ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Tuesday, March 6, 2018

*စေတစ်လုံးအင်း*

*စေတစ်လုံးအင်း*


အောင်ပ၁၅၊ကုလား၂၄၊ဆွေသား၃၆၊နောင်ရင်း၇၈ ကိုလက်ယာရစ်အပြင်ဘက်အ
ကွက်တွေမှာခရုပတ်ချ။

ဤ၁+အင်း၁+ကို၂+ဆောင်၃+
အောင်၁+မြင်၅+ပါ၅+စေ၃=၂၁
(စသဖြင့်မိမိစေလိုသောစာနံဂဏန်း
စုစုပေါင်း)ရသည်ကိုစချ၍၂၁ကို
ဘုရားဂုဏ်တော်၉ပါးဖြင့်ထပ်ပြီး ခြောက်ခါပေါင်း ပြီးနောက်ဆုံးအခါမှာမပေါင်းဘဲ
ပထမသုံးခါပေါင်းပြီးရသောဂဏန်း နှတ်ရမည်။  
  ရှစ်ခုရသောဂဏန်းတို့ကိုအတွင်းအ
ကွက်များတွင်အရပ်မျက်နှာအ
လိုက်ချရမည်။(အကြံအစည်
အောင်မြင်ပါစေ) ဆိုသောစာရဲ့နံမှာလည်းပေါင်းပြီး
နှတ်ပြီး နောက်ဆုံးမှာကိုးနဝင်းရ
ပါသည်။မိမိဉာဏ်ရှိသလိုစေပါ။

---ဥပမာ

ဤအင်းကိုဆောင်အောင်မြင်ပါ
စေ=၂၁ တနင်္ဂနွေ အရှေ့မြောက်
၂၁+၉=၃၀ ဗုဒ္ဓဟူး တောင်

၃၀+၉=၃၉ ရာဟု အနောက် မြောက်
၃၉+၉=၄၈ တနင်္လာ အရှေ့

၄၈+၉=၅၇ စေန အနောက်တောင်

၅၇+၉=၆၆ သောကြာ မြောက်

၆၆+၉=၇၅အင်္ဂါ အရှေ့တောင်

၇၅_၄၈=၂၇ ကြာသာပတေး အနောက်
၂၇ဆိုတဲ့ကိုးနဝင်းနောက်ဆုံးရ
ရမည်။ပြီးမှနောက်ဆုံးအလယ်
ကွက်(နံ)ဆိုသောအကွက်မှာ
ပြုလုပ်သူနံဂဏန်းထည့်ရမည်။ကိုယ်မှာဆောင်ထားပါ ပြုလုပ်သမျှအဆင်ပြေအောင်မြင်လိမ့်
မည်။ဒါက ဝင်စေ လာစေအင်းပါ။


နောက်တစ်ခုကသွားစေ ပြန်စေအင်းကွက်ပါ။ဒါကတော့

ဦးညို၁၃၊ခေမာ၂၅၊သုတ၆၇၊ဝေရီ
၄၈ ဖြင့်လက်ဝဲရစ်ချရမည်။ကျန်သော
အရာမှာသဘောထားအတူတူဖြစ်
သည်။

(အရပ်မျက်နှာမှာ အင်းကွက် အပေါ်ကအရှေ့ အောက်ကအနောက် လက်ယာ
ကတောင် လက်ဝဲက မြောက်
ဟုသတ်မှတ်ရမည်)


   စိတ္တသုခ ကာယသုခနှင့်ပြည့်စုံ
ပြီးလိုသမျှတတိုင်းရနိုင်ကြပါစေ....

No comments: