆရာကြွား, ဆရာ...  သမားတော်
ကြီးဦးကျော်ရန်, ဦးကျော်, တောင်ငူ ပျဉ်းမနား၌ အဖေကြီးဆရာ
ဦးစောလှဖြူ, ဘုန်းဘုန်းလေး , ပန်းတောင်းမြို့လယ်ပြင်ဆရာ
တော် ဦးသာသနာ့မာလာ , ဦးဇဝန , မြန်မာပြည်အောက်ပိုင်း
ယောက်ကော်ဆရာတော်ဦးသဒ္ဓမ္မသိဒ္ဓိ မြန်မာပြည်အနှံ့ ဂန္ဓာရီ
ခရီးလှည့်လည်၍ သာသနာပြုလျက် မြစ်ဝကျွန်းပေါ်တွင်
ဆရာတော်ဦးသီလ, ဆရာတော်ဦးဝိသုဒ္ဓ, ဆရာတော်ဦးသာသန
ဆရာကြီးဦးဘသိန်း , ဆရာဦးဝင်းမြင့်(မြေးတပည့်) စသူတို့
သည် ထင်ရှားကြသည်။
* ယခုထောင်စုနှစ်တွင် စီးပွားလဘ်လာဘများ အခွင့်ကောင်း
များ ပိုဆိုင် ခံစားနိုင်ရေး ဘေးရန်ခပ်သိမ်းကို ပယ်ခွာနိုင်ရေး
တို့တွက် ဆရာတော်ကြီး အဓိကပညာစဉ်အချို့နှင့် ဣစ္ဆာသယ
ကျဥ့်စဉ်တော် (ထူးခြားစွာ အောင်မြင်ခဲ့သူများ အောင်နေသူ
လုပ်ငန်းရှင်များစွာတို့၏လက်တွေ့ ဆောင်ယူကျင့်သုံးခဲ့သော
ကျင့်စဉ်တော်)ကို ဉာဏ်ရှိသလို ဆောင်ယူကျင့်ကြံပူဇော်နိုင်
ကြပါစေရန်မျှဝေပါသည်။
* ဣစ္ဆာသယ လိုတရ ဂုဏ်တော်တိုး ကျင့်စဉ်တော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။   အ။        ........(၁)လုံး
၂။   အ, သံ ။    .....(၂)လုံး
၃။    အ, သံ , ဝိ ။   ......(၃)လုံး
၎။     အ , သံ , ဝိ , သု ။    .....(၄)လုံး
၅။     အ,  သံ , ဝိ , သု , လော ။   .......(၅)လုံး
၆။     အ, သံ , ဝိ , သု , လော , အနု ။    .........(၆)လုံး
၇။    အ,  သံ ,ဝိ , သု, လော , အနု , သတ္တာ ။  ...(၇)လုံး
၈။      အ, သံ , ဝိ , သု, လော , အနု , သတ္တာ ,ဗု ။ ..(၈)လုံး
၉။      အ, သံ , ဝိ , သု, လော, အနု, သတ္တာ, ဗု, ဘ ။..(၉)လုံး
၁၀။   အ,သံ,ဝိ,သု,လော,အနု,သတ္တာ,ဗု,ဘ ။       ......(၉)လုံး
စုစုပေါင်း(၅၄)လုံး ၂-ခေါက်စိပ်လျှင် (၁၀၈)လုံး
မိမိနိုင်သလောက် (၃,၅,၇,၉)ပတ်  (၃,၅,၇,၉) ရက်
ဆရာတော်ကြီးထံတွင် အဓိဋ္ဌာန်တင်ပြီး  မွေးနေ့စဝင်ပါ။
(နေရာတိကျရန်မလိုပါ။ )  အဓိဋ္ဌာန်တွင်း ငါးပါးသီလမကျိုးစေရ။
မူးယစ်ရှောင်ပါ။ ခြေလေးချောင်းသား , မြေအောင်သားရှောင်ပါ။
မည်သည့် အဖျက်ဝင်ပါစေ အဓိဋ္ဌာန် မပျက်ပါစေနှင့် ။
အဓိဋ္ဌာန် ပြည့်အောင်လျှင် မိမိအကြံစည်များ ထူးခြားစွာပြည့်စုံ
အောင်မြင်ပါလိမ့်မည်။
                  (ဝိဇ္ဇာမျက်လုံးဆေးတိုက် မိသားစုကောင်းမှု)
(အားလုံးချမ်းမြေ့ကြပါစေ)
Friday, November 24, 2017
လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်
https://m.facebook.com/story.php?story_fbid=1484194901694848&id=893408380773506
လူခေါ် ဧည့်လာ လာဘ်ခေါ် မန္တန်
-----------------------
ဆိုင်တွေမှာဈေးရောင်းမကောင်းလို့ လာဘ်ပွင့်ချင်တာ
ဝယ်သူများများလာစေချင်တာ
စားသောက်ဆိုင်တွေလူဝင်များချင်တာ
ကျူရှင်တွေ ကျောင်းသားများများဝင်စေချင်တာ
ဟောခန်းဖွင့်ထားတဲ့ဆရာများ လူများများဝင်ချင်တာ
ကိုယ်လိုချင်တဲ့ အလုပ် ကိုယ်ရချင်တဲ့အလုပ် ရစေချင်တာ
ကန်ထရိုက်များတင်ဒါအောင်ချင်တာ
တက္ကစီဆရာတွေ အော်ဒါရချင်တာ
အိမ်က ထွက်သွားတဲ့သူပြန်လာစေချင်တာ
ယွကျားက ခြေပုန်းခုတ် အငယ်အနှောင်းထား အိမ်ပြန်မလာလို့ ပြန်လာစေချင်တာ
ချစ်သူကိုယ့်စီလာစေချင်တာ
ခရီးသွားလုပ်ငန်းများ အော်ဒါရချင်တာ
စသဖြင့်
ယုတ်စွအဆုံး KTV တွေ စင်တင်တွေ လူလာစေချင်တာ အာ့တွေပါသုံးလို့ရပါတယ်၊၊
ပညာခန်းက အဆင့် ၃ဆင့်ရှိပါတယ်၊၊ အခုမန္တန် ကပထမဆုံးအဆင့်ပါ၊၊ဒီအပိုင်းပဲ ဒီလောက်ပဲဖော်ပြလို့ရပါတယ်၊၊ကျန်တာတော့ ဖော်ပြလို့မရပါ၊၊ဒီအဆင့်နဲ့တင်တော်တော်လေးထိရောက်ပါတယ်၊၊
အရင်ဆုံး ဘုရားတစ်ဆူဆူကိုသွားပါ မွေးနံထောင့်မှာ ဖယောင်းတိုင် ၃တိုင် အမွှေးတိုင် ၃တိုင် ပန်း၃ပွင့် ထီး၃လက် ရေ၃ခွက်လှူပါ၊၊
ပြီးရင် အခုဖော်ပြမယ့်မန္တန်ကို ပုတီး ၁၀ပတ်အနည်းဆုံးတစ်ထိုင်တည်းစိပ်ရပါမယ်၊၊
စိပ်ပြီးရင်တော့ နေ့စဉ် သက်စေ့ခေါက်ရေ အနည်းဆုံးရွတ်ဆိုပါ၊၊ဆုတောင်းပါ၊၊ကိစ္စကြိးငယ်ရှိလျှင် ၁၀၈ခေါက်ရွတ်ဆိုပါ၊၊ ဆုတောင်းပါ၊၊ အရေးကြီးဆုံးအချက်က ဒီမန္တန်ကို မရွတ်မှီ နမောတဿ နဲ့ သရဏဂုံ ၃ပါး(တတိယမ္ပိ ထိ) ၃ခေါက်စီ ရွတ်ပါ၊၊ဒီမန္တန်နဲ့ ပက်သက်ဆက်နွယ်တဲ့ မြင်အပ်မမြင်အပ် ၇ရက်သားသမီးအပေါင်းကို မေတ္တာပို့ပြီးမှရွတ်ရပါမယ်၊၊
အထူးမှတ်ချက်၊၊  ၊၊ သရဏဂုံ ၃ပါး ရွတ်ဆိုသောအခါတွင် ဒုတိယမ်ပိ ဟုရွတ်၇ပါမည် ဒုတ်ယမ်မိ မဟုတ်ပါ
တတိယမ်ပိဟုရွတ်ရပါမယ် တတိယမိဟုမရွတ်ရပါ၊၊
မန္တန်လေးက
ဥုံ အာကာသေ ဒေဝတာ ဒေဝတာ
နရှိန် နရှိန် ထွန်းပေဆြာထွန်းပေ
သက်ပေဆြာ သက်ပေ ၊လျှင်ပေဆြာ လျှင်ပေ
လာပေဆြာလာပေ၊၊
ရွတ်ဆိုသေ.အခါး ဖြေးဖြေးမှန်မှန် ရွတ်ဆိုရပါမယ်၊၊ နောက်ကကျားလိုက်လာသလိုမရွတ်ဆိုရပါ၊၊ ၇ွတ်ဆိုနေတဲ့အချိန်လည်း ကိုယ်လာစေချင်တာဖြစ်စေချင်တာ အာရုံပြုထားရပါမယ်၊၊(ဥပမာ ငွေဝင်ချင်တယ်ဆို ငွေက်ုအာရုံပြု လူလာစေချင်တာဆို လူတွေဝင်လာတာကိုအာရုံပြု ပြီးရွတ်ပါ၊၊
မရှင်းတာရှိရင် ကျွန်တော့ Chat boxကနေလာမေးပါ၊၊
ဂါထာရဲ့ထူးခြားမှု့သိချင်ရင် လူမရှိတဲ့ဆိုင်တစ်ဆိုင်ထဲဝင်ထိုင်  ဂါထာ ၁၀၈ခေါက်ရွတ် လူတွေဝင်လာပါလိမ့်မယ်၊၊
မန္တန်နဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်သွားပြီဆိုရင် ကိုယ်ဆိုင်ထဲရောက်တာနဲ့ အဲ့ဒီဆိုင်လူတွေများလာတာမျိုးကြုံရပါလိမ့်မယ်၊၊
အခုပညာရပ်ကို စိတ်ရှည် လက်ရှည် သင်ကြားမျှဝေပေးပါသော
ကျိုက်ထီးရိုး ကျီးကန်းပါးစပ်သွားရာလမ်း သူရဿတီဂူအတွင်းမှ ခဏတာတွေ့ဆုံခဲ့ရသော ဘရသေ့အား ဒီပိုစ်ဖြင့် ဂါဝရပြုအပ်ပါသည်၊၊
Zayar Oo
Tuesday, November 14, 2017
ရောင်းမထွက်သောမြေ အမြန်ရောင်း➖ ထွက်စေ လိုပါသလား ➖
ရောင်းမထွက်သောမြေ အမြန်ရောင်
➖➖➖➖➖➖➖➖➖➖➖➖
ထွက်စေ လိုပါသလား
➖➖➖➖➖➖➖👇👇👇👇👇
 👉တစ်ခါတစ်ရံ မိမိတို့ရောင်းလိုသောမြေ မှာအဝေး၌ ရှိနေခြင်း၊ မိမိထံမြေနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ သာလျှင်ရှိနေခြင်းမျိုးလည်း ကြုံရနိုင်တယ်။
 👉ထိုသို့ သွားရောက်ဆောင်ရွက်ရန် အလှမ်းဝေးသည့် မြေကွက်များရောင်းထွက်လိုပါက အောက်ပါညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နိုင်သည်။ သွားရောက်လုပ်ဆောင်၍ လွယ်ကူသည် ဆိုလဲ လုပ်ဆောင်နိုင်ပါတယ်။
👉မှတ်ချက်။    ။ယုံကြည်စွာလုပ်မှ ထိရောက်မည်ဖြစ်ပါသည်။
🌻(၁) မြေနှင့်ပတ်သတ်သော စာချုပ်စာတမ်းများကို မိတ္တူကူးယူပါ။
🌻(၂) ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် ထိုစာရွက်စာတမ်းများ ကိုတင်ပါ။
🌻(၃) စာရွက်စာတမ်း များပေါ်တွင်ဂျင်းတပ် တစ်တပ်တင်ပါ။
🌻(၄) ထိုဂျင်းတပ်ပေါ်တွင် ရောင်စုံဖယောင်တိုင် (အသေး)တစ်တိုင်စိုကိထွန်း၍ ဘုရားမှာလှူပြီး ဆုတောင်းပါ။
🌻(၅) ထိုအတိုင်း အင်္ဂါနေ့မှစပြီး ၃ရက်ဆက်တိုက် မနက်(၉)နာရီ(၄၅)မိနစ်
အချိန်တွင် ပြုလုပ်ပါ။ ဤသို့ပြုလုပိခြင်းဖြင့် ရောင်းထွက်စေလိုသော မြေကို ဝယ်ယူလိုသောသူများနှင့်အဆက်သွယ်ရရှိလာပါလိမ့်မည်။
ယခုယတြာကို ကျန်တော် ဆရာဇေယျာနိုင်မှ ကိုယ်တိုင်တတ်စွမ်းသောကိုယ်ပိုင် အတတ်ပညာဖြင့် ရေးသာဖော်ကြူးထားပါသည်။
➖➖➖➖➖➖➖➖➖➖
 https://m.facebook.com/story.php?story_fbid=1613858258636675&substory_index=0&id=1499003173455518
ကန်​စွန်းဥ အပင်​​ပေါက်​ မျက်​နာပန်းလှ​သောဘဝကို​ရောက်
သောက အ​ပေါင်း​ရောက်​သူများအား စာနာ၍ ထက်​မံ post တင်​ပါသည်
( ကန်​စွန်းဥ အပင်​​ပေါက်​ မျက်​နာပန်းလှ​သောဘဝကို​ရောက်​) ၂ ပါတ်​အတွင်း ထူးခြား​စေ​သော  မန်​ဘာများစွာ လက်​​တွေ့ အကျိုးရ​စေခဲ့​သောနည်း
သောက အပူဖီစီး လို့ အမျိုး မျိုးကြိုးစားရုံးကန်​​သော လည်း အဆင်​မ​ပြေသူများ ​ခြေကုန်​လက်​ပန်​ကျကာ ဘုရားရှိခိုး ပုတီးစိတ်​ ရန်​လည်း စိတ်​နဲလူ မကပ်​သလိုဖြစ်​​နေသူများ  ​မျော့လင့်​ချက်​မဲ့​နေသူများ ဘာယတြာ မှ မလုပ်​ချင်​​တော့သူများ  ​ငွေ​ကြေးကံပွင့်​ ရန်​နင့်​ အ​ကြွေး​သောက ​ရောက်​​နေသူများ
  မိမိ အိမ်​ဘုရားမာ ကန်​စွန်းဥ ကို ​ရွှေထီး​ငွေထီး​ဆောင်​​ပေးပါ    တနင်္လာ​နေ့ သို့မဟုတ်​ မိမိ​မွေး​နေ့ မနက်​ပိုင်း
ပြု လုပ်​ ပါ  ၏အစီရင်​ သည်​ မိမိ လက်​​တွေ့ ၁၀ နစ်​​ကျော်​ ကာလ လူ​ပေါင်းများစွာ ၏က မှ ချက်​ချင်းလက်​ငင်းလွတ်​​မြောက်​​စေခဲ့ပါသည်
      post လည်း တင်ခဲ့ ပါ သည်​ အကျိုးထူးခဲ့​သော မန်​ဘာများ လည်း အလွန်​များ​ကြောင်း ပြု လုပ်​ခဲ့သူများ ကိုယ်​တိုင်းသိပါသည်
     အချို့ မာ ချက်​ချင်း ထူးပြီး အချို့  မာ ၂ ပါတ်​ခန့်ကြာခဲ့ပါသည်
    မထူးခြားသူ များလည်း ရှိပါသည်​  တကယ်​ထူးခြားလိုပါက  အခြား ယတြာ အစီရင်​များ နင့်​ မ​ရောယှက်​ ဘဲ ယုံကြည်​မူ အပြည့်​ဖြင့်​ ၏နည်းတခု ထည်းကိုသာ ပြု လုပ်​ကြည့်​ပါ ထူးခြားပါမည်​ ​ဂရုဏာ တရား​ရှေးရူ၍ တင်​ပြအပ်​ပါသည်
   အခြားအစီရင်​ပြု လုပ်​​နေသူများ ပြူ လုပ်​​နေဆဲ အစီရင်​ ယတြာများ ကို သာဆက်​လက်​ပြု လုပ်​ပါ
စိတ်​ကူန်​လက်​ပန်းကျပြီး ဘာယတြာ အစီရင်​များမလုပ်​ချင်​​တော့ ​လောက်​​အောင်​ စိတ်​ကုန်​​နေသူများ အတွက်​ရည်​ရွယ်​ပါသည်
    ၏အစီရင်​ပြု လုပ်​ခဲ့ပြီး မထူးခြားခဲ့ သူများရှိပါက ယခုပင်​ အားနာစရာ မလိုဘဲ Commet တွင်​​ရေးနိင်​ပါသည်
    ထူးခြား ခဲ့သူများလည်း မိမိ ​တွေ့အကြုံကို ​ရေးနိင်​ပါသည်
https://m.facebook.com/groups/322430751455143?view=permalink&id=493323874365829
ဂါထာမန္တာန်များ
https://m.facebook.com/story.php?story_fbid=709915122527142&id=648988348619820
အလွန်အစွမ်းထက်သော အမြစ်အညွန့်မတွန့်စေရ ယတြာ###
https://m.facebook.com/groups/1573638246261942?view=permalink&id=1807998222825942
