ဘယ်လိုဆောင်ရွက်ဆောင်ရွက် မထွက်သော မိမိခြံ၊ မြေ၊ အိမ်၊ ရောင်းထွက်စေရန် အဖေကြီးဘိုးမင်းခေါင်နည်း
ေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေ
ဘိုးမင်းခေါင်မှ ပါရမီရှင် ဦးလှမောင်အား မနောအာရုံဖြင့် လာပြောပြသောအရာကို ဒကာ၊ ဒကာမအပေါင်း သူတော်ကောင်းတို့ ဆောင်ရွက်ပြီးမြောက်အောင်မြင်မှုရစေရန် တစ်ဆင့်ပြန်ပြီး ရေးလိုက်ခြင်း၊ ဖော်ပြလိုက်ရခြင်း ဖြစ်ပါ၏။ ရိုးစင်းသလောက် ထိရောက်လှပါ၏။။
ဆောင်ရွက်ပုံ …
ဘယ်လိုရောင်းရောင်း မထွက်သော ခြံ၊ မြေ၊ အိမ်ကို
ရောင်းလိုတဲ့ ခြံ၊ မြေ၊ အိမ်အတွင်းရှိသော သစ်ရွက်၊ မြက်တွေ အစရှိသော အရွက်တွေကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး “သရဏဂုံ သုံးပါးရွတ်၊ ဂုဏ်တော်ကိုးပါးရွတ်၊ သစ္စာပြု”ကာ ဒီခြံ၊ ဒီမြေ၊ ဒီအိမ် အမြန်ရောင်းထွက်ပါစေ၊ ဝယ်သူလာပါစေ၊ ကိုယ်လိုသော ကြိုက်ဈေးရပါစေဆိုပြီး ညက်ညက်ကြေနေအောင် ထောင်း၊ ပြီးရင် ခြံထဲမှာ ကျဲ၊ ခြံပြင်လည်း ထွက်ပြီး ကျဲကာ သစ္စာပြုဆုတောင်းပါ။
ရောင်းလိုသော ခြံ၊ ရောင်းလိုသော မြေ၊ ရောင်းလိုသော အိမ်တွင် ထောင့်လေးထောင့်မှာ အမွှေးတိုင်ထွန်း၊ သစ်ပင်မှာလည်း ထွန်း၊ မြေမှာလည်း ဝသုန္ဒြေ နတ်မင်းကို အမျှဝေပြီးထွန်းပါ။ ပူဇော်ပါ။ နယ်မြေစောင့်ကြပ်နတ်၊ ခြံဝင်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်တွေကို တိုင်တည်ပြီး ဤခြံ၊ ဤမြေ၊ ဤအိမ်ကို အမြန်ဆုံး ကြိုက်ဈေးနဲ့ ရောင်းခွင့်ပြုပါ အရှင်မြတ်တို့ဘုရားဟု သစ္စာပြု အမျှဝေပြီး တိုင်တည်ပါ။ မုချ အောင်ပါမည်။
ချက်ယုံကြည်လုပ်ဖြစ်အောင် လုပ်ဆောင်ပါက မုချ အောင်ပွဲ ရပါလိမ့်မည်။ မလုပ်ပါက မရပါ။ လုပ်ကြည့်ပါ။ အောင်ပါမည်။ ပြောပြသော ပါရမီရှင် ဦးလှမောင်အား အထူး ကျေးဇူးတင်ပါ၏။ ကျန်းမာ၍ ချမ်းသာကြပါစေ။
No comments:
Post a Comment