ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, October 30, 2020

@မဟော်သဓာအလင်းတိုင်



ဖယောင်းတိုင်တစ်တိုင်အား ဆားရည်ဖြင့်ဆေး၍
ခြောက်သွေ့အောင် လရိပ်တွင် ခဏလှမ်း။
"စတုသီသံ စတုလာဘံ" ဟုရေး။
ရေးသောအခါ အထက်မှ အောက်သို့ရေး။
သံချွန်ဖြင့်ရေးရမည်။
တစ်တိုင် တစ်တိုင်ထွန်းတိုင်း လာဘ်လာဘနှင့်ပတ်သတ်၍ ထူးကဲစွာခံစားရမည်။
ဗုဒ္ဓဘါသာဝင်များအဖို့
အိမ်ဘုရားတွင် အအေးပူဇော်ကပ်လှူ၍ထွန်းနိုင်ပါသည်။
အလွန်အကျိုးပေးထူးလှသော မဟော်သဓာအင်း၏ အင်းဇံဖြစ်သည်။ မထူးသူမရှိပါ။
ငွေကြေးအခက်အခဲများ ပြေလည်ခြင်း၊ ကြွေးမြီကိစ္စများ အဆင်ပြေချောမွေ့ခြင်း၊ စားဖွယ်သောက်ဖွယ် မပူရခြင်း၊ ငွေကြေးကြောင့် ကောင်းစွာမအိပ်နိုင် မစားနိုင်ခြင်း ဒုက္ခမှကင်းဝေးခြင်း၊ မိမိလုပ်ငန်းအား အားပးမည့်သူမရှိ၍ ညစ်နေရသည့် ဒုက္ခမှကင်းဝေးပြီး အားပေးမည့်သူများ ပေါများလာခြင်း၊ ထီကံ ငွေကံ တိုးပွားလာခြင်း၊ အစစ အရာရာ၌ အဆင်ပြေချောမွေ့၍ မျက်နှာသာပေးခံရခြင်း စသော အကျိုးထူးများ ဖြစ်ထွန်ပါလိမ့်မည်။
ဖယောင်းတိုင်မှာ ဤသို့ရေးထွန်းရုံနဲ့ ဤသို့ထူးမလားဟု မမေးပါနှင့်။ ကိုယ်တိုင် စမ်းသပ်ကြည့်စေလိုပါသည်
.
Crd to ဆရာမ ဣသိင်္ဂီဝင်


မူရင်းလင့်။ ။
 မူလရေးသားသူကို crd ပေးပါတယ်

Monday, October 26, 2020

အစားမှော်



ထမင်းမှော်

        ထမင်းမှော်ဆိုရင်တော့ ထမင်းနဲ့ပဲသွင်းရတယ်လို့တော့ မထင်လိုက်ပါနဲ့...။ ခေါင်းစဉ်ကသာ ထမင်းမှော်လို့ခေါင်းစဉ်တပ်ထားပေမဲ့ ထမင်းမှော်ထက် အစာမှော်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
ဒါတောင် ရာခိုင်နှုန်းပြည့်မမှန်သေးဖုး။ ရေကအစ မှော်သွင်းတဲ့အထဲပါနေတော့ အစာမှော် ရေမှော်လို့ပဲ ပြောရမလား...။ မှားမှားမှန်မှန် တိုတိုတုတ်တုတ် ထမင်းမှော်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။
အဲ့တော့ ဆရာ ထမင်းမှော် ဆိုတာ ဘယ်လိုမျိုးလဲလို့မေးလာပါလိမ့်မယ်။ ထမင်းမှော်ဆိုတာ ထမင်းမှော်မှာ အများစုက မန္တန်မှော်ကိုပဲအသိများပါတယ်။ ထမင်းမှော်မှာ အင်းမှော် (အင်းနဲ့ပြုလုပ်စီရင်ရသော ထမင်းမှော်) စမမှော် (စမဖြင့်ပြုလုပ်ရသော ထမင်းမှော် ) ဆိုပီး လည်းရှိပါသေးတယ်။...
အခုပြောပြမှာကတော့ မန္တန်မှော်ပဲဖြစ်ပါတယ်...။
(ထမင်းမှော်အင်းမှော် စမမှော်များက အလျင်းသင့်ရင် တင်ပေးပါမယ်)။ထမင်းမှော် ကို အောင်မြင်တဲ့ သူကတော့ မျက်နှာမြင်ချစ်ခင် အသံကြားသနားစေပါတယ်။ လာဘ်လာဘအလွန်ရွှင်စေတာကတော့ လက်တွေ့ပါပဲ။ ဆေးဝါးအဆောင်လက်ဖွဲ​့ အင်းအိုင် အထူးတလည်မလိုပဲ ပီယကောင်းပါတယ်။ တကယ်လို့ ပီယမှော်မသွင်းလိုပဲ ပီယလက်ဖွဲ့ ပီယအဆောင်တွေ လိုချင်ရင်တော့ ဆရာ့ဆီလာပေါ့ကွာ...။ ကြားဖြတ်ကြော်ငြာလေးဝင်တာပါ😂
ကဲ အဲ့တော့ စကားမရှည်တော့ပါဖူး မှော်သွင်းနည်းလေးပြောပြပေးပါမယ်။
လတစ်လရဲ့ လပြည့်နေ့ကနေစပီးတော့ ၇ရက်တိုင်တိုင် စားသမျှ အစာ ရေ မုန့် စသည့် ဝမ်းထဲထည့်သမျှ အရာအားလုံး အသေးစိတ်ကအစ အောက်ပါ မန္တန်နဲ့မန်းစားရပါမယ်။ဘယ်နှခေါက်မန်းစားရမလဲဆိုရင် မန္တန်နဲ့၇ခေါက် စီ မန်းစားရပါမယ်။ ထမင်းစားတဲ့အခါတော့ နည်းနည်းပိုပါတယ်။ဘယ်လိုစားရမလဲဆိုရင် ထမင်းစားတိုင်း ထမင်းတစ်ဆုပ်ကို ၇ခေါက်စီမန်းပီးစားရပါမယ်။
ရေသောက်ရင်လည်း ရေကို ၇အုပ်မန်းပီးသောက်ရပါမယ်။ ဘာစားစားဘာသောက်သောက် ၇ခေါက်မန်းရပါမယ်။ တစ်ခုမမန်းပဲ မရွတ်မိပဲ စားမိရင်မှော်ပျက်တာကြောင့် အစကနေပြန်လုပ်ပါ။ ထိုမှော်စဉ်ရက်များအတွင်း ကာမစပ်ယှက်ရသည်ဟု အိပ်မက်လျှင်သော်၎င်း အိပ်မက်မှသုတ်လွှတ်မိလျှင်သော်၎င်း ပျက်ပါသည်။ထို့အပြင် ထိုမှော်စဉ်ရက်အတွင်း မေထုန် အမှုကို လုံးဝရှောင်ကြည်ရပါမယ်။ မန်းရမယ့်မန္တန်လေးလည်းပြောပြပါဦးမယ်။

   မန္တန်လေးကတော့

  " ဥုံ တုဌေဟိ တုဌေဟိ  မမတုဌေဟိ

         ပီယေဟိ ပီယေဟိ မမပီယေဟိ

         သိန္နေဟံသိန္နေဟံမမ သိ​န္နေဟံ

         ရာဇစိတ္တံ ပီယမှိုင်းမှိုင်း

          အမစ္စ စိတ္တံ ပီယံမှိုင်းမှိုင်း

     အမစ္စရာဇ စိတ္တံ ပီယံမှိုင်းမှိုင်း

          ဒေဝစိတ္တွံ ပီယံ မှိုင်းမှိုင်း

          ဒေဝီစိတ္တံ ပီယံမှိုင်းမှိုင်း

          ဣတ္ထိစိတ္တံ ပီယံမှိုင်းမှိုင်း

          ပုရိသစိတ္တံ ပီယံမှိုင်းမှိုင်း

       သြောင်း   ဧဟိဧဟိဗလံချဉ်း

       သြောင်း   ဧဟိ ဧဟိ ဗလံကပ်

     သြောင်း    ဧဟိ ဧဟိ ဗလံ
ချဉ်းဆရာချဉ်း ကပ်ဆရာကပ်..။

ထိုဂါထာတော်လေးပဲဖြစ်ပါတယ်။ မန္တန်ကအရမ်းတော့မရှည်ပေမဲ့ ဒီအနေအထားလောက် ထမင်းစားရင် တစ်ဆုပ်ကို ၇ခါစီမန်းစားရမယ်ဆိုတဲ့အခါမှာ တိုင်ပတ်လို့ ကျွန်ုပ်လူလည်ကျထားတဲ့ နည်းကောင်းလေးတစ်ခုကိုလည်း အကြံပေးလိုက်ပါမယ်။ ထမင်းဆုပ်ကြိးကြီး ၉ဆုပ်လောက် ဆုပ်ပီး ပန်းကန်ထဲ ထည့်ထားလိုက်ပါ။ တစ်ဆုပ် ၇ခေါက်စီမန်းပီး ထားလိုက်ပါ။ ထမင်းဆုပ်ကြီးကြီးနဲ့ ၇ခေါက်စီ မန်းထားလို့ အာပတ်လည်းလွတ် ဇွန်းနဲ့အားရပါးရစားနိုင်ပါပီ။ ကျွန်ုပ်ကိုယ်တိုင် ကျင့်တုန်းက လူလည်ကျထားတာလေးပါ။ အဲ့လိုလေးလည်းလုပ်နိုင်ပါတယ်။

 ကျွန်ုပ်ကိုယ်တွေ့ကတော့ ပီယကတော့ အရင်ကထက် သိသိသာသာကိုကောင်းလာတယ်။ အပြင်သွားပီဆိုတာနဲ့ သမင်လည်ပြန် လေးတွေချည်းပဲ...အလုပ်လုပ်ရ ကိုင်ရတာလည်း ပိုအဆင်ပြေလာတယ်။စီးပွားရေးပိုင်းလည်း သိသိသာသာတိုးတက်လာသလို လူမှုဆက်ဆံရေးလည်း ဘယ်လိုတိုးတက်လာသလဲဆိုရင် ဘယ်သွားသွား ဘယ်စားစား ဒကာခံမယ့်သူတွေပေါ်လာတာပါပဲ။ အားနာလွန်းလို့ မလုပ်ပါနဲ့ ပြောယူရတယ်။ မှော်စဉ်အောင်တဲ့နေ့မှာတော့ ထူးခြားတဲ့ အိပ်မက်နိမိတ်တစ်ခု ထင်ထင်ရှားရှားရပါတယ်။ အဲ့လိုမှ ထင်ထင်ရှားရှားမရရင်တော့ မှော် မအောင်ပါဖုး။ ဘာမှမထူးသလိုဖြစ်နေရင်လည်း မိမိကိုယ်ကိုယ်မိမိ ပြန်ဆန်းစစ်ကြည့်ရပါမယ်။ ကိုယ်တိုင်အားထုတ်ဖူးတဲ့ မှော်ဖြစ်ပီး တကယ်ကောင်းမှန်းသိလို့ မျှဝေပေးလိုက်ရပါတယ်။ 

                ပီယ လာဘ်လာဘ လက်ဖွဲ့ တော်  အစီရင်တော်များ မှာယူလိုပါက မှာယူနိုင်ပါတယ်။
   
                   စဝ်စိုင်းဇေစော


မူရင်းလင့်။ ။ https://www.facebook.com/groups/242219379674070/permalink/788520398377296/
 မူလရေးသားသူကို crd ပေးပါတယ်

Tuesday, October 20, 2020

ဂု@ဏ်တော်ပုတီးစိပ်



ဘဝအမှောင်ဖုံးပြီး လမ်းပျောက်နေသူများ၊ ဘာလုပ်ရမှန်းမသိတော့လောက်အောင် အကြံတုန်းဥာဏ်တုန်းပိတ်ပိတ်ပိန်းဖြစ်နေရင်တောင်မှ ဘဝချောင်လည်ရေး၊ ကိုယ်စိတ်၂ပါးလုံး ကြီးပွားရေး၊ ချမ်းသာရေး ဖြစ်စေမည့်
ဂုဏ်တော်ကျင့်စဥ်။ 
      မဟာစက္ကဗျူဟာဆန်းဗေဒင် ဖော်ထုတ်ခဲ့သော ဆရာကြီးဦးဝင်းရွှေသည်
ဓမ္မဝိဇ္ဇာလမ်းပေါ်မှ ဆရာတော်ကြီး၁ပါးထံမှ နည်းခံရရှိခဲ့ပါသည်။ လူပုဂ္ဂိုလ်အများအပြား လျှို့ဝှက်စွာကျင့်ကြံပြီးလက်တွေ့အောင်မြင်နေသောနည်းဖြစ်ပါသည်။ 
      ဂုဏ်တော်၉ပါးလုံး ရွတ်ပြီး ပုတီး၁လုံးချစံနစ် နဲ့ ပုတီး၁၂ပတ် စိတ်။
တစ်ရက်အတွင်း ၁၂ပတ် လျောင်း၊ထိုင်၊ရပ်၊သွား စိတ်လို့ရတယ်။ တာလီနဲ့စိတ်လဲရတယ်၊ ပုတီးနဲ့စိတ်လဲ ရတယ်။ နှုတ်နဲ့ရွတ်တဲ့အခါရွတ်၊ စိတ်နဲ့ပွားတဲ့အခါပွား
၁၂ပတ်ပြည့်ဖို့ အဓိက။ 
       ၁၀၈ရက် ၃ကြိမ် ၅ကြိမ် ၇ကြိမ် ၉ကြိမ် ၁၁ကြိမ် အောင်တိုင်းထူးထူးခြားခြားကောင်းကျိုးဖြစ်တယ်။ ဘဝအတွက်ကောင်းသောအပြောင်းအလဲတွေဖြစ်စေပါတယ်။
{အောက်သိဒ္ဓိ ၄ပါး ရစေတယ်လို့ အဆိုရှိပါတယ်}

အဓိဌာန်ဆုတောင်း

ဘုန်တော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူတော် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏၊ ဂုဏ်တော်(၉)ပါးကို (၁၂၉၆)ခေါက်ရွတ်ပွားပူဇော်ခဲ့ပါ၏။ ဤစကားသည်မှန်ကန်ပါ၏။ ဤသို့မှန်ကန်သော ဝစီမင်္ဂလာသစ္စာစကားကိုဆိုရခြင်းကြောင့်၎င်း၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ဂုဏ်တော်(၉)ပါးကို (၁၂၉၆) ခေါက်ရွတ်ပွားပူဇော်ခဲ့ရသော ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ဟိတ်တန်ခိုးတေဇောအာနုဘော်တော်ကြောင့်၎င်း၊ အကျွနုပ်သည် ကျန်းမာ၊ ချမ်းသာပြီး၊ စည်းစိမ်ဥစ္စာရတနာရွှေငွေ၊ ယဥ်ကားတိုက်တာအိုးအိမ်၊ အခြွေအရံများတို့နှင့် ပြည့်စုံစွာခံစားရရှိပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ သာသနာတော်ကို လှူဒါန်းထောက်ပံ့နိုင်သော ပုဂ္ဂိုလ်ထူးဖြစ်ရပါလို၏။ ဤကုသိုလ်အဖို့သည် နိဗ္ဗာန်၊ မဂ်၊ ဖိုလ်ကို ရခြင်းရောက်ခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ပါစေသတည်း။ ဤကုသိုလ်အဖို့ဘာဂကို အကျွနုပ်နှင့်ပတ်သတ်ဆက်နွယ်ဘျက်ရှိ​ြနြ်သော ပဋ္ဌာန်းဆက်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား အမျှပေးဝေငှပါ၏။ အားလုံးသော အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ၊ ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းးး

၇ရကျသားသမီး အားလုံးကိုယ်စိတ်၂ပါးချမ်းသာစေလိုသော
ဆရာစိုင်းထိုက်(မဟာစက္ကဗျူဟာဆန်းဗေဒင်)
ပါပ လေးချက်..နေကထွက်.....{မကောင်းဂြိုလ်}
သောမလေးချက်..လ..ကထွက်..{ကောင်းဂြိုလ်}
နေ့အလိုက်၌ စက်တို့၏စွဲငင်အားအလိုက် မဟိဒ္ဓိ
တို့၏ စီးဝင်ရာသို့ သိပြီးသော သူသည်...........
မိမိကိုယ်တိုင်ဆောင်ရွက်ရန် တစ်ပါးသူတို့အား
ဆောင်ရွက်ရန် စက်(၄)လုံးအခါကို အသုံးပြုရ၏.။
လောကီကိစ္စ ပုတီးစိပ်ခြင်း အခြားတစ်ပါးသော.
ကိစ္စများ ဆောင်ရွက်ခြင်းကို စတင်ရ၏..။
တနဂ်နွေနေ့...နေ့လည်..(၁၂)နာရီ..စတင်ရန်...။
တနလ်ာနေ့...နံနက်..(၇) နာရီ..စတင်ရန်..။..
အဂ်ါ နေ့..ညနေ..မွန်းလွဲ(၃)နာရီ..စတင်ရန်.။
ဗုဒ္ဓဟူးနေ့...နေထွက်ချိန်.အာရုံတတ်..နေဝင်ချိန်
ညနေ ဆည်းဆာ...စတင်ရန်...။
ကြာသပတေးနေ့..ညနေ.မွန်းလွဲ(၃)နာရီ..စတင်ရန်။
သောကြာနေ့..နေ့လည် မွန်းတည့်ချိန်..စတင်ရန်..။
စနေနေ့...နေအထွက် နေအဝင် မြင်ချိန်..စတင်ရန်။
သေချာစွာ လိုက်နာပါ...စက်မိမှသာ စိတ်ယန္တယားကို လည်ပါတ်နိူင်ပါလိမ့်မည်...။
အပြင်စက်သည် စကြဝဋ္ဌာကြီးနှင့်ချိတ်ဆက်၏။
အတွင်းစက်သည် ပုဂ္ဂိုလ်ကြီးများနှင့်ချိတ်ဆက်၏
အဝင် အထွက် စက် မိမှသာ အောင်မြင်၏..။
ကျင့်ကြံအားထုတ်ရာ၌ အိမ်မှာ အနှောက်ဓါတ်
အမြဲတမ်း ဝင်တတ်ပါသည်. ။
အိမ်၌ဝင်သော အဓိဋ္ဌာန်စခန်းတွင် ခန္တီ ပါရမီ၏
အားသည် အရေးကြီးလှပေ၏။
၁၀၈လုံး စိပ်ပုတီးဖြင့် ဂုဏ်တော်(၉)ပါး.....
အရဟံအစ..ဘဂဝါ အဆုံး တစ်နေ့လျှင်..(၁၂)ပါတ်
(၁၀၈)ရက် တစ်ကဏ္ဍပြီးလျှင်.တစ်ခွင်ရသည်ဟု
ခေါ်ပါသည်။
(၃)ကဏ္ဍပြီးရင်..ပီယသိဒ္ဓိ ။
(၅)ကဏ္ဍပြီးရင်..ဓန သိဒ္ဓိ ။
(၇)ကဏ္ဍပြီးရင်..ကာယသိဒ္ဓိ ။
(၉)ကဏ္ဍပြီးရင် မဟိဒ္ဓိ..သိဒ္ဓိ..ရှေ့ခရီးအတွက်..
ဇနပဒဂန္ဓာရီ..စူဋ္ဌာဂန္ဓာရီ..အတတ်တွေနဲ့ သစ္စာတရားကို မှတ်ကျောက် တင်ရလေသည်။
ဘုရားတည်ခြင်း..ဆေးကုခြင်း..အကြားအမြင်..
ဗေဒင်ဟောခြင်း ဓာတ်ရိုတ်ခြင်း ဓာတ်ဆင်ခြင်း
ပါရမီဖြည့်ဆည်း၍ မဇ္စျိမဂန္ဓာရီ အဆင့်သို့ ရှေးရှု
ရလေ၏..။
မဟိဒ္ဓိ အားသည် စိတ်တန်ခိုးနှင့်ယှဥ်၍ အရာရာ..
အောင်မြင်နိူင်ပါ၏...။
သိဒ္ဓိ ဆောင်ရန် အဆင့်ကား မဟုတ်ပေ..။
ဓါတ်ကြီးလေးပါးအား ဝိဇ္ဇာတို့၏ အတတ်၌...
ချုပ်လိုက်လျှင်..အပူနှင့် အအေး ဖြစ်လေ၏..
မြေဓါတ်သည် ရေဓါတ်ထဲသို့ ပျော်ဝင်၏..။
မီးဓါတ်သည် လေဓါတ်ထဲသို့ ပေါင်းစည်း၏..။
အပူသည်..နေ..ဂဏန်း အမှတ်အသားသည်(၁)
အအေးသည်..လ..ဂဏန်းအမှတ်အသားသည်(၂)
တနဂ်နွေသည်..နေဖြစ်၍ တနလ်ာသည်..လဖြစ်၏
နေလနှစ်ပါးဖြင့် အာကာသဓါတ်၌မဟိဒ္ဓိအားကို
အထောက်အပံ့ပြုရန်..(၁)..နေ(၂)လ.....ဓါတ်ပြု၍
ပုတီး(၁၂)ပါတ် စိပ်ရလေ၏...။
တစ်ကမ္ဘာလုံး လည်ပါတ်ခြင်း၌ (၁၂)လဖြစ်၍
ဓါတ်၏သသော လည်ပါတ်ခြင်းကိုသာ ရှေးရှု၏။
အသွားကိုသာ အားပြုပါ၏။
ရပ်တန့်ခြင်းအား (လုံးဝ) အားမပြုပေ...။
မီးဓါတ်သည် ဓါတ်သက်(၁၂)နှစ် ရှိ၏..။
အပူဓါတ် နေကို ကိုယ်စားပြု၏..။
ရေဓါတ်သည် ဓါတ်သက်(၁၆)နှစ် ရှိ၏..။
အအေးဓါတ် လကို ကိုယ်စားပြု၏..။
မီးအပူ ရေအအေး ဓါတ်နှစ်ပါးပေါင်း၍...
မီး ၁၂+ရေ ၁၆= ၂၈....
၂+ ၈ = ၁၀ မဟိဒ္ဓိ ၁၀ပါး သိဒ္ဓိ ၁၀ပါး......
ပါရမီ(၁၀)အန္တော...တနဂ်နွေ...စနေ....နတ်စက်နှင့်
ဇနပဒဂန္ဓာရီစက်..အားနှစ်ခုဖြင့် ပုံဖေါ်အသက်သွင်း
၍ ကျင့်ကြံ အားထုတ်ခြင်း ပြုရလေ၏..။
အတွင်းဝင် စက်အကြောင်း အလင်းဆောင်ပါအုံး
မည်..။......
မှတ်တမ်း မှတ်ရာနှင့် မိမိကိုယ်တိုင်ခရီးရောက်ခဲ့
သော နည်း ဖြစ်ပါသည်...။
ပေါက်ကရ မမန့်ပါရန် အထူးမေတ္တာရပ်ခံအပ်ပါ
သည်..ဆရာအရှင်တို့အား ရိုသေလေးစားခြင်းဖြစ်ပါသည်...။
 စမတောင် သာသနာပြု လေးကြိုးကိုင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
နံမည် မည်သူဖြစ်ပါသနည်း..။
{မဟိဒ္ဓိစခန်း}{သိဒ္ဓိလမ်း}
................................................



မူရင်းလင့်။ ။
 မူလရေးသားသူကို crd ပေးပါတယ်

Saturday, October 17, 2020

အမြန်လာပေးပါယတြာ





မိမိရစရာမရတဲ့အကြွေးသည်နည်းနဲ့ တောင်းကြည့်ပါ။

ပါတ်ချာလည်အနားများကိုကပ်ကျေးဒါးရာ မပါအောင် လက်နဲ့ဖြဲထားတဲ့အညိုရောင်စာရွက်ကြမ်းတစ်ရွက်မှာ မိမိ အကြွေးရ မဲ့သူရဲ့နာမည် နဲ့ မွေးနေ့ ကို မင်အပြာနဲ့ရေးပါ။ မွေးနေ့မသိရင်နာမည်ရေးပြီး သူ ့ဓာတ်ပုံကိုအဲသည်စာရွက်မှာကပ်ပါ။
ဖယောင်းတိုင်အစိမ်း ၄ လက်မ 
သို့မဟုတ်၆ လက်မလောက်ပေါ်မှာ
အဲဒီမိမိက အကြွေးရမဲ့သူရဲ့နာမည်ကို ခဲတန်နဲ့  ၇ ကြောင်းရေးပါ။ဖယောင်းတိုင်ကို
မရေးမီ ကတည်းကဆားရည်နဲ့ သန့်စင်ထားပါ။
လင်ပန်းထဲ ဖန်ခွက်တစ်ခွက်တင်ပါ။ဖန်ခွက်တစ်ထ​ဲကို ရေတစ်ဝက်ထည့်ပါ။ ကျန်တစ်ဝက်ကိုကာကိုလာ အချိုရည် ထည့်ပါ။
ဖယောင်းတိုင် အစိမ်းနဲ့ ရေနဲ့အချိုရည် ရောသွားအောင်
မွှေပေးပါ။ပြီးရင် ဖယောင်းတိုင်ကို မီးထွန်းပါ။
စာရွက်ကို ၄  ခါ အပြန်အလှန်ခေါက်ပါ။ ခေါက်တဲ့အခါ မိမိဖက်ကို ခေါက်ရပါမယ်။ ခေါက်ရေးထားတဲ့ စာရွက်အညိုကို
ဖယောင်းတိုင်အစိမ်းမှာ ညှပ်နဲ့ကိုင်ပြီးမီးရှို့ပါ ။ ပြာများကို
ဖန်ခွက်ထဲထည့်လိုက်ပါ။
ဖန်ခွက်အောက်ခြေပါတ်လည်ကို ဆားဖြူးပါ။ ပြီးရင်အဲဒီအတိုင်း သကြားနဲ့ သစ်ဂျပိုးမှုန့် ရောပြီး ထပ်ဖြူးပါ။
၁၀၀၀  တန် ငွေစက္ကူ ၃  ရွက်ကို
ဖန်ခွက်ပတ်လည်မှာချပါ။
အဲဒီငွေစက္ကူပေါ်လည်း
ဆားဖြူးပါ။ သကြားနဲ့ သစ်ဂျပိုးမှုန့်ရောရာ ထပ်ဖြူးပါ။
ပြီးရင် ရေထဲကို အစိမ်းရောင်ဖယောင်းစက်  ၂၁  စက်ချပါ။
လဆန်း  လပြည့်ည များအထူး
ပိုကောင်းပါတယ်။ လကွယ်ည နဲ့စနေည မလုပ်ရပါ။

အရေးကြီးတာက ယတြာစီရင်နေစဥ်  မိမိ ဖြစ်လိုရာ သာအာရုံပြုပါ။ စိတ်က  နှုတ်က
အထပ်ထပ် အဆက်မပြတ်ပြောပေးနေပါ ။
မိမိစိတ်အားထက်သန်လေ အကျိုးပေးသိသာလေပါပဲ။( ဥပမာ  မောင်ချာလီ  မင်းယူထားတဲ့ အကြွေး ၃ သိန်း
အမြန် လာပေးပါ )
တစ်ယောက်မက နာမည်ရေးပြီးဆောင်ရွက်နိုင်ပါတယ်။
၅  ယောက်ထက်မပိုရပါ။
စာရွက် ၅  ရွက် ဖယောင်းတိုင်
၅ တိုင် သုးံရပါမယ်။
နောက်နေ့ ည တိုင်း မရမချင်းဖယောင်းတိုင် အစိမ်းထွန်းဆုတောင်းပါ။ ရလာရင် သင့်ရာ
ရေအိမ်ထဲ စွန့်ပစ်ပါ။
(ငွေ စက္ကူ  လင်ပန်း ဖန်ခွက်မပါ)
အကြွေးပေးထားသူလည်း ပြန်ရ  ယူထားသူ လည်း အဆင်ပြေ ပြန်ပေးနိုင်ကြပါစေ။