###အလွန်အစွမ်းထက်သော အမြစ်အညွန့်မတွန့်စေရ ယတြာ###
  သင်ဘယ်အခက်အခဲထဲ ပါနေပြီလဲ?
(၁)အမှုအခင်း ဖြစ်နေသူများ
(၂)အတိုက်အခံကြုံ၍ အခက်အခဲတွေ့နေသူများ
(၃)ကျန်းမာရေးအလွန်ညံ့၍ အသက်ကိုလုနေရသူများ
(၄)အလုပ်ပြုတ်တော့မလို ဖြစ်နေသူများ
(၅)မိမိက မပြောင်းရွှေ့လိုပဲ ပြောင်းရွှေ့ရန်အကြောင်းပေါ်နေသူများ
(၆)မိမိက ပြောင်းရွှေ့လိုသည်၊ ထွက်လိုသည်၊ ပြောင်းရွှေ့ခွင့်မရ ထွက်ခွင့်မရသူများ၊
(၇)ဘေးဥပါဒ်များသောနေရာသို့ သွားရန် ရှိနေသူများ
(၈)နိုင်ငံခြား ထွက်ရန်ကြိုပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် ထစ်ငေါ့နေသူများ။
    ဒီယတြာကို ပြုလုပ်ပေးပါ---
 တနင်္ဂနွေသားသမီး များအတွက်  တနင်္ဂနွေနေ့မနက် ၉နာရီ ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော အင်္ဂါနေ့  မနက်၁၀ခွဲမှ၁၂နာရီအတွင်း   ဒန်းကြီးညွန့် ၂၅ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ သောကြာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။ ဒါန်းကြီးမရပါက နှင်းဆီ သို့ ဒေါနပန်း ၁၀ပွင့်နဲ့ ကံ့ကော် သို့ ဂန္ဓမာ ၁၅ညွန့်ကို ရေးထိုးပေးပါ   ပန်းအိုးမှာဓါတ်ပုံကပ်ပေး   ပန်းအိုးကို ၂၁ရက် မထိမကိုင်ရထားပါ
 တနင်္လာသားသမီးများ အတွက် တနင်္လာနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း   သြဇာညွန့် ၁၄ညွန့်ကို ပန်းအိုးနဲ့ပြင်၍  စနေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူ ပေးရမည်။
 အင်္ဂါသားသမီးများ အတွက်  အင်္ဂါနေ့ မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော ကြာသပတေး မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ခရေ ၃၂ညွန့်ကို ပန်းအိုးနဲ့ပြင်၍ တနင်္ဂနွေသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
 ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူးမနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော  သောကြာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း စိန်ပန်း ၂၅ညွန့် ကို ပန်းအိုးနဲ့ပြင်၍ တနင်္လာသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
 ကြာသပတေး သားသမီးများအတွက် ကြာသပတေးနေ့  မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော စနေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း လောက်သေ ၃၈ညွန့်ကို  ပန်းအိုးနဲ့ပြင်၍ အင်္ဂါသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
 သောကြာ သားသမီးများအတွက်  သောကြာနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္ဂနွေနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း  ပိတောက် ၂၉ညွန့်ကို ပန်းအိုးနဲ့ပြင်၍ ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
 စနေ သားသမီးများအတွက် စနေနေ့မနက် ၉နာရီ၄၅မိနစ် သို့မဟုတ် တြိရန်းနေ့ဖြစ်သော တနင်္လာနေ့ မနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း သဲအိုးထဲ အုန်းလက်၆လက် ထည့်စိုက်ကာ ကြာသပတေး သားသမီးတစ်ဦးဦးက ကိုယ်စား ဘုရားစင်တင်လှူပေးရမည်။
 မှတ်ချက် ###  ဘုရားစင်တင်လှူထားသောပန်းအိုး ကို လုပ်သည့်နေ့မှစ၍ ၂၁ရက် မထိမကိုင်ရ နေရာပြောင်းရွှေ့ခြင်း ရေအသစ်လဲခြင်း မပြုလုပ်ပဲ ထားရမည်။  ကိုယ်စားလုပ်ပေးမည့်နေ့သားသည်  မိမိနဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပတ်သက်သည့်နေ့သားအား ခေါ်ယူလုပ်ဆောင်နိုင်သည်။ မိမိ အခက်ခဲကို ပြေလည်စေကြောင်းဆုတောင်းရမည်။ လိုအပ်ရင် ထိုယတြာကို သုံးကြိမ်အထိလုပ်နိုင်သည်။
                                 သိန်းထိုက်စံ(ဂမ္ဘီရလောကီပညာ)
က​လေးဝအဘိုးဆရာ​တော်​ကြီး ချီးမြှင့်​ခဲ့​သော ဒီ​ရေအလားစီးပွားတက်​​စေ​သော ပရိတ်​​တော်
https://m.facebook.com/groups/1573638246261942?view=permalink&id=1808844462741318
က​လေးဝအဘိုးဆရာ​တော်​ကြီး ချီးမြှင့်​ခဲ့​သော
ဒီ​ရေအလားစီးပွားတက်​​စေ​သော ပရိတ်​​တော်
   နံနက်​ ဘုရားရှိခိုးပြီး​နောက်​ သရဏဂုံ​ဆောက်​တည်​ ငါးပါးသီလခံယူပြီး အနည်းဆုံး ၂၇.
ခေါက်​ စွဲမြဲစွာ ပုံမှန်​ ရွတ်​ပွားသွားပါ။ဤပရိတ်
တော်​၏ တန်​ခြိးအရှိန်​အဝါကို ကိုယ်​​တွေ့သိလာရ​ပေလိမ့်​မည်​။
   တစ်​ဦးနှင့်​တစ်​ဦးကံမတူ၍ ​ကောင်းကျိုးရပုံ
အင်​အား ကွာဟမှုကား ရှိနိာင်​​ပေသည်​။
   အ​သေးစိတ်​သိလိုပါက ပညာဒီပက ၏
မဇ္ဈိမစာ​ပေတိုက်​ထုတ်​ ​ဖော်​ပြပါ စာအုပ်​တွင်
လေ့လာပါ။
Thursday, November 9, 2017
ရှားပါးစာအုပ်လင့်တွေပါ
https://m.facebook.com/groups/1573638246261942?view=permalink&id=1807189872906777
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ကျိုက်ထီးရိုးဘုရား သွားမှတ်တမ်း
https://my.pcloud.com/publink/show?code=KTKctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့အလောင်းတော်ကဿပခရီးသွားမှတ်တမ်း
http://pc.cd/YydctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့သီရိလင်္ကာသွားပုတီးစိပ်မှတ်တမ်း
http://pc.cd/myIctalK
Or )
http://pc.cd/K7IctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ပုတီးစိပ်_ကိုယ်တွေ့မှတ်တမ်း အတြဲ ( ၁ )
http://pc.cd/9j6ctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ သိဒ္ဓိ_မဟိဒ္ဓိ_မန္တာန်ဝိဇ္ဇာထွက်ရပ်လမ်း_ကျမ်းမြတ်မဟာ
http://pc.cd/KAactalK
Or )
http://pc.cd/qaactalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ပင်မဂုဏ်တော်ပုတီးစိပ်နည်းစာအုပ်ပါ
https://my.pcloud.com/publink/show?code=XZ0RaxZf7OrnVaxYl5Tybl3GysCoHNOrVf7
ဗုဒ္ဓဂါယာဘုရားဖူးသွား ခရီးမှတ်တမ်း ဘယ္လိုမွ ရှာမရလို့ အဲ့တစ်ခုတော့ ကျန်ပါမယ်
သစ္စာအဓိဋ္ဌာန်ပညာအကျင့်လမ်း
https://www.mediafire.com/download/8b84858n9nfm79a
ပြေလည်စေလိုလျှင်ပြည်ကိုလာလည်ပါလား
https://www.mediafire.com/download/pvx8v9jcye2y93i
အန္တရာယ်ကင်းသိဒ္ဓိကြီးလေးပါးဂါထာများ
https://www.mediafire.com/download/486tjp55vn451jc
ဣစၧာသယဓနသိဒ္ဓိငွေလာဘ်ခေါ်ယတြာအစီအရင်
https://www.mediafire.com/download/am8wq2jkcr53tk1
ဣစၧာသယမဟာသိဒ္ဓိကျင့်စဉ်
https://www.mediafire.com/download/yi3xiagma8739cs
ဟိတသိဒ္ဓိပကာသနီကျမ်း၂
http://pc.cd/K1motalK
ဝိဇ္ဇာမှတ်တမ်း နှင့် ဝိဇ္ဇာရှင်းတမ်း ခေါ် ဝိဇ္ဇာဓရပကာသနီကျမ်း ( ဖတ္ကို ဖတ်ဖူးထားသင့်ပါတယ် )
https://www.mediafire.com/download/ax99ixeps94e1vg
ဆရာ့ခြေရာ
https://www.mediafire.com/download/pk0hxwuc2car000
ဝိဇ္ဇာမယပညာမှတ်စုကျမ်း
https://www.mediafire.com/download/131sqpt7l9rclwa
ပဋိပတ္တိအကျင့်လမ်းနှင့်ကျန်းမာရေးဒဿနအမြင်
https://www.mediafire.com/download/wfyphoxfhkmzt6o
မဏိဇောတပတ္တမြားဂါထာတော်လေးပုဒ်၏သိဒ္ဓိဝင်ကျင့်စဉ်
https://www.mediafire.com/download/i8q735iba9chq59
မဟာသရဏဂုံအဖွင့်ကျမ်း
https://www.mediafire.com/download/pzm3m7yrvf3mnnt
သမ္ဗုဒေ္ဓဂါထာတော်အဖွင့်ကျမ်း
https://www.mediafire.com/download/bdrw79azbai7vpw
အရဟံဂုဏ်တော်၈၄၀၀၀ကျင့်ဆောင်ပုံ
https://www.mediafire.com/download/0ccacncqd624n19
ဝိဇ္ဇာမဟိဒ္ဓိဂါထာကျင့်စဉ်ကျမ်းမြတ်
https://www.mediafire.com/download/fqjlijw04bjc3rj
နှလုံးသားရွှေအိမ်၌မနောဓာတ်ဘုရားတည်ဆောက်ခြင်း
https://www.mediafire.com/download/cts9ffoxhbaw4uw
သရဏဂုံအစွမ်းဂုဏ်တော်မှန်းလျက်
https://www.mediafire.com/download/y7kvvl1037c24ol
သိဒ္ဓိရှင်နေအေး ( ဖတ္ဖူးထား သင့်ပါတယ် )
ရေးသူ- ကျော်မြသန်း
http://mmnetlibrary.blogspot.com/2016/03/kyaw-mya-than.html?m=1
ဘိုးတော်အောင်မင်းခေါင်နှင့်ဝိဇ္ဇာစခန်းဝိဇ္ဇာလမ်း(ဘုန်းတေဇ)
https://www.mediafire.com/?vd7pirdzzjdzdgm
ပထဝီဇယ မေတ္တာကျင့်စဉ် နှင့် ပထဝီဇယမန္တန်ကြီး
http://www.mediafire.com/?8vee8xf11cj2lh7
ပဋ္ဌမံထွက်ရပ်ပေါက်ကျမ်း
https://www.mediafire.com/?xa9y15aa9viokuf
ကတိသစ္စာ
ရေးသူ- ဗိုလ္တာရာ(ရဲဘော်သုံးကျိပ်)
http://mmnetlibrary.blogspot.com/2015/07/blog-post_503.html
credit to (KBRL)(burmeseclassic)(လင်းအိမ်သစ်)(ရန်ပိုင်)(မောင်မောင်ဝန်)(မောင်ကျော်)(စာအုပ်လင့်ပေါင်းစုံ)(Aung Pai)
🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်
🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်
--------------------------------------
https://m.facebook.com/groups/1573638246261942?view=permalink&id=1806796336279464
ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင့်ဆရာကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။
#Share
🔹မိမိရောင်းလိုသောမြေကို ပန်းကန်လုံးဖြင့်ထည့်ပါ။
🔹အာလူးသုံးလုံးထည့်ပါ။ ကြံ လက်တစ်ဖြား ဖြတ်၍တင်လိုက်ပါ။
🔹အင်္ကျီအဖြူဝတ်၍ပြုလုပ်ရမည်။
🔹ထိုပန်းကန်တွင် ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွင်းတစ်ဆုပ်ထည့်ပါ။
🔹အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။
🔹တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။
🔹တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။
🔹အင်္ဂါသား ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် ဉာဏ်ရှိသလိုအသုံးပြုနိုင်သည်။
🔹ဥုံ အောင်ဇေယျတု အောင်ဇေယျတုအောင်ဇေယျတု ဟုရွတ်ဆို၍ ရိုက်ပါ။
🔹အမြန်ဆုံးရောင်းထွက်ရန် ဆုတောင်းပါ။
🔹ကြာသပတေးနေ့တွင် တစ်ကြိမ်တည်းသာပြုလုပ်ပါ။
🔹ထူးထူးခြားခြားနဲ့သိသာလာပါလိမ့်မည်။အောင်မြင်ကြပါစေ။
🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚
    Crd    နက္ခတ်ဗေဒင် လူငယ်ပညာရှင်
♋ ဗေဒင် လက္ခဏာ ဆရာနောင်နောင်မိုး
                မန္တလေးမြို့
Wednesday, November 8, 2017
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
https://m.facebook.com/story.php?story_fbid=1449688218478850&id=893408380773506
ကံကိုပြင်မယ် လာဘ်ဖွင့်မယ် ကံမြှင့်ကြမယ်
[[[[[[]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]
ကံပြင်​ ဖ​ယောင်းတိုင်​စီရင်​နည်း
-----------------------------------
အခုတင်​​ပေးမှာက ကံပြင်​ဖ​ယောင်းတိုင်​စီရင်​နည်း။ကံပဲပြင်​မှာ ဝဋ်​​ကြွေး​တော့ ပြင်​လို့မရပါ။
ကိုယ့်​မှာ ဆိုး​နေတဲ့ကံ​တွေ ပိတ်​ဆို့​နေတဲ့ကံ​တွေ ဂြိုဟ်​စီး ဂြိုဟ်​နင်းမ​ကောင်းတာ​တွေ ​ဆေးသုန်း တြင်းသုန်း နဝင်းသုန်း စန်းပြတ်​ လွန်းပြတ်​ ဖြစ်​​နေတာ​တွေ စသဖြင့်​မ​ကောင်း​သော​ကံ ​ဘေးဥပါဒ်​​တွေ ​လျော့နည်းသွား​အောင်​ ကင်းစင်​ပ​ပျောက်​သွား​အောင်​ ​ရှေးဆရာအစဉ်​အဆက်​ အသုံးပြုခဲ့ကြတဲ့ ပညာရပ်​တစ်​ခုပါ။အခု​ခေါတ်​မှာ​တော့ ​ပျောက်​ကွယ်​လုဖြစ်​​နေပါပြီ။
ပြန်​လည်​​ဖော်​ထုပ်​​ပေးလို​သောဆန္ဒ ဆရာများနှင့်​​ဝေးကွာ​နေ​သော ​နေရာများတွင်​​ရောက်​​နေ​သောသူများ အကျိုရှိ​စေခြင်းငှာ ကိုယ့်​ ကံအဆိုးကိုယ်​ပြုပြင်​လို့ ရ​စေခြင်းငှာ တင်​ပြ​ပေးလိုက်​ပါတယ်​။
အကျိုးထူးများရရှိခဲ့လျင်​ ကျွန်​​တော့ကို ​ကျေးဇူးမတင်​ပါနှင့်​။ဒီပညာရပ်​ကို ​ဖော်​ထုပ်​​ပေးခဲ့​သော ဆရာကြီးများကိုသာ​ကျေးဇူးတင်​ပါ​။
လိုအပ်​ချက်​တစ်​စုံတစ်​ရာရှိခဲ့ပါက ကျွန်​​တော့အားအပြစ်​တင်​ပါ​လေ။
စပါမယ်​။အရင်​ဆုံးလိုအပ်​တာက လက်​တစ်​ထွာ​လောက်​ ရှိတဲ့ဖယောင်းတိုင်​ ၉တိုင်​ပါ။
တိတ်​ဆိပ်​ငြိမ်​သက်​​သောကာလတွင်​ ကိုယ်​လက်​သန့်​စင်​ပြီး ဘုရားရှစ်​ခိုး ၅ပါးသီလအနည်းဆုံးခံယူပါ။(စိတ်​ငြိမ်​​စေရန်​ ပုတီးစိပ်​ခြင်း တရားထိုင်​ခြင်းပြုလုပ်​လိုကပြုလုပ်​နိုင်​ပါ​သေးသည်​။)
ပြီးရင်​ ​လက်​နှစ်​ဖက်​နဲ့ ဖ​ယောင်းတိုင်​ ၉တိုင်​ကို ​ရေ​မွှေးဆွတ်​ဖြန်းပါ။
ဖ​ယောင်းတိုင်​ကို သန​ချေပါ(သန့်​စင်​​အောင်​ လုပ်​ခြင်း)
သန​ချေရန်​ မန္တန်
ဥုံ သန သန မဟာသန သနအ​ပေါင်း ​ထာင်သောင်းသိန်းသန်း ကြေဆရာကြေ ပြေဆရာပြေ။ ၇​ခေါက်
ပြီးလျှင်​ ဖ​ယောင်းတိုင်​ ၉တိုင်​ကို လက်​နှစ်​ဖက်​နဲ့ ရို​သေစွာကိုင်​ ပါးစပ်​နား​တေ့ပြီး
န​မောတဿ       ၃​ခေါက်
သရဏဂုံ ၃ပါး  ၉​ခေါက်
ဘုရားဂုဏ်​​တော်​ ၉​ခေါက်
တရားဂုဏ်​​တော်​  ၉​ခေါက်
သံဃာဂုဏ်​​တော်​ ၉​ခေါက်
အောင်ခြင်းအချုပ်​ ဂါထာ ၉​ခေါက်​ရွတ်​ဖက်​ပပါ
ဗု​ဒ္ဓေါမေ ရက္ခန္တု နိစ္စံ
ဓ​မ္မော​မေ ရက္ခန္တု သဒါ
သံ​ဃော​မေ ရက္ခန္တု ဒိ​နေ
သုခီ ဒီဃာယု​ကောဘဝ။
မာရာ ဠာဝကာ နာဠာဂိံ
အင်္ဂုလိ စိဉ္စ သစ္စကံ
န​န္ဒောပနန္ဒ ဗြဟ္မဉ္စ
   ဇေတု ဟေတု ပဒေတရံ   ၉​ခေါက်
ပြီးလျှင်​ တစ်​​နေ့တစ်​တိုင်​အချိန်​မှန်​မှန်​ထွန်း ​မေတ္တာပို့ သမ္မာ​ဒေဝနတ်​မြတ်​နတ်​​ကောင်းများ ထွက်​ရပ်​​ပေါက်​ပြီးကြကုန်​​သော ပုဂ္ဂိုဟ်​အ​ပေါင်း ဝိဇ္ဇာအ​ပေါင်းတို့အား သက်​​သေအရာထား သစ္စာဆို ဆု​တောင်းပါ။အမျှ​ဝေပါ ​မေတ္တာပို့သပါ။
   မ​ကောင်း​သောကံများ ပြုပြင်​ကာကွယ်​နိုင်​ပြီး ​ကောင်း​သောကံများပွင့်​လမ်းအဆင်​​ပြေကြ​စေကုန်​​သောဝ်​။
၉ရက် မီးထွန်းပြီးပြီဆိုပါက အောက်ကအစီအရင်ထပ်လုပ်ပါ၊၊
လာဘ်ပွင့် ကံပွင့်စေသည့် ရှင်သီဝလိဖယောင်းတိုင်စီရင်နည်း
------------------=-------------------------
စီရင်နည်းကလွယ်ပါတယ်။
ပုံမှာပြပေးထားတဲ့အတိုင်း ဂါထာကို ဖယောင်းတိုင် အောက်ခြေကနေ အပေါ်ကိုရေးပါ။ပြပေးထားတဲ့အတိုင်းနှစ်ကြောင်းရေးရပါမယ်။
ဆုတောင်းစာနှင့် ၁၂၃၄၅၆၇၈
အသက်အမှန်
၁၅ ၂၄ ၃၆ ၇၈ ကို အပေါ်ကနေအောက်ကိုရေးပါ။
ပြီးရင် ဂါထာနဲ့ပဲ ၃၇ခေါက်ရွတ်မန်းပါ။ တစ်နေ့တစ်တိုင်ထွန်းပါညှိပူဇော် ဂါထာသက်စေ့ရွတ်ဆုတောင်းပါ။ရှင်သီဝလိ ဆင်းတုတော် ပုံတော်ရှေ့မှာ ထွန်းညှိပူဇော်ပါက ပို၍ကောင်းပါသည်။
ဖယောင်းတိုင်မှာရေးသောအခါ မှင်ကုန်နေသောဘောပင် ကညစ်  အမွှေးတိုင်တုတ် အဆင်ပြေတာနှင့်ရေးပါ။
ကိုယ်တိုင် သုံးနေသောနည်းဖြစ်ပါသည်။
သိပ်မညွှန်းလို ကိုယ်တိုင်စီရင် သုံးကြည့်ပါလေ။
ကိုယ်တိုင်သုံး ပညာရပ်ထဲကတစ်ခုပါ၊၊
crd :ဆရာလင်းအေးချမ်း
လာဘ်လာဘ ပိတ်နေသူများအတွက်။ လက်တွေ့ချမ်းသာရှင်သီဝလိ ဂါထာ ။
https://m.facebook.com/groups/1573638246261942?view=permalink&id=1806969556262142
လာဘ်လာဘ ပိတ်နေသူများအတွက်။ လက်တွေ့ချမ်းသာရှင်သီဝလိ ဂါထာ ။
ကျွန်ုပ် နှင့် ဆရာတော်အရှင်စန္ဒာသူရိယတို့ လက်တွေ့အသုံးပြုထားသောရှင်သီဝလိကိုယ်တော်ကြီးအားပူဇော်ကန်တော့၍လာဘ်လာဘရရှိရန်ဆုတောင်းသောလာဘ်ဖွင့်အစီအရင်တစ်ခုပါ။လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းတိုင်တစ်တိုင်ကို သနချေ သိဒ္ဓိတင်ဂုဏ်တော်ရွတ်ဖတ်ပြီးပါက ရှင်သီဝလိ ဂါထာကို ဖယောင်းတိုင်မှာဖယောင်းတိုင်အခြေကနေစရေးပါ။ထို့ နောက်ရှင်သီဝလိကိုယ်တော်ကြီးကို
1- ဆွမ်းအဖြူ တစ်ပွဲကို ဆီစမ်း
2 - ငှက်ပျောသီးတစ်လုံးအခွံနွှာ သကြားဖြူး
3 - ရှင်သီဝလိဂါထာရေးထားသောဖယောင်းတိုင်ကိုပုဂံသန့် သန့် တစ်ချပ်ထဲမှာထွန်း
4 - ထိုဆွမ်း ငှက်ပျောပွဲ ဂါထာဖယောင်းတိုင်ကို ဘုရားကျောင်းဆောင်ဘေးတွင်ရှင်သီဝလိကိုယ်တော်ကိုရည်မှန်းကပ်လှု၍ တောင်းဆုပြုပါ။
 ဖယောင်းတိုင်တွင်ရေးရမဲ့ရှင်သီဝလိဂါထာ
    သီဝလိစ မဟာထေရော ၊
ဒေဝ မနုဿ        ပူဇိတော ၊
      သောရဟော ပစ္စယာဒိနံ ၊
မဟာလာဘံ ကာရောတုမေ ။
သနချေရန်။    ။ ဥုံ သန သန မဟာသန သနအပေါင်းထောင်းထောင်းညက်ကြေစရာကြေ ၇အုပ်ရွတ်ပါ ။
သိဒ္ဓိတင်ရန် ။     ။ဥုံ သိဒ္ဓိ သိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိ အပေါင်းထောင်းထောင်းထက်ဆရာထက် ။ ၇အုပ်ရွတ်ပါ ။
ဂုဏ်တော်ရွတ်ပါ ၉ခေါက် ထို့ နောက်ရှင်သီဝလိကိုယ်တော်ကြီးကိုအထက်ပါပစ္စည်းများကပ်လှုပါ ရှင်သီဝလိ ဂါထာကို ၂၇ ခေါက်ရွတ်ဖတ်ပူဇော်ပါ ။
လာဘ်လာဘ ရွှင်လန်းကြပါစေ။
photo. crd .