ထမင်းမှော်
ထမင်းမှော်ဆိုရင်တော့ ထမင်းနဲ့ပဲသွင်းရတယ်လို့တော့ မထင်လိုက်ပါနဲ့...။ ခေါင်းစဉ်ကသာ ထမင်းမှော်လို့ခေါင်းစဉ်တပ်ထားပေမဲ့ ထမင်းမှော်ထက် အစာမှော်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
ဒါတောင် ရာခိုင်နှုန်းပြည့်မမှန်သေးဖုး။ ရေကအစ မှော်သွင်းတဲ့အထဲပါနေတော့ အစာမှော် ရေမှော်လို့ပဲ ပြောရမလား...။ မှားမှားမှန်မှန် တိုတိုတုတ်တုတ် ထမင်းမှော်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။
အဲ့တော့ ဆရာ ထမင်းမှော် ဆိုတာ ဘယ်လိုမျိုးလဲလို့မေးလာပါလိမ့်မယ်။ ထမင်းမှော်ဆိုတာ ထမင်းမှော်မှာ အများစုက မန္တန်မှော်ကိုပဲအသိများပါတယ်။ ထမင်းမှော်မှာ အင်းမှော် (အင်းနဲ့ပြုလုပ်စီရင်ရသော ထမင်းမှော်) စမမှော် (စမဖြင့်ပြုလုပ်ရသော ထမင်းမှော် ) ဆိုပီး လည်းရှိပါသေးတယ်။...
အခုပြောပြမှာကတော့ မန္တန်မှော်ပဲဖြစ်ပါတယ်...။
(ထမင်းမှော်အင်းမှော် စမမှော်များက အလျင်းသင့်ရင် တင်ပေးပါမယ်)။ထမင်းမှော် ကို အောင်မြင်တဲ့ သူကတော့ မျက်နှာမြင်ချစ်ခင် အသံကြားသနားစေပါတယ်။ လာဘ်လာဘအလွန်ရွှင်စေတာကတော့ လက်တွေ့ပါပဲ။ ဆေးဝါးအဆောင်လက်ဖွဲ့ အင်းအိုင် အထူးတလည်မလိုပဲ ပီယကောင်းပါတယ်။ တကယ်လို့ ပီယမှော်မသွင်းလိုပဲ ပီယလက်ဖွဲ့ ပီယအဆောင်တွေ လိုချင်ရင်တော့ ဆရာ့ဆီလာပေါ့ကွာ...။ ကြားဖြတ်ကြော်ငြာလေးဝင်တာပါ😂
ကဲ အဲ့တော့ စကားမရှည်တော့ပါဖူး မှော်သွင်းနည်းလေးပြောပြပေးပါမယ်။
လတစ်လရဲ့ လပြည့်နေ့ကနေစပီးတော့ ၇ရက်တိုင်တိုင် စားသမျှ အစာ ရေ မုန့် စသည့် ဝမ်းထဲထည့်သမျှ အရာအားလုံး အသေးစိတ်ကအစ အောက်ပါ မန္တန်နဲ့မန်းစားရပါမယ်။ဘယ်နှခေါက်မန်းစားရမလဲဆိုရင် မန္တန်နဲ့၇ခေါက် စီ မန်းစားရပါမယ်။ ထမင်းစားတဲ့အခါတော့ နည်းနည်းပိုပါတယ်။ဘယ်လိုစားရမလဲဆိုရင် ထမင်းစားတိုင်း ထမင်းတစ်ဆုပ်ကို ၇ခေါက်စီမန်းပီးစားရပါမယ်။
ရေသောက်ရင်လည်း ရေကို ၇အုပ်မန်းပီးသောက်ရပါမယ်။ ဘာစားစားဘာသောက်သောက် ၇ခေါက်မန်းရပါမယ်။ တစ်ခုမမန်းပဲ မရွတ်မိပဲ စားမိရင်မှော်ပျက်တာကြောင့် အစကနေပြန်လုပ်ပါ။ ထိုမှော်စဉ်ရက်များအတွင်း ကာမစပ်ယှက်ရသည်ဟု အိပ်မက်လျှင်သော်၎င်း အိပ်မက်မှသုတ်လွှတ်မိလျှင်သော်၎င်း ပျက်ပါသည်။ထို့အပြင် ထိုမှော်စဉ်ရက်အတွင်း မေထုန် အမှုကို လုံးဝရှောင်ကြည်ရပါမယ်။ မန်းရမယ့်မန္တန်လေးလည်းပြောပြပါဦးမယ်။
မန္တန်လေးကတော့
" ဥုံ တုဌေဟိ တုဌေဟိ မမတုဌေဟိ
ပီယေဟိ ပီယေဟိ မမပီယေဟိ
သိန္နေဟံသိန္နေဟံမမ သိန္နေဟံ
ရာဇစိတ္တံ ပီယမှိုင်းမှိုင်း
အမစ္စ စိတ္တံ ပီယံမှိုင်းမှိုင်း
အမစ္စရာဇ စိတ္တံ ပီယံမှိုင်းမှိုင်း
ဒေဝစိတ္တွံ ပီယံ မှိုင်းမှိုင်း
ဒေဝီစိတ္တံ ပီယံမှိုင်းမှိုင်း
ဣတ္ထိစိတ္တံ ပီယံမှိုင်းမှိုင်း
ပုရိသစိတ္တံ ပီယံမှိုင်းမှိုင်း
သြောင်း ဧဟိဧဟိဗလံချဉ်း
သြောင်း ဧဟိ ဧဟိ ဗလံကပ်
သြောင်း ဧဟိ ဧဟိ ဗလံ
ချဉ်းဆရာချဉ်း ကပ်ဆရာကပ်..။
ထိုဂါထာတော်လေးပဲဖြစ်ပါတယ်။ မန္တန်ကအရမ်းတော့မရှည်ပေမဲ့ ဒီအနေအထားလောက် ထမင်းစားရင် တစ်ဆုပ်ကို ၇ခါစီမန်းစားရမယ်ဆိုတဲ့အခါမှာ တိုင်ပတ်လို့ ကျွန်ုပ်လူလည်ကျထားတဲ့ နည်းကောင်းလေးတစ်ခုကိုလည်း အကြံပေးလိုက်ပါမယ်။ ထမင်းဆုပ်ကြိးကြီး ၉ဆုပ်လောက် ဆုပ်ပီး ပန်းကန်ထဲ ထည့်ထားလိုက်ပါ။ တစ်ဆုပ် ၇ခေါက်စီမန်းပီး ထားလိုက်ပါ။ ထမင်းဆုပ်ကြီးကြီးနဲ့ ၇ခေါက်စီ မန်းထားလို့ အာပတ်လည်းလွတ် ဇွန်းနဲ့အားရပါးရစားနိုင်ပါပီ။ ကျွန်ုပ်ကိုယ်တိုင် ကျင့်တုန်းက လူလည်ကျထားတာလေးပါ။ အဲ့လိုလေးလည်းလုပ်နိုင်ပါတယ်။
ကျွန်ုပ်ကိုယ်တွေ့ကတော့ ပီယကတော့ အရင်ကထက် သိသိသာသာကိုကောင်းလာတယ်။ အပြင်သွားပီဆိုတာနဲ့ သမင်လည်ပြန် လေးတွေချည်းပဲ...အလုပ်လုပ်ရ ကိုင်ရတာလည်း ပိုအဆင်ပြေလာတယ်။စီးပွားရေးပိုင်းလည်း သိသိသာသာတိုးတက်လာသလို လူမှုဆက်ဆံရေးလည်း ဘယ်လိုတိုးတက်လာသလဲဆိုရင် ဘယ်သွားသွား ဘယ်စားစား ဒကာခံမယ့်သူတွေပေါ်လာတာပါပဲ။ အားနာလွန်းလို့ မလုပ်ပါနဲ့ ပြောယူရတယ်။ မှော်စဉ်အောင်တဲ့နေ့မှာတော့ ထူးခြားတဲ့ အိပ်မက်နိမိတ်တစ်ခု ထင်ထင်ရှားရှားရပါတယ်။ အဲ့လိုမှ ထင်ထင်ရှားရှားမရရင်တော့ မှော် မအောင်ပါဖုး။ ဘာမှမထူးသလိုဖြစ်နေရင်လည်း မိမိကိုယ်ကိုယ်မိမိ ပြန်ဆန်းစစ်ကြည့်ရပါမယ်။ ကိုယ်တိုင်အားထုတ်ဖူးတဲ့ မှော်ဖြစ်ပီး တကယ်ကောင်းမှန်းသိလို့ မျှဝေပေးလိုက်ရပါတယ်။
ပီယ လာဘ်လာဘ လက်ဖွဲ့ တော် အစီရင်တော်များ မှာယူလိုပါက မှာယူနိုင်ပါတယ်။
စဝ်စိုင်းဇေစော
မူလရေးသားသူကို crd ပေးပါတယ်
No comments:
Post a Comment