ဆရာ ကောင်းသုခ
၁၂  ၁၀ ၂၀၀

မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1151113268624160&id=100011764933222
 မူလရေးသားသူကို crd ပေးပါတယ်

Friday, October 16, 2020

အလိုရှိသူအမြန်လာစေရန်မီးထွန်းနည်း


အလိုရှိသူအမြန်လာစေရန်မီးထွန်းနည်း
___________________________
(Zawgyi)
      မိမိတို့အိမ်မှ စိတ်ဆိုးစိတ်ကောက်၍ ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အတော်သင့်ကြာသော်လည်းပြန်မလာသေးသူများအတွက် အမြန်ပြန်လာရန် မီးထွန်းနည်းကို တင်ပြပေးလိုက်ပါတယ်။
     အိမ်ထောင်ရေးအချစ်ရေးများတွင်လည်း အခြားအင်းများ/ဒီပံများနှင့်တွဲစပ်၍ အသုံးပြုနိုင်ပါတရ်။
      ပုံမှန်သာမာန် စိတ်ဆိုး၍  အိမ်ပေါ်မှ ဆင်းသွားသူများကိုလည်း ဤနည်းဖြင့် ပြန်လာစေနိုင်ပါတယ်။
      ပုံမှန်ထက်အရေးကြီးသောကိစ္စများအတွက် မိမိတို့အေုခအနေအလိုက် ဆရာများနှင့်တိုင်ပင်သင့်ပါတယ်။

       စီရင်နည်း…
       မိမိ အလိုရှိသူ၏ နေ့နံတူရာနေ့၌ သာ စီရင်ရမှာဖြစ်ပါတရ် 
       စီရင်ပြီး မီးတိုင်ကို ထိုနေ့နံ၏ ဂြိုလ်စောင့်နတ်ကို မေတ္တာပို့၍ မီးထွန်းရန်ဖြစ်ပါတရ်
       တနင်္ဂနွေသားသမီး ပြန်လာစေလိုသော်
မီးတိုင်ပေါ်တွင် ၁ ရေး၍ နေအိမ်ဘုရားစင်တွင်
တနင်္ဂနွေနေ့မနက် ၈ ၀၀ မတိုင်မှီ မီးထွန်းပူဇော်ပြီး ဂြိုလ်စောင့်နတ်အား မေတ္တာပို့၍ ဆုတောင်းပါ
     ကျန်နေ့သားသမီးများ မီးတိုင်တွင်ရေးသော
ဂဏန်းသာကွာ၍ သက်ဆိုင်ရာနေ့  သက်ဆိုင်ရာဂြိုလ်စောင့်နတ်ကိုပင် မေတ္တာပို့ ဆုတောင်း၍ 
သက်ဆိုင်ရာနေ့  မနက် ၈ ၀၀ မတိုင်မှီ ပူဇော်ခြင်းသာဖြစ်၏
      တနလာင်္  ၂
      အဂါင်္       ၃
      ဗုဒ္ဓဟူး     ၄
      ရာဟု      ၈
      ကြာသပတေး  ၅
      သောကြာ       ၆
      စေန          ၇   
     သက်ဆိုင်ရာ နေ့သားသမီးအလိုက်ရေးပါ
ဤ နည်းဖြင့်ပူဇော်ကြခြင်းဖြင့် စိတ်ဆိုးစိတ်ကောက်၍ ပြန်မလာသေးသူများ ခရီးလွန်သူများကို အမှန်တကယ် ပြန်၍ ရောက်နိုင်ပေသည်။

       
                                   နိုင်ထက်အောင်
                                   09  7906 77136

unicode


___________________________

      မိမိတို့အိမ်မှ စိတ်ဆိုးစိတ်ကောက်၍ ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အတော်သင့်ကြာသော်လည်းပြန်မလာသေးသူများအတွက် အမြန်ပြန်လာရန် မီးထွန်းနည်းကို တင်ပြပေးလိုက်ပါတရ်
     အိမ်ထောင်ရေးအချစ်ရေးများတွင်လည်း အခြားအင်းများ/ဒီပံများနှင့်တွဲစပ်၍ အသုံးပြုနိုင်ပါတရ် 
      ပုံမှန်သာမာန် စိတ်ဆိုး၍  အိမ်ပေါ်မှ ဆင်းသွားသူများကိုလည်း ဤနည်းဖြင့် ပြန်လာစေနိုင်ပါတရ်

       စီရင်နည်း…
       မိမိ အလိုရှိသူ၏ နေ့နံတူရာနေ့၌ သာ စီရင်ရမှာဖြစ်ပါတရ် 
       စီရင်ပြီး မီးတိုင်ကို ထိုနေ့နံ၏ ဂြိုလ်စောင့်နတ်ကို မေတ္တာပို့၍ မီးထွန်းရန်ဖြစ်ပါတရ်
       တနင်္ဂနွေသားသမီး ပြန်လာစေလိုသော်
မီးတိုင်ပေါ်တွင် ၁ ရေး၍ နေအိမ်ဘုရားစင်တွင်
တနင်္ဂနွေနေ့မနက် ၈ ၀၀ မတိုင်မှီ မီးထွန်းပူဇော်ပြီး ဂြိုလ်စောင့်နတ်အား မေတ္တာပို့၍ ဆုတောင်းပါ
     ကျန်နေ့သားသမီးများ မီးတိုင်တွင်ရေးသော
ဂဏန်းသာကွာ၍ သက်ဆိုင်ရာနေ့  သက်ဆိုင်ရာဂြိုလ်စောင့်နတ်ကိုပင် မေတ္တာပို့ ဆုတောင်း၍ 
သက်ဆိုင်ရာနေ့  မနက် ၈ ၀၀ မတိုင်မှီ ပူဇော်ခြင်းသာဖြစ်၏
      တနလာင်္  ၂
      အဂါင်္       ၃
      ဗုဒ္ဓဟူး     ၄
      ရာဟု      ၈
      ကြာသပတေး  ၅
      သောကြာ       ၆
      စေန          ၇   
     သက်ဆိုင်ရာ နေ့သားသမီးအလိုက်ရေးပါ
ဤ နည်းဖြင့်ပူဇော်ကြခြင်းဖြင့် စိတ်ဆိုးစိတ်ကောက်၍ ပြန်မလာသေးသူများ ခရီးလွန်သူများကို အမှန်တကယ် ပြန်၍ ရောက်နိုင်ပေသည်။

       
                                      နိုင်ထက်အောင်
                                   09  7906 77136




မူရင်းလင့်။ ။https://m.facebook.com/groups/157497241548267?view=permalink&id=681545942476725
မူလရေးသားသူကို crd ပေးပါတယ်

Saturday, October 10, 2020

အစွယ် ကျီးပေါင်းထုဆစ်စီရင်နည်းများ

ကျီးပေါင်းဆိုသည်မှာ မူလအပင်အကိုင်းအခက်များပေါ်တွင် ကပ်တွယ်ပေါက်ရောက်နေတတ်သော ကပ်ပါးပင်အမျိုးအစားခြုံနွယ်ပင်မျိုးဖြစ်သည်။


***မုလေးခေါ်မြတ်လေးကျီးပေါင်းကို ရေဝတီနက္ခကြုံချိန်၌ ခုတ်ယူ​​​ဆောင်ထားလျှင်လူအပေါင်းတို့ မိမိစကားကို နာယူကြရ၏

***ဥသျှစ်ကျီးပေါင်းကို ထောပတ်နှင့်သွေးသောက်က အသက်တစ်ရာရှည်ရ၏

***ရှားကျီးပေါင်းကို ကျီတွင်ထားက စပါးပေါများ၏

***ရှောက်ကျီးပေါင်းကို အိမ်တွင်ထားက ဆန်ရေစပါးပေါများ၏

***ကုဣိုလ်ကျီးပေါင်းကို တံခါးဝ၌ထားက ဝင်ပီးဥစ္စာမထွက် မြဲ၏

***သမ္ပရာ နှင့် သနပ်ကျီးပေါင်းကို အိမ်ရာ ကုတင်အောက်ထားက ချမ်းသာရ၏

***ပေါက်ကျီးပေါင်းကို ဂဝံလက်ယှက်ရုပ်ထုပီးဆောင်က သဗ္ဗသျှိုရ၏

***သရက်ကျီးပေါင်းကို ကျွဲနို့နှင့်သောက်က တစ်ရက်ခရီးကို တစ်နာရီမျှဖြင့်ရောက်နိုင်၏။ကျီးပေါင်းကိုခွာ၍ ၎င်းအမြစ်နေရာနှင့် လင်း​​​ေမြေွ​သည်းခြေကို သွေးပီး ခြေဖဝါး ခြေဖမိုးတွင် စုတ်ဖြင့်ပေါက်ထားပါက ကိုယ်အလျင်ပေါ့ပါး၏ ပန်းပွင့်ကိုပင်နင်းက မညိုးနိုင်။

***မကျည်းကျီးပေါင်းကို ဆီနှင့်သွေ
းလူးက ခရီးဝေးသွားသော်လည်း ခြေမနာပေ။ပျားရည်နှင့်သွေးသောက်က အသက်ရှည်၏

***ချရားခေါ် ခရေကျီးပေါင်းကို အိမ်မှာဆွဲထားသော် လူချစ်လူခင်ပေါများ၍ ချမ်းသာရာ၏

***ဥနှဲကျီးပေါင်းကို ရဝံမျက်နှာဖုံရုပ်ထု၍ "" ဝဿ အန္ဒိယက္ခာ စေဝ""ဟူသောဂါထာဖြင့် ဘုရားရှေ့ နတ်စင်ရှေ့ သချိုင်း ၌ ၃၇အုပ်စုတ်ပီးဆောင်က ကာယသိဒ္ဓိဖြစ်၏ လက်တစ်ဆစ်ခန့်ဖြတ်ပီး ဆောင်က ဣတ္ထိယသျှိုကောင်း၏ အလျုရှိက ဦးခေါင်းထက်ထားက ဆာယာသိဒ္ဓိရ၏
ဥနှဲကျီးပေါင်းကို တွေ့လျှင် ချက်ချင်းခုတ်ယူရမည်။ထုတ်ယူပီးကလည်း ပေါ့တန်စွာထားက ပျောက်သွားတတ်သည်။ချုပ်ရန်ကား မင်းကိုးချည်ကိုဖြင့် အရင်းအဖျားချည်ထားပီး တခြားတစ်စကို တခြားကိုင်းတစ်ခုတွင်ချည်ထားပါ။

***ညောင်ကျီးပေါင်းဖြင့် ရှင်သီဝလိရာပ်တုအား တောင်ဝှေး ပရိက္ခရာစုံလင်စွာထုပီး ဘုရားရှေ့တွင် ဆွမ်းသင်ပုတ်ရေချမ်းကပ်လှူကာ " အနိစ္စ ဒုက္ခ အနတ္တ "" ကို တစ်ထောင်စုတ်၍ဆောင်က ရှိန်းသုံးပါးရ၏

***ကျားစွယ်ကို သူကြီးရုပ်ထုပီး "" ဥုံ ဇေယက္ကော ဗျဂ္ဃရာဇာ သွားဟ""ဂါထာနှင့် တစ်ထောင်စုတ်ပီးနှုတ်တွင်ငုံံက ကျားကဲဲ့သို့ ကြောက်ရ၏
စစ်မျက်နှာ၌ အတုမရှိ မြင်လှင်ပင်ကြောက်ရသည် အမြောက်သေနတ်မထိနိုင်ပေ။


မူရင်းလင့်။ ။ @
 မူလေရးသားသူကို crd ပေးပါတယ်

Saturday, October 3, 2020

အိမ်ပိုင်ဆိုင်ရန်





ကိုယ်ပိုင်အိမ်လေးး လိုချင်ကြရင်
=======================
**အိမ်အကြောင်းကို ၃ခါလောက်ရေးဘူးးတယ် ပျောက်ပျောက်သွားလို့ပြန်ရေးရတာချည်းပဲ ။ အိမ်ငှားဘ၀ မျက်နှာငယ်ရတယ်
      လခမပေးနိုင်ရင် အိမ်ရှင်ဆဲတာငြူစူတာခံရသေးတယ်။ အဲ့လိုဒုက္ခတွေမှကင်းအောင် အဓ်ိဌာန်ပုတီးစိပ်ပါ။  
  မိမိ အိမ်ရှိဘုရား၌ ကတီ္တပါ အနီစ ခင်းရမည်။ ဘုရား၏ ဘယ် ညာတဖက်စီ၌ ရွှေထီးး( စက္ကူ ရွှေထီး ) ဖွင့်လျက် ထားရမည်။ ဘုရားရှင်အားနေ့စဉ် ဆွမ်း ရေချမ်းနံ့သာအလင်းတိုင် ကပ်လှူ ၍ ပုတီးစိပ်ရမည် ။ တနင်္ဂနွေ နေ ့ မနက် ၆ နာရီတွင် စတင်ရမည်။ ကျန်ရက်များတွင် ညပိုင်းအေးချမ်းသောအ ချိန်၌ စိပ်နိုင်
သည်။ အစဆုံးနေ့တွင် အုန်းဆွမ်းကပ်လှူ ရမည်။( အုန်းထမင်း ထမင်းဖြူ၌ အုန်းသီးဖြူး၍ ၄င်းး ကပ်ရမည်)
  အုန်းညွှန် ့ ၆ ညွှန့် အိမ်ဘုရား၌ ကပ်လှူ ထားရမည်။ ညိုးပါကအသစ်လဲပေးရမည်။ ၃လ မှ တနှစ်အတွင်း မိမိကိုယ်ပိုင်နေရာ ဌာန ရ ရှိပါမည်။
   " အရဟံ ဂုဏ်တော်အား အာရုံထိမိစွာ နေ ့စဉ် ပတီးး၆ ပတ်မှ ၉ ပတ် မိမိနိုင်သလောက်စိပ်ရမည်။ အနည်းဆူံး၃လ အဓ်ိဌာန်တင်ရမည်။ အပွင့်ဂါထာအဖြစ် ၀ စကြာၤ ဂါထာ ၉ ခေါက်ရွတ်ဖတ်ရမည်( တင်ပေးထားပြီး) ။
       တရက်ပြီးတိုင်း မိမိတို့ ကိုယ်ပိုင်ဖြင့် နေထိုင်နိုင်ရပါကြောင်း ရ လိုပါကြောင်း ဆုတောင်း၍ အမျှေ၀ရမည်။
     ရုက္ခစျုးးကြီးသောာပင်တို့၌ ရုက္ခစ်ုးစင် ဖြစ်စေ အိမ်ဖြစ်စေ လှူ ၍ ဆုတောင်းး သင်တ်ု့ဗိမာန် ရသလို ကျွုနုပ်တ်ို့လည်း ဗိမာန် ရပါလိ ု၏ ဟူ၍  
   စာကလေးအိမ် လေးများလည်းလှူ ဒါန်း ဒါန ပြုပေးပါ ဤ သို့လုပ်ခြင်းဖြင့် လျင်မြန်သောအကျိုးကို ရ ရှိပေမည်။ 
       စာရေးသူကိုယ်တိုင် ကြုံခဲ့ဘူးသည်။
ဤ နည်း ဖြင့် အ််ိ််မ်ရသွားသူများလည်း ရှိကြသော်လည်း ကျေးဇူးးတင်စကားတောင်မကြားရချေ။     
  နောက်တနည်းမှာ အ်ိမ်တော်ရာ ဘုရား၏ တနင်္ဂနွေဒေါင့်တွင် ကန်တော့ပွဲထိူး၍ အလုပ် လုပ်ပါ။  
      အစစ အဆင်ပြေ၍ ကိုယ်ပိုင်အိမ်ဖြင့်တင့်တယ်စွာ နေထိုင်နိုင်ကြပါစေသတည်း။
 မောင်မန်း
2.10.2020.





မူရင်းလင့်။ ။ 
 မူလေရးသားသူကို crd ပေးပါတယ်