တစ်နေ့မှာ ကြ်န္မဆီကို အိမ်နီးချင်းတစ်ဦး ဖြစ်တဲ့ ဒေါ်မြကြီးဆိုသူ ရောက်လာခဲ့ပါတယ်။ သူက ဟိုဟိုဒီဒီကြည့်ပြီးမှ အသံတိုးတိုးကလေးနဲ့
ကြ်န္မကို ကယ်ပါဦး ဆရာမလေးရယ်၊ ယောကျာ်းမသိအောင် ဆွဲကြိုးလေးကိုပေါင်ပြီး ပိုက် ဆံချေးထားတာ ၊ အခု ဟိုလိုလို ဒီလိုလိုနဲ့ ပိုက္ဆံက ပြန်တောင်းလို့မရဘူးဖြစ်နေတယ် ၊
ယောကျာ်းသိမှာလည်း စိုးရတယ် ..၊ ဘယ် လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး ဆရာမေလး ရယ် လို့ ကပ်ပြီး ပြောပါတယ်။
ကြ်န္မက ဆရာဇင်ယော်နီဆီမှာ ဗေဒင်သင် တန်းတက်ခဲ့ပြီး နီးစပ်ရာကို လေ့ကျင့်ဟောပြောနေ သူတစ်ဦး ဖြစ်ပါတယ်။ မကြာမကြာဆိုသလိုပဲ ဆရာ့ ဆီမွာ ဗေဒင်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ပညာတွေ ကေတာ့ ယူလို့မဆုံးနိုင်အောင်ပါပဲ။
ဒေါ်မြကြီးရဲ့စကားအဆုံးမှာဖြင့် ကြ်န္မသြား ပြီး သတိရလိုက်မိတာက မကြာသေးခင်ကပဲ ငွေ ကိစ္စ အခက်အခဲ ကြီးကြီးမားမားကြုံနေတဲ့ မိသားစု တစ္စုဟာ ဆရာပေးလိုက်တဲ့နည်းတစ်ခုနဲ့ အံ့ဩ လောက်အောင် အဆင်ပြေသွားကြတဲ့ နည်းလေး တစ္ခုကို သတိရလိုက်မိခြင်းပဲ ဖြစ်ပါတယ်။
ဘာလဲ ဆိုတော့ငွေရေးကြေးရေးကိစ္စ အကူ အညီသွားတောင်းမှာပဲဖြစ်ဖြစ်၊ အြွေကးတောင်းမှာ ပဲဖြစ်ဖြစ် ညောင်ပင်ကြီးကြီးတစ်ပင်အောက်ကိုသွား၊ အဲဒီအပင်အောက်မှာ ရုက္ခစိုးကို သေသေချာချာ က် က်နန မေတ္တာပို့၊ ပြီးတော့ ရုက္ခစိုးကိုရည်ရွယ်ပြီး တော့လည်း ဖယောင်းတိုင်က(၉)တိုင်၊ အမွှေးတိုင် က(၉)တိုင်၊ နွားနို့လေးက (၁)ခွက်၊ ပြီးတော့ အဆင် ပြေရာ သစ်သီးလေးက(၁)လုံး လှူဒါန်းလိုက်ဖို့ပဲ ဖြစ် ပါတယ်။
ကိုယ့်ရဲ့ငွေကိစ္စက အရေးတအားကြီးတယ် ဆိုရင်တော့ သုံးလေးငါးရက် ဆက်တိုက်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကြ်န္မက ဒေါ်မြကြီးကို လည်း အဲဒီနည်းလေး သေသေချာချာလုပ်ဖို့ ပြော ပြလိုက်ရတာပေါ့ရှင် ။
တော်တော်တော့ အံ့ဩဖို့ကောင်းပါတယ်။ သုံးရက်မြောက်တဲ့နေ့မှာ ထီဖွင့်တယ်လေ။ ထီဖွင့် တော့ ဒေါ်မြကြီးကို အကြွေးပေးဖို့ရှိနေတဲ့လူက ထီ ငါးသိန်းဆု ပေါက်တယ်ရှင့် ။ အဲဒါနဲ့ ဒေါ်မြကြီး ရဲ့အကြွေးကိစ္စ အဆင်ပြေသွားပါရောတဲ့ရှင် ။
ဒေါ်မြကြီးတော့မသိဘူး၊ ကျွန်မကတော့ဖြင့် ဒေါ်မြကြီးအတွက်ရော၊အြွေကးပေးရမယ့်လူအတွက် ရော ဝမ်းသာလိုက်တာဆိုတော့လေ ။
ခုနစ်ရက်သားသမီးများလည်း ငွေကိစ္စအရေး ကြုံလာတဲ့အခါ အဲဒီနည်းလေးနဲ့ အဆင်ပြေကြပါစေ ရှင် ။
နှင်းအိန္ဒြာထွန်း(အယူတော်မင်္ဂလာ)
No comments:
Post a Comment