ကိုယ်ပိုင်အိမ်လေးး လိုချင်ကြရင်
=======================
**အိမ်အကြောင်းကို ၃ခါလောက်ရေးဘူးးတယ် ပျောက်ပျောက်သွားလို့ပြန်ရေးရတာချည်းပဲ ။ အိမ်ငှားဘ၀ မျက်နှာငယ်ရတယ်
လခမပေးနိုင်ရင် အိမ်ရှင်ဆဲတာငြူစူတာခံရသေးတယ်။ အဲ့လိုဒုက္ခတွေမှကင်းအောင် အဓ်ိဌာန်ပုတီးစိပ်ပါ။
မိမိ အိမ်ရှိဘုရား၌ ကတီ္တပါ အနီစ ခင်းရမည်။ ဘုရား၏ ဘယ် ညာတဖက်စီ၌ ရွှေထီးး( စက္ကူ ရွှေထီး ) ဖွင့်လျက် ထားရမည်။ ဘုရားရှင်အားနေ့စဉ် ဆွမ်း ရေချမ်းနံ့သာအလင်းတိုင် ကပ်လှူ ၍ ပုတီးစိပ်ရမည် ။ တနင်္ဂနွေ နေ ့ မနက် ၆ နာရီတွင် စတင်ရမည်။ ကျန်ရက်များတွင် ညပိုင်းအေးချမ်းသောအ ချိန်၌ စိပ်နိုင်
သည်။ အစဆုံးနေ့တွင် အုန်းဆွမ်းကပ်လှူ ရမည်။( အုန်းထမင်း ထမင်းဖြူ၌ အုန်းသီးဖြူး၍ ၄င်းး ကပ်ရမည်)
အုန်းညွှန် ့ ၆ ညွှန့် အိမ်ဘုရား၌ ကပ်လှူ ထားရမည်။ ညိုးပါကအသစ်လဲပေးရမည်။ ၃လ မှ တနှစ်အတွင်း မိမိကိုယ်ပိုင်နေရာ ဌာန ရ ရှိပါမည်။
" အရဟံ ဂုဏ်တော်အား အာရုံထိမိစွာ နေ ့စဉ် ပတီးး၆ ပတ်မှ ၉ ပတ် မိမိနိုင်သလောက်စိပ်ရမည်။ အနည်းဆူံး၃လ အဓ်ိဌာန်တင်ရမည်။ အပွင့်ဂါထာအဖြစ် ၀ စကြာၤ ဂါထာ ၉ ခေါက်ရွတ်ဖတ်ရမည်( တင်ပေးထားပြီး) ။
တရက်ပြီးတိုင်း မိမိတို့ ကိုယ်ပိုင်ဖြင့် နေထိုင်နိုင်ရပါကြောင်း ရ လိုပါကြောင်း ဆုတောင်း၍ အမျှေ၀ရမည်။
ရုက္ခစျုးးကြီးသောာပင်တို့၌ ရုက္ခစ်ုးစင် ဖြစ်စေ အိမ်ဖြစ်စေ လှူ ၍ ဆုတောင်းး သင်တ်ု့ဗိမာန် ရသလို ကျွုနုပ်တ်ို့လည်း ဗိမာန် ရပါလိ ု၏ ဟူ၍
စာကလေးအိမ် လေးများလည်းလှူ ဒါန်း ဒါန ပြုပေးပါ ဤ သို့လုပ်ခြင်းဖြင့် လျင်မြန်သောအကျိုးကို ရ ရှိပေမည်။
စာရေးသူကိုယ်တိုင် ကြုံခဲ့ဘူးသည်။
ဤ နည်း ဖြင့် အ််ိ််မ်ရသွားသူများလည်း ရှိကြသော်လည်း ကျေးဇူးးတင်စကားတောင်မကြားရချေ။
နောက်တနည်းမှာ အ်ိမ်တော်ရာ ဘုရား၏ တနင်္ဂနွေဒေါင့်တွင် ကန်တော့ပွဲထိူး၍ အလုပ် လုပ်ပါ။
အစစ အဆင်ပြေ၍ ကိုယ်ပိုင်အိမ်ဖြင့်တင့်တယ်စွာ နေထိုင်နိုင်ကြပါစေသတည်း။
မောင်မန်း
2.10.2020.
မူရင်းလင့်။ ။
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment