ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Saturday, October 10, 2020

အစွယ် ကျီးပေါင်းထုဆစ်စီရင်နည်းများ

ကျီးပေါင်းဆိုသည်မှာ မူလအပင်အကိုင်းအခက်များပေါ်တွင် ကပ်တွယ်ပေါက်ရောက်နေတတ်သော ကပ်ပါးပင်အမျိုးအစားခြုံနွယ်ပင်မျိုးဖြစ်သည်။


***မုလေးခေါ်မြတ်လေးကျီးပေါင်းကို ရေဝတီနက္ခကြုံချိန်၌ ခုတ်ယူ​​​ဆောင်ထားလျှင်လူအပေါင်းတို့ မိမိစကားကို နာယူကြရ၏

***ဥသျှစ်ကျီးပေါင်းကို ထောပတ်နှင့်သွေးသောက်က အသက်တစ်ရာရှည်ရ၏

***ရှားကျီးပေါင်းကို ကျီတွင်ထားက စပါးပေါများ၏

***ရှောက်ကျီးပေါင်းကို အိမ်တွင်ထားက ဆန်ရေစပါးပေါများ၏

***ကုဣိုလ်ကျီးပေါင်းကို တံခါးဝ၌ထားက ဝင်ပီးဥစ္စာမထွက် မြဲ၏

***သမ္ပရာ နှင့် သနပ်ကျီးပေါင်းကို အိမ်ရာ ကုတင်အောက်ထားက ချမ်းသာရ၏

***ပေါက်ကျီးပေါင်းကို ဂဝံလက်ယှက်ရုပ်ထုပီးဆောင်က သဗ္ဗသျှိုရ၏

***သရက်ကျီးပေါင်းကို ကျွဲနို့နှင့်သောက်က တစ်ရက်ခရီးကို တစ်နာရီမျှဖြင့်ရောက်နိုင်၏။ကျီးပေါင်းကိုခွာ၍ ၎င်းအမြစ်နေရာနှင့် လင်း​​​ေမြေွ​သည်းခြေကို သွေးပီး ခြေဖဝါး ခြေဖမိုးတွင် စုတ်ဖြင့်ပေါက်ထားပါက ကိုယ်အလျင်ပေါ့ပါး၏ ပန်းပွင့်ကိုပင်နင်းက မညိုးနိုင်။

***မကျည်းကျီးပေါင်းကို ဆီနှင့်သွေ
းလူးက ခရီးဝေးသွားသော်လည်း ခြေမနာပေ။ပျားရည်နှင့်သွေးသောက်က အသက်ရှည်၏

***ချရားခေါ် ခရေကျီးပေါင်းကို အိမ်မှာဆွဲထားသော် လူချစ်လူခင်ပေါများ၍ ချမ်းသာရာ၏

***ဥနှဲကျီးပေါင်းကို ရဝံမျက်နှာဖုံရုပ်ထု၍ "" ဝဿ အန္ဒိယက္ခာ စေဝ""ဟူသောဂါထာဖြင့် ဘုရားရှေ့ နတ်စင်ရှေ့ သချိုင်း ၌ ၃၇အုပ်စုတ်ပီးဆောင်က ကာယသိဒ္ဓိဖြစ်၏ လက်တစ်ဆစ်ခန့်ဖြတ်ပီး ဆောင်က ဣတ္ထိယသျှိုကောင်း၏ အလျုရှိက ဦးခေါင်းထက်ထားက ဆာယာသိဒ္ဓိရ၏
ဥနှဲကျီးပေါင်းကို တွေ့လျှင် ချက်ချင်းခုတ်ယူရမည်။ထုတ်ယူပီးကလည်း ပေါ့တန်စွာထားက ပျောက်သွားတတ်သည်။ချုပ်ရန်ကား မင်းကိုးချည်ကိုဖြင့် အရင်းအဖျားချည်ထားပီး တခြားတစ်စကို တခြားကိုင်းတစ်ခုတွင်ချည်ထားပါ။

***ညောင်ကျီးပေါင်းဖြင့် ရှင်သီဝလိရာပ်တုအား တောင်ဝှေး ပရိက္ခရာစုံလင်စွာထုပီး ဘုရားရှေ့တွင် ဆွမ်းသင်ပုတ်ရေချမ်းကပ်လှူကာ " အနိစ္စ ဒုက္ခ အနတ္တ "" ကို တစ်ထောင်စုတ်၍ဆောင်က ရှိန်းသုံးပါးရ၏

***ကျားစွယ်ကို သူကြီးရုပ်ထုပီး "" ဥုံ ဇေယက္ကော ဗျဂ္ဃရာဇာ သွားဟ""ဂါထာနှင့် တစ်ထောင်စုတ်ပီးနှုတ်တွင်ငုံံက ကျားကဲဲ့သို့ ကြောက်ရ၏
စစ်မျက်နှာ၌ အတုမရှိ မြင်လှင်ပင်ကြောက်ရသည် အမြောက်သေနတ်မထိနိုင်ပေ။


မူရင်းလင့်။ ။ @
 မူလေရးသားသူကို crd ပေးပါတယ်

No comments: