ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Saturday, October 17, 2020

အမြန်လာပေးပါယတြာ





မိမိရစရာမရတဲ့အကြွေးသည်နည်းနဲ့ တောင်းကြည့်ပါ။

ပါတ်ချာလည်အနားများကိုကပ်ကျေးဒါးရာ မပါအောင် လက်နဲ့ဖြဲထားတဲ့အညိုရောင်စာရွက်ကြမ်းတစ်ရွက်မှာ မိမိ အကြွေးရ မဲ့သူရဲ့နာမည် နဲ့ မွေးနေ့ ကို မင်အပြာနဲ့ရေးပါ။ မွေးနေ့မသိရင်နာမည်ရေးပြီး သူ ့ဓာတ်ပုံကိုအဲသည်စာရွက်မှာကပ်ပါ။
ဖယောင်းတိုင်အစိမ်း ၄ လက်မ 
သို့မဟုတ်၆ လက်မလောက်ပေါ်မှာ
အဲဒီမိမိက အကြွေးရမဲ့သူရဲ့နာမည်ကို ခဲတန်နဲ့  ၇ ကြောင်းရေးပါ။ဖယောင်းတိုင်ကို
မရေးမီ ကတည်းကဆားရည်နဲ့ သန့်စင်ထားပါ။
လင်ပန်းထဲ ဖန်ခွက်တစ်ခွက်တင်ပါ။ဖန်ခွက်တစ်ထ​ဲကို ရေတစ်ဝက်ထည့်ပါ။ ကျန်တစ်ဝက်ကိုကာကိုလာ အချိုရည် ထည့်ပါ။
ဖယောင်းတိုင် အစိမ်းနဲ့ ရေနဲ့အချိုရည် ရောသွားအောင်
မွှေပေးပါ။ပြီးရင် ဖယောင်းတိုင်ကို မီးထွန်းပါ။
စာရွက်ကို ၄  ခါ အပြန်အလှန်ခေါက်ပါ။ ခေါက်တဲ့အခါ မိမိဖက်ကို ခေါက်ရပါမယ်။ ခေါက်ရေးထားတဲ့ စာရွက်အညိုကို
ဖယောင်းတိုင်အစိမ်းမှာ ညှပ်နဲ့ကိုင်ပြီးမီးရှို့ပါ ။ ပြာများကို
ဖန်ခွက်ထဲထည့်လိုက်ပါ။
ဖန်ခွက်အောက်ခြေပါတ်လည်ကို ဆားဖြူးပါ။ ပြီးရင်အဲဒီအတိုင်း သကြားနဲ့ သစ်ဂျပိုးမှုန့် ရောပြီး ထပ်ဖြူးပါ။
၁၀၀၀  တန် ငွေစက္ကူ ၃  ရွက်ကို
ဖန်ခွက်ပတ်လည်မှာချပါ။
အဲဒီငွေစက္ကူပေါ်လည်း
ဆားဖြူးပါ။ သကြားနဲ့ သစ်ဂျပိုးမှုန့်ရောရာ ထပ်ဖြူးပါ။
ပြီးရင် ရေထဲကို အစိမ်းရောင်ဖယောင်းစက်  ၂၁  စက်ချပါ။
လဆန်း  လပြည့်ည များအထူး
ပိုကောင်းပါတယ်။ လကွယ်ည နဲ့စနေည မလုပ်ရပါ။

အရေးကြီးတာက ယတြာစီရင်နေစဥ်  မိမိ ဖြစ်လိုရာ သာအာရုံပြုပါ။ စိတ်က  နှုတ်က
အထပ်ထပ် အဆက်မပြတ်ပြောပေးနေပါ ။
မိမိစိတ်အားထက်သန်လေ အကျိုးပေးသိသာလေပါပဲ။( ဥပမာ  မောင်ချာလီ  မင်းယူထားတဲ့ အကြွေး ၃ သိန်း
အမြန် လာပေးပါ )
တစ်ယောက်မက နာမည်ရေးပြီးဆောင်ရွက်နိုင်ပါတယ်။
၅  ယောက်ထက်မပိုရပါ။
စာရွက် ၅  ရွက် ဖယောင်းတိုင်
၅ တိုင် သုးံရပါမယ်။
နောက်နေ့ ည တိုင်း မရမချင်းဖယောင်းတိုင် အစိမ်းထွန်းဆုတောင်းပါ။ ရလာရင် သင့်ရာ
ရေအိမ်ထဲ စွန့်ပစ်ပါ။
(ငွေ စက္ကူ  လင်ပန်း ဖန်ခွက်မပါ)
အကြွေးပေးထားသူလည်း ပြန်ရ  ယူထားသူ လည်း အဆင်ပြေ ပြန်ပေးနိုင်ကြပါစေ။

ဆရာ ကောင်းသုခ
၁၂  ၁၀ ၂၀၀

မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1151113268624160&id=100011764933222
 မူလရေးသားသူကို crd ပေးပါတယ်

No comments